Archive for အနောက်တိုင်း ချက်ြ့ပုတ်နည်း

Gaint အမဲသားလုံး ပါစတာ

Gaint အမဲသားလုံး ပါစတာ

IMG_1829a

အနောက်တိုင်းစတိုင် အမဲသားလုံး ပါစတာ ခေါက်ဆွဲချက်နည်းလေးပါ။ အမဲသားကို ပန်းသီးအရွယ်အစား အလုံးကြီးများ ပြုလုပ်ပြီ ကင်ထားပြီမှ ပါစတာ ခ၇မ်းချဉ်သီးဆော့နဲ့ ပြန်ရောချက်ပေးထားတာမို့ အ၇သာက ပျော်ဖွယ်စရာမရှိအောင် အထူးကောင်းမွန်ပါတယ်။

ပါစတာတွင် ပါဝင်ပစ္စည်များ

  • ပါစတာ ခေါက်ဆွဲခြောက်ထုပ် – တ၀က် (၁၅၀ ဂရမ်)
  • ရေ – ၂လီတာ

Read more

Fusion ကချင် အမဲသားကင် နှင့် ကညွှတ်၊ဟမ် အချိုဆော့

”3rd prize winning dish from World Food Championship Blogger Competition 2015”

Beef

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ကျင်းပသည့် World Food Championship ဟင်းချက်ဘလောက် ဟင်းချက်ပြိုင်ပွဲတွင် ၀တ်ရည် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် Fusion ကချင် အမဲသားကင် နှင့် ဟမ်၊ကညွှတ် အချိုဆော့ကို ချက်ပြုတ်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ဒီမှာ တစ်ခုပြောချင်တာက Beef Steak ကို ကင်တဲ့အခါ များသောအားဖြင့် coarse ဆားနှင့် ငရုတ်ကောင်းမှုန့်(black pepper)ကို သုံးပြီ ချက်ကြပါတယ်။ Coarse ဆား အစား ရိုးရိုးဟင်းချက်ရင်သုံးတဲ့ table ဆား နှင့် ငရုတ်ကောင်းမှုန့် အစား ကချင် ငရုတ်ကောင်းစေ့ကို အသုံးပြုထားပါတယ်။

Read more

French Crepe ပန်ကိတ်

French Crepe ပန်ကိတ်

French_Crepe10

အရသာထူးခြားကောင်းမွန်တဲ့ ပြင်သစ်စတိုင် Crepe ပန်ကိတ် လုပ်နည်းပါ။ အားလပ်ရက်မှာ မိသားစုနဲ့ တူတူ ပျော်ပျော်ပါးပါး လုပ်စားနိုင်ဖို့အတွက်ပါ။ ပန်ကိတ်ထဲမှာ ဟမ်(သို့)ဘေကွန်၊ ချိစန်ရယ်၊ ကြက်ဥရယ်ထဲပြီ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပန်ကိတ်ရည်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄လုံး
  • ဂျုံမှုန့် – ၁ခွက်ခွဲ
  • နွားနို့ – ၃၀၀ မီလီလီတာ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

Read more

Pepperoni ပီဇာ၊ ပါစတာ

Pepperoni ပီဇာ၊ ပါစတာ

Pepperoni_Pasta_Pizza9

အရသာပြည့်စုံ ကောင်းမွန်တဲ့ Pepperoni ပီဇာ၊ ပါစတာ လုပ်နည်းပါ။ ပီဇာချစ်သူတွေအတွက် အိမ်မှာ လွယ်လင့်တကူ လုပ်စားနိုင်တဲ့ ချက်နည်းလေးမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

ပါစတာပီဇာ တွင် ပါဝင်ပစ္စည်းများ

  • ပါစတာ – ၂၅၀ ဂရမ်
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • သံလွင်ဆီ – စားပွဲတင်ဇွန်း တ၀က်

