Archive for အဓိက ဟင်းလျာများ

ကြက်ကောက်ညှင်း အစာသွပ်

ကြက်ကောက်ညှင်း 

ကြက်ကောက်ညှင်းကို ခရစ်စမတ် နဲ့ နှစ်သစ်ကူးမှာ လုပ်စားနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ ကြက်သားကို တညသိပ် (သို့) အနည်းဆုံး ၂နာရီနုပ်ပြီ ပေါင်းထားမို့ အသားကလည်း အရမ်းနူးအိနေပါတယ်။ ပြီလျှင် ကြက်ပေါင်းထားတဲ့ အရည်နဲ့ ကောက်ညှင်းကို ချက်တာမို့ အရသာ ပျော်ဖွယ်ရာ မရှိပါဘူး။ ဒီကြက်ကောက်ညှင်း အစာသွပ်ဟင်းလျာကို စားသောက်ဆိုင်ကြီးများမှာ မှာယူစားသုံးနိုင်ပါတယ်။ ခုပဲ သူငယ်ချင်းတွေနဲ့ တပျော်တပါး ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ကြက်၁ကောင် – ၈၀၀ ဂရမ်
  • ကောက်ညှင်းဆန် – ၂လုံး (ရေဖြင့်ဆေးပေးပါ)
  • မှိုပွင့်ခြောက် – ၈ခု (ရေဖြင့် ပြုတ်ပြီ ရေပြန်စစ်ကာ တ၀က်ကို ပါးပါးလှီးထားပါ)

Read more

ကြက်သား ကုန်းဘောင်ကြီးကြော်

ကြက်သား ကုန်းဘောင်ကြီးကြော်

လူကြိုက်များတဲ့ ကြက်သား ကုန်းဘောင်ကြီးကြော်ပါ။ စီချွမ့်စတိုင် ကြက်သား ကုန်းဘောင်ကြီးကြော်က ငရုတ်သီးများများနဲ့ စပ်ရှိန်ရှိန် အရသာကို ရရှိမှာပါ။ သီဟိုဌ်စေ့ (သို့) မြေပဲ ထည့်ချက်ထားသည်မို့ ကြွပ်ရွရွနဲ့ စီချွမ့်ငရုတ်ကောင်း ရနံ့လေး သင်းနေတာမို့ အရမ်းစားလို့ကောင်းပါတယ်….

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု (အတုံးလတ်များ တုံးပါ)
  • ငရုတ်သီးခြောက်နီ – ၈ခု (အစေ့ထုတ်ပြီ ထပ်ခြမ်းခြမ်းပါ)
  • သီဟိုဌ်စေ့ – ခွက်တ၀က်

Read more

ဘမ်ဘမ် ကြက်သားသုပ်

ဘမ်ဘမ် ကြက်သားသုပ်

Bang Bang ကြက်သားသုပ်ပါ။ ကြက်သား နှင့် သခွာသီးကို မြေပဲ၊ နှမ်းဆော့နှင့် ရောသုတ်ထားတာမို့ အရသာကလည်း စိမ့်စိမ့်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်သည်မို့ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု
  • သခွာသီး – ၁ခု (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • စီချွမ့် ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (မညက်တညက်ထောင်းထားပါ) (optional)

Read more

လီမွန် အမဲသားကင်

လီမွန် အမဲသားကင်

လီမွန် အမဲသားကင်ပါ။ အမဲသားကို လိမ္မော်ရည်၊ ပျား၊ တို့ဖြင့် နုပ်ပြီမှ ကင်ထားမို့ အရသာက ချိုစိမ့်ပြီ အသားကလည်း နူးအိနေပါတယ်။ ခုပဲ ကင်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား – ၂၅၀ ဂရမ် (အမဲမိုခိုးသားက ပိုနူညံ့သည်)
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • မှိုပွင့် – ၅ခု (၂မိနစ်ခန့် ပြုတ်ပြီ ပါးပါးလှီးထားပါ)
  • လိမ္မော်သီး – တခြမ်း (အခွံနွှာ အစေ့ထုတ်ထားပါ) (တွဲစားရန်)

