Archive for admin

Wutyee Gourmet Foods ဟင်းချက်နည်း အမျိုး (၁၀၀) စာအုပ်သစ်

Wutyee Gourmet Foods ဟင်းချက်နည်း အမျိုး (၁၀၀) စာအုပ်သစ်

WY_cooking book cover

Wutyee Gourmet Foods ဟင်းချက်နည်း အမျိုး (၁၀၀) စာအုပ်သစ် ထွက်ပြီ”

– ချစ်ခင် လေးစားရပါသော အန်တီ၊ အန်ကယ်၊ ညီအစ်မ၊ ညီအစ်ကိုတွေကို Wutyee Gourmet Foods ဟင်းချက်နည်း အမျိုး (၁၀၀) စာအုပ်သစ်ကို ၀တ်ရည်ရဲ့ ၄အုပ်မြှောက် စာအုပ်အဖြစ် ထပ်မံ ထုတ်ဝေလိုက်ပြီ ဖြစ်တဲ့အကြောင်းကို သတင်းကောင်း ပါးပါရစေ။

Read more

Mario Bento ထမင်းဘူး

Mario Bento ထမင်းဘူး

Mario_Bento8

ဒါကတော့ သားသားမီးမီးတွေအတွက် ဂိမ်းဇာတ်ကောင် Mario ထမင်းဘူးလေး ပြုလုပ်ထားပါတယ်။ ထမင်းဘူးထဲမှာ ဂျပန်တို့ဟူးကင်၊ ရေညိုသုပ်၊ ကြက်အူချောင်းကြော်၊ ဂဏန်းချောင်းကြော်၊ ၀က်သားပြားကြော်၊ အစုံအလင်ထည့်သွင်းပေးထားပါတယ်။ ထမင်းစားပြီ သုံးဆောင်နိုင်အောင် ငပျောသီးလေးပါ ထည့်ထားပါတယ်။ စားချင်စဖွယ်ကောင်းတဲ့ Mario Bento ထမင်းဘူးလေးကို ခုပဲ တူတူလုပ်ကြည့်ရအောင်…

ထမင်းဘူးတွင် တခြားပါဝင်ပစ္စည်းများ

  • ·         ကြက်အူချောင်း – ၂ချောင်း (၁လက်မအရွယ်များ ပိုင်းဖြတ်ကြော်ပေးပြီ ရေညိုပတ်ထားပေးပါ)
  • ·         ဂဏန်းချောင်း – ၂ချောင်း (ဆီဖြင့် ကြော်ပေးထားပြီ ရေညိုရွက်ပတ်ပါ)
  • ·         ၀က်သားပြား – ၂ပြား (ဆီဖြင့် ကြော်ထားပြီ ရေညိုရွက် ပတ်ပါ)
  • ·         ရေညိုသုပ် – ၁ခွက်စာ (ရေညိုခြောက်ကိုေ၇စိမ်ပြီ နှမ်းဆီ၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ရှာလကာရည်(စားပွဲတင်ဇွန်း တ၀က်)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် ရောနုယ်ထားပါ)
  • ·         ငပျောသီး – ၁လုံး (ပါးပါးလှီးပါ)

Read more

Gaint အမဲသားလုံး ပါစတာ

Gaint အမဲသားလုံး ပါစတာ

IMG_1829a

အနောက်တိုင်းစတိုင် အမဲသားလုံး ပါစတာ ခေါက်ဆွဲချက်နည်းလေးပါ။ အမဲသားကို ပန်းသီးအရွယ်အစား အလုံးကြီးများ ပြုလုပ်ပြီ ကင်ထားပြီမှ ပါစတာ ခ၇မ်းချဉ်သီးဆော့နဲ့ ပြန်ရောချက်ပေးထားတာမို့ အ၇သာက ပျော်ဖွယ်စရာမရှိအောင် အထူးကောင်းမွန်ပါတယ်။

ပါစတာတွင် ပါဝင်ပစ္စည်များ

  • ပါစတာ ခေါက်ဆွဲခြောက်ထုပ် – တ၀က် (၁၅၀ ဂရမ်)
  • ရေ – ၂လီတာ

Read more

မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်

မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်

IMG_0407a

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ – ရခု
  • ပါမုန့်ခြောက် – ၁၀၀ ဂရမ်
  • ဂျုံမှုန့် – ရ၀ ဂရမ်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)