Read more

အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့

အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့

Beef_Steak_Asparagus6

အနောက်တိုင်းစတိုင် အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့ ချက်နည်းပါ။ အမဲသားကင်ကို အရင်ဆုံး marinate လုပ်ပြီမှ ကင်ထားတာမို့ အသားကလည်း နူအိပြီ စားလို့ အရမ်းကောင်းပါတယ်။ ထို့ပြင် သစ်တော်သီးကင်၊ ကညွှတ်ဟမ်ကင်တို့နဲ့ အရသာရှိစွာဖြင့် တွဲဖက် သုံေးဆာင်နိုင်မှာပါ။ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

အမဲသား နုပ်ထားရန် ပါဝင်ပစ္စည်းများ

  • အမဲသား – ၂တုံး ( ၃၀၀ ဂရမ်)
  • Worcestershire ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • Mustard – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Read more

ဟမ်၊ ချိစ် ဆမ်ဝေ့

ဟမ်၊ ချိစ် ဆမ်ဝေ့

Sandwich_Quail10

Croque Madames လို့ခေါ်တဲ့ ပြင်သစ်စတိုင် မနက်စာ၊ အဆာပြေ လုပ်စားနိုင်ဖို့ အတွက် ဟမ်၊ ချိစ် ဆမ်ဝေ့ပါ။ ဆမ်ဝေ့မှာ ဟမ်၊ ချိစ် အပြင် White sauce လေးပါဝင်တာမို့ အရသာ ချိုစိမ့်ပြီ ထူးခြား ကောင်းမွန်ပါတယ်။ ထို့ပြင် ငုန်းဥကြော်လေးနဲ့မို့ တကယ်ကို ပြီပြည့်စုံတဲ့ မနက်စာလေးတစ်မျိုးပါ။

ဆမ်ဝေ့မှာ ပါဝင်ပစ္စည်များ

  • ပါမုန့် – ၆ချပ်
  • ထောပတ် – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဟမ် – ၃ပြား

Read more

ငါး crusted နှင့် လီမွန်ထောပတ်ဆော့

ငါး crusted နှင့် လီမွန်ထောပတ်ဆော့

Grilled_Fish5

ငါး crusted နှင့် လီမွန်ထောပတ်ဆော့ပါ။ ပါမုန့်ခြောက်၊ ချိစ်တို့ကို ငါးပေါ်တင်ပြီ ကင်ထားတာမို့ စားလိုက်ရင် ငါးနဲ့ အပေါ်က ကြွပ်ရွရွလေး ဖြစ်နေပါတယ်။ ထို့ပြင် သူနဲ့ တွဲဖက် လီမွန်ထောပတ်ဆော့နဲ့ အရမ်းကို လိုက်ဖက်တာမို့ ခုပဲ တူတူ ချက်စားကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာပြီသား – ၄၀၀ ဂရမ် (၃ပိုင်းပိုင်းထားပါ)
  • ပါမုန့်ခြောက် – ၅၀ ဂရမ် (စားပွဲတင်ဇွန်း ၃ဇွန်းခွဲ)
  • Permesan ချိစ် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

Beef Steak အမဲသားကင်၊ အာလူးထောင်း နှင့် ဟင်းနုနွယ်သုပ်

Beef Steak အမဲသားကင်၊ အာလူးထောင်း နှင့် ဟင်းနုနွယ်သုပ်

Beef_Steak8

Beef srilion အမဲလိုင်းသား နူညံ့တဲ့ အပိုင်းကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ထောပတ်နဲ့ pan grilled လုပ်ထားတာပါ။ အမဲသားကို rare၊ medium rare၊ medium, medium welldone ဆိုပြီ အစိမ်းနီးပါးလား၊ မကျက်တကျက်လား၊ လုံးဝ အကျက်ကင်မှာလားဆိုပြီ ပိုင်းခြားထားပါတယ်။ ခု ၀တ်ရည် ကင်ထားတာက medium welldone ပါ။ ပြီရင် အမဲသားကင်နဲ့ တွဲဖက် သုံးဆောင်ဖို့ အာလူးထောင်းရယ်၊ ဟင်းနုနွယ်သုပ်ကို ရွေးချယ်ထားပါတယ်။ စားလို့ တကယ်ကောင်းတာမို့ ခုပဲ တူတူလုပ်စားကြည့်၇အောင်…