Read more

ပုဇွန် ချိုချဉ် နှင့် ခေါက်ဆွဲအကြွပ်ကြော်

ပုဇွန် ချိုချဉ် နှင့် ခေါက်ဆွဲအကြွပ်ကြော်

စီချွမ့်စတိုင် ပုဇွန်ချိုချဉ် နဲ့ ခေါက်ဆွဲ အကြွ့ပ်ကြော်ပါ။ ပုဇွန်ကို စီချွမ့်စတိုင် ချိုချဉ်ကြော် ပြီမှ ကြက်ဥ ခေါက်ဆွဲအကြွပ်ကြော် ပေါ်ဆမ်းပြီ တွဲဖက် သုံးဆောင်ရတာပါ။ ကြွပ်ရွရွလေးနဲ့ အရမ်းစားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်စားရအောင်…

ပုဇွန် ချိုချဉ်တွင် ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၁၀ကောင် (အခွံနွှာထားပြီ ထပ်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်နီ – ၂လုံး (၄စိပ်စိပ်ပေးပါ)
  • ငရုတ်သီးပွနီ – ၄ခု

Read more

ဝက်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်ရအောင်

ဝက်သားတုတ်ထိုး

ဝက်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။ တုတ်ချိုးထားတာက ၂၀၀ကျပ်၊ တုတ်မချိုးထားတာ ၁၀၀ကျပ်ပါ၊ အားမနာပဲ အားပေးသွားနော်… 😛

ပါဝင်သောပစ္စည်းများ

  • ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ အူချို၊ အူပိတ်၊ ၀က်နားရွက်၊ ၀က်အရွတ်၊ လျှာ၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ
  • ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ထားပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း

Read more

ဝက်လက် ထမင်းပေါင်း

ဝက်လက် ထမင်းပေါင်း

တရုတ်စတိုင် ၀က်လက် ထမင်းပေါင်း။ ၀က်လက်ကို တရုတ်ဟင်းခတ် အမွှေးကြိုင်တွနဲ့ ရောချက်ထားတာမို့ အရသာရော၊ အနံ့ပါ စားလို့ အ၇မ်း ကောင်းမွန်ပါတယ်။။ ၀က်လက် ထမင်းပေါင်းနဲ့ မုန့်ညှင်းစိမ်း၊ ကြက်ဥတို့နဲ့ အလွန်လိုက်ဖက်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ၀က်လက် – ၂ခု (၁.၅ ကီလိုဂရမ်) (သန့်စင်အောင် ဆေးကြောထားပါ)
  • ကြက်သွန်ဖြူ – ၆မွှာ (ပါးပါးလှီးပါ)
  • ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)

Read more

စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်း

စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်း

စီချွမ့်ပြည်နယ်ရဲ့ နံမည်ကြီး ဟင်းလျာတစ်ခုဖြစ်တဲ့ Mapo Tofu ပါ။ စီချွမ့်စတိုင် ၀က်သားနဲ့ တို့ဟူးကို စီချွမ့်ငရုတ်ကောင်း၊ Chinese black bean paste၊ chili bean paste၊ နှမ်းဆီ တို့ဖြင့် ချက်ထားတာမို့ အရသာရော၊ အနံ့ပါ အရမ်းကောင်းမွန်ပါတယ်။ စပ်တယ်ဆိုပေမယ့် ရှရှဲဖြစ်သည်အထိ မစပ်ပါဘူး၊ ထမင်းနဲ့ တွဲစားမယ်ဆိုရင် စပ်တယ်ဆိုတာတောင် မေ့ကောင်းမေ့သွားပါလိမ့်မယ်။ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သား – ၂၀၀ ဂရမ် (၁၅ကျပ်သား) (နှုတ်နှုတ်စဉ်းထားပါ)
  • တို့ဟူး – ၃၀၀ ဂရမ် (ဂျပန်တို့ဟူး အဖြူ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)

Read more

ကြက်သား ပဲပိစပ်

ကြက်သား ပဲပိစပ်

တရုတ်စတိုင် ကြက်သား ပဲပိစပ် ဟင်းလျာပါ။ အရသာ ချို၊ငံ့နဲ့ စားလို့ အရမ်းကောင်းပါတယ်။ အချိန်တိုအတွင်းမှာပဲ အလွယ်တကူ ချက်နိုင်မှာပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၃၀၀ ဂရမ် (အစောင်း ပါးပါးလှီးပါ)
  • ပဲပိစပ် – ၁၀၀ ဂရမ်
  • ငရုတ်သီးပွစိမ်း – ၂ခု (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)