Read more

Tandoori ကြက်သား တုတ်ထိုးကင်

Tandoori ကြက်သား တုတ်ထိုးကင်
Tandoori_Chicken_Skewer4

မြှောက်ပိုင်းအိန္ဒိယစတိုင် နံမည်ကြီးတဲ့ Tandoori ကြက်သားကို တုတ်ထိုးပြီ ကင်ထားတဲ့ ကင်နည်း တမျိုးပါ။ အသားကို နူးအိအောင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်နဲ့ နုပ်ပြီမှ ကင်ထားတာပါ။ သံပရာသီး၊ ကြက်သွန်နီတို့နှင့် တွဲဖက်သုံးဆောင်ရပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…

ကြက်ကင်တွင် ပါဝင်ပစ္စည်းများ

  • ကြက်သား ရင်ဗုံသား – ၈၀၀ ဂရမ်
  • Tandoori မဆလာမှုန့် – စားပွဲတင်ဇွန်း ၈ဇွန်း
  • သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

Read more

ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာ

ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာ

Prawn_Bacon5

ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာပါ။ ပဲကြာဇံက ဆော့ရည်နဲ့ ဘေကွန်ရဲ့ ချိုစိမ့်တဲ့ အရသာ အားလုံးကို စုတ်ယူထားတာမို့ တကယ်ကို အရသာ ထူးခြား ကောင်းမွန်တဲ့ ဟင်းလျာ တစ်မျိုးပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၁၅ကောင် (ခေါင်းဖယ် အခွံချိန်ထားပါ)
  • ပဲကြာဇံ – ၁၀၀ ဂရမ် (ရေ နာရီဝက်ခန့် စိမ်ထားပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
  • ဘေကွန် – ၄ပြား (၁လက်မ အရွယ်များ ပိုင်းဖြတ်ပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (၁လက်မ အရွယ် ပိုင်းဖြတ်ပါ)
  • တရုတ်နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  • မြေအိုး – ၁အိုး (ချက်ရန်)

Read more

Fusion ကချင် အမဲသားကင် နှင့် ကညွှတ်၊ဟမ် အချိုဆော့

”3rd prize winning dish from World Food Championship Blogger Competition 2015”

Beef

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ကျင်းပသည့် World Food Championship ဟင်းချက်ဘလောက် ဟင်းချက်ပြိုင်ပွဲတွင် ၀တ်ရည် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် Fusion ကချင် အမဲသားကင် နှင့် ဟမ်၊ကညွှတ် အချိုဆော့ကို ချက်ပြုတ်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ဒီမှာ တစ်ခုပြောချင်တာက Beef Steak ကို ကင်တဲ့အခါ များသောအားဖြင့် coarse ဆားနှင့် ငရုတ်ကောင်းမှုန့်(black pepper)ကို သုံးပြီ ချက်ကြပါတယ်။ Coarse ဆား အစား ရိုးရိုးဟင်းချက်ရင်သုံးတဲ့ table ဆား နှင့် ငရုတ်ကောင်းမှုန့် အစား ကချင် ငရုတ်ကောင်းစေ့ကို အသုံးပြုထားပါတယ်။

Read more

‘‘World Food Championship, Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲ’’

‘‘World Food Championship, Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲ’’
—————————————

FFW9

World Food Championship, Kissme ကမ္ဘာဟင်းချက်ပြိုင်ပွဲမှ ဟင်းချက်ဘလောက်ဂါများအတွက် Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲကို နိုဝင်ဘာလ ၂ရက်နေ့မှ နိုဝင်ဘာလ ၄ရက်နေ့ထိ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဟင်းချက်ပြိုင်ပွဲသို့ မြန်မာပြည်မှ ဟင်းချက်နည်းများ ရေးသားသူ ဟင်းချက်ပညာရှင် မချိုဝတ်ရည်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အယောက် ၅၀ပါဝင်တာ ဖြစ်ပြီ ထိုနေရာအတွက် ပြိုင်ပွဲဝင် ၂၅၀ကျော်ဝင်ရောက် အရွေးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Read more

‘‘Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲ’’