အမဲသားကင်တွင် ပါဝင်ပစ္စည်းများ

  • အမဲလိုင်းသား (beef steak) – ၄၀၀ ဂရမ်
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento မုန့်ဘူး

ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento

Sandwich_Bento11

ဒီတစ်ခါတော့ သားသားမီးမီးတွေ အကြိုက် ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento လေးပါ။ ကြက်သားရယ်၊ ကြက်ဥကို မရိုနစ်နဲ့ ရောမွှေပြီ ဆမ်ဝေ့ပြုလုပ်ထားတာပါ။ ဆမ်ဝေ့နဲ့ တွဲဖက် သုံးဆောင်ဖို့အတွက် ကြက်ဥ နှင့် အာလူးကြော်ကို ထည့်သွင်းပေးထားပါတယ်။ ချစ်စဖွယ် ကြက်ဥလေးကိုလည်း ပုံဖော်ပေးထားတာမို့ သားသားမီးမီးတွေ ကြိုက်နှစ်သက်ကြမှာပါ။

ဆမ်ဝေ့တွင် ပါဝင်ပစ္စည်းများ

  • ပါမုန့် – ၃ချပ်
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း (သုပ်ရန်)
  • ကြက်ဥ – ၁လုံး (ပြုတ်ထားပေးပါ)

Read more

ကြက်သားကင်၊ ဟင်းရွက်စုံဆလတ်သုပ်

ကြက်သားကင်၊ ဟင်းရွက်စုံဆလတ်သုပ်

Grilled_Chicken_Vg_Salad6a

ကြက်သားကင် နှင့် ဟင်းရွက်စုံ ဆလတ်သုပ်လေးပါ။ ကြက်သားကင်ရယ်၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ ကြက်သွန်ဖြူ ပါမုန့်ကင် တို့ကို ဂေါ်ဖီနဲ့ ထုပ်ပြီ သုံးဆောင်ရတာပါ။ ဆော့အနေနဲ့ အီတလီယျံ ဆော့ရည်ကို သုံးထားပါတယ်။ တလုပ်စားရုံနဲ့ ချို၊ချဉ်၊ စူးရှတဲ့ အရသာအားလုံးကို တခါတည်းခံစား ရရှိစေမယ့် ဟင်းလျာတစ်ခုပါ။

အသုပ်တွင် ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး – ၄လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
  • ဆလတ်ရွက် – လတ်တဆုပ်စာ (ရေစင်အောင် ဆေးပြီ ပါးပါးလှီးပါ)
  • ဂေါ်ဖီခရမ်း – တစိတ် (ခြစ်တံဖြင့် ခြစ်ပေးထားပါ)
  • ဂေါ်ဖီထုပ် – တ၀က် (ရေစင် အောင် ဆေးထားပါ)

Read more

ဝက်သား အကြွပ်ကြော်နှင့် သီးရွက်စုံသုပ်

Pork Chop ၀က်သား အကြွပ်ကြော်နှင့် သီးရွက်စုံသုပ်

PorkChop11a

အီတလီယျံစတိုင် ၀က်သားလိုင်းသား Pork Chop ကို ပါမုန့်ခြောက်၊ ချိစ်ကပ်ပြီ အကြွပ်ကြော်ထားတာပါ။ သူနဲ့ တွဲဖက် သီးရွက်စုံသုပ်က အရည်ရွှမ်းတာမို့ ၀က်သား အကြွပ်ကြော်နဲ့ အရမ်းလိုက်ဖက်ပါတယ်။ ထို့ပြင် ချိုစပ်ဆော့ကိုလည်း အပေါ်က ဖြူးထားပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သားလိုင်းသား – ၃ခု (အရိုးနဲ့အသားတွဲယှက်)
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
  • နွားနို့ – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ဂုံး ချိုစပ် ဟင်းချို

ဂုံး ချိုစပ် ဟင်းချို

Clam_Soup9

ဂုံး ချိုစပ်ဟင်းချိုပါ။ ပင်လယ်စာ ချစ်သူများအတွက် တကယ်ကို ကောင်းမွန်နဲ့ ဟင်းချို တခွက်ပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ ချက်နည်း ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • ဂုံး – ၂၅ခု (သဲများ စင်အောင် ရေဖြင့် သေချာဆေးပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