Read more

ကြက်သား နှင့် မျှစ်ကြော်ဟင်း

ကြက်သား နှင့် မျှစ်ကြော်ဟင်း

တရုတ်စတိုင် ကြက်သားနှင့် မျှစ်ကြော်လေးပါ။  အချိန်တိုတိုအတွင်း ချက်စားနိုင်သည့် ဟင်းအသစ်အဆန်းလေးကို ချက်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ကြက်သား (ရင်ဗုံသား) – ၂၀ ကျပ်သား (အရှည်လိုက်လေးများ လှီးပါ)
  • မျှစ် – ၅ကျပ်သား ( အရှည်လေးများ လှီးပါ)
  • မှိုခြောက်ပွင့် – ၃ခု (ရေနွေးဖြင့် နူးအောင် ၂မိနစ်ခန့် ပြုတ်ပြီး အတုံးလေးများ တုံးပါ)

Read more

အသားတု နှင့် ဟင်းရွက်စုံကြော်

အသားတု နှင့် ဟင်းရွက်စုံကြော်

တရုတ်စတိုင် အသားတု နှင့် ဟင်းရွက်စုံကြော်ပါ။ အသားတို၊ မှိုခြောက်၊ မှိုနားရွက်၊ ဂေါ်ဖီ၊ ပဲလိပ်၊ ပဲကြာဇံတို့ဖြင့် အရသာ ချိုစိမ့်တဲ့ အသားတု၊ ဟင်းရွက်စုံကြော်ပါ။

ပါဝင်ပစ္စည်းများ

  • အသားတု – အလုံး ၂၀ (ရေစိမ်ထားပါ)
  • ပဲကြာဇံ – ၁၀၀ ဂရမ် (ရေစိမ်ထားပါ)

Read more

မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်း

မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်း

ဝါတွင်းနီလာပြီမို့ သက်သက်လွတ် ဟင်းချက်နည်းတွေ တင်ပေးသွားပါ့မယ်။ ဒါကတော့ တရုတ်စတိုင်  မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်းပါ။ တို့ဟူး၊ မှို၊ ငရုတ်သီးပွ၊ ဘိုစားပဲ တို့ကို မီဆိုအနှစ်နဲ့ ရောချက်ထားတာပါ။

ပါဝင်ပစ္စည်းများ

  • ဂျပန် တို့ဟူး – ၂၀၀ ဂရမ် (အတုံးလတ်များ တုံးပါ)
  • မှိုပွင့်ခြောက် – ၅ခု (ရေနွေးဖြင့် ပြုတ်ပြီ အညှာဖြတ်ကာ ပါးပါးလှီးထားပါ)
  • ဘိုစားပဲ – ၆ခု (အတုံးသေးများ တုံးပါ)
  • ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)

Read more

ပြည်ကြီးငါး အစာသွပ်ကြော် နှင့် ကျောက်ပွင့်သုပ်

ပြည်ကြီးငါးအသွပ်ကြော် နှင့် ကျောက်ပွင့်သုပ်

တရုတ်စတိုင် ပြည်ကြီးငါး အစာသွပ်ကြော်နှင့် ကျောက်ပွင့်သုပ်ပါ။ ပြည်ကြီးငါးထဲကို ၀က်သား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် အစာသွပ်ပြီ အကြွပ်ကြော်ထားတာမို့ ကြွပ်ရွပြီ စားလို့ အရမ်းကောင်းပါတယ်။ ကျောက်ပွင့်သုပ်ကို မြန်မာစတိုင် ပဲမှုန့်လေးနဲ့ သုပ်ထားပါတယ်။ တူတူလုပ်စားကြည့်ရအောင်…

ပြည်ကြီးငါးတွင် ပါဝင်ပစ္စည်းများ

  • ကင်ပွန်း(သို့) ပြည်ကြီးငါး – ၃၀ကျပ်သား (အစာသွပ်ရန် အကောင်ကြီးရလျှင် ပိုကောင်းသည်)
  • ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
  • မုန်လာဥနီ – ၁ခု (နှုတ်နှုတ်စင်းပါ)

Read more

ကညွတ်၊ ဟမ်ကြော် (Ham and Asparagus Roll)

ကညွတ်၊ ဟမ်ကြော် (Ham and Asparagus Roll)