‘‘Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲ’’
————————————————-

FFW_WFC
အမေရိကန်နိုင်ငံ Florida တွင် ကျင်းပမည့် World Food Championship – Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲ သို့ ၀တ်ရည် ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့ အကြောင်းလေး ချစ်ညီအစ်မ၊ ညီအစ်ကို အားလုံးကို သတင်းကောင်းလေးပါး ချင်လို့ပါ။

Read more

ပီကင်းဘဲကင်

ပီကင်းဘဲကင်

Peking6

ဘဲကင်ရန် ပါဝင်ပစ္စည်များ

  • ဘဲ – ၁ကောင် (၅-၆ ပေါင်)

Read more

French Crepe ပန်ကိတ်

French Crepe ပန်ကိတ်

French_Crepe10

အရသာထူးခြားကောင်းမွန်တဲ့ ပြင်သစ်စတိုင် Crepe ပန်ကိတ် လုပ်နည်းပါ။ အားလပ်ရက်မှာ မိသားစုနဲ့ တူတူ ပျော်ပျော်ပါးပါး လုပ်စားနိုင်ဖို့အတွက်ပါ။ ပန်ကိတ်ထဲမှာ ဟမ်(သို့)ဘေကွန်၊ ချိစန်ရယ်၊ ကြက်ဥရယ်ထဲပြီ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပန်ကိတ်ရည်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄လုံး
  • ဂျုံမှုန့် – ၁ခွက်ခွဲ
  • နွားနို့ – ၃၀၀ မီလီလီတာ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

Read more

ဂဏန်းမဆလာချက်

ဂဏန်းမဆလာချက်

Crab_Curry_Indian7

အိန္ဒိယစတိုင် ဂဏန်းမဆလာချက် ချက်နည်းလေးပါ။ ဂဏန်းရဲ့ အချိုအရသာရယ်၊ မကျည်းရည်၊ ပျဉ်တော်သိမ်းရွက်၊ နံနံစေ့၊ မဆလာ နိုင်နိုင်နဲ့ ချက်ထားတာမို့ အရသာကလည်း ထူးခြားကောင်းမွန်ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ (သို့) ဂီ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • ဂဏန်း – ၁၀ကောင်
  • ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

Pepperoni ပီဇာ၊ ပါစတာ

Pepperoni ပီဇာ၊ ပါစတာ

Pepperoni_Pasta_Pizza9

အရသာပြည့်စုံ ကောင်းမွန်တဲ့ Pepperoni ပီဇာ၊ ပါစတာ လုပ်နည်းပါ။ ပီဇာချစ်သူတွေအတွက် အိမ်မှာ လွယ်လင့်တကူ လုပ်စားနိုင်တဲ့ ချက်နည်းလေးမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

ပါစတာပီဇာ တွင် ပါဝင်ပစ္စည်းများ

  • ပါစတာ – ၂၅၀ ဂရမ်
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • သံလွင်ဆီ – စားပွဲတင်ဇွန်း တ၀က်

Read more

အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့

အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့

Beef_Steak_Asparagus6

အနောက်တိုင်းစတိုင် အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့ ချက်နည်းပါ။ အမဲသားကင်ကို အရင်ဆုံး marinate လုပ်ပြီမှ ကင်ထားတာမို့ အသားကလည်း နူအိပြီ စားလို့ အရမ်းကောင်းပါတယ်။ ထို့ပြင် သစ်တော်သီးကင်၊ ကညွှတ်ဟမ်ကင်တို့နဲ့ အရသာရှိစွာဖြင့် တွဲဖက် သုံေးဆာင်နိုင်မှာပါ။ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

အမဲသား နုပ်ထားရန် ပါဝင်ပစ္စည်းများ

  • အမဲသား – ၂တုံး ( ၃၀၀ ဂရမ်)
  • Worcestershire ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • Mustard – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Read more

