Archive for အဓိက ဟင်းလျာများ

ပီကင်းဘဲကင်

ပီကင်းဘဲကင်

Peking6

ဘဲကင်ရန် ပါဝင်ပစ္စည်များ

  • ဘဲ – ၁ကောင် (၅-၆ ပေါင်)

Read more

ဝက်သား နှင့် ပဲကြာဇံ ဟင်းလျာ(Ants Climbing Up a Tree)

ဝက်သား နှင့် ပဲကြာဇံ ဟင်းလျာ

Ant_Tree5

Ants Climbing Up a Tree လို့ နံမည်တွင်တဲ့ ၀က်သား နှင့် ပဲကြာဇံဟင်းလျာပါ။ ဒီဟင်းလျာကို ဘာလို့ Ants Climbing Up at Tree လို့ ခေါ်ဆိုရသလဲဆိုရင် ၀က်သားတွေကို ပဲကြာဇံပေါ်မှာ တက်နေသယောင် ထင်ရတာမို့ တင်စားပြီ ပုရောစိတ်လေးတွေက သစ်ပင်ပေါ်တက်နေတဲ့ ဟင်းလျာလို့ ခေါ်တွင်တာပါ။ နံမည်ဆန်းသလို ဟင်းလျာကလည်း ချိုချိုစပ်စပ်လေးနဲ့ အရမ်းကောင်းပါတယ်။ ခုပဲ လုပ်စားရအောင်…

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ – ၁၅၀ ဂရမ်
  • ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဝက်သားလုံး ချိုချဉ်ကြော်

ဝက်သားလုံး ချိုချဉ်ကြော်

Pork_Sweet&Sour8

တရုတ်စတိုင် ၀က်သားလုံး ချိုချဉ်ကြော် လုပ်နည်းလေးပါ။ အရင်ဆုံး ၀က်သားလုံးကို ဂျုံ၊ ကြက်ဥ၊ ပါမုန့်ခြောက် ကပ်ပြီ ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ကြော်ထားပြီမှ ဟင်းရွက်စုံ နဲ့ ချိုချဉ်ကြော်ထားတာပါ။ အရသာကလည်း အရမ်းစားကောင်းပြီ လုပ်လည်း လွယ်တာမို့ ခုပဲ တူတူ လုပ်နည်းလေး ကြည့်ရအောင်…

ဟင်းရွက်စုံမှာ ပါဝင်ပစ္စည်းများ

  • ၀က်သားလုံး
  • မုန်လာဥနီ – ဥသေး ၁ဥ (ပါးပါးလှီးပေးပါ)
  • ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)

Read more

ဝက်ခေါက်ကင် ထမင်းပေါင်း

ဝက်ခေါက်ကင် ထမင်းပေါင်း

Grilled_Pork_Steam_Rice7

ဝက်ခေါက်ကင် ထမင်းပေါင်းလေးပါ။ ထမင်းပေါင်း နဲ့ ၀က်ခေါက်ကင်နဲ့ တွဲဖက် စားသုံးရတာမို့ အရသာကလည်း တမူထူးခြားပြီ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းပေါင်းမှာ ချဉ်၊ချို၊ ခါး အရသာ ၃မျိုးလုံးရအောင် အမျိုးအမယ် များများ ထည့်ချက်ရပါတယ်။ ခုပဲ ချက်နည်းလေးကို ကြည့်လိုက်ရအောင်…

ထမင်းပေါင်းတွင် ပါဝင်သောပစ္စည်းများ

  • ချက်ပြီးသားထမင်း – ဆန်၁လုံး
  • မုန်လာဥနီ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
  • ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)

Read more

နံရိုးပေါင်း ခေါက်ဆွဲ

နံရိုးပေါင်း ခေါက်ဆွဲ

Noodle_PorkRib10

နေ့လည်စာ၊ အစာပြေအဖြစ် လုပ်စားနိုင်ဖို့ နံရိုးပေါင်း ခေါက်ဆွဲပါ။ ဒီ နံရိုးပေါင်း ခေါက်ဆွဲမှာ တရုတ်ပဲအမဲအနှစ်က အခရာကျပါတယ်။ ပဲအမဲအနှစ်က ဟင်းလျာရဲ့ အရသာကို ချိုစိမ့်ပြီ ပိုမို ပေါ်လွင်စေပါတယ်။ ဒါကြောင့် ၀က်နံရိုးကို တရုတ်ပဲအမဲအနှစ်၊ ခရုဆီ၊ ဆန်ဝိုင်၊ ပဲငံပြာရည်၊ နှမ်းဆီတို့နဲ့ နာရီဝက်နုပ်ပြီမှ Pressurec cooker နဲ့ မိနစ် ၃၀ခန့် ပေါင်းထားပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