ဟမ်ပြားထဲကို ကညွှတ်၊ မုန်လာဥနီ ထည့်လိပ်ပြီ ခရုဆီနဲ့ ကြော်ထားတာပါ။ ဒါ့အပြင် ဟမ်ပြားထဲ ကညွှတ်လိပ်ပြီ ကင်တဲ့ နည်းလည်း ရှိပါတယ်။ လုပ်ရလည်း လွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဟမ် – ၄ပြား (Sliced Ham)
  • ကညွှတ် – စည်းဝက်(၂၀၀ ဂရမ်) (ရင့်တဲ့အပိုင်းကို ဖယ်ပြီ ၂လက်မအရွယ် ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၁ခု (၂လက်မရွယ် အရှည် လှီးထားပြီ ရေနွေးဖြင့် ၁မိနစ်ပြုတ်ပြီ ပြန်ဆယ်ထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

စီချွမ့် ပုဇွန်ကြော်

စီချွမ့် ပုဇွန်ကြော်

တရုတ်စတိုင် စီချွမ့် ပုဇွန်ကြော် လေးပါ။ စီချွမ့် ငရုတ်ကောင်းပါတာမို့ စားနေကျ အရသာနဲ့ မတူပဲ တမူထူးခြား ကောင်းမွန်ပါတယ်။ တချို့ကလည်း စီချွမ့်ပုဇွန်ကြော်နည်းအတိုင်း ကြက်သားကို အစားထိုးပြီ ကြော်ရင်လည်း စားလို့ကောင်းပါတယ်။ စီချွမ့်ပုဇွန်ကြော်က ထမင်းနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင် လိုက်ဖက်တဲ့ ဟင်းလျာ တစ်မျိုးပါ။ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပုဇွန်တွင် ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၂၀၀ ဂရမ် (အခွံနွှာပြီ ကျောကို ဓားဖြင့် ခွဲပြီ ချေးထုတ်ပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

တရုတ်စတိုင် ၀က်သား တို့ဟူးဟင်း

တရုတ်စတိုင် ၀က်သား တို့ဟူးဟင်း

 

ဂျပန်မှာ လူကြိုက်များတဲ့ တရုတ်စတိုင် ၀က်သား တို့ဟူးဟင်းပါ။ ၀က်သားကို နှုတ်နှုတ်စဉ်းပြီမှ တို့ဟူးဖြင့် ရောချက်ထားတာပါ။ ထမင်း ပူပူလေးနဲ့ တွဲဖက် စားမယ်ဆိုရင် အရမ်းကို ကောင်းမွန်တဲ့ ဟင်းတခွက်ပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • တို့ဟူး – ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)

Read more

ဘဲကင် နှင့် တရုတ်စတိုင် ခေါက်ဆွဲပြုတ်

ဘဲကင် နှင့် တရုတ်စတိုင် ခေါက်ဆွဲပြုတ်

တရုတ်စတိုင် ဘဲကင် ခေါက်ဆွဲပြုတ်လေးပါ။ ဘဲသားကို ၁ရက်အချိန်ကြာကြာ နုပ်ပြီမှ ကင်ထားတာမို့ အရသာက ပျော်ဖွယ်ရာ မရှိအောင် ကောင်းပါတယ်။ ခေါက်ဆွဲပြုတ်ကလည်း ပဲပင်ပေါက်၊ မုန့်ညှင်စိမ်း၊ မှိုပွင့်တို့နှင့် အလွန်လိုက်ဖက်ပါတယ်။ ခေါက်ဆွဲပြုတ် ဆန်းဆန်းလေး စားချင်သူတွေအတွက် အကြိုက်တွေ့မယ့် ချက်နည်းလေးပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ဘဲကင်ရန် ပါဝင်ပစ္စည်းများ

  • ဘဲရင်ဗုံ၊ ပေါင်တွဲယှက် – ၂ခု(အရေခွံပါ) (ရင်ဗုံသားကို အသား သက်သက်ဓားဖြင့် နွင်းထားပါ)
  • တရုတ်မဆလာ (Five-spice powder) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