ဟမ်၊ ချိစ် ဆမ်ဝေ့

ဟမ်၊ ချိစ် ဆမ်ဝေ့

Sandwich_Quail10

Croque Madames လို့ခေါ်တဲ့ ပြင်သစ်စတိုင် မနက်စာ၊ အဆာပြေ လုပ်စားနိုင်ဖို့ အတွက် ဟမ်၊ ချိစ် ဆမ်ဝေ့ပါ။ ဆမ်ဝေ့မှာ ဟမ်၊ ချိစ် အပြင် White sauce လေးပါဝင်တာမို့ အရသာ ချိုစိမ့်ပြီ ထူးခြား ကောင်းမွန်ပါတယ်။ ထို့ပြင် ငုန်းဥကြော်လေးနဲ့မို့ တကယ်ကို ပြီပြည့်စုံတဲ့ မနက်စာလေးတစ်မျိုးပါ။

ဆမ်ဝေ့မှာ ပါဝင်ပစ္စည်များ

  • ပါမုန့် – ၆ချပ်
  • ထောပတ် – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဟမ် – ၃ပြား

Read more

ဝက်ခေါက်ကင်

ဝက်ခေါက်ကင်

Crispy_Pork7

တရုတ်စတိုင် ၀က်ခေါက်ကို ကြွပ်ရွအောင် ကင်တဲ့ ကင်နည်းပါ။ ဆိုင်ကလို အခေါက်ကြွပ်ရွရွလေး လုပ်စားချင်သူများ အတွက်ပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူကင်ကြည့်ရအောင်…

ဝက်ခေါက်ကင်တွင် ပါဝင်ပစ္စည်းများ

  • ၀က်သား သုံးထပ်သား – ၄၀၀ ဂရမ်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း တ၀က်

Read more

ငါး crusted နှင့် လီမွန်ထောပတ်ဆော့

ငါး crusted နှင့် လီမွန်ထောပတ်ဆော့

Grilled_Fish5

ငါး crusted နှင့် လီမွန်ထောပတ်ဆော့ပါ။ ပါမုန့်ခြောက်၊ ချိစ်တို့ကို ငါးပေါ်တင်ပြီ ကင်ထားတာမို့ စားလိုက်ရင် ငါးနဲ့ အပေါ်က ကြွပ်ရွရွလေး ဖြစ်နေပါတယ်။ ထို့ပြင် သူနဲ့ တွဲဖက် လီမွန်ထောပတ်ဆော့နဲ့ အရမ်းကို လိုက်ဖက်တာမို့ ခုပဲ တူတူ ချက်စားကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာပြီသား – ၄၀၀ ဂရမ် (၃ပိုင်းပိုင်းထားပါ)
  • ပါမုန့်ခြောက် – ၅၀ ဂရမ် (စားပွဲတင်ဇွန်း ၃ဇွန်းခွဲ)
  • Permesan ချိစ် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ဝက်သား နှင့် ပဲကြာဇံ ဟင်းလျာ(Ants Climbing Up a Tree)

ဝက်သား နှင့် ပဲကြာဇံ ဟင်းလျာ

Ant_Tree5

Ants Climbing Up a Tree လို့ နံမည်တွင်တဲ့ ၀က်သား နှင့် ပဲကြာဇံဟင်းလျာပါ။ ဒီဟင်းလျာကို ဘာလို့ Ants Climbing Up at Tree လို့ ခေါ်ဆိုရသလဲဆိုရင် ၀က်သားတွေကို ပဲကြာဇံပေါ်မှာ တက်နေသယောင် ထင်ရတာမို့ တင်စားပြီ ပုရောစိတ်လေးတွေက သစ်ပင်ပေါ်တက်နေတဲ့ ဟင်းလျာလို့ ခေါ်တွင်တာပါ။ နံမည်ဆန်းသလို ဟင်းလျာကလည်း ချိုချိုစပ်စပ်လေးနဲ့ အရမ်းကောင်းပါတယ်။ ခုပဲ လုပ်စားရအောင်…

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ – ၁၅၀ ဂရမ်
  • ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ကွေ့တီယို

ကွေ့တီယို
Kuai_Tiao6

ထိုင်းကွေ့တီယို ချက်နည်းလေးပါ။ ကွေ့တီယိုက ဆန်ခေါက်ဆွဲကို ၀က်နံရိုးပြုတ်ရည်၊ ၀က်သားလုံး၊ ၀က်သား၊ ကန်စွန်းရွက်၊ ပဲပင်ပေါက် အစုံအလင်ဖြင့် ချဉ်စပ်လေး သုံးဆောင်ရတာပါ။ ကွေ့တီယိုကို တချို့က အသုပ်အနေနဲ့ သုပ်တာလည်း ရှိပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ဝက်ပြုတ်ရည်တွင် ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး – ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ – ၂မွှာ (ဓားပြားရိုက်ပါ)
  • ဂျင်း – လတ်တဆစ် (ပါးပါးလှီးပါ)

