Archive for ဆောင်းပါးများ

ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ

”ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ”

ကိုယ်ချစ်သူ့ ကောင်မလေးကို ချစ်သူများနေ့မှာ ဘာပေးရင် ကောင်းမလဲ?

အကယ်၍ ကိုယ်ချစ်သူ့ ကောင်မလေး (သို့) ကိုယ့်အမျိုးသမီးက ဒီနှစ် ချစ်သူများနေ့မှာ ဘာမှဝယ်မပေးနဲ့နော်၊ ပိုက်ဆံကုန်ပါတယ် ပြောသော်ဌါးလည်း သူတို့ သင်ဆီက ချစ်သူများနေ့မှာ ကဒ်ပြားလေးဖြစ်စေ၊ ပန်းစည်းဖြစ်စေ၊ လက်ဆောင်လေး တစ်ခုခုတော့ မျှော်လင့်နေမှာ အမှန်ပါပဲ။

Read more

နုပျိုခြင်း၏ လျှိုဝှက်ချက် (၅)ချက်

နုပျိုခြင်း၏ လျှိုဝှက်ချက် (၅)ချက်

နုပျိုခြင်းဟာ သင်ရဲ့ အမူအကျင့် နဲ့ တနေ့တာ လုပ်ဆောင်ခြင်းပေါ်မှာပဲ အခြေခံနေတာ ဖြစ်ပါတယ်။ ဟယ်၊ နုလိုက်တာ အသက်၄၀ဆို ၂၅၊ ၃၀ပဲ ထင်ရတယ်။ အသက် ၅၀ကလည်း အသက် ၄၀လောက်ပဲ ထင်ရတယ် စသည်ဖြင့် နုပျိုနေခြင်းဟာ သူတို့မှာ လျှိုဝှက်ချက် ကိုယ်စီ ရှိနေကြလို့ပါပဲ။ အဲဒီ လျှိုဝှက်တွေဟာ ဘာတွေလည်း ဖော်ထုတ်ကြည့်တဲ့အခါ အရေးဆုံး နဲ့ တူညီနေတဲ့ အချက်(၅)ချက်ကို ရှာဖွေ တွေ့ရှိကြပါတယ်။

Read more

Microwave Oven အသုံးပြုနည်း

Microwave Oven အသုံးပြုနည်း

Microwave oven က မီးဖိုချောင်မှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ တချို့က မိုင်ခရိုဝေ့ကို ကော်ဖီနွေးတာ၊ ဟင်းနွေးတာလောက်ပဲ အသုံးပြုတာ တွေ့ရပါတယ်။ Microwave oven အမျိုးပေါ်မူတည်ပြီ grill(ကင်တာ)၊ oven(အပေါ်မီး အောက်မီးဖုတ်တာ)၊ defrost (အသားခဲဖျော်)၊ steam(ပေါင်းတာ)၊ stew(စတူး) စသည့်တို့ကို အသုံးပြုလို့ရပါတယ်။ Microwave oven တစ်ခုနဲ့ တစ်ခု အသုံးပြုနည်းက အနည်းငယ်တော့ ကွဲပြားပါတယ်။ ဒါကြောင့် Microwave oven လို့ဆိုရာတွင် brand နံမည်တစ်ခုကို ဆိုလိုတာမဟုတ်ပဲ အားလုံးကို အကြမ်းပြင်း အသုံးပြုနည်းကို ဆိုလိုပါတယ်။ အရင်ဆုံး Microwave ovenကို အသုံးမပြုခင် ဘယ်အချက်တွေကို ဆောင်ရမယ်၊ ရှောင်ကြဉ်ရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ Read more

‘‘လှပသော ခန္ဓာကိုယ် ထိန်းသိမ်းဖို့ ၆ချက်’’

‘‘လှပသော ခနာကိုယ် ထိန်းသိမ်းဖို့ ၆ချက်’’

မိမိတို့ နေ့စဉ် စားနေကျ ထမင်းဖြူ၊ ပါမုန့်ဖြူ၊ သကြားလုံး၊ ဆိုဒါ၊ အချိုရည် တွေဟာ ခဏအတွင်းမှာ အစားကို အလွယ်ခြေနိုင်တာမို့ အချိန်တိုအတွင်းမှာပဲ ပြန်ဆာလောင်စေပါတယ်။ ထို့ပြင် အာဟာရ အရမ်းမများပဲ၊ ကယ်လိုလီအများဆုံး ပါဝင်တာမို့ ခနာကိုယ် ပိုမိုဝစေပါတယ်။ ဒါကြောင့် အစာခြေဖို့ မလွယ်တဲ့ ပါမုန့်ညှိ၊ ဆန်လုံးညှိ၊ ပဲ၊ ပဲသီး နှင့် ဟင်းသီးဟင်းရွက်တွေကို များများစားပေးမယ်ဆိုရင် ကျန်မာရေးနဲ့လည်း ညီညွှတ်ပြီ ကယ်လိုလီနည်းနည်း ပါဝင်သည်မို့ ခနာကိုယ်ကို သွယ်လျ လှပစေပါတယ်။ ထို့ပြင် လှပသော ခနာကိုယ်ကို အမြဲထိန်းသိမ်းနိုင်ဖို့ လှိုဝှက်ချက် ၆ချက်ရှိပါတယ်။

Read more

‘‘မြန်မာ အစားအစာ ကမ္ဘာကို လွှမ်းရမည်’’

‘‘မြန်မာ အစားအစာ ကမ္ဘာကို လွှမ်းရမည်’’

နိုင်ငံတိုင်းမှာ သူများနဲ့ မတူတဲ့ နိုင်ငံကို ကိုယ်စားပြုတဲ့ ယဉ်ကျေးမှု၊ အပြောအဆို၊ အနေထိုင်၊ ၀တ်စားဆင်ယင်မှု၊ အစားအသောက် ဓလေ့တွေ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း တခြားနိုင်ငံတွေနဲ့ မတူတဲ့ အစားအသောက် ဓလေ့လေးတွေ ရှိပါတယ်။ အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက် ဆိုသည့် ဆိုရိုးစကားအတိုင်း သစ်သီးမှာဆို သရက်သီးက အကောင်းဆုံး ဆိုသလို၊ အသားမှာတော့ ၀က်သားက အကောင်းဆုံးပါ။ လက်ဖက်သုပ်ကို ရှေးအခါကတည်းက ဧည့်သည်ကို လက်ဖက်သုပ