Read more

ဆေးလက်ဖက် ကြက်ဥပြုတ်

ဆေးလက်ဖက် ကြက်ဥပြုတ် နှင့် ခရုဆီ

အစာပြေ လုပ်စားနိုင်ဖို့ ဆေးလက်ဖက် ကြက်ဥပြုတ်နှင့် ခရုဆီလေးပါ။ ဒီချက်နည်းလေးက တောင်ပိုင်းတရုတ်ပြည်နယ်က ချက်နည်းပါ။ အရင်ဆုံး ကြက်ဥကို အကျက်ပြုတ်ပြီမှ အခွံကို ခြေပြီ လက်ဖက်ခြောက်၊ တရုတ်အမွှေးအကြိုင်တွေနဲ့ ရောပြုတ်ရတာပါ။ လက်ဖက်ရည်နံ့လေးနဲ့ အရသာက ခရုဆီကြောင့် ချိုစိမ့်စိမ့်လေးပါ။ အပူ၊ အအေး နှစ်မျိုးလုံး စားလို့ကောင်းပါတယ်။ လုပ်ရလည်း လွယ်တာမို့၊ ခုပဲ လုပ်ကြည့်ရအောင်…

Reparation time: 15 mins၊ Cooking time: 1hr

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၈-၁၀လုံး
  • Lipton tea လက်ဖက်ခြောက်ထုပ် – ၂ထုပ် (သို့) လက်ဖက်ရည်ခြောက်အမဲ – စားပွဲတင်ဇွန်း ၂ဇွန်း
  • Five-spices powder – စားပွဲတင်ဇွန်း တ၀က် (တရုတ်ဟင်းခတ် အမွှေးအကြိုင် City Martတွင် ၀ယ်ယူနိုင်သည်)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

Read more

YKKO စတိုင် ကြေးအိုး

YKKO စတိုင် ကြေးအိုး (၄ယောက်စာ)

YKKO စတိုင် ကြေးအိုး ချစ်သူတွေအတွက် ၀က် ကြေးအိုး နဲ့ ကြေးအိုး ဆီချက် လုပ်နည်းလေးပါ။ အိမ်သားတွေကတော့ YKKO ကြေးအိုး အရသာ အတိုင်းပဲတဲ့။ YKKO ကြေးအိုးလို အချို ခပ်လေးလေးနဲ့ ချက်ထားတာပါ။ ကြေးအိုးမှာ အရေးကြီးဆုံးက ၀က်ရိုးပြုတ်ရည်ပါ။ ၀က်နံရိုးကို ပြုတ်ရင် ဆိုင်ကကြေးအိုးတွေနဲ့ အရသာ မတူတာမို့၊ ချဉ်ဆီ များတဲ့ ၀က်ဒူးဆစ်ရိုးကို အသုံးပြု ထားပါတယ်။ ဒီဇင်ဘာ ဆောင်းအေးအေးလေးမှာ ကြေးအိုး ပူပူလေး သောက်ကြရအောင်…

ကြေးအိုးတွင် ပါဝင်ပစ္စည်းများ

  • ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ)
  • ၀က်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ၀ယ်ယူနိုင်သည်)
  • ၀က်အူ – ၁၀ကျပ်သား (၁လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ)

Read more

ဂဏန်းခွက်ကြော်၊ ဂဏန်းသားလုံးကြော်

ဂဏန်းခွက်ကြော်

ဂဏန်းခွက်ကြော် လုပ်နည်းလေးပါ။ အရင်ကဆို ဟော့ပေါ့ဆိုင်ရောက်တိုင်း ဂဏန်းခွက်ကြော် ၀ယ်စားဖြစ်တယ်။ ခုတော့ ကိုယ်တိုင်ပဲ အိမ်မှာ လုပ်စားကြည့်တာ အရမ်းစားကောင်းတာမို့ ချက်နည်းလေး မျှဝေပေးလိုက်တယ်နော်။  မိမိ ကြိုက်နှစ်သက်သလို လုပ်စားနိုင်အောင်ပါ….