အာလူးပူတင်း (ချစ်သူအတွက် ဟင်းလက်ရာ)

အာလူးပူတင်း

Valentine နေ့အမှတ်တရ အချိုပွဲအနေနဲ့ အာလူးပူတင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အာလူးပူတင်းက အမြင်ဆန်းပြီ စားလို့လည်း သိပ်ကောင်းပါတယ်။ ကိုယ်ချစ်သူအတွက် အချိုပွဲ ဆန်းဆန်းလေး လုပ်ပေးချင်ရင်တော့ ဒီအာလူပူတင်းလေးကို ရွေးချယ်သင့်ပါတယ်။ ချက်နည်းကို ကြည့်လိုက်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး [potato]                           – ၄လုံး (အ၀ိုင်း ပါးပါးလှီးပါ)
  • နွားနို့ [milk]                                 – ၂၀၀ ml
  • ငရုတ်ကောင်းမှုန့် [white pepper]        – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်သားမှနု့် [chicken powder] – လက်ဖက်ရည်ဇွန်း တ၀က်

Read more

အာလူး မီးကင် နှင့် မရိုနိစ်

အာလူး မီးကင် နှင့် မရိုနိစ်

Baked_Potatoes5

အစာပြေ လုပ်စားနိုင်ဖို့ အာလူး မီးကင်နှင့် မရိုနိစ်ပါ။ အာလူးကို အခွံမခွှာပဲ ပါးပါးလှီးပြီ ကင်ထားတာမို့ စားတဲ့အခါ အခွံလေးနဲ့မို့ တမျိုးထူးခြား စားလို့ အရမ်းကောင်းပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး(အလုံးကြီး) – ၄လုံး
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Read more

ကြက်ရင်ဗုံ နဲ့ ပေါင်ကင်

ကြက်ရင်ဗုံ နဲ့ ပေါင်ကင်

Chicken_Grill7

ကြက်တစ်ကောင်လုံး ကင်မယ့်အစား ကြက်ရင်ဗုံ၊ ပေါင် အစိတ်အပိုင်းတွေကို barbecue ဆော့နဲ့ ကင်ထားတာပါ။ Barbecue ဆော့ အချိုကို အသုံးပြုထားတာမဟုတ်ပဲ ရှာလာရည်ကို အခြေခံထားတဲ့ ဆော့ရည်နဲ့ barbecue ဆော့ရည်နဲ့ ကင်ထားတာမို့ အရသာ ထူးခြားကောင်းမွန်ပါတယ်။ ခုပဲ တူတူကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံနဲ့ ပေါင်တွဲယှက် – ၂စုံ
  • Barbecue ဆော့ – စားပွဲတင်ဇွန်း ၈ဇွန်း (ကြိုက်နှစ်သက်ရာ barbecue ဆော့ကို အသုံးပြုနိုင်သည်)
  • Barbecue rub အမှုန့်
  • Barbecue mop ရှာလကာ ဆော့ရည်

Read more

Scotch Egg (၀က်သား ကြက်ဥအစာသွပ်ကြော်)

Scotch Egg (၀က်သား ကြက်ဥအစာသွပ်ကြော်)

Scotch_Egg12

မိသားစုနဲ့ တူတူ ပျော်ပွဲစားထွက်ရင်ပဲဖြစ်ဖြစ်၊ အဆာပြေ လုပ်စားနိုင်ဖို့ ၀က်သား ကြက်ဥ အစာသွပ် ချက်နည်းလေးပါ။ လုပ်ရလွယ်ပြီ ကြွပ်ရွရွလေးနဲ့ အရမ်းစားကောင်းတာမို့ ခုပဲ လုပ်ကြည့်ရအောင်…

တခြား ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပါမုန့်ခြောက် – ၅၀ ဂရမ်

Read more

ခရမ်းသီး ပါမုန့်ခြောက်ကပ် အကြွပ်ကြော်

ခရမ်းသီး ပါမုန့်ခြောက်ကပ် အကြွပ်ကြော်

EggPlant_Breadcrumb6

အစာပြေ လုပ်စားနိုင်ဖို့ ခရမ်းသီး၊ ပါမုန့်ခြောက်ကပ်ကြော်ပါ။ လုပ်ရတာလည်း လွယ်ပြီ အချိန်တွင်းမှာပဲ လွယ်လင့်တကူ လုပ်စားနိုင်တာပါ။ အရသာက ပါမုန့်ခြောက်ကပ်ကြော် ထားမို့ အပြင်က ကြွပ်ရွပြီ အထဲ ခရမ်းသီးအိအိလေးနဲ့မို့ အရမ်းစားကောင်းပါတယ်။ ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး – ၁လုံး (၂လက်မ(အရှည်)၊ လက်မ၀က်(အထူ) လှီးပေးပါ)
  • ဂျုံမှုန့် – ခွက်တ၀က်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)

Read more

အာလူး၊ ခရင်မ် ဟင်းချို

အာလူး၊ ခရင်မ် ဟင်းချို

Potato_Soup6

ဟင်းချိုကောင်းကောင်း ကြိုက်သူတွေအတွက် အာလူး၊ ခရင်မ် ဟင်းချိုပါ။ လုပ်ရလည်း အရမ်းလွယ်ပြီ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်ပါတယ်…

ပါဝင်ပစ္စည်းများ

  • အာလူး – ၂ခွက်(သို့) ၃လုံး (အခွံနွှာပြီ အတုံးသေးများ တုံးထားပါ)
  • သံလွင်ဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

Read more

ဘေကွန် အာလူးသုပ်

ဘေကွန် အာလူးသုပ်

bacon_potato_salad1

ဘေကွန် အာလူးသုပ်လေးပါ။ အရသာ ချိုစိမ့်တဲ့ ဘေကွန် အာလူး ဆလတ်သုပ်ပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး – ၄လုံး
  • ဘေကွန် – ၄ခု

Read more

အရသာစုံ ပုဇွန်၊ နတ်နတ်သီး ဆလတ်သုပ်

အရသာစုံ ပုဇွန်၊ နတ်နတ်သီး ဆလတ်သုပ်

prawn_fruit_salad3

လတ်ဆတ်တဲ့ နတ်နတ်သီး၊ သခွာမွှေး အရသာ နှင့် ပုဇွန်ရဲ့ ချိုစိမ့်တဲ့ အရသာတွေကို ပေါင်းစပ်ထားတာမို့ အရသာစုံပြီ ထူးခြား ကောင်းမွန်တဲ့ အသုပ်တစ်မျိုးပါ။ ထို့ပြင် သံလွင်ဆီကို အသုံးပြုထားတာမို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသုပ်ဆိုလည်း မမှားပါဘူး။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူသုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပုဇွန် – ၂၄၀ ဂရမ် (၁၅ကျပ်သား၊ အခွံနွှာပြီ ကျောခွဲချေးထုတ်ထားပါ)
  • နတ်နတ်သီး – ၁ခွက်စာ (အတုံးလတ်များ တုံးထားပါ)
  • သခွာမွှေးသီး – ၁ခွက် (အတုံးလတ်များ တုံးထားပါ)

Read more

ဝက်သား၊ ချိစ်အစာသွပ် အကြွပ်ကြော် (Pork Cordon Bleu)

ဝက်သား၊ ချိစ်အစာသွပ် အကြွပ်ကြော် (Pork Cordon Bleu)

Pork_Corden_Blue7

အနောက်တိုင်းစတိုင် ၀က်သား၊ ချိစ်အစာသွပ် အကြွပ်ကြော် (Pork Cordon Bleu)။ အသားထဲကို ချိစ်၊ ဟမ်၊ ဘေကွန် စသည်တို့ကို အစာသွပ်ကာ ပါမုန့်ခြောက်ကပ်ပြီ ကြော်ရင်ပဲဖြစ်ဖြစ်၊ oven နှင့် ဖုတ်ရင်ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ cordon bleu ကိုပဲ  chicken cordon bleu၊ veal cordon bleu၊ ham cordon bleu၊ pork cordon bleu အမျိုးမျိုးရှိသည်။ စားလို့ကောင်းတာမို့ ခုပဲ လုပ်စားကြည့်ရအောင်..

ပါဝင်သောပစ္စည်းများ

  • ၀က်သား(အသား) – ၂၀ ကျပ်သား (၃၂၀ ဂရမ်)
  • Mozzarella ချိစ် – ၂ချပ်
  • ခရမ်းချဉ်သီး – ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

Read more

အီတလီစတိုင် ပုဇွန် ပါစတာ မရီယာရာ

အီတလီစတိုင် ပုဇွန် ပါစတာ Marinara

Pasta_Prawn4

အီတလီစတိုင် ပါစတာ Marinara ချက်နည်းပါ။ ဆော့အတွက် ခရမ်းချဉ်သီး အနှစ်၊ ခရမ်းချဉ်သီး၊ တို့ဖြင့် ချဉ်ချိုလေး ချက်ထားတာပါ။ ပါစတာ ကြိုက်သူတွေ နှစ်သက်ကြမှာပါ။ ချက်နည်း ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပါစတာ – ၃၀၀ ဂရမ်
  • ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီချန်အခွံနွှာ ကျောခွဲချေးထုတ်ထားပါ)
  • ကြက်သွန်ဖြူ – ၃မွှာ
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

Read more

တူနာ၊ Wholemeal ဆမ်ဝေ့

တူနာ၊ Wholemeal ဆမ်ဝေ့

Tuna_Sandwich4

Wholemale ဂျုံကြမ်းပါမုန့်က အစာကြေရခက်တာမို့ အဆီပိုတွေ သိပ်မဖြစ်စေပါဘူး။ ဒါကြောင့် ဂျုံကြမ်းပါမုန့် သုံးထားတာပါ။ တူနာ၊ မရိုနိစ်၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ ကြက်သွန်နီတို့နဲ့  စားချင်စဖွယ် မနက်၊ နေ့ခင်းစာကို လုပ်စားနိုင်မှာပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…

တူနာသုပ် ပါဝင်ပစ္စည်းများ

  • တူနာ ဆီသွပ် – ၁ဘူး
  • သံပရာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးတောင့်ရှည်စိမ်း – ၁တောင့် (ပါးပါးလှီးပါ)

Read more

အာလူး၊ ချိစ် ဆမ်ဝေ့ကင်

အာလူး၊ ချိစ် ဆမ်ဝေ့ကင်

Aloo_Sandwich6

ဆမ်ဝေ့ အသစ်အဆန်း စားချင်သူများအတွက် အာလူး၊ ချိစ် ဆမ်ဝေ့ကင်ပါ။ အစာပြေအဖြစ် အနောက်တိုင်း ချက်နည်းနဲ့ အိန္ဒိယချက်နည်း fusion ပေါင်းစပ်ထားပါ။ ပါမုန့်ကင် ကြွပ်ကြွပ်လေးကို ၀ါးလိုက်ရင် အထဲက အာလူး၊ ချိစ် အရသာနဲ့ မဆလာနံ့လေး သင်းပြီ စားလို့ အရမ်းကောင်းပါတယ်။ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး – ၄လုံး (အာလူးကို နူအောင် ပြုတ်ထားပြီ အခွံနွှာ၊ ပါးပါးလှီးပါ)
  • ကြက်သွန်နီ – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ချိစ် – ခွက်တ၀က် (ခြစ်တံဖြင့် ခြစ်ထားပါ)

Read more

ရွှေဖရုံသီး ဟင်းချို

ရွှေဖရုံသီး ဟင်းချို

Pumpkin_Soup4

အရသာက ချိုစိမ့်ပြီ သောက်လို့ကောင်းတဲ့ ရွှေဖရုံသီး ဟင်းချိုပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး – ၁စိတ်(၁၀၀၀ ဂရမ်) (ပေါင်းအိုးပြီ မိနစ် ၂၀ ပေါင်းပေးထားပါ)
  • အာလူး – ၁လုံး (ပြဲအောင် ပြုထားပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

အမဲသား Stroganoff

အမဲသား Stroganoff

Beef_Strongoff4

အနောက်တိုင်း စတိုင် အမဲသား Stroganoff သည် အရသာအလွန်စိမ့်သဖြင့် ထမင်းနှင့် တွဲစားလျှင် အလွန်သင့်လျော်ပါသည်။ Brandy နဲ့ ချက်ထား၍ အမဲသားက နူအိပြီး စားလို့ကောင်းပါသည်။ အားပေးသွားကြပါအုန်း..

ပါဝင်သောပစ္စည်းများ

  • အမဲသား(သို့) ၀က်သား – ၂၀ကျပ်သား (အရှည်လိုက် ပါးပါး လေးများလှီးပါ)
  • ကြက်သွန်နီ – ၃လုံး ( အ၀ိုင်းပါးပါးလှီးပါ)
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

Read more

မှို ခရင်(မ်) ဟင်းချို (Mushroom Cream Soup)

မှို ခရင်(မ်) ဟင်းချို (Mushroom Cream Soup)

Mushroom_Cream_Soup3

အနောက်တိုင်းစတိုင် မှို ခရင်(မ်) ဟင်းချို ပါ။ အရသာစိမ့်စိမ့်လေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်များ

  • ကောက်ရိုး မှို – ၂၀ ကျပ်သား (ပါးပါးလှီးထားပါ)
  • Shimeji မှို – ၅ခု (ရေဖြင့် နူအောင် ပြုတ်ပြီ ရေပြန်စစ်ကာ ပါးပါးလှီထားပါ)
  • ထောပတ် (သို့) သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဝက်နံရိုးကင်

ဝက်နံရိုးကင်

အနောက်တိုင်းစတိုင် ၀က်နံရိုးကင်ပါ။ လီမွန်ရည်၊ အမွှေးအကြိုင်တွေနဲ့ ရောပြီ ကင်ထားမို့ အရသာရော အနံ့ပါ အရမ်းကောင်းမွန်ပါတယ်။ ခုပဲ တူတူကင်ကြည့်ရောအင်..

ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး – ၈၀၀ ဂရမ် (၀က်နံရိုးနု သုံးလျှင် ပိုမိုကောင်းမွန်သည်)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • လီမွန်ရည် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ဝက်အူချောင်းကင် နှင့် Garlic bread

ဝက်အူချောင်းကင် နှင့် garlic bread

ဝက်အူချောင်းကင် နှင့် garlic bread ပါ။ ၀က်အူချောင်းကို ဘီယာနဲ့ ပြုတ်ပြီမှ ကင်ထားမို့ တမူထူးခြားတဲ့ ကင်နည်း တမျိုးပါ။ ဒီကင်နည်းအတိုင်း ကြက်အူချောင်းကိုလည်း ကင်လို့ရပါတယ်။ လုပ်ရလွယ်ပြီ အချိန်တွင်းပဲ ကင်နိုင်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်အူချောင်း – ၂၀၀ ဂရမ်
  • ကြက်သွန်နီ – ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ဘီယာ – ၂ခွက်
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • Mustard – တွဲဖက်စားရန်

Read more

ဂဏန်းကင် ဘာဂါ

ဂဏန်းကင် ဘာဂါ

အရသာဆန်းပြီ စားလို့ကောင်းတဲ့ ဂဏန်းကင် ဘာဂါပါ။ ဂဏန်းပျော့ကို ထောပတ်နဲ့ ကင်ထားတာမို့ အနံ့ကလည်း သင်းနေပါတယ်။ စားနေကျဘာဂါတွေနဲ့လည်း မတူပဲ တမူထူးခြားနေတာမို့ ဒီဘာဂါလေးကို တူတူလုပ်စားကြည့်ရအောင်…

ဘာဂါ ပါဝင်ပစ္စည်းများ

  • ဟမ်ဘာဂါ ပါမုန့် – ၃လုံး (ထပ်ပိုင်း ဓားဖြင့် ပိုင်းဖြတ်ထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးပြီ ပါးပါးလှီးထားပါ)

Read more