Archive for Uncategorized

ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာ

ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာ

Prawn_Bacon5

ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာပါ။ ပဲကြာဇံက ဆော့ရည်နဲ့ ဘေကွန်ရဲ့ ချိုစိမ့်တဲ့ အရသာ အားလုံးကို စုတ်ယူထားတာမို့ တကယ်ကို အရသာ ထူးခြား ကောင်းမွန်တဲ့ ဟင်းလျာ တစ်မျိုးပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၁၅ကောင် (ခေါင်းဖယ် အခွံချိန်ထားပါ)
  • ပဲကြာဇံ – ၁၀၀ ဂရမ် (ရေ နာရီဝက်ခန့် စိမ်ထားပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
  • ဘေကွန် – ၄ပြား (၁လက်မ အရွယ်များ ပိုင်းဖြတ်ပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (၁လက်မ အရွယ် ပိုင်းဖြတ်ပါ)
  • တရုတ်နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  • မြေအိုး – ၁အိုး (ချက်ရန်)

Read more

‘‘World Food Championship, Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲ’’

‘‘World Food Championship, Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲ’’
—————————————

FFW9

World Food Championship, Kissme ကမ္ဘာဟင်းချက်ပြိုင်ပွဲမှ ဟင်းချက်ဘလောက်ဂါများအတွက် Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲကို နိုဝင်ဘာလ ၂ရက်နေ့မှ နိုဝင်ဘာလ ၄ရက်နေ့ထိ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဟင်းချက်ပြိုင်ပွဲသို့ မြန်မာပြည်မှ ဟင်းချက်နည်းများ ရေးသားသူ ဟင်းချက်ပညာရှင် မချိုဝတ်ရည်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အယောက် ၅၀ပါဝင်တာ ဖြစ်ပြီ ထိုနေရာအတွက် ပြိုင်ပွဲဝင် ၂၅၀ကျော်ဝင်ရောက် အရွေးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Read more

ဂဏန်းမဆလာချက်

ဂဏန်းမဆလာချက်

Crab_Curry_Indian7

အိန္ဒိယစတိုင် ဂဏန်းမဆလာချက် ချက်နည်းလေးပါ။ ဂဏန်းရဲ့ အချိုအရသာရယ်၊ မကျည်းရည်၊ ပျဉ်တော်သိမ်းရွက်၊ နံနံစေ့၊ မဆလာ နိုင်နိုင်နဲ့ ချက်ထားတာမို့ အရသာကလည်း ထူးခြားကောင်းမွန်ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ (သို့) ဂီ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • ဂဏန်း – ၁၀ကောင်
  • ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဝက်ခေါက်ကင်

ဝက်ခေါက်ကင်

Crispy_Pork7

တရုတ်စတိုင် ၀က်ခေါက်ကို ကြွပ်ရွအောင် ကင်တဲ့ ကင်နည်းပါ။ ဆိုင်ကလို အခေါက်ကြွပ်ရွရွလေး လုပ်စားချင်သူများ အတွက်ပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူကင်ကြည့်ရအောင်…

ဝက်ခေါက်ကင်တွင် ပါဝင်ပစ္စည်းများ

  • ၀က်သား သုံးထပ်သား – ၄၀၀ ဂရမ်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း တ၀က်

Read more

ကွေ့တီယို

ကွေ့တီယို
Kuai_Tiao6

ထိုင်းကွေ့တီယို ချက်နည်းလေးပါ။ ကွေ့တီယိုက ဆန်ခေါက်ဆွဲကို ၀က်နံရိုးပြုတ်ရည်၊ ၀က်သားလုံး၊ ၀က်သား၊ ကန်စွန်းရွက်၊ ပဲပင်ပေါက် အစုံအလင်ဖြင့် ချဉ်စပ်လေး သုံးဆောင်ရတာပါ။ ကွေ့တီယိုကို တချို့က အသုပ်အနေနဲ့ သုပ်တာလည်း ရှိပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ဝက်ပြုတ်ရည်တွင် ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး – ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ – ၂မွှာ (ဓားပြားရိုက်ပါ)
  • ဂျင်း – လတ်တဆစ် (ပါးပါးလှီးပါ)

Read more

တလာဗီးယား ငါးကင်နှင့် မရမ်းပြားဆော့

တလာဗီးယား ငါးကင်နှင့် မရမ်းပြားဆော့

Grill_Fish4

တလာဗီယားငါးကို တရုတ်အမွှေးအကြိုင်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ပူစီနံတို့ဖြင့် ရောနုယ်ပြီ ကင်ထားတာပါ။ ပြီမှ မရမ်းပြားရည်နဲ့ လုပ်ထားသော ဆော့လေးနဲ့ တွဲဖက် သုံးဆောင်ရတာပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူကင်ကြည့်ရအောင်…

ငါးကင်ရန် ပါဝင်ပစ္စည်းများ

  • တလာဗီးယားငါး(သို့)ငါးလိပ်ကြောက်(သို့)ငါးလိပ်စွန် – ၁ကောင် (ကြေးခွံဖယ်ပြီ ငါးကို သန့်စင်ထားပါ)
  • ကြက်သွန်ဖြူ – ရမွှာ
  • ပူစီနံ – လက်တဆုတ်စာ

Read more

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ (၅ယောက်စာ)

မနက်စာ၊ အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းပါ။ လုပ်ရလွယ်ပြီ အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

  • ဂျုံခေါက်ဆွဲ – ၂၅ကျပ်သား
  • ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)
  • နံနံပင် – ၁စည်း (ပါးပါးလှီးပါ)

Read more

ရုံပတေသီး ဆီပြန်ချက်

ရုံပတေသီး ကြော်ချက်

Okra_Fry5

ရုံပတေသီးကို ခရမ်းချဉ်သီး၊ မဆလာ၊ တို့နဲ့ ဆီပြန်လေး ချက်ထားတာပါ။ ချက်ရတာလည်း လွယ်ပြီ အရသာ ကောင်းမွန်တဲ့ ဟင်းတခွက်မို့ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ရုံပတေသီး – ၈တောင့်
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

Read more

ပုန်းရည်ကြီးသုပ်

ပုန်းရည်ကြီးသုပ်

Pone_Yay_Gyi_Salad3

အညာစတိုင် ပုန်းရည်ကြီးသုပ်ပါ။ ပုန်းရည်ကြီးကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်သီးစိမ်း၊ ဆီ တို့ဖြင့် ရောနုယ်သုပ်ထားတာပါ။ ထမင်းမြိန်စေမယ့် ဟင်းအရံတမျိုးပါ…

ပါဝင်ပစ္စည်းများ

  • ပုန်းရည်ကြီး – ၃ထုပ်
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)

Read more

ဝက်သား ပုံးရည်ကြီးချက်

ဝက်သား ပုံးရည်ကြီးချက်

မြန်မာ အရသာစစ်စစ် ၀က်သား ပုံးရည်ကြီးချက်လေးပါ။ ၀က်သားကို အရင်ဆုံး ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့် တို့ဖြင့် နှပ်ထားပြီမှ ချက်ထားတာမို့ နူအိပြီ စားလို့ကောင်းပါတယ်။ ပုံးရည်ကြီး ကြိုက်သူတွေ ထမင်းမြိန်မှာ သေချာပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သား ၃ထပ်သား – ၄၀၀ ဂရမ်
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

မဆလာ လက်ဘက်ရည်

မဆလာ လက်ဘက်ရည် (၄ခွက်စာ)

အိန္ဒိယစတိုင် မဆလာ လက်ဘက်ရည်ပါ။ ဒီ လက်ဘက်ရည် သောက်တိုင်း အိန္ဒိယရောက်သွားသလို အမြဲ ခံစားရတယ်။ အနံ့ရော၊ အရသာပါ ထူးကဲ ကောင်းမွန်ပါတယ်။ မနက်စောစော လက်ဘက်ရည်ပူပူ သောက်ရအောင်..

ပါဝင်ပစ္စည်းများ

  • Lipton လက်ဘက်ရည်ထုပ် – ၄ထုပ်
  • ရေ – လက်ဘက်ရည်ခွက် ၅ခွက်
  • နို့ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

Read more

ကြက်စတူး နှင့် သီးရွက်စုံ

ကြက်စတူး နှင့် သီးရွက်စုံ

တရုတ်စတိုင် ကြက်စတူး နှင့် သီးရွက်စုံ ဟင်းလျာပါ။ ကြက်သားကို မုန်လာဥနီသေး၊ မှိုတို့ဖြင့် ရောပြီ စတူး ချက်ထားတာပါ။ ကြက်သားကလည်း နူညံ့ပြီ မုန်လာဥနီ၊ မှို၊ မုန်လာဥဖြူရဲ့ အရသာကလည်း ချိုစိမ့် အထူး ကောင်းမွန်ပါတယ်။ ထမင်းတကယ်မြိန်မယ့် ဟင်းတခွက်မို့ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၄ခု (ထက်ခြမ်းပိုင်းထားပါ)
  • မှိုပွင့်ခြောက် – ၆ခု (ရေနွေးဖြင့် ၃မိနစ်ခန့် ပြုတ်ပြီ ပါးပါးလှီးပါ)
  • မုန်လာဥနီ – ဥကြီး ၁ဥ (အခွံနွှာပြီ အတုံးရှည်လေးများ တုံးပါ) (သို့) မုန်လာဥနီ – ဥသေး ၁၀ခု (အခွံနွှာပါ)

Read more