ပါဝင်ပစ္စည်းများ

  • ဂဏန်းသား – ၄၅၀ ဂရမ်
  • ဂဏန်းခွံ – ၆ခု
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဝက်သားပေါင်း

ဝက်သားပေါင်း

မနက်စာ ၀က်သားပေါင်းလေးပါ။ ၀က်သားအပြင် ပုဇွန်ပါထည့်ထားတာမို့ အရသာလည်း ကောင်းမွန်ပါတယ်။ လုပ်ရတာလည်း အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ ၀က်သားပေါင်း တူတူလုပ်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ဖက်ရွက် – ၁၅ရွက်
  • ၀က်သား (သို့) ကြက်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပုဇွန် – ၅၀ ဂရမ် (နှုတ်နှုတ်စဉ်းပေးပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)

Read more

ရေညှိ ကြက်သားပေါင်း

ရေညှိ ကြက်သားပေါင်း

ဒင်းဆမ်း တမျိုးဖြစ်သည့် ရေညှိကြက်သားပေါင်းလေးပါ။ ရေညှိရွက်နဲ့ လိပ်ပြီ ကြက်သား၊ ပုဇွန်၊ မုန်လာဥနီကို ပေါင်းထားတာပါ။ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်တဲ့ ဒင်းဆမ်း လုပ်နည်းတမျိုးပါ။ လုပ်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

 

  • ရေညှိရွက် – ၂ရွက်
  • ကြက်သား – ၃၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပုဇွန် – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • မုန်လာဥနီ – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)

Read more

နိုင်လွန်ပုဇွန်

နိုင်လွန်ပုဇွန်

နိုင်လွန်ပုဇွန်ကို တရုတ်လို ဟာကို လို့ခေါ်ပါတယ်။ နိုင်လွန်ပုဇွန်ကို မနက်စာ Dimsum အဖြစ် စားသောက်ဆိုင်တွေ အများအားဖြင့် ၀ယ်စားကြပါတယ်။ ၀တ်ရည်ကတော့ ဆိုင်မှာ ၀ယ်စားတာထက် အိမ်မှာ စိတ်ကြိုက် လုပ်စားရတာကို ပိုသဘောကျပါတယ်။ နိုင်လွန်ပုဇွန် လုပ်ပုံအဆင့်ဆင့်ကို ပုံနှင့် တကွ တင်ပေးလိုက်ပါတယ်။ အရသာကောင်းမွန်သော နိုင်လွန်ပုဇွန်ကို အိမ်မှာ လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေ…

ဂျုံဒိုး အတွက် ပါဝင်သောပစ္စည်းများ

  • Wheat Starch (နိုင်လွန်ပုဇွန် လုပ်သည့် ဂျုံ) – ၈၀ ဂရမ်
  • Tapioca Flour – ရ၀ ဂရမ်
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေနွေး – ၁၇၀ မီလီလီတာ

Read more

စင်ကာပူစတိုင် ကြက်ဥခေါက်ဆွဲကြော်

စင်ကာပူစတိုင် ကြက်ဥခေါက်ဆွဲကြော်

စင်ကာပူ စတိုင် ကြက်ဥခေါက်ဆွဲကြော်လေးပါ။ ၀က်သား၊ ပင်လယ်စာ၊ တရုတ်မုန့်ညှင်း အစုံအလင်ပါပြီ ချက်ရတာလည်း လွယ်ပါတယ်။ ဒါကြောင့် ချက်နည်းလေးကို ကြည့်ရအောင်…

ပါဝင်ပစ္စည်များ

  • ကြက်ဥခေါက်ဆွဲ – ၃၀၀ ဂရမ်
  • ပုဇွန်ကျား – ၁၀၀ ဂရမ် (အခွံနွှာပြီ အမြှီးချန်ထားပါ)
  • ၀က်သား –  ၁၀၀ ဂရမ် (အရှည်ပါးပါးလှီးပါ)

Read more

ပြည်ကြီးငါး အချိုကြော်ချက်

ပြည်ကြီးငါး အချိုကြော်ချက်

အလုပ်သွားရင် ထည့်ပေးဖို့ စဉ်းစားမိတဲ့ ထမင်းဘူးလေးကတော့ ပြည်ကြီးငါးကို ရွှေပဲသီး၊ ၀က်သားပြားတို့နှင့် အချိုကြော်ထားတဲ့ ဟင်းလျာလေးပါ။ ချိုစိမ့်ပြီ ဟမ်အရသာကြောင့်ပါ ပိုမို ထူးခြားကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်လွယ်လေးရယ်…

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး – ၂၄၀ ဂရမ် (ရေစင်အောင်ဆေးပြီ အညှစ်အကြေးများ ဖယ်ထားပါ)
  • ဟမ်(၀က်သားပြား) – ၄ပြား (အတုံးလေးများ လှီးပါ)
  • ရွှေပဲသီး – ၁၅ခု (အညှာလှီးထားပါ)