နံရိုးပေါင်းတွင် ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး – ၄၅၀ ဂရမ် (၁လက်မခွဲအရွယ် ပိုင်းဖြတ်ထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (ညက်အောင်ထောင်းပါ)

Read more

ဝက်သား နှင့် မှို စတူး

ဝက်သား နှင့် မှို စတူး

Pork_Stew_Mushroom6

တရုတ်စတိုင် ၀က်သား နှင့် မှိုစတူး ဟင်းလျာပါ။ ၀က်သား၊ မုန်လာဥနီ၊ မှိုတို့ဖြင့် ရောပြီ စတူး ချက်ထားတာပါ။ ၀က်သားကလည်း နူညံ့ပြီ မုန်လာဥနီ၊ မှို၊ ရဲ့ အရသာကလည်း ချိုစိမ့် အထူး ကောင်းမွန်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်အဆီနဲ့ အသား – ၃၀၀ ဂရမ် (အနေတော်အရွယ် တုံးပေးပါ)
  • မှိုပွင့်ခြောက် – ၆ခု (ရေနွေးဖြင့် ၃မိနစ်ခန့် ပြုတ်ပြီ ပါးပါးလှီးပါ)
  • မုန်လာဥနီ – ဥကြီး ၁ဥ (အခွံနွှာပြီ အတုံးလတ်များ တုံးပါ)

Read more

ရောင်စုံဘောလုံး ဟင်းရွက်စုံ နှင့် ကြက်သားလုံးဟင်းလျာ

ရောင်စုံဘောလုံး ဟင်းရွက်စုံ နှင့် ကြက်သားလုံးဟင်းလျာ

Colorful_Pork_Ball7

တရုတ်စတိုင် ကြက်သား နှင့် ဟင်းရွက်များကို ဘောလုံးပုံ အလုံးလေးများ ပြုလုပ်ပြီ ချက်ထားတာ ဖြစ်ပါတယ်။ ဒီဟင်းရဲ့ ထူးခြားမှုမှာ မုန်လာဥနီ၊ ဖရုံသီး၊ ဂေါ်လခါးသီး၊ အာလူး ဟင်းရွက်အစုံအလင်ရဲ့ အရသာ ချိုစိမ့်နေပါတယ်။  လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ကြက်သားလုံးတွင် ပါဝင်သောပစ္စည်းများ

  • ကြက်သား(သို့)၀က်သား – ၃၂၀ဂရမ်(သို့)၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပြီသား)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

Read more

ပုဇွန် ကော်ပြန့်လိပ်ကြော်

ပုဇွန် ကော်ပြန့်လိပ်ကြော်

Shrimp_EggRoll9

မနက်စာ နှင့် အဆာပြေ လုပ်စားနိုင်ဖို့ ပုဇွန်ကော်ပြန့် လိပ်ကြော်ပါ။ ပုဇွန်ကို ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ နှမ်းဆီတို့နဲ့ ရောနုယ်ပြီမှ ကော်ပြန့်ရွက်ထဲ ထည့်လိပ်ထားတာပါ။ ထိုင်းငရုတ်သီး အချိုဆော့နဲ့ တွဲဖက် သုံးဆောင်ဖို့ အလွန်လိုက်ဖက်ပါတယ်။ ခုပဲ တူတူ လုပ်ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ပုဇွန်မီနီ – ၁၅ကောင် (အမြှီးချန် အခွံနွှာပြီ ချေးထုတ်ထားပါ)
  • ကော်ပြန့်ရွက်သေး – ၈ရွက် (တြိဂံပုံ ထပ်ခြမ်းခြမ်း ပိုင်းထားပါ)

Read more

နံရိုးပေါင်း ဆီချက်ခေါက်ဆွဲ

နံရိုးပေါင်း ဆီချက်ခေါက်ဆွဲ

PorkRib_Noodle8

မနက်စာ၊ အဆာပြေလုပ်စားနိုင်ဖို့ ၀က်နံရိုးပေါင်း ဆီချက်ခေါက်ဆွဲပါ။ ၀က်နံရိုးကို အရိုးပါ စားလို့ရသည့်အထိ နုအိသည်အထိ ပေါင်းထားတာပါ။ အရမ်းစားကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ဆီချက် ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ

  • ဂျုံခေါက်ဆွဲ – ၂၀၀ ဂရမ်
  • ကြက်သွန်ဖြူ – ၃မွှာ(နှုတ်နှုတ်စဉ်းပြီ ဆီချက် ချက်ပေးပါ)
  • ဆီချက် (သို့) ၀က်ဆီချက် – စားပွဲတင်ဇွန်း ၃ဇွန်း

Read more

ဝက်သားအချိုပေါင်း နှင့် မုန်ညှင်း

ဝက်သားအချိုပေါင်း နှင့် မုန်ညှင်း

Pork_Sweet_Cook3

တရုတ်စတိုင် ၀က်အချိုပေါင်း နှင့် မုန့်ညှင်းပါ။ ၀က်သားသုံးထပ်သားကို အချို Pressure cooker နဲ့ ချက်ထားတာမို့၊ အသားက အရမ်းကို နူအိပြီ ချိုစိမ့်ပြီ စားလို့ ကောင်းပါတယ်။ ထမင်းပူပူလေးနဲ့ တွဲဖက်သုံဆောင်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ၀က်သားသုံးထပ်သား – ၃၅၀ ဂရမ်
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည်(အချို) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Read more

ဖက်ရွက် ကြက်သား ချိုချဉ် အစာသွပ်

ဖက်ရွက် ကြက်သား ချိုချဉ် အစာသွပ်

Wonton_Cup_Chcken_Sweet&Sour6

အစာပြေအဖြစ် လုပ်စားနိုင်ဖို့ ဖက်ရွက် ကြက်သားချိုချဉ် အစာသွပ်ပါ။ ဒီချက်နည်းလေးက ဆန်းလည်း ဆန်းပြီ အရမ်းလည်း စားကောင်းပါတယ်။ အရင်ဆုံး ဖက်ရွက်ကို Cup cake လုပ်တဲ့ ခွက်(သို့) muffin လုပ်တဲ့ဗန်းထဲ ထည့်ပြီ oven နဲ့ ၅မိနစ်လောက် ဖုတ်လိုက်ရုံနဲ့ ဖက်ရွက်ခွက်လေးတွေ ရရှိမှာပါ။ ပြီရင် ကြက်သားကို ငရုတ်သီးပွစိမ်း၊ နီ၊ မြေပဲ တို့နဲ့ ချိုချဉ်ကြော်ပြီ အစာသွပ်ပေးရမှာပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဖက်ရွက် – ၈ရွက်
  • ကြက်ရင်ဗုံသား – ၁၅၀ ဂရမ် (အတုံးသေးများ တုံးပါ)
  • သီဟိုဌ်စေ့(သို့)မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ခေါက်ဆွဲ နှင့် ၀က် အာပူလျှာပူ

ခေါက်ဆွဲ နှင့် ၀က် အာပူလျှာပူ

Pork_Noodle_Soup8

ဆောင်းရာသီ ခေါက်ဆွဲ နှင့် ၀က်အာပူလျှာပူလေးပါ။ ၀က်ရိုးကို ပြုတ်ပြီ ခေါက်ဆွဲ၊ ပဲပင်ပေါက် တို့နဲ့ ပူပူစပ်စပ်လေး သုံးဆောင်ရမှာပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ဝက်ပြုတ်ရည်တွင် ပါဝင်ပစ္စည်းများ

  • ၀က်ရိုး – ၄ခု
  • နတ်နတ်ပွင့် – ၂ခု
  • သစ်ဂျပိုး – ၁ခု

Read more

ငါး သံပရာပေါင်း

ငါး သံပရာပေါင်း

Steam_Fish_Lime3

ငါးသံပရာပေါင်း ချက်နည်းလေးပါ။ ငါးသံပရာပေါင်းမှာ ဇီးချိုသီးလည်း ပါဝင်တာမို့ အရသာက ချိုပြီ ထူးခြား ကောင်းမွန်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်..

ပါဝင်သောပစ္စည်းများ

  • တလာဗီယားငါး – ၁ကောင် (၃၅၀- ၄၀၀ဂရမ်)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

Read more

ကညွှတ် နှင့် တို့ဟူး အချိုကြော်

ကညွှတ် နှင့် တို့ဟူး အချိုကြော်

Asparagus&Tofu_StirFry5

သက်သက်လွတ် ကညွှတ် နှင့် တို့ဟူးကို အချိုကြော်ထားတာပါ။ ကညွှတ်က ဗီဒမင်-ဘီဓာတ်ပါဝင်တာမို့ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ဟင်းလျာ တစ်ခုပါ။ ဆော့ကြောင့် အရသာက ချိုစိမ့်ပြီ ထမင်းနဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ဂျပန် တို့ဟူး(အ၀ါ) – ၂ခု (လက်မ ၃ပုံ၂ပုံ အရွယ် ပိုင်းဖြတ်ထားပါ)
  • ကညွှတ် – ၁စည်း (၃၈၀ ဂရမ်၊ ၁လက်မခွဲရွယ် ပိုင်းဖြတ်ထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

သက်သက်လွတ် ပိန်းဥ အစာသွပ်ကြော်

သက်သက်လွတ် ပိန်းဥ အစာသွပ်ကြော်

Taro_Stuffed_Vg12

သက်သက်လွတ် စားသူတွေအတွက် ခံတွင်းတွေ့စေမယ့် ပိန်းဥ အစာသွပ်ကြော် လုပ်နည်းလေးပါ။ ပိန်းဥထဲကို အရင်ပေါင်းပြီမှ ပြန်ခြေကာ ပိန်းဥထဲ မုန်လာဥနီ၊ ပဲသီး၊ မှို၊ ပဲတို့ကို အစာသွပ်ပြီ ပြန်ကြော် ထားတာပါ။ စားလို့လည်း အရမ်းကောင်းတာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

ပိန်းဥဒိုးတွင် ပါဝင်ပစ္စည်းများ

  • ပိန်ဥ – ၂၀၀ ဂရမ်
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း
  • Five spice powder – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (တရုတ်ဟင်းခတ် အမွှေးအကြိုင်)

Read more

ကောက်ညှင်း၊ မြေပဲအစာသွပ်မုန့်

တရုတ်စတိုင် ကောက်ညှင်း၊ မြေပဲအစာသွပ်မုန့်

Sticky_Rice_Dumpling3

အချိုပွဲ၊ အစာပြေ လုပ်စားနိုင်ဖို့ ကောက်ညှင်းမုန့် မြေပဲနဲ့နှမ်းထောင်း လေးပါ။ အရမ်းစားလို့ကောင်းတာမို့ ခုပဲ တူတူ လုပ်ကြည့်၇အောင်…

ကောက်ညှင်းမုန့်တွင် ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် – ၂ခွက်
  • ရေ – ၃ခွက်
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

Read more

ကန်တုံစတိုင် ပုဇွန် ချိုချဉ်ကြော်

ကန်တုံစတိုင် ပုဇွန် ချိုချဉ်ကြော်

Prawn_Sweet_Sour5

 

ကန်တုံစတိုင် ပုဇွန်ချိုချဉ်ကြော် ချက်နည်းပါ။ ထမင်းပူပူလေးနဲ့ အလွန်လိုက်ဖက်ပါတယ်။ ပုဇွန်ကို ကော်မှုန့်၊ ဂျုံမှုန့် တို့ဖြင့်ကပ်ပြီ အကြွပ်ကြော်ပြီမှ ချိုချဉ်ဆော့ရည်လေးနဲ့ တွဲချက်ထားတာပါ။ ချက်ရလည်း လွယ်တာမိုပ ခုပဲ တူတူ ချက်ကြည့်ရအောင်…

 

ပါဝင်ပစ္စည်းများ      

  • ပုဇွန်ကျား – ၁၀ကောင် (၂၀၀ ဂရမ်၊ အမြှီးချန် ကျော်ခွဲပြီ ချေသန့်စင်ထားပါ)
  • ငရုတ်သီးပွစိမ်း – ၂ခု (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ငရုတ်သီးပွနီ  – ၁ခု (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)

Read more

ဂျင်းဆင်း ကြက်ပေါင်း

ဂျင်းဆင်း ကြက်ကောင်လုံး စွပ်ပြုတ်

Chicken_Ginseng3

ဂျင်းဆင်း ကြက်ကောင်လုံး ဟင်းချိုပါ။ ရှေးခေတ်ကတည်းက ဂျင်းဆင်းက ခွန်အားတိုးစေတာမို့၊ အမြတ်တနိုးထားပြီ သုံးဆောင်ကြပါတယ်။ ကြက်ကောင်လုံးနဲ့ ဂျင်းဆင်း ဟင်းချိုကို တရုတ်နဲ့ ကိုရီယားမှာ လူကြိုက်များပါတယ်။ ခုဆိုရင် ဂျင်းဆင်းကို Supermarket တွေမှာ အလွယ်တကူ ၀ယ်နိုင်ပြီမို့၊ ဂျင်းဆင်းနဲ့ ကြက်ကောင်လုံး စွတ်ပြုတ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက် – ၁ကောင် (၁၁၀၀ ဂရမ်)
  • ဂျင်းဆင်း – ၁၀ ဂရမ်
  • ဆီသီးအနီခြောက် – ၅ခု (အစေ့လွတ်)

Read more

ကန်တုံစတိုင် ၀က်သားကင်

ကန်တုံစတိုင် ၀က်သားကင်

Cantonese_Pork_Grill3

ကန်တုံစတိုင် ၀က်သားကင်လုပ်နည်းပါ။ street food အနေနဲ့ရော၊ စားသောက်ဆိုင်ကြီးတွေမှာပဲ တရုတ်ပြည်မှာ ရောင်းချကြပါတယ်။ ၀က်သားကို ပျားရည်၊ ပဲငံပြာရည်၊ ဆန်ဝိုင်တို့နဲ့ နုပ်ပြီ ကင်ထားတာမို့ အရသာက ချိုစိမ့်ပြီ စားလို့ အရမ်းကောင်းပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်….

ပါဝင်ပစ္စည်းများ

  • ၀က်သား – ၄၀၀ ဂရမ် (အသားသီးသန့်၊ အတုံးကြီး ၂တုံး)
  • ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း

Read more

ဟောင်ကောင်စတိုင် ဖက်ထုပ်ခေါက်ဆွဲ

ဟောင်ကောင်စတိုင် ဖက်ထုပ်ခေါက်ဆွဲ

Wonton_Noodle_Soup8

ဟောင်ကောင်စတိုင် ဖက်ထုပ်ခေါက်ဆွဲပြုတ်ပါ။ ဖက်ထုပ်ထဲ ၀က်သား၊ ပုဇွန် အစာသွပ်ထားတာပါ။ လုပ်ရလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ခေါက်ဆွဲ ပြုတ်ရည်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ဥ ခေါက်ဆွဲ – ၂၀၀ ဂရမ်
  • ၀က်အရိုး – ၄၅၀ ဂရမ်
  • ငါးရံ့ခြောက်(သို့)ငါးတူနီခြောက် – ၅၀ ဂရမ်

Read more

ရှန်ဟိုင်းစတိုင် ကြက်သား ကျွဲခေါင်းသီး နှင့် မှို ဟင်းလျာ

ရှန်ဟိုင်းစတိုင် ကြက်သား၊ မှို ဟင်းလျာ

chicken_braised6a

တရုတ်နိုင်ငံ ရှန်ဟိုင်းပြည်နယ်က ဟင်းလျာတစ်ခုဖြစ်တဲ့ ကြက်သား၊ ကျွဲခေါင်းသီး၊ မှိုဟင်းလျာပါ။ Braised လုပ်ပြီ ချက်ရတယ်ဆိုတဲ့ အတိုင်း အရင်ဆုံး မီးပြင်းပြင်းနဲ့ ချက်ပြီမှ မီးနည်းနည်းဖြင့် ချက်ရတာပါ။ အရသာ ချိုစိမ့်လေးနဲ့မို့ အရမ်းကောင်းပါတယ်။ ကြက်ပေါင်ကို ပဲငံပြာရည်၊ သကြား၊ ဟင်းချက်ဝိုင်တိုနဲ့ ချက်ပြီမှ မှို၊ ကျွဲခေါင်းသီးတို့နဲ့ ရောချက်ထားတာပါ။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၄ခု (ထပ်ခြမ်းခြမ်းထားပါ)
  • ကျွဲခေါင်းသီး(Water chestnut) – ၁ခွက် (Readymade ဗူးတွေ Supermartket တွင် ၀ယ်ယူနိုင်)
  • မှိုပွင့်မဲခြောက် – ၅ခု (ရေနွေးဖြင့်ပြုတ်ထားပြီ အညှာဖယ် ထပ်ခြမ်းခြမ်းထားပါ)

Read more

ဝက်သား နှင့် ပဲကြာဇံ ဟင်းလျာ

ဝက်သား နှင့် ပဲကြာဇံ ဟင်းလျာ

Ant_Tree5

Ants Climbing Up a Tree လို့ နံမည်တွင်တဲ့ ၀က်သား နှင့် ပဲကြာဇံဟင်းလျာပါ။ ဒီဟင်းလျာကို ဘာလို့ Ants Climbing Up at Tree လို့ ခေါ်ဆိုရသလဲဆိုရင် ၀က်သားတွေကို ပဲကြာဇံပေါ်မှာ တက်နေသယောင် ထင်ရတာမို့ တင်စားပြီ ပုရောစိတ်လေးတွေက သစ်ပင်ပေါ်တက်နေတဲ့ ဟင်းလျာလို့ ခေါ်တွင်တာပါ။ နံမည်ဆန်းသလို ဟင်းလျာကလည်း ချိုချိုစပ်စပ်လေးနဲ့ အရမ်းကောင်းပါတယ်။ ခုပဲ လုပ်စားရအောင်…

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ – ၁၅၀ ဂရမ်
  • ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဂဏန်းသား ထမင်းကြော်

ဂဏန်းသား ထမင်းကြော်

Crab_meat_fried_rice5

ဂဏန်းသား ထမင်းကြော်က အနံ့က အရမ်းမွှေးပြီ တမျိုး စားလို့ ကောင်းပါတယ်။ ထမင်းကြော်ထဲမှာ ဂဏန်းသားရယ်၊ ကြက်ဥ၊ မုန်လာဥနီ၊ ပဲသီး တို့ပါဝင်ပါတယ်။ လုပ်စားရလည်း အရမ်းလွယ်တကူတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်း – ၂လုံး
  • ဂဏန်းသား – ၂၅၀ ဂရမ် (ready made ဂဏန်းသား)
  • မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးပါ)

Read more

ကြက်ခြေထောက်ပေါင်း

ကြက်ခြေထောက်ပေါင်း

Chicken_Feet6

တရုတ် ဒင်းဆမ်း ကြက်ခြေထောင်းပေါင်းကို မန်ထိုပေါက်စီနဲ့ တွဲဖက်ပြီ မနက်စာ၊ အစာပြေအဖြစ် သုံးဆောင်လို့ရပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ကြက်ခြေထောက်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် – ၄၀၀ ဂရမ် (သန့်စင်ပြီသား)
  • သကြား – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
  • နတ်နတ်ပွင့် – ၃ခု

Read more

ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်

ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်

Stuffed_Fish_Egg7

နေ့လည်စာ အဆာပြေအဖြစ် လုပ်စားနိုင်အောင်ပါ။ အရသာလည်း ရှိပြီ စားလို့ ကောင်းတဲ့ ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်လေးပါ။ ချက်နည်း တူတူ ကြည့်ရအောင်..

ပါဝင်သောပစ္စည်းများ

၁။ ကြက်ဥ – ၃လုံး (ခလောက်ပေးပါ)

၂။ ငါးဖယ် – ၁၀ကျပ်သား (ညက်အောင် ထောင်းပါ)

၃။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)

Read more

အမဲသား နှင့် Broccoli ကြော်

အမဲသား နှင့် Broccoli ကြော်

Beef_Broccoli_Fry4

တရုတ်စတိုင် အမဲသား နှင့် Broccoli ပန်းကော်ဖီစိမ်း ကြော်လေးပါ။ အမဲသားက ဆန်ဝိုင်ဖြင့် နုပ်ထားပြီမှ ချက်ထားမို့ အမဲသားက နူးအိပါတယ်။ လွယ်လွယ်ကူကူပဲ ချက်လို့ရပြီ ဟင်းသီဟင်းရွက်တွေနဲ့ ရောကြော်ထားတာမို့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား(သို့) ၀က်သား – ၄၀၀ ဂရမ် (အရှည် ပါးပါးလှီးပေးပါ)
  • ပန်းကော်ဖီစိမ်း (Broccoli) – ၂ခွက်စာ (အတုံးများ တုံးထားပါ)
  • ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးထားပါ)

Read more

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်

Fried_Brown_Rice4

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော် ချက်နည်းပါ။ ဆန်လုံးညှိမှာ ရိုးရိုး ဆန်ဖြူထက် ဗီတာမင် ဘီ၊ သံဓာတ် တွေ ပိုပြီ ပါဝင်တဲ့အပြင် ဆီချိုရောဂါရှိသူတွေအတွက် အလွန် သင့်လျော်ပါတယ်။ ဆန်လုံးညှိက ဖွယ်ပြီ ကစီဓာတ်နည်းတာမို့ ၀ိတ်ချချင်သူတွေ စားမယ်ဆိုလည်း သင့်လျော်ပါတယ်။ ဆန်လုံးညှိကို ဒီအတိုင်း ထမင်းချက်သလို၊ ချက်စားနိုင်ပြီ။ ဆန်လုံးညှိက ဆန်ကြမ်းဆိုပေမယ့် ဆန်လုံးညှိကို ထမင်းကြော် အနေနဲ့ အရမ်းစားကောင်းတာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆန်လုံးညှိ (ချက်ပြီသား) – ၂ခွက်စာ (ရိုးရိုးထမင်းချက်သလို Rice cooker နဲ့ချက်ပေးပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ဝက်သား နှင့် ခရုဆီကြော်

ဝက်သား နှင့် ခရုဆီကြော်

Pork_Oyster7

တရုတ်စတိုင် ၀က်သားနဲ့ ခရုဆီ ကြော်ပါ။ အချိန်တိုအတွင်းမှာပဲ အလွယ်တကူ ချက်စားနိုင်ပါတယ်။ ခုပဲ တူတူ ချက်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ၀က်သား – ၂၀ကျပ်သား (အစောင်း ပါးပါးလှီးပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးပွစိမ်း – အကြီး ၁ခု (အစေ့ထုတ်ပြီ ၄စိပ်စိပ်ပါ)

Read more

ကြက်သားနှင့် မှို စတူး

တရုတ်စတိုင် ကြက်သားနှင့် မှို စတူး

Stew_Chicken6

တရုတ်စတိုင် ကြက်သား နှင့် မှို စတူးပါ။ Slow cooker နဲ့ ချက်ထားတာမို့ ကြက်သား၊ မှို နှင့် ဟင်းရွက် အားလုံး အရမ်းနူးအိပြီ စားလို့ ကောင်းပါတယ်။ အရသာက ချိုစိမ့်ပြီ ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်ဖို့ အရမ်းလိုက်ဖက်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ ရင်ဗုံတွဲယှက် – ၂စုံ (အတုံးကြီးများ တုံးပါ)
  • ပြောင်းဖူး – ၁ဖူး (ရေဖြင့် ကျက်အောင် အရင်ပြုတ်ပြီ ၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၂ခု (အတုံးများ တုံးပါ)

Read more

ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့

ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့

တရုတ်စတိုင် ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့ ဟင်းပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်အဆင့်ကိုပါ သေသေချာချာ ဓာတ်ပုံနဲ့ တကွ တင်ပေးထားတဲ့ အတွက် ချက်ပြုတ်ရမှာ လွယ်ကူမှာ ဖြစ်ပါတယ်။ အရသာကတော့ ကောင်းလား မမေးနဲ့ ချက်ကြည့်လိုက်ပါ၊ ကြိုက်သွားမှာ သေချာပါတယ်နော်…

ကြက်တောင်ပံ အစာသွပ် ပါဝင်သောပစ္စည်းများ

  • ကြက်တောင်ပံ – ၁၀ခု
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

Read more