Archive for featured

Wutyee Food House ဟင်းလက်ရာ (၁၀၃)မျိုး စာအုပ်သစ်

”Wutyee Food House ဟင်းလက်ရာ (၁၀၃)မျိုး စာအုပ်သစ်”

WY-103-cover2

” Wutyee Food House ဟင်းချက်လက်ရာ(၁၀၃)မျိုး စာအုပ်သစ် ထွက်ပြီ”

– ချစ်ခင် လေးစားရပါသော အန်တီ၊ အန်ကယ်၊ ညီအစ်မ၊ ညီအစ်ကိုတွေကို Wutyee Food House ဟင်းလက်ရာ(၁၀၃)မျိုး ဟင်းချက်စာအုပ်သစ် ထုတ်ဝေလိုက်ပြီ ဖြစ်တဲ့အကြောင်းကို သတင်းကောင်း ပါးပါရစေ။

– ဟင်းချက်စာအုပ်အဖြစ် သိမ်းထားချင်တယ်၊ သူငယ်ချင်းတွေကို ဟင်းချက်စာအုပ် ကောင်းကောင်းလေး လက်ဆောင် ပေးချင်တယ်ဆိုရင်တော့ ”Wutyee Food House ဟင်းချက်လက်ရာ(၁၀၃)မျိုး ဟင်းချက်စာအုပ်” ကိုအားပေးကြပါနော်… <3

Read more

မြိတ်ကတ်ကြေးကိုက်

မြိတ်ကတ်ကြေးကိုက်

ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နံမည်ကြီးပြီ လူကြိုက်များပါတယ်။ မြိတ်ကတ်ကြေးကိုက်က တခြား ကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။ တချို့ဆို ကမာ၊ ရှပ်၊ ပုဇွန်ခြေထောက်တို့က အစထည့်ပြီ ချက်ကြပါတယ်။ ဒီချက်နည်းလေးက ၀တ်ရည်ရဲ့ အဒေါ်ဆီက ရရှိတာပါ။ ချက်နည်းလေးကို ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ကျပ်သား
  • ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီးခံကာ အခွံနွာပြီ ကျောခွဲထားပေးပါ)
  • ကင်ပွန်း (သို့) ပြည်ကြီးငါး – ၂၀ကျပ်သား (အညှိအခွဲတွေ စဉ်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ)
  • ဂဏန်းချောင်း – ၇ချောင်း (အစောင်းပါးပါးလှီးပါ)

Read more

ကြက်သား ဒန်ပေါက်

ကြက်သား ဒန်ပေါက် (၈ယောက်စာ)

မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ

  • ဒန်ပေါက်ဆန် (basmati rice)            ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
  • ဇီယာစေ့                          ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
  • သီဟိုစေ့                          ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
  • Saffron                          ♦ စားပွဲတင်ဇွန်း ၃ဇွန်း

Read more

ကြက်ဆီထမင်း

ကြက်ဆီထမင်း

ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…

ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု)
  • ရိုးရိုးဆန်                                                    ♦ နို့ဆီခွက် ၃ခွက်
  • ဆား                                                            ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည် အနောက်                                 ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • Read more

နန်းကြီးသုပ်

နန်းကြီးသုပ် (၄ယောက်စာ)

မနက်စာ နှင့် အစာပြေ လုပ်စားနိုင်ဖို့ နန်းကြီးသုပ် လေးပါ။ အိမ်မှာ မိသားစုနှင့် တူတူ လုပ်စားမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ နန်းကြီးသုပ်ကို မုန့်ကြွပ်၊ ငါးဖယ်၊ ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်သည်။

ပါဝင်ပစ္စည်းများ

  • နန်းကြီး ခေါက်ဆွဲ – ၁၀ကျပ်သား
  • ကြက်သား – ၂၀ကျပ်သား
  • ကြက်ဥ – ၃လုံး (ကျက်အောင်ပြုတ်ပြီပြီ အခွံနွှာ ပါးပါးလှီးထားပါ)

Read more

ဝက်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်ရအောင်

ဝက်သားတုတ်ထိုး

ဝက်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။ တုတ်ချိုးထားတာက ၂၀၀ကျပ်၊ တုတ်မချိုးထားတာ ၁၀၀ကျပ်ပါ၊ အားမနာပဲ အားပေးသွားနော်… 😛

ပါဝင်သောပစ္စည်းများ

  • ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ အူချို၊ အူပိတ်၊ ၀က်နားရွက်၊ ၀က်အရွတ်၊ လျှာ၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ
  • ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ထားပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း

Read more

ကြက်ကချင်ချက်

ကြက်ကချင်ချက်

ကြက်ကချင်ချက် ဟင်းလျာက တကယ်ကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ၀တ်ရည် အကြိုက်ဆုံး ဟင်းလျာထဲက တမျိုးအပါဝင်ဖြစ်ပါတယ်။ ကြက်သားကို ချဉ်စော်ခါးသီးရည်၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်း၊ တို့ဖြင့် ရောချက်ကြပါတယ်။ ကြက်ကချင်ချက်မှာ မျှစ်ချဉ်ပါ ထည့်တာမို့ ချဉ်စပ် အရသာလေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းမြိန်မြိန် စားချင်သူတွေ ဒီဟင်းလျာကို ချက်ဖို့ မမေ့ကြနဲ့နော်…

ပါဝင်ပစ္စည်များ

  • ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ)
  • မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)

Read more

ရခိုင်မုန့်တီ

ရခိုင်မုန့်တီ (၁၀ယောက်စာ)

နေ့လည်စာ လုပ်စားနိုင်ဖို့ ရခိုင် မုန့်တီပါ။ ဒီနေ့ ရခိုင်မုန့်တီချက်ဖို့ ငါးရွှေ လိုက်ရှာတာ ရှာမလို့ ဈေး၃ခုလောက် ပတ်ခဲ့ရတယ်။ ပတ်ခဲ့ရကြိုးနပ်ပါတယ်၊ အိမ်သားတွေက အားပေးကြတယ်။ လုပ်ရတာလည်း လွယ်တာမို့ ရခိုင်မုန့်တီကို ခုပဲ လုပ်စားကြည့်ရအောင်…

မုန့်တီဟင်းရည်တွင် ပါဝင်ပစ္စည်းများ

  • ငါးရွှေ – ၃၀ ကျပ်သား (၄၈၀ ဂရမ်)
  • ငါးပိ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၁၀ မွှာ (မညက်တညက် ထောင်းပါ)

Read more

အိမ်လုပ် အီကြာကွေ

အီကြာကွေ (ရခု)

မနက်စာ၊ အစာပြေ ကော်ဖီပူပူလေး တွဲစားဖို့ အိမ်လုပ် အီကြာကွေလေးပါ။ အဝေးရောက် မြန်မာတွေ အလွမ်းပြေ အီကြာကွေလေး အိမ်မှာ ကိုယ်တိုင် လုပ်စားနိုင်ဖို့ပါ။ လုပ်နည်းအဆင့်ဆင့်ကို ပုံနှင့် တကွဖော်ပြပေးထားတာမို့ လုပ်ရတာလည်း လွယ်ကူမှာပါ။ ခုပဲ အီကြာကွေ ကြွပ်ကြွပ်လေးကို လုပ်ကြည့်ရအောင်…

preparation time: 4 hrs ၊ cooking time: 15 mins

ပါဝင်ပစ္စည်းများ

  • ရေ – ခွက် ၄ပုံ၃ပုံ
  • ဂျုံ – ၂ခွက် (သို့) ၂၅၀ ဂရမ်
  • yeast – လက်ဖက်ရည်ဇွန်း တ၀က်
  • Read more

ထောပတ်ထမင်း

ထောပတ်ထမင်း နဲ့ ကြက်သားဟင်း (၈ယောက်စာ)

ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်နည်းလေးပါ။ အလျှူမင်္ဂလာပွဲတွေမှာပဲဖြစ်ဖြစ်၊ နေ့လည်စာ၊ ညနေစာပဲ ဖြစ်ဖြစ် လုပ်စားနိုင်အောင်ပါ။ ထောပတ်ထမင်းဆိုတာနဲ့ ထောပတ်အနံ့သင်းပြီ အရသာ အရမ်းကောင်းမွန်တယ်ဆိုတာ တန်းသိနိုင်မှာပါ။ ထို့ပြင် ချက်ရတာလည်း လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ထောပတ်ထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…

ထောပတ်ထမင်းတွင် ပါဝင်ပစ္စည်းများ

  • ဘာစမာတီ ဆန် – နို့ဆီဘူး ၂လုံး (ရေဖြင့် ဆေးထားပေးပါ)
  • ထောပတ် – ၈၀ ဂရမ်
  • မုန်လာဥနီ – ၁ခွက်စာ (အတုံးလတ်များ တုံးပါ)

Read more

YKKO စတိုင် ကြေးအိုး

YKKO စတိုင် ကြေးအိုး (၄ယောက်စာ)

YKKO စတိုင် ကြေးအိုး ချစ်သူတွေအတွက် ၀က် ကြေးအိုး နဲ့ ကြေးအိုး ဆီချက် လုပ်နည်းလေးပါ။ အိမ်သားတွေကတော့ YKKO ကြေးအိုး အရသာ အတိုင်းပဲတဲ့။ YKKO ကြေးအိုးလို အချို ခပ်လေးလေးနဲ့ ချက်ထားတာပါ။ ကြေးအိုးမှာ အရေးကြီးဆုံးက ၀က်ရိုးပြုတ်ရည်ပါ။ ၀က်နံရိုးကို ပြုတ်ရင် ဆိုင်ကကြေးအိုးတွေနဲ့ အရသာ မတူတာမို့၊ ချဉ်ဆီ များတဲ့ ၀က်ဒူးဆစ်ရိုးကို အသုံးပြု ထားပါတယ်။ ဒီဇင်ဘာ ဆောင်းအေးအေးလေးမှာ ကြေးအိုး ပူပူလေး သောက်ကြရအောင်…

ကြေးအိုးတွင် ပါဝင်ပစ္စည်းများ

  • ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ)
  • ၀က်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ၀ယ်ယူနိုင်သည်)
  • ၀က်အူ – ၁၀ကျပ်သား (၁လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ)

Read more

မာလာဟင်း

မာလာဟင်း

ချစ် ညီအစ်မတွေက မာလာဟင်း ချက်နည်းလေး တင်ပေးပါအုန်းဆိုလို့ တင်ဖြစ်သွားတဲ့ မာလာဟင်း ချက်နည်းလေးပါ။ ရွှေလီ အသားကင်ဆိုင်သွားစားတိုင်း မှာစားဖြစ်တယ်။ ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နာရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီ မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့အရော အရသာ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်နော်…

မာလာဟင်း အနှစ်ချက်ရန် ပါဝင်ပစ္စည်းများ

  • မာလဟင်းနှစ်ထုပ် – ၁ထုပ်
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)

Read more

အုန်းနို့ ခေါက်ဆွဲ

အုန်းနို့ ခေါက်ဆွဲ (ရယောက်စာ)

မနက်စာ အုန်းနို့ ခေါက်ဆွဲ လေးပါ။ အုန်းနို့ခေါက်ဆွဲ ချစ်သူ တွေ သဘောကျမယ့် ချက်နည်းလေးပါ။ ၀တ်ရည်ရဲ့ ပထမဆုံး လက်ရာလေးမို့ အားပေးကြပါအုန်းနော်။ အိမ်သားတွေကတော့ အရမ်းကြိုက်ကြတယ်။ တချို့ကလည်း အုန်းနို့ခေါက်ဆွဲကို နို့စိမ်းနဲ့ ချက်တယ်။ ၀တ်ရည်ကတော့ အုန်းနို့နဲ့ ချက်ထားတာပါ။ ခုပဲ လုပ်နည်းလေး ကြည့်ရအောင်…

အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား
  • အုန်းနို့နှစ် – ၁၆၀ ဂရမ်
  • ကြက်သွန်နီ – ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ)
  • ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)

Read more

နိုင်လွန်ပုဇွန်

နိုင်လွန်ပုဇွန်

နိုင်လွန်ပုဇွန်ကို တရုတ်လို ဟာကို လို့ခေါ်ပါတယ်။ နိုင်လွန်ပုဇွန်ကို မနက်စာ Dimsum အဖြစ် စားသောက်ဆိုင်တွေ အများအားဖြင့် ၀ယ်စားကြပါတယ်။ ၀တ်ရည်ကတော့ ဆိုင်မှာ ၀ယ်စားတာထက် အိမ်မှာ စိတ်ကြိုက် လုပ်စားရတာကို ပိုသဘောကျပါတယ်။ နိုင်လွန်ပုဇွန် လုပ်ပုံအဆင့်ဆင့်ကို ပုံနှင့် တကွ တင်ပေးလိုက်ပါတယ်။ အရသာကောင်းမွန်သော နိုင်လွန်ပုဇွန်ကို အိမ်မှာ လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေ…

ဂျုံဒိုး အတွက် ပါဝင်သောပစ္စည်းများ

  • Wheat Starch (နိုင်လွန်ပုဇွန် လုပ်သည့် ဂျုံ) – ၈၀ ဂရမ်
  • Tapioca Flour – ရ၀ ဂရမ်
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေနွေး – ၁၇၀ မီလီလီတာ

Read more

ထမင်းပေါင်း

ထမင်းပေါင်း (၃ယာက်စာ)

ပါဝင်သောပစ္စည်းများ

၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး)

၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ)

၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)

Read more

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)

မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။ ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အဒေါ်တို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…

ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ

၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)

Read more

တို့ဟူးနွေး (၃ယောက်စာ)

တို့ဟူးနွေး (၃ယောက်စာ)

တို့ဟူးနွေးကို လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့နည်းလေးနဲ့ တင်ဆက်ထားပါတယ်။ နေ့လည်စာ အစာပြေလုပ်စားနိုင်ဖို့ပါ။ လုပ်နည်းလေး ကြည့်ရအောင်…

တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ

၁။ ဆန်စီခေါက်ဆွဲထုပ် – တ၀က်

၂။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ)

၃။ နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)

Read more

ဟောင်ကောင် ဘဲကင်

‘ဟောင်ကောင် ဘဲကင်’

 

ဟောင်ကောင်စတိုင် အိမ်လုပ် ဘဲကင်လေးပါ။ ပျားရည်၊ တရုတ်ဟင်းခတ်၊ ဆန်ဝိုင်တို့နဲ့ နှပ်ထားတာမို့ ဘဲကင်ရဲ့ ချိုစိမ့်တဲ့ အရသာရယ်၊ ဘဲကင်ရဲ့ မွှေးရနံ့ကိုပါ အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။ လုပ်နည်းကလည်း လွယ်တာမို့ အိမ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက် ရောင်းရန်ပဲ ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ လုပ်နည်းလေးကို တူတူကြည့်လိုက်ရအောင်…

ပါဝင်ပစ္စည်းများ [Ingredients]

  • ဘဲ [duck]                            ♦ ၁ကောင်( ၅-၆ပေါင် )
  • ပျားရည် [honey]                ♦ စားပွဲတင်ဇွန်း ၆ဇွန်း
  • ရှာလကာရည် [vinegar]    ♦ စားပွဲတင်ဇွန်း ၂ဇွန်း