Read more

ဝက်နံရိုး အချိုဟင်း

ဝက်နံရိုး အချိုဟင်း

ဒီတစ်ခါတော့ Piggy ထမင်းဘူးလေးပါ။ သားသားမီးမီးတို့ ကြိုက်မယ့် ၀က်နံရိုး အချိုဟင်းလေးရယ်၊ ပြောင်းဖူးကြော်လေး တွဲဖက်ပေးထားပါတယ်။ အချိန်တိုတွင်းမှာပဲ ထမင်းဘူးလေးကို ပြင်နိုင်တာမို့ လုပ်နည်းလေး ကြည့်ရအောင်…

 

ပါဝင်သောပစ္စည်းများ

၁။ ၀က်နံရိုး – ၃၀၀ ဂရမ် (အတုံး ၂”လောက်အရွယ်တုံးပေးပါ)

၂။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း

Read more

ဘဲပေါင်း ဆီချက် ခေါက်ဆွဲ

ဘဲပေါင်း ဆီချက် ခေါက်ဆွဲ (၄ယောက်စာ)

မနက်စာ၊ နေ့လည်စာ အစာပြေအဖြစ် လုပ်စားနိုင်အောင် ဘဲပေါင်း ဆီချက်ခေါက်ဆွဲလေးပါ။ ဘဲသားကို နူးအိအောင် ၀တ်ရည်ကတော့ အရင်ဆုံး ဆန်ဝိုင်၊ တရုတ်ဟင်းခတ်တွေနဲ့ နုပ်ပြီမှ pressure cooker နဲ့ပေါင်းထားပါတယ်။ ဆီချက်ခေါက်ဆွဲ အအီပြေ ကြက်သွန်နီ၊ ငရုတ်သီးဆော့ချဉ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ တူတူချက်ကြည့်ရအောင်…

ဘဲပေါင်းတွင် ပါဝင်ပစ္စည်းများ

၁။ ဘဲပေါင်ရင်သား – ၄၀ကျပ်သား (သန့်စင်ပြီးသား)

၂။ တရုတ်မာဆလာ – စားပွဲတင်ဇွန်း တ၀က်

၃။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

Read more

ဝက်သား တောက်တောက်ကြော်

ဝက်သား တောက်တောက်ကြော်

တရုတ်စားသောက်ဆိုင်တိုင်း လိုလိုမှာ မှာယူစားသာက်နိုင်သော ၀က်သား တောက်တောက်ကြော်ကို အိမ်မှာ ကိုယ်တိုင် ချက်စားကြည့်ကြရအောင်။

ဝက်သားပြားတွင် ပါဝင်သော ပစ္စည်းများ

၁။ ၀က်သား (အဆီမပါ) – ၂၀ကျပ်သား (နှုတ်နှုတ်စင်းပါ)

၂။ ကြက်သွန်ဖြူ – ၃ခု (နှုတ်နှုတ်ဆင်းပါ)

၃။ ဘဲဥ – ၁လုံး (ခလောက်ပါ)

၎။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Read more

ကမာကင်

ကမာကင်

ပင်လယ်စာချစ်သူများအတွက် ကမာကို ကြော်တဲ့နည်းမဟုတ်ပဲ၊ ထူးထူးခြားခြား ကင်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကတော့ ၀တ်ရည် အမြဲလိုလို ကမာကို ကြောပြီပဲစားဖြစ်တယ်။ ကင်တာကို ၀ိုင်နဲ့နုပ်ပြီမှ ကင်တာမို့ ပိုပြီ အရသာကောင်းတာ တွေ့ရလို့ ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်..

ပါဝင်ပစ္စည်းများ

၁။ ကမာ – ၁၂ကောင် (၉၀၀ ဂရမ်) (ကမာကို မင်းလမ်းမှာ ရနိုင်သလို၊ တချို့ SuperMarket တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်)

၂။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

၃။ ကြက်သွန်မြိတ် – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)

၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)

Read more

ထမင်းပေါင်း

ထမင်းပေါင်း (၃ယာက်စာ)

ပါဝင်သောပစ္စည်းများ

၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး)

၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ)

၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)

Read more