Read more

ဝက်သားလုံး ချိုချဉ်ကြော်

ဝက်သားလုံး ချိုချဉ်ကြော်

Pork_Sweet&Sour8

တရုတ်စတိုင် ၀က်သားလုံး ချိုချဉ်ကြော် လုပ်နည်းလေးပါ။ အရင်ဆုံး ၀က်သားလုံးကို ဂျုံ၊ ကြက်ဥ၊ ပါမုန့်ခြောက် ကပ်ပြီ ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ကြော်ထားပြီမှ ဟင်းရွက်စုံ နဲ့ ချိုချဉ်ကြော်ထားတာပါ။ အရသာကလည်း အရမ်းစားကောင်းပြီ လုပ်လည်း လွယ်တာမို့ ခုပဲ တူတူ လုပ်နည်းလေး ကြည့်ရအောင်…

ဟင်းရွက်စုံမှာ ပါဝင်ပစ္စည်းများ

  • ၀က်သားလုံး
  • မုန်လာဥနီ – ဥသေး ၁ဥ (ပါးပါးလှီးပေးပါ)
  • ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)

Read more

မွန်ချောကတဲ ငါးခြောက်ပဲကြီးဟင်း

မွန်ချောကတဲ ငါးခြောက်ပဲကြီးဟင်း

Mon_Chaw_Ka_Lae3

မွန်ချက်နည်း တစ်မျိုးဖြစ်တဲ့ မွန်ချောကတဲ ငါးခြောက်ပဲကြီးဟင်းပါ။ ဒီချက်နည်းက သီးစုံကုလားဟင်း ချက်နည်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် အရသာ တမျိုးလေးနဲ့ စားလို့ အ၇မ်းကောင်းပါတယ်။ ငါးခြောက်နဲ့ သီးစုံ၊ အာလူးနဲ့ ရောချက်ထားတာပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပဲကြီး – နို့ဆီဘူး (တ၀က်)
  • ငါးခြောက် (သို့) ငါးရံ့ခြောက် – ၁၀ကျပ်သား (၁လက်မအရွယ် အတုံးများ တုံးပါ)
  • ရုံပတေသီး – ၆တောင့် (၁လက်မအရွယ် ပိုင်းဖြတ်ပေးပါ)

Read more

ကြက်သား တီကာ မဆလာဟင်း နှင့် ခရမ်းသီးကင်

ကြက်သား တီကာ မဆလာဟင်း နှင့် ခရမ်းသီးကင်

Chicken_Tikka_Masala4

အရင်ဆုံး တီကာ ကြက်သား အစိတ်ပိုင်းများကို ဒိန်ချဉ်၊ အိန္ဒိယဟင်းခတ်အမွှေးအကြိုင် တွေနဲ့ နုပ်ပြီ ကင်ထားပြီမှ ဆော့အစပ်နဲ့ ပြန်ရောချက်ထားတာပါ။ ဆော့က ခရမ်းချဉ်သီး၊ ငရုတ်သီးမှုန့်၊ ခရင်မ် တို့ကို ချိုစပ်လေးနဲ့ အရမ်းထူးခြားကောင်းမွန်ပါတယ်။ ဒီဟင်းမှာ အခရားလို့ ပြောလို့ရတာကတော့ ခရမ်းသီးကင်ပါ။ ခရမ်းသီးကင်ပါတာမို့ ကြက်သားတီကာဟင်းရဲ့ အနှစ်သာရကို ပိုမို ထူးခြားသွားစေပါတယ်။ လုပ်ရလည်းလွယ်ပြီ တကယ်ကို ထမင်းမြိန်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ကြက်သားတီကာ နုပ်ထားရန် ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု (၂၀၀ ဂရမ်၊ ၁လက်မအရွယ် အတုံးများ တုံးထားပါ)
  • ဒိန်ချဉ် – ခွက် ၃ပုံ၂ပုံ

Read more

ဝက်သားချဉ်သုပ်

ဝက်သားချဉ်သုပ်

8
ဝက်သားချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးဆီချက်၊ ပင်စိမ်း၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ဖြင့် ချဉ်စပ်လေး သုပ်ထားတာပါ။ ခုပဲ တူတူသုပ်ကြည့်ရအောင်…
————————————–
ပါဝင်ပစ္စည်းများ

•    ၀က်သားချဉ် – ၂၀၀ ဂရမ် (အတုံးသေးများတုံးပါ)
•    ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
•    ငရုတ်သီးဆီ ချက် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ထိုင်းစတိုင် ကြက်အူချောင်း၊ သခွာသီးသုပ်

ကြက်အူချောင်း၊ သခွာသီးသုပ်

sausage_salad2

အချိန်တိုအတွင်းမှာ အလွယ်တကူ လုပ်စားနိုင်မယ့် ကြက်အူချောင်း နှင့် သခွာသီး ချိုစပ်သုပ်လေးပါ။

ပါဝင်ပစ္စည်းများ

  • ကြက်အူချောင်း – ၄ချောင်း
  • သခွာသီး – တ၀က် (အစေ့ထုတ် ထပ်ခြမ်းခြမ်းပြီ ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

Read more

Beef Steak အမဲသားကင်၊ အာလူးထောင်း နှင့် ဟင်းနုနွယ်သုပ်

Beef Steak အမဲသားကင်၊ အာလူးထောင်း နှင့် ဟင်းနုနွယ်သုပ်

Beef_Steak8

Beef srilion အမဲလိုင်းသား နူညံ့တဲ့ အပိုင်းကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ထောပတ်နဲ့ pan grilled လုပ်ထားတာပါ။ အမဲသားကို rare၊ medium rare၊ medium, medium welldone ဆိုပြီ အစိမ်းနီးပါးလား၊ မကျက်တကျက်လား၊ လုံးဝ အကျက်ကင်မှာလားဆိုပြီ ပိုင်းခြားထားပါတယ်။ ခု ၀တ်ရည် ကင်ထားတာက medium welldone ပါ။ ပြီရင် အမဲသားကင်နဲ့ တွဲဖက် သုံးဆောင်ဖို့ အာလူးထောင်းရယ်၊ ဟင်းနုနွယ်သုပ်ကို ရွေးချယ်ထားပါတယ်။ စားလို့ တကယ်ကောင်းတာမို့ ခုပဲ တူတူလုပ်စားကြည့်၇အောင်…

အမဲသားကင်တွင် ပါဝင်ပစ္စည်းများ

  • အမဲလိုင်းသား (beef steak) – ၄၀၀ ဂရမ်
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ဝက်ခေါက်ကင် ထမင်းပေါင်း

ဝက်ခေါက်ကင် ထမင်းပေါင်း

Grilled_Pork_Steam_Rice7

ဝက်ခေါက်ကင် ထမင်းပေါင်းလေးပါ။ ထမင်းပေါင်း နဲ့ ၀က်ခေါက်ကင်နဲ့ တွဲဖက် စားသုံးရတာမို့ အရသာကလည်း တမူထူးခြားပြီ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းပေါင်းမှာ ချဉ်၊ချို၊ ခါး အရသာ ၃မျိုးလုံးရအောင် အမျိုးအမယ် များများ ထည့်ချက်ရပါတယ်။ ခုပဲ ချက်နည်းလေးကို ကြည့်လိုက်ရအောင်…

ထမင်းပေါင်းတွင် ပါဝင်သောပစ္စည်းများ

  • ချက်ပြီးသားထမင်း – ဆန်၁လုံး
  • မုန်လာဥနီ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
  • ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)

Read more

ဗီယက်နမ်စတိုင် ၀က်သားကင်

ဗီယက်နမ်စတိုင် ၀က်သားကင်

Grilled_Honey_Pork4

ဗီယက်နမ်မှာ လူကြိုက်များတဲ့ ၀က်သားကင် လုပ်နည်းပါ။ အဓိက ၀က်သားကင်ကို နုယ်ဖို့ ငါးငံပြာရည်၊ ပျားရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ စပါးလင်က အဓိက ကျပါတယ်။ တချို့ကလည်း ၀က်သားကင်နဲ့ အသုတ်အနေနဲ့လည်း မုန်လာဥနီ၊ သခွာသီး၊ ပဲပင်ပေါက်တို့နဲ့ သုံးဆောင်လို့ရပါတယ်။ ၀တ်ရည်ကတော့ ၀က်သားကင်ကို ဆော့ရယ်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ သုံးဆောင်ပါတယ်။ အရသာက ချိုစိမ့်ပြီ အရမ်းစားကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်မိုခိုသား – ၃၅၀ ဂရမ် (အရှည် ၂လက်မခွဲအရွယ် အရွယ် အပါးအစောင်းလှီးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

အိန္ဒိယစတိုင် ပဲနီလေး ဟင်းချို

အိန္ဒိယစတိုင် ပဲနီလေး ဟင်းချို

Lentil_Soup_Indian3

တောင်ပိုင်း အိန္ဒိယစတိုင် ပဲနီလေး ဟင်းချို ချက်နည်းပါ။ အရင်ဆုံး ပဲနီလေးကို ပြုတ်ပြီမှ ပျဉ်တော်သိမ်းရွက်၊ ဇီယာ၊ မုန့်ညှင်းစေ့၊ ငရုတ်သီးဆီသပ်ပြီ ရောချက်ထားတာပါ။ အရသာလည်း ကောင်းမွန်တဲ့ ဟင်းချိုတခွက် ဖြစ်တာမို့ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပဲနီလေး – ထုပ်ဝက်
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)

Read more

အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်း

အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်း

Sticky_Corn_Bean6

ဗီယက်နမ်မှာ နံမည်ကြီး ဟင်းလျာ တစ်ခုဖြစ်တဲ့ Xoi Bap လို့ ခေါ်တဲ့ အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်းပါ။ အရင်က ဗီယက်နမ်မိတ်ဆွေ တစ်ယောက် လုပ်ကျွေးလို့ ပထမဆုံး အကြိမ် စားဖူးပါတယ်။ အရမ်းစားကောင်းတာမို့ ကိုယ်တိုင် ပြန်လုပ်စားဖြစ်တာပါ။ ကောက်ညှင်းကို အုန်းနို့၊ ပြောင်းဖူး၊ ဆား၊ သကြား တို့နဲ့ ရောပေါင်းထားတာမို့ ချိုအိပြီ တကယ်ကို ထူးခြား ကောင်းမွန်ပါတယ်။ ထို့ပြင် ဒီ Xoi Bap ရဲ့ ထူးခြားမူက ကောက်ညှင်းပေါင်းကို ပဲတီစိမ်းနဲ့ တွဲဖက် သုံးဆောင်ရတာပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ကောက်ညှင်းပေါင်းတွင် ပါဝင်ပစ္စည်းများ

  • ကောက်ညှင်း – ဆန်ချိန်ခွက် ၂ခွက်
  • ပြောင်းဖူး – ၁ဖူး (တ၀က်ကျက်အောင် ပြုတ်ပြီ အစေ့ခြွေထားပေးပါ)

Read more

ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento မုန့်ဘူး

ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento

Sandwich_Bento11

ဒီတစ်ခါတော့ သားသားမီးမီးတွေ အကြိုက် ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento လေးပါ။ ကြက်သားရယ်၊ ကြက်ဥကို မရိုနစ်နဲ့ ရောမွှေပြီ ဆမ်ဝေ့ပြုလုပ်ထားတာပါ။ ဆမ်ဝေ့နဲ့ တွဲဖက် သုံးဆောင်ဖို့အတွက် ကြက်ဥ နှင့် အာလူးကြော်ကို ထည့်သွင်းပေးထားပါတယ်။ ချစ်စဖွယ် ကြက်ဥလေးကိုလည်း ပုံဖော်ပေးထားတာမို့ သားသားမီးမီးတွေ ကြိုက်နှစ်သက်ကြမှာပါ။

ဆမ်ဝေ့တွင် ပါဝင်ပစ္စည်းများ

  • ပါမုန့် – ၃ချပ်
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း (သုပ်ရန်)
  • ကြက်ဥ – ၁လုံး (ပြုတ်ထားပေးပါ)

Read more