Archive for ဗီယက်နမ် ချက်ပြုတ်နည်းများ

ဗီယက်နမ်စတိုင် ၀က်သားကင်

ဗီယက်နမ်စတိုင် ၀က်သားကင်

Grilled_Honey_Pork4

ဗီယက်နမ်မှာ လူကြိုက်များတဲ့ ၀က်သားကင် လုပ်နည်းပါ။ အဓိက ၀က်သားကင်ကို နုယ်ဖို့ ငါးငံပြာရည်၊ ပျားရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ စပါးလင်က အဓိက ကျပါတယ်။ တချို့ကလည်း ၀က်သားကင်နဲ့ အသုတ်အနေနဲ့လည်း မုန်လာဥနီ၊ သခွာသီး၊ ပဲပင်ပေါက်တို့နဲ့ သုံးဆောင်လို့ရပါတယ်။ ၀တ်ရည်ကတော့ ၀က်သားကင်ကို ဆော့ရယ်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ သုံးဆောင်ပါတယ်။ အရသာက ချိုစိမ့်ပြီ အရမ်းစားကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်မိုခိုသား – ၃၅၀ ဂရမ် (အရှည် ၂လက်မခွဲအရွယ် အရွယ် အပါးအစောင်းလှီးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်း

အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်း

Sticky_Corn_Bean6

ဗီယက်နမ်မှာ နံမည်ကြီး ဟင်းလျာ တစ်ခုဖြစ်တဲ့ Xoi Bap လို့ ခေါ်တဲ့ အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်းပါ။ အရင်က ဗီယက်နမ်မိတ်ဆွေ တစ်ယောက် လုပ်ကျွေးလို့ ပထမဆုံး အကြိမ် စားဖူးပါတယ်။ အရမ်းစားကောင်းတာမို့ ကိုယ်တိုင် ပြန်လုပ်စားဖြစ်တာပါ။ ကောက်ညှင်းကို အုန်းနို့၊ ပြောင်းဖူး၊ ဆား၊ သကြား တို့နဲ့ ရောပေါင်းထားတာမို့ ချိုအိပြီ တကယ်ကို ထူးခြား ကောင်းမွန်ပါတယ်။ ထို့ပြင် ဒီ Xoi Bap ရဲ့ ထူးခြားမူက ကောက်ညှင်းပေါင်းကို ပဲတီစိမ်းနဲ့ တွဲဖက် သုံးဆောင်ရတာပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ကောက်ညှင်းပေါင်းတွင် ပါဝင်ပစ္စည်းများ

  • ကောက်ညှင်း – ဆန်ချိန်ခွက် ၂ခွက်
  • ပြောင်းဖူး – ၁ဖူး (တ၀က်ကျက်အောင် ပြုတ်ပြီ အစေ့ခြွေထားပေးပါ)

Read more

ဗီယက်နမ် ငါးအုန်းနို့ မြေအိုးချက်

ဗီယက်နမ် ငါးအုန်းနို့ မြေအိုးချက်

ButterFish_Coconut_Curry6

ဗီယက်နမ်စတိုင် ငါးအုန်းနို့ မြေအိုးချက်ပါ။ ငါးတန်ကို ဆီနည်းနည်းနဲ့ အုန်းနို့ကြောင့် ချို့စိမ့်အရသာရယ်၊ ငရုတ်သီးတောင့်ရှည်ကြောင့် ခပ်စပ်ရှိန်ရှိန်နဲ့မို့ ထမင်းနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ထို့ပြင် မြေအိုးနဲ့ ချက်ထားတာမို့ ငါးက ပိုမိုထူးခြား ကောင်းမွန်ပါတယ်။ ဒါကြောင့် ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးတန် – ၃၀၀ ဂရမ် (၂လက်မအရွယ် အတုံးများတုံးထားပေးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ဗီယက်နမ် ဆန်ခေါက်ဆွဲ ဆလတ်သုပ်

ဗီယက်နမ် ဆန်ခေါက်ဆွဲ ဆလတ်သုပ်

Vietnamese_Beef_Noodle_Salad6

ဗီယက်နမ်မှာ လူကြိုက်များတဲ့ အမဲသားကင် ဆန်ခေါက်ဆွဲ ဆလတ်သုပ်ပါ။ အမဲသားကို စပါးလင်၊ ငါးငံပြာရည် နုယ်ပြီ ကင်ထားတာမို့ စပါးလင် နံ့လေး သင်းနေပါတယ်။ ပြီမှ ဆန်ခေါက်ဆွဲ(မုန့်ဟင်းခါးဖတ်)ရယ်၊ သခွာသီး၊ မုန်လာဥနီ၊ ဆလတ်ရွက်တို့နဲ့ ရောသုပ်ထားတာပါ။ တမျိုးထူးခြားပြီ ကောင်းမွန်တာမို့ ခုပဲ လုပ်စားကြည့်ရအောင်…

နုပ်ရန် ပါဝင်ပစ္စည်းများ

  • အမဲသား(သို့)၀က်သား – ၃၀၀ ဂရမ် (ပါးပါး အစောင်းလှီးထားပါ)
  • စပါးလင် – ၁ခု (ပါးပါးလှီးပြီ ညက်အောင် ထောင်းထားပါ)
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Read more

အမဲသားခပတ် ကွမ်းရွက်ကင်

အမဲသားခပတ် ကွမ်းရွက်ကင်

Beef_Khonleaf65

အဆာပြေအဖြစ် လုပ်စားနိုင်အောင် အမဲသားခပတ် ကွမ်းရွက်ကင်ပါ။ အမဲသားခပတ်ကို စပါးလင်၊ ငံပြာရည်၊ တရုတ်မဆလာ တို့ဖြင့် ရောနုယ်ပြီ ကွမ်းရွက်နဲ့ လိပ်ကင်ထားတာပါ။ ကွမ်းရွက်နဲ့ ကင်ထားတာမို့ ခါးသက်သက် အရသာရယ်၊ ချိုသက်သက် အရသာ နှစ်မျိုးလုံး ရရှိပြီ အမဲသားကို ရိုးရိုးကင်ထားတာနဲ့ မတူပဲ ပိုမို ထူးခြား ကောင်းမွန်စေပါတယ်။ ထို့ပြင် အမဲသားအစား ကြက်သား၊ ၀က်သား၊ ပုဇွန်တို့ကို အစားထိုး ကင်လို့ရပါသေးတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

အမဲသား ခပတ်တွင် ပါဝင်ပစ္စည်းများ

  • အမဲသား – ၃၂၀ ဂရမ် (နှုတ်နှုတ်စဉ်းပြီသား)
  • စပါးလင် – ၁ခု (အဖြူပိုင်း ပါးပါးလှီးပြီ ညက်အောင် ထောင်းထားပါ)
  • ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ

Read more

ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျော

ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျော

Agar_Coffee_Coconut_Panda10

ဗီယက်နမ်စတိုင် ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျော လုပ်နည်းပါ။ ကော်ဖီကြောင့် ခါးသက်သက် အရသာရယ်၊ အုန်းနို့ ကြောင့် ချိုစိမ့်တဲ့ အရသာရယ်၊ ဆူမွှေးကြောင့် မွှေးတဲ့ အနံ့လေးရယ် အရသာ ၂မျိုးနဲ့ အနံ့ ၁မျိုး ပေါင်းစပ်ထားတာပါ။ အရမ်းကောင်းတဲ့ အချိုပွဲလေး ဖြစ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော အမှုန့်ထုပ် – ထုပ်ဝက် (Telephone တံဆိပ် သုံးထားပါတယ်)
  • ရေ – ၁လီတာ
  • အုန်းနို့ ခရင်မ် – ၁ဘူး (၁၆၀ မီလီလီတာ)

Read more

ဗီယက်နမ် တို့ဟူး စပါးလင်၊ မြေပဲကြော်

တို့ဟူး စပါးလင်၊ မြေပဲကြော်

Bean_Curb_Lemongrass5

အဆာပြေလုပ်စားနို့ဖို့ တို့ဟူး စပါးလင်၊ မြေပဲကြော်ပါ။ တို့ဟူးကို စပါးလင်၊ ဆား၊ သကြားတို့နဲ့ ရောနုယ်ပြီ ကြော်ထားတာမို့ တို့ဟူးက နူအိပြီ အပေါ်က ကြွပ်ရွတဲ့ အရသာကို ရရှိမှာပါ။ ငရုတ်သီးနဲ့ စပါးလင် အနံ့လေး သင်းပြီ တအားစားကောင်းပါတယ်။ ထို့ပြင် တို့ဟူးက ကျန်းမာရေးနဲ့ ညီညွှတ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • တို့ဟူး – ၆တုံး
  • စပါးလင် – စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၁တောင့် (ပါးပါးလှီးပါ)

Read more

ပုဇွန် ပဲကြာဇံ အကြွပ်ကြော်

ပုဇွန် ပဲကြာဇံ အကြွပ်ကြော်

Prawn_Vermicille_Fry6

ဗီယက်နမ်စတိုင် ပုဇွန်ကို ပဲကြာဇံနဲ့ ပတ်ပြီ အကြွပ်ကြော်ထားတာပါ။ ပဲကြာဇံက အကြွပ်ကြော်တာမို့ ကြွပ်ရွနေပြီ ပုဇွန်ရဲ့ ချိုစိမ့်တဲ့ အရသာကြောင့် အထူးကောင်းမွန်တဲ့ အစာပြေ ချက်နည်းပါ။ လုပ်ရတာလည်းပြီ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၂၅၀ ဂရမ် (အမြှီချန်ကာ အချွံနွှာထားပေးပါ)
  • ပဲကြာဇံ – ထုပ်ဝက်(ရ၀ ဂရမ်) (ရေဖြင့် မိနစ် ၂၀ခန့် စိမ်ထားပေးပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

Read more

သက်သက်လွတ် ချက်ပြုတ်နည်း (၃၃)မျိုး

သက်သက်လွတ် ချက်ပြုတ်နည်း (၃၃)မျိုး

ဝါတွင်း၃လ သက်သက်လွတ်စားရင်း ကုသိုလ်ယူမယ့် ဟင်းချက်ညီအစ်မ၊ ညီအစ်ကိုများ အတွက် သက်သက်လွတ် ချက်နည်း (၃၃)မျိုးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဟင်းလျာတွေ ချက်ပြုတ်ရင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ…

Read more

ဗီယက်နမ်စတိုင် ငါးပေါင်း

ဗီယက်နမ်စတိုင် ငါးပေါင်း

ဗီယက်နမ်မှာ နံမည်ကြီးတဲ့ ငါးပေါင်းပါ။ ဂျင်းနု၊ ပင်စိမ်း၊ စပါးလင် တို့နဲ့ ပေါင်းထားသည်မို့ အနံ့လေး မွှေးပြီ အရသာလည်း ကောင်းမွန်သည်။ အချိန်တိုအတွင်းမှာ လုပ်စားနိုင်သည်။ တူတူလုပ်စားရအောင်…

ပါဝင်ပစ္စည်းများ

  • ကက်ကတစ်ငါး – ၁ကောင် (၂၀၀ ဂရမ်)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

Read more

ဗီယမ်နမ် ကော်ပြန့်ကြော်

ဗီယမ်နမ် ကော်ပြန့်ကြော်

ဗီယမ်နမ်မှာ လူကြိုက်များတဲ့ Cha Gio လို့ခေါ်တဲ့ ၀က်သား ကော်ပြန့်ကြော်ပါ။ ထိုကော်ပြန့်ကို အချိန်တိုတိုနဲ့ပင် အလွယ်တကူ လုပ်စားနိုင်ပါတယ်။ ဗီယမ်နမ် ကော်ပြန့်ရွက်က ရိုးရိုးကော်ပြန့်ရွက်တွေနဲ့ မတူပဲ၊ ပိုပါးလွှာပါတယ်။

ပါဝင်ပစ္စည်းများ

  • ဗီယမ်နမ် ကော်ပြန့်ရွက် – ၁၀ရွက်
  • ဆန်ကြာဇံ – ၄၀ ဂရမ်  (ရေထဲ ပျော့သည်အထိ စိမ်ထားပေးပါ) (သို့) မုန့်ဟင်းခါးဖတ် – ၄၀ ဂရမ်
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ၀က်သား – ၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)

Read more

ဝက်နံရိုးကင်

‘၀က်နံရိုးကင်’

မနေ့က တင်လိုက်တဲ့ ၀က်နံရိုးကင် post error တက်ပြီ ဖွင့်မရသည့်အတွက်။ နောက်ထပ် ၀က်နံရိုးကင်အသစ်  တကြိမ် ထပ်တင်လိုက်ပါသည်။ domain error ကြောင့် ခေတ္တ wutyeefoodhouse ကို ၀င်ကြည့်မရသည့်အတွက်လည်း အထူးမေတ္တာရပ်ခံပါသည်။

ဗီယက်နမ်စတိုင် ၀က်နံရိုးကင်လေးကတော့ ၀တ်ရည်စားဖူးတဲ့ ၀က်နံရိုးကင်တွေထဲမှာ အကောင်းဆုံးဟင်းလျာ ထဲမှာ ပါပါတယ်။ သူမှာ ပါဝင်တဲ့ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီး၊ သံပရာရည်တို့ကြောင့် ချဉ်၊ ချို၊ စပ် အရသာသုံးမျိုးလုံးကို ရရှိမှာပါ။ သူအပေါ်က ဖြူးထားတဲ့ မြေပဲကြောင့် ကြွပ်ကြွပ်ရွရွနဲ့ ချိုစိမ့် အရသာတမျိုးကို ထပ်ရအုန်းမှာပါ။ လုပ်ရလည်းလွယ်တဲ့ ဗီယက်နမ်စတိုင် ၀က်နံရိုးကင်လေးကို လုပ်စားကြည့်ရအောင်…

 

ပါဝင်ပစ္စည်းများ [Ingredients]

  • ၀က်နံရိုး[pork rib]                                ♦ ၁ခု (၁ပေါင်ခွဲ)
  • မြေပဲ [peanut]                                     ♦ စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက်ထောင်းထားပါ)

Read more

ဗီယမ်နမ် ကော်ပြန့်လိပ်

ဗီယမ်နမ် ကော်ပြန့်လိပ်

ဒီဟင်းသစ်လေးကတော့ စိတ်ဝင်စားဖို့ကောင်းပြီ စားလို့လည်း ကောင်းတဲ့ ဗီယမ်နမ် ကော်ပြန့်လိပ်လေးပါ။ ဒီဗီယမ်နမ် ကော်ပြန့်ရွက်လေးတွေကို ၀တ်ရည်ရဲ့ ဟင်းချက်သူငယ်ချင်း ဟေမာဆီက လက်ဆောင်ရခဲ့လို့ လုပ်စားဖြစ်သွားတာပါ။ ဟေမာကို ကျေးဇူးပါနော်။ အနံ့ရော၊ အရသာက အလွန်ကောင်းမွန်တာမို့၊ အိမ်မှာ တစ်ရက်ထဲနဲ့ နှစ်ခါတောင် ၀တ်ရည် လုပ်စားဖြစ်တယ်။ ဗီယမ်နမ်ကော်ပြန့်လိပ်က ပူပူနွေးနွေး စားရတာမျိုးမဟုတ်ပဲ၊ အေးအေးစားရတဲ့ ဟင်းမျိုးပါ။ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအသောက် ဖြစ်တာမို့ ချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်…

 

ပါဝင်သောပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၅ကျပ်သား (သို့)

Rice Vermicelli – ၁ထုပ် ( ရေနွေးနှင့် ၄မိနစ်ခန့်ပြုတ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပေးပါ)

၂။ ဗီယမ်နမ် ကော်ပြန့်လိပ် (Vietnam Spring Roll) – ၈ခု

Read more