Archive for admin

Angry Bird Bento ထမင်းဘူး

Angry Bird Bento ထမင်းဘူး

AngryBird_Bento12

Angry Bird bento ထမင်းဘူးလေးပါ။ ထမင်းကို Angry brid ပုံဖော်ထားပြီ ကလေးတွေ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ အဓိက ကြက်ဥကို မုန်လာဥနီ၊ ကြက်သွန်မြိတ် တို့နဲ့ ရောကြော်ထားတာပါ။ ပြီလျှင် ဟင်းသီးဟင်းရွက် အစုံ၊ အသီးအနှံတွေနဲ့ တွဲဖက် သုံးဆောင်ရမှာပါ။ ခုပဲ တူတူ ထမင်းဘူးလေး ပြင်ဆင်ကြည့်ရအောင်…

ထမင်းဘူးတွင် တခြား ပါဝင်ပစ္စည်းများ

  • ကြက်အူချောင်း – ၂ချောင်း (ကြက်အူချောင်းကို ၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၁ခု (အ၀ိုင်းပါးပါးလှီး၊ ပြုတ်ထားပေးပါ)

Read more

Frozen Bento ထမင်းဘူး

Frozen Bento ထမင်းဘူး

Snow_Bento16

Bento ဆိုတာ တစ်ယောက်စာပြင်ဆင်ပေးထားတဲ့ ထမင်းဘူး (သို့) အိမ်မှာ ကိုယ်တိုင် လုပ်ပေးထားတဲ့ စပယ်ရှယ် ထမင်းဘူးလေးတွေပါ။ ဂျပန်ကာတွန်း၊ မန်ဂျာ၊ ဂိမ်းထဲမှ ဇာတ်ကောင်တွေနဲ့ အလှဆင်ထားတဲ့ bento ကိုတော့ Kyaraben လို့ခေါ်ပါတယ်။ အဓိက ကလေးငယ်တွေ အစားအသောက် အပေါ်ပိုမို စားချင်စဖွယ် ဖြစ်လာအောင်၊ စိတ်ဝင်စားလာအောင် မိဘတွေက အထူးစီမံ လုပ်ပေးထားတဲ့ ထမင်းဘူးလေးတွေပါ။

ဒီတစ်ခါတော့ သားသားမီးမီးတို့အကြိုက် Frozen ကာတွန်းကားထဲမှ Olaf နှင်းရုပ်လေးပုံဖော်ထားတဲ့ Bento ထမင်းဘူးပါ။ ထမင်းဘူးထဲမှာ ကြက်ဥလိပ်၊ ၀က်သားအကြွပ်ကြော်၊ ကြက်အူချောင်း၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပြောင်းဖူး၊ ကြက်ဥ တို့အဟာရပြည့်ဝအောင် အစုံအလင် ထည့်ထားပါတယ်။ စားချင်စဖွယ်ကောင်းတဲ့ ထမင်းဘူးလေးကို တူတူပြင်ဆင်ကြည့်ရအောင်..

Read more

မြန်မာစတိုင် ဆတ်သားဟင်း

မြန်မာစတိုင် ဆတ်သားဟင်း

Vanison_Curry7

တကယ်ကို ထမင်းမြိန်စေမယ့် မြန်မာစတိုင် ဆတ်သားဟင်းပါ။ ဆတ်သားခြောက်ကို သုံးပြီ ချက်ထားပေမယ့် စိမ့်ပြီ အရသာတွေ့စေမှာ သေချာပါတယ်။ ဒီဟင်းက ၀တ်ရည် အကြိုက်ဆုံး ဟင်းလက်ရာတွေထဲက တစ်ခုပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ဆတ်သားခြောက် – ၁ထုပ် (၁၅၀ ဂရမ်)
  • ခရမ်းချဉ်သီး – ၃လုံး (အရှည်လိုက်လှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ထိုင်းစတိုင် ပဲကြာဇံသုပ်

ထိုင်းစတိုင် ပဲကြာဇံသုပ်

Glass_Noodle_Salad8

ထိုင်းစတိုင် ပဲကြာဇံသုပ်လေးပါ။ ပဲကြာဇံ နဲ့ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သား တို့ဖြင့် ချိုချဉ်စပ်သုပ်ထားတာပါ။ အရသာကလည်း အရမ်းကောင်းမွန်ပြီ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ – ၁ထုပ် (၁၀၀ ဂရမ်)
  • ကြက်ရင်ဗုံ – ၁ခု (ပြုတ်ထားပေးပြီ အသားနွှင်းထားပါ)
  • အာလူး – ၂လုံး (နူအောင်ပြုတ်ပြီ အရှည် ပါးပါးလှီးပါ)

Read more

ကြက်သားကင်၊ ဟင်းရွက်စုံဆလတ်သုပ်

ကြက်သားကင်၊ ဟင်းရွက်စုံဆလတ်သုပ်

Grilled_Chicken_Vg_Salad6a

ကြက်သားကင် နှင့် ဟင်းရွက်စုံ ဆလတ်သုပ်လေးပါ။ ကြက်သားကင်ရယ်၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ ကြက်သွန်ဖြူ ပါမုန့်ကင် တို့ကို ဂေါ်ဖီနဲ့ ထုပ်ပြီ သုံးဆောင်ရတာပါ။ ဆော့အနေနဲ့ အီတလီယျံ ဆော့ရည်ကို သုံးထားပါတယ်။ တလုပ်စားရုံနဲ့ ချို၊ချဉ်၊ စူးရှတဲ့ အရသာအားလုံးကို တခါတည်းခံစား ရရှိစေမယ့် ဟင်းလျာတစ်ခုပါ။

အသုပ်တွင် ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး – ၄လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
  • ဆလတ်ရွက် – လတ်တဆုပ်စာ (ရေစင်အောင် ဆေးပြီ ပါးပါးလှီးပါ)
  • ဂေါ်ဖီခရမ်း – တစိတ် (ခြစ်တံဖြင့် ခြစ်ပေးထားပါ)
  • ဂေါ်ဖီထုပ် – တ၀က် (ရေစင် အောင် ဆေးထားပါ)

Read more

အမဲ၊ အာလူး အချိုချက်

အမဲ၊ အာလူး အချိုချက်

Beef_Curry8
အမဲ၊ အာလူး အချိုချက် ဟင်းလျာပါ။ ဒီဟင်းလျာမှာ အမဲသားကို ညှီနံ့ကင်းအောင် မဆလာ၊ ငရုတ်ကောင်းမှုန့် နိုင်နိုင်နဲ့ အာလူးနဲ့ ရောပြီ အချိုချက်ထားတာပါ။ အမဲသားကို နူးအိနေအောင် Pressure cooker နဲ့ ချက်ထားပါတယ်။ အရသာကလည်း ချိုစိမ့်ပြီ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာပါ။ ခုပဲ တူတူ ချက်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား – ၂၅ကျပ်သား (အနေတော်အရွယ် တုံးပါ)
  • အာလူး – ၃လုံး (၈စိပ်စိပ်ထားပေးပါ)
  • မဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း

Read more

ကြက်ဥ မဆလာ ဟင်းလျာ

ကြက်ဥ မဆလာ ဟင်းလျာ

Egg_Curry6

ကြက်ဥ မဆလာ ဟင်းလျာပါ။ ကြက်ဥကို ဒယ်ထဲ အလုံးလိုက် ဖောက်ထည့်ပြီ ခရမ်းချဉ်သီး၊ မဆလာ၊ ဇီယာ၊ နံနံစေ့တို့နဲ့ ရောချက်ထားတာပါ။ မဆလာနံ့ သင်းသင်းလေးနဲ့ တကယ် အရသာ ထူးခြားကောင်းမွန်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄လုံး
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

တလာဗီးယား ငါးကင်နှင့် မရမ်းပြားဆော့

တလာဗီးယား ငါးကင်နှင့် မရမ်းပြားဆော့

Grill_Fish4

တလာဗီယားငါးကို တရုတ်အမွှေးအကြိုင်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ပူစီနံတို့ဖြင့် ရောနုယ်ပြီ ကင်ထားတာပါ။ ပြီမှ မရမ်းပြားရည်နဲ့ လုပ်ထားသော ဆော့လေးနဲ့ တွဲဖက် သုံးဆောင်ရတာပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူကင်ကြည့်ရအောင်…

ငါးကင်ရန် ပါဝင်ပစ္စည်းများ

  • တလာဗီးယားငါး(သို့)ငါးလိပ်ကြောက်(သို့)ငါးလိပ်စွန် – ၁ကောင် (ကြေးခွံဖယ်ပြီ ငါးကို သန့်စင်ထားပါ)
  • ကြက်သွန်ဖြူ – ရမွှာ
  • ပူစီနံ – လက်တဆုတ်စာ

Read more

နံရိုးပေါင်း ခေါက်ဆွဲ

နံရိုးပေါင်း ခေါက်ဆွဲ

Noodle_PorkRib10

နေ့လည်စာ၊ အစာပြေအဖြစ် လုပ်စားနိုင်ဖို့ နံရိုးပေါင်း ခေါက်ဆွဲပါ။ ဒီ နံရိုးပေါင်း ခေါက်ဆွဲမှာ တရုတ်ပဲအမဲအနှစ်က အခရာကျပါတယ်။ ပဲအမဲအနှစ်က ဟင်းလျာရဲ့ အရသာကို ချိုစိမ့်ပြီ ပိုမို ပေါ်လွင်စေပါတယ်။ ဒါကြောင့် ၀က်နံရိုးကို တရုတ်ပဲအမဲအနှစ်၊ ခရုဆီ၊ ဆန်ဝိုင်၊ ပဲငံပြာရည်၊ နှမ်းဆီတို့နဲ့ နာရီဝက်နုပ်ပြီမှ Pressurec cooker နဲ့ မိနစ် ၃၀ခန့် ပေါင်းထားပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

နံရိုးပေါင်းတွင် ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး – ၄၅၀ ဂရမ် (၁လက်မခွဲအရွယ် ပိုင်းဖြတ်ထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (ညက်အောင်ထောင်းပါ)

Read more

ငါးခူ အုန်းနို့ဟင်း

ငါးခူ အုန်းနို့ဟင်း

Catfish_recipe5

အရသာရှိပြီ ခံတွင်းတွေ့စေမယ့် ငါးခူ အုန်းနို့ ဟင်းလျာပါ။ ဟင်းခတ်အမွှေးအကြိုင် များများနဲ့ ရောပြီ ချက်ထားတာမို့ အရသာရော၊ အနံ့ပါ ထူးခြားကောင်းမွန် ပါတယ်။ အုန်းနို့ကြောင့် အရသာက ချိုစိမ့်ပြီ ထမင်းမြိန်စေတဲ့ ဟင်းလျာတစ်ခုပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးခူ – ၃၀ ကျပ်သား(အကောင်ကြီး ၃ကောင်)
  • ကြက်သွန်နီ – ၁လုံး (ညက်အောင် ထောင်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းပါ)

Read more

ဝက်သား နှင့် မှို စတူး

ဝက်သား နှင့် မှို စတူး

Pork_Stew_Mushroom6

တရုတ်စတိုင် ၀က်သား နှင့် မှိုစတူး ဟင်းလျာပါ။ ၀က်သား၊ မုန်လာဥနီ၊ မှိုတို့ဖြင့် ရောပြီ စတူး ချက်ထားတာပါ။ ၀က်သားကလည်း နူညံ့ပြီ မုန်လာဥနီ၊ မှို၊ ရဲ့ အရသာကလည်း ချိုစိမ့် အထူး ကောင်းမွန်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်အဆီနဲ့ အသား – ၃၀၀ ဂရမ် (အနေတော်အရွယ် တုံးပေးပါ)
  • မှိုပွင့်ခြောက် – ၆ခု (ရေနွေးဖြင့် ၃မိနစ်ခန့် ပြုတ်ပြီ ပါးပါးလှီးပါ)
  • မုန်လာဥနီ – ဥကြီး ၁ဥ (အခွံနွှာပြီ အတုံးလတ်များ တုံးပါ)

Read more

ပုဇွန် မဆလာဟင်း

ပုဇွန် မဆလာဟင်း

Prawn_Curry5

အိန္ဒိယစတိုင် ပုဇွန် မဆလာ ဟင်းလျာပါ။ ပုဇွန်ကို ဟင်းနှစ်များများ၊ မဆလာ အနံ့လေးနဲ့ ချက်ထားတာပါ။ ချစ်တီးထမင်းဆိုင်တွေမှာ စားနေကျ ပုဇွန်ဟင်းလျာလိုပဲ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာ တခွက်ပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၁၀ကောင်
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ  -၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းထားပါ)

Read more

ငါးဖယ် ဆီပြန်ဟင်းလျာ

ငါးဖယ် ဆီပြန်ဟင်းလျာ

FishCake_Curry6

ထမင်းမြိန်စေမယ့် ငါးဖယ် ဆီပြန်ဟင်းလေးပါ။ အရင်ဆုံး ငါးဖယ်ကို ကြော်ပြီမှ ကလဝေရွက်၊ သစ်ဂျပိုး၊ ဖာလာ၊ ဟင်းခတ်အမွှေးအကြိုင် တွေနဲ့ ငါးဖယ်ကို ဆီပြန်လေး ချက်ထားတာပါ။ အရသာရော၊ အနံ့ပါ ထူးခြားကောင်းမွန်တာမို့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာတစ်ခုပါ။ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ငါးဖယ်ကြော်ရန် ပါဝင်ပစ္စည်းများ

  • ငါးဖယ်ခြစ် – ၃၀ ကျပ်သား (ဆုံထောင်းဖြင့် ထောင်းထားပေးပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်ဥ (အကာ) – ၁လုံး

Read more

ဝက်သား အကြွပ်ကြော်နှင့် သီးရွက်စုံသုပ်

Pork Chop ၀က်သား အကြွပ်ကြော်နှင့် သီးရွက်စုံသုပ်

PorkChop11a

အီတလီယျံစတိုင် ၀က်သားလိုင်းသား Pork Chop ကို ပါမုန့်ခြောက်၊ ချိစ်ကပ်ပြီ အကြွပ်ကြော်ထားတာပါ။ သူနဲ့ တွဲဖက် သီးရွက်စုံသုပ်က အရည်ရွှမ်းတာမို့ ၀က်သား အကြွပ်ကြော်နဲ့ အရမ်းလိုက်ဖက်ပါတယ်။ ထို့ပြင် ချိုစပ်ဆော့ကိုလည်း အပေါ်က ဖြူးထားပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သားလိုင်းသား – ၃ခု (အရိုးနဲ့အသားတွဲယှက်)
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
  • နွားနို့ – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ရောင်စုံဘောလုံး ဟင်းရွက်စုံ နှင့် ကြက်သားလုံးဟင်းလျာ

ရောင်စုံဘောလုံး ဟင်းရွက်စုံ နှင့် ကြက်သားလုံးဟင်းလျာ

Colorful_Pork_Ball7

တရုတ်စတိုင် ကြက်သား နှင့် ဟင်းရွက်များကို ဘောလုံးပုံ အလုံးလေးများ ပြုလုပ်ပြီ ချက်ထားတာ ဖြစ်ပါတယ်။ ဒီဟင်းရဲ့ ထူးခြားမှုမှာ မုန်လာဥနီ၊ ဖရုံသီး၊ ဂေါ်လခါးသီး၊ အာလူး ဟင်းရွက်အစုံအလင်ရဲ့ အရသာ ချိုစိမ့်နေပါတယ်။  လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ကြက်သားလုံးတွင် ပါဝင်သောပစ္စည်းများ

  • ကြက်သား(သို့)၀က်သား – ၃၂၀ဂရမ်(သို့)၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပြီသား)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

Read more

ပုဇွန်ကင်

ပုဇွန်ကင်

Grill_Prawn5

ပုဇွန်လုပ်ရတာလည်း အရမ်းလွယ်ပြီ အရသာက ချိုစိမ့် မွှေးနေပါတယ်။ ပုဇွန်ကျောခွဲပြီ အစာသွပ်ပြီမှ ကင်ထားတာမို့ အရမ်းစားကောင်းပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ပုဇွန်ကျား(အကောင်ကြီး) – ၅ကောင်
  • မုန်လာဥနီ – ၁ဥ (နှုတ်နှုတ်ဆင်းပါ)
  • ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်ဆင်းပါ)

Read more

ဆူးပုတ် ကြက်ဥကြော်

ဆူးပုတ် ကြက်ဥကြော်

SuPoke_EggFry3

မြန်မာစတိုင် ဆူပုတ်ရွက်ကို ကြက်ဥကြော်လေးပါ။ ဆူပုတ်ရယ်၊ ကြက်ဥ၊ ငရုတ်သီးနီ၊ ကြက်သွန်နီ၊ မဆလာတို့ဖြင့် ရောကြော်ထားတာပါ။ စားလို့လည်း ကောင်းတာမို့ ခုပဲ တူတူကြော်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄လုံး
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီထားပါ)
  • ဆူပုတ်ရွက် – ခွက်တ၀က်စာ

Read more

ဂုံး ချိုစပ် ဟင်းချို

ဂုံး ချိုစပ် ဟင်းချို

Clam_Soup9

ဂုံး ချိုစပ်ဟင်းချိုပါ။ ပင်လယ်စာ ချစ်သူများအတွက် တကယ်ကို ကောင်းမွန်နဲ့ ဟင်းချို တခွက်ပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ ချက်နည်း ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • ဂုံး – ၂၅ခု (သဲများ စင်အောင် ရေဖြင့် သေချာဆေးပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဗုံလုံသီး ဆိတ်သား အစာသွပ်

ဗုံလုံသီး ဆိတ်သား အစာသွပ်

Stuffed_Mutton9

မြှောက်ပိုင်း အိန္ဒိယစတိုင် ဗုံလုံသီး ဆိတ်သား အစာသွပ် ချက်နည်းပါ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင် (နံနံစေ့၊ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ မဆလာ) နိုင်နိုင် ထည့်ချက်ထားတာမို့ ဆိတ်သား ညှီုနံ့ လုံးဝ မရှိတော့ပဲ အရသာ အရမ်းထူးခြားကောင်းမွန်တဲ့ ဟင်းတခွက်ပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဗုံလုံသီး – ၄ခု
  • ဆိတ်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပြီသား)
  • ကြက်သွန်ဖြူ – ၂မွှာ (ထောင်းပါ)

Read more

ဖာလူဒါ

ဖာလူဒါ

Faluda7

နွေရာသီ ပူပြင်းတဲ့ ရာသီဥတုမှာ လုပ်စားနိုင်ဖို့ ဖာလူဒါ လုပ်နည်းလေးပါ။ ဖာလူဒါက အိန္ဒိယစတိုင် လုပ်နည်းပါ၊ အိန္ဒိယမှာတော့ ဖာလူဒါထဲကို ပင်ပွား၊ စမိုင်ဖတ်၊ သာကူစေ့၊ နွားနို့၊ သကြားရည် တို့ထည့်ပြီ လုပ်ကြပါတယ်။ ၀တ်ရည်ကတော့ ရန်ကုန်မှာ စားနေကျစတိုင် ဖာလူဒါ လုပ်နည်းကို ရှယ်ပေးထားပါတယ်။ ရာသီဥတု ပူပူလေးမှာ ဖာလူဒါ အေးအေးလေး လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • နွားနို့- ခွက်၎ခွက် (၈၀၀ မီလီလီတာ)
  • မုန့်လက်ဆောင်းဖတ် – ၁ခွက်
  • အနီရောင် ဂျယ်လီ – ခွက်တ၀က် (အတုံးသေးများတုံးထားပါ)

Read more

Wutyee Food House ဟင်းလက်ရာ (၁၀၃)မျိုး စာအုပ်သစ်

”Wutyee Food House ဟင်းလက်ရာ (၁၀၃)မျိုး စာအုပ်သစ်”

WY-103-cover2

” Wutyee Food House ဟင်းချက်လက်ရာ(၁၀၃)မျိုး စာအုပ်သစ် ထွက်ပြီ”

– ချစ်ခင် လေးစားရပါသော အန်တီ၊ အန်ကယ်၊ ညီအစ်မ၊ ညီအစ်ကိုတွေကို Wutyee Food House ဟင်းလက်ရာ(၁၀၃)မျိုး ဟင်းချက်စာအုပ်သစ် ထုတ်ဝေလိုက်ပြီ ဖြစ်တဲ့အကြောင်းကို သတင်းကောင်း ပါးပါရစေ။

– ဟင်းချက်စာအုပ်အဖြစ် သိမ်းထားချင်တယ်၊ သူငယ်ချင်းတွေကို ဟင်းချက်စာအုပ် ကောင်းကောင်းလေး လက်ဆောင် ပေးချင်တယ်ဆိုရင်တော့ ”Wutyee Food House ဟင်းချက်လက်ရာ(၁၀၃)မျိုး ဟင်းချက်စာအုပ်” ကိုအားပေးကြပါနော်… <3

Read more

ဂဏန်းသား ကော်ရည်ဟင်းချို

ဂဏန်းသား ကော်ရည်ဟင်းချို

Crab_Meat_Soup3

ဟင်းချိုကောင်းကောင်း ကြိုက်သူများအတွက် ဂဏန်းသား ကော်ရည် ဟင်းချိုလေးပါ။ အချိန်တိုအတွင်းပဲ လုပ်စားနိုင်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်..

ပါဝင်သောပစ္စည်းများ

  • ဂဏန်းချောင်း – ရချောင်း (အရှည်ပါးပါးလှီးပါ)
  • ပြောင်းဖူး – ၁ဖူး ( ပြုတ်ပြီးသား)
  • ကြက်သွန်နီ – ၁လုံး ( နှုတ်နှုတ်ဆင်းပါ)

Read more

အင်ဒိုစတိုင် ကြက်ဆာတေးကင်

အင်ဒိုစတိုင် ကြက်ဆာတေးကင်

Indo_Satay5

အင်ဒိုစတိုင် ကြက်ဆာတေးကင်။ တခြား ဆာတေးကင်တွေနဲ့ အရသာမတူပဲ တမူထူးခြားကောင်းမွန်တဲ့ အကင်လေးပါ။ အင်ဒိုစတိုင် ကြက်ဆာတေးက ကြက်သားကို နံနံစေ့မှုန့်၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့နဲ့ ၃နာရီလောက် နုပ်ထားပြီမှ ကင်ရတာပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်ကြည့်၇အောင်…

ကြက်ဆာတေးအတွက် ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု (၂၅၀ ဂရမ်)
  • နံနံစေ့မှုန့် – စားပွဲတင်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းပါ)

Read more

မြေအိုး ကြက်သားထမင်း

မြေအိုး ကြက်သားထမင်း

Malay_Chicken_Rice8

မလေးရှားစတိုင် မြေအိုး ကြက်သားထမင်း ချက်နည်းပါ။ မြေအိုးနဲ့ ချက်ထားတာမို့ စားတဲ့အခါ ပူပူလေးနဲ့ အရသာ အရမ်းကောင်းမွန်ပါတယ်။ အရင်ဆုံး မြေအိုးထဲကို ထမင်းထည့်၊ ပြီမှ ကြက်သား၊ မှို၊ ကြက်အူချောင်း ထည့်ပြီ မီးနည်းနည်းဖြင့် မြေအိုးဖြင့်ပေါင်းချက်ထားလို့လည်း ပြောလို့ရပါတယ်။ လုပ်စားရလည်း လွယ်ပြီ နေ့လည်စာ၊ ညနေစာအဖြစ်နဲ့ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆန် – ၂ခွက် (ရေစင်အောင် ဆေးထားပါ)
  • ကြက်အူချောင်း – ၂ချောင်း (အပါးအစောင်းလှီးပြီ ဆီဖြင့် ၁မိနစ်ခန့် ကြော်ပေးထားပါ)
  • ကြက်ပေါင် – ၂ခု (အတုံးများ တုံးထားပါ)

Read more

ရေခဲသုပ်(Ice Kacang)

ရေခဲသုပ်(Ice Kacang)

Ice_Kacang11

ပူနွေးတဲ့ ရာသီမှာ အချိုပွဲအဖြစ် သုံးဆောင်နိုင်ဖို့ Ice kacang လို့ခေါ်တဲ့ ရေခဲသုပ်ပါ။ အဓိက ရေခဲခြစ်ပေါ်က မုန့်လက်ဆောင်းဖတ်၊ red bean၊ ပြောင်းဖူးခရင်းမ်၊ ယို၊ ကျောက်ကျော၊ မြေပဲ၊ သာကူ တို့နှင့် တွဲဖက်သုံးဆောင်ရတာပါ။ အပေါ်က နွားနို့(သို့) အုန်းနို့ ဆမ်းပြီလည်း သုံးဆောင်ကြပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ရေခဲခြစ်(သို့)ခြေထားသော ရေခဲ – ၂ခွက်
  • နွားနို့(သို့)အုန်းနို့ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ပြောင်းဖူး ခရင်မ်စည်သွပ် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ကမ္ဘောဒီးယားစတိုင် ကြက်သားအစပ်ဟင်း

ကမ္ဘောဒီးယားစတိုင် ကြက်သားအစပ်ကြော်

Combodian_Stir_Fry_Chicken4

ကမ္ဘောဒီးယားစတိုင် ကြက်သားအစပ်ကြော်ပါ။ ကမ္ဘောဒီးယား ဟင်းလျာတော်တော် များများမှာ ဂျင်းကို အဓိက ထားပြီ ကြော်ချက် ကြပါတယ်။ အရင်ဆုံး ကြက်သွန်ဖြူ၊ ငရုတ်သီနီ၊ ဂျင်း ဆီသပ်ပြီမှ ကြက်သားကို ထည့်ရောကြော်ပြီ အရသာ စပ်ရှိန်ရှန်လေး ချက်ထားတာပါ။ တကယ်ကို ထမင်းနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင် စပ်တယ်ဆိုတာ မပြောပလောက်ပါဘူး။ အရသာ အရမ်းကောင်းမွန်ပြီ အချိန်တိုတွင်းမှာပဲ လွယ်လင့်တကူ ချက်စားနိုင်တာမို့ ခုပဲ ချက်နည်းကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား -၂ခု (အပါးအစောင်းလှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်တဆစ် (အရှည်ပါးပါးလှီးပါ)
  • ငရုတ်သီးနီ – ၃-၄တောင့် (ထပ်ခြမ်းခြမ်းပေးထားပါ)

Read more

Pad Thai ဆန်ပြားခေါက်ဆွဲကြော်

Pad Thai ဆန်ပြားခေါက်ဆွဲကြော်

Pad_Thai9

ထိုင်းစတိုင် ဆန်ပြားခေါက်ဆွဲပါ။ နေ့လည်စာ၊ ညနေစာအဖြစ် အလွယ်တကူ လုပ်စားနိုင်ပါတယ်။ ဆန်ပြား(သို့)ဆန်ခေါက်ဆွဲကို ကြက်သား၊ ၀က်သား၊ ပင်လယ်စာ၊ ပဲပင်ပေါက် တို့နဲ့ ရောကြော်ထားတာပါ။ ၀တ်ရည်က ရိုးရိုးခေါက်ဆွဲကို သုံးထားတာပါ။ ပြီမှ ပဲပင်ပေါက်၊ မြေပဲ၊ သံပရာသီး၊ ကြက်သွန်မြိတ် တို့ဖြင့် တွဲဖက်ပြီ သုံးဆောင်ရပါတယ်။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆန်ပြားခေါက်ဆွဲ(သို့)ဆန်ခေါက်ဆွဲ – ၃၀၀ ဂရမ်
  • ပုဇွန်ကျား – ၁၅၀ ဂရမ် (အမြှီချန် အခွံနွှာထားပေးပါ)
  • ကြက်အူချောင်း – ၂ချောင်း (အစောင်းပါးပါးလှီး ဆီနည်းနည်းဖြင့် ကြော်ထားပေးပါ)

Read more

မြိတ်ကတ်ကြေးကိုက်

မြိတ်ကတ်ကြေးကိုက်

ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နံမည်ကြီးပြီ လူကြိုက်များပါတယ်။ မြိတ်ကတ်ကြေးကိုက်က တခြား ကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။ တချို့ဆို ကမာ၊ ရှပ်၊ ပုဇွန်ခြေထောက်တို့က အစထည့်ပြီ ချက်ကြပါတယ်။ ဒီချက်နည်းလေးက ၀တ်ရည်ရဲ့ အဒေါ်ဆီက ရရှိတာပါ။ ချက်နည်းလေးကို ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ကျပ်သား
  • ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီးခံကာ အခွံနွာပြီ ကျောခွဲထားပေးပါ)
  • ကင်ပွန်း (သို့) ပြည်ကြီးငါး – ၂၀ကျပ်သား (အညှိအခွဲတွေ စဉ်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ)
  • ဂဏန်းချောင်း – ၇ချောင်း (အစောင်းပါးပါးလှီးပါ)

Read more

ဝက်နံရိုး နှင့် ဖရဲသီး ဟင်းချို

ဝက်နံရိုး နှင့် ဖရဲသီး ဟင်းချို

WaterMelon_PorkRib_Soup6

ဝက်နံရိုး နှင့် ဖရဲသီး ဟင်းချိုပါ။ ဖရဲသီးမှာ အနီ၊ အဖြူ ရှိတဲ့အထဲမှာ အဖြူပိုင်းက ချက်စားလို့ရမှန်း သတိထားမိချင်မှ သတိထားမိကြမှာပါ။ ခု ၀တ်ရည်တို့ချက်မှာက ဖရဲသီး အနီပိုင်းကို ဖယ်ပြီ ကျန်တဲ့ အဖြူပိုင်းကို ဟင်းချိုချက်တဲ့ထဲ ထည့်ချက်မှာ ဖြစ်ပါတယ်။ ဒီဟင်းရည်က သောက်လို့ကောင်းရုံမကပဲ ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ အရသာက ဖရဲသီး၊ ၀က်နံရိုး၊ ဆီသီးခြောက်ကြောင့် ချိုစိမ့်တဲ့အပြင် ပူနွေးတဲ့ ရာသီဥတုမှာတောင် ရေငတ်ပြေစေ၍ ရင်ကိုအေးစေပါတယ်။ ဒါကြောင့် ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး – ၃၂၀ ဂရမ် (အရိုးနု၊ ၂လက်မရွယ်များ ပိုင်းဖြတ်ထားပါ)
  • ဖရဲသီး – တစိတ်
  • ကြက်သွန်ဖြူ – ၃မွှာ (ဓားပြားရိုက်ပြီ အရှည်လှီးပါ)

Read more

ဗီယက်နမ် ငါးအုန်းနို့ မြေအိုးချက်

ဗီယက်နမ် ငါးအုန်းနို့ မြေအိုးချက်

ButterFish_Coconut_Curry6

ဗီယက်နမ်စတိုင် ငါးအုန်းနို့ မြေအိုးချက်ပါ။ ငါးတန်ကို ဆီနည်းနည်းနဲ့ အုန်းနို့ကြောင့် ချို့စိမ့်အရသာရယ်၊ ငရုတ်သီးတောင့်ရှည်ကြောင့် ခပ်စပ်ရှိန်ရှိန်နဲ့မို့ ထမင်းနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ထို့ပြင် မြေအိုးနဲ့ ချက်ထားတာမို့ ငါးက ပိုမိုထူးခြား ကောင်းမွန်ပါတယ်။ ဒါကြောင့် ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးတန် – ၃၀၀ ဂရမ် (၂လက်မအရွယ် အတုံးများတုံးထားပေးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

Read more