Archive for ဖိလိပိုင် ချက်ပြုတ်နည်းများ

Adobo ကြက်သား ငရုတ်ကောင်းဟင်း

Adobo ကြက်သား ငရုတ်ကောင်းဟင်း

Chicken_Adobo6

ဖိလိပိုင်မှာ နံမည်ကြီးတဲ့ Adobo ချက်နည်းပါ။ ကြက်သား၊ ၀က်သား စသည်ကို ဗီနီကာ၊ ပဲငံပြာရည်၊ ငရုတ်ကောင်းတို့ဖြင့် နုပ်ထားပြီမှ ချက်ရတာပါ။ လုပ်ရလွယ်ပြီ စားလို့ ကောင်းတာမို့ တူတူ ချက်ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ ရင်ဗုံတွဲယှက် – ၄၅၀ ဂရမ် (၂၈ ကျပ်သား)
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

အမဲသား၊ sausage နှင့် သီးရွက်စုံ စတူး

ဖိလိပိုင်စတိုင် အမဲသား၊ sausage နှင့် သီးရွက်စုံ စတူး

Caldereta-(Filipino-Beef-Stew)5

Caldereta ဟင်းလျာက ဖိလိပိုင်မှာ နံမည်ကြီး ဟင်းလျာ တစ်ခုပါ။ အမဲသားကို ခရမ်းချဉ်သီးဆော့၊ အာလူး၊ မုန်လာဥနီ၊ သံလွင်သီး၊ ငရုတ်သီးပွစိမ်း၊ မီနီ ကြက်အူချောင်း၊ သံလွင်သီး တို့နဲ့ ရောချက်ထားတာပါ။ ပွဲတော်ရက်၊ မွေးနေ့၊ နေ့ထူးနေ့မြတ်တွေမှာ Caldereta အမဲသားစတူး ဟင်းလျာကို ချက်ပြုတ်ကြပါတယ်။ အမဲသား အစား ကြက်သား၊ ၀က်သားတို့နဲ့လည်း ချက်ပြုတ်နိုင်ပါတယ်။ ထမင်းပူပူလေးနဲ့ စားလို့လည်း အရမ်းကောင်းတာမို့ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား – ၄၀၀ ဂရမ် (၂၅ကျပ်သား) (တကိုက်စာ အတုံးလေးများ တုံးပေးထားပါ)
  • နတ်နတ်သီး စည်သွပ် – ဘူးဝက် (အတုံးများ တုံးပေးပါ)
  • ခရမ်းချဉ်သီး – ၃လုံး (နူအိအောင် ပြုတ်ပြီ အခွံနွှာ နှုတ်နှုတ်စဉ်းပါ)

Read more

စပါ(ဂ်)တီ ခေါက်ဆွဲကြော်

စပါ(ဂ်)တီ ခေါက်ဆွဲကြော်

လိုမီလို့ခေါ်တဲ့ ဖီလစ်ပိုင်-တရုတ် စတိုင် သက်သက်လွတ် ခေါက်ဆွဲကြော်လေးပါ။ ဒီခေါက်ဆွဲကြော်လေးမှာ ထူးခြားချက်ကတော့ ရိုးရိုး ကြက်ဥခေါက်ဆွဲနဲ့ ကြော်တာမဟုတ်ပဲ၊ စပါ(ဂ်)တီ ခေါက်ဆွဲနဲ့ ကြော်ထားခြင်း ဖြစ်ပါတယ်။ ထို့ပြင် မီဆိုနှစ်ကိုပါ သုံးထားတာမို့၊ ရိုးရိုးခေါက်ဆွဲကြော်တွေနဲ့ အရသာ မတူတာ အမှန်ပါပဲ။ ချက်နည်းလေးကို ကြည့်လိုက်ရအောင်…

ပါဝင်ပစ္စည်းများ

  • စပါ(ဂ်)တီ ခေါက်ဆွဲ – ၂၀၀ ဂရမ်
  • မုန်လာဥနီ – ၁ခု (အရှည်ပါးပါးလှီးပါ)
  • မှိုခြောက် – ၅ခု (ရေနွေးဖြင့် ပြုတ်ပြီမှ ရေစစ်၍ အရှည်ပါးပါးလှီးပါ)
  • သခွာသီး – ၁လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)

Read more

မုန်လာဥနီ croquettes နှင့် ဆလတ်သုတ်

မုန်လာဥနီ croquettes နှင့် ဆလတ်သုတ်

အဓိကဟင်းလျာ မစားခင် အစာပြေ စားဖို့ မုန်လာဥနီကို ကြိတ်ပြီ အလုံးလုပ်ထားတဲ့ Antipasto လေးပါ။ သက်သက်လွတ်စားသူတွေအတွက် အရမ်းကောင်းမွန်တဲ့ ဟင်းလျာတစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ မုန်လာဥနီ၊ မက်မွန်စေ့၊ သီဟိုဌ်စေ့၊ တို့ပါဝင်ပြီ ထိုင်းငရုတ်သီးအချိုဆော့နဲ့ အလွန်လိုက်ဖက်ပါတယ်။ ဆလတ်သုတ်အတွက် မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ သခွာသီး တို့ကို ရောသုတ်ထားတာ ဖြစ်ပါတယ်။ လုပ်နည်းလေးကို ကြည့်လိုက်ရအောင်…

ဆလတ်သုတ်အတွက် ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ – ၁ခု (အတုံးသေးများတုံးပါ)
  • သခွာသီး – တ၀က် (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
  • ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ငရုတ်သီးပွ အစာသွပ် နှင့် အုန်းနို့နှစ်ဆော့

ငရုတ်သီးပွ အစာသွပ် နှင့် အုန်းနို့နှစ်ဆော့

– ၀ါတွင်း ၃လ သက်သက်လွတ်စားသူတွေ အတွက် ရည်ရည်ပြီ သက်သက်လွတ် ချက်နည်းတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
ခုတော့ ရောင်စုံ ငရုတ်သီးပွ အ၀ါ၊ အနီ၊ အစိမ်း ကို ထမင်းအစာသွပ်ပြီ အုန်းနို့နှစ်ဆော့ ဆမ်းထားတာပါ။ ဈေးကြီးတဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်ခုဖြစ်တဲ့ saffron ကိုသုံးထားတာမို့ အနံ့ကတော့ ပျော်ဖွယ်ရာ မရှိပါဘူး။ သက်သက်လွတ်ဟင်းလျာလို့ ဆိုပေမယ့် အရသာက တကယ်ကို ထူးခြားကောင်းမွန်ပါတယ်။ အုန်းနို့နှစ်ကိုလည်း အာလူး၊ အနောက်တိုင်းဟင်းခတ်အမွှေးအကြိုင် တွေနဲ့ ချက်ပြုတ်ထားခြင်း ဖြစ်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ဆော့တွင် ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • သံလွင်ဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း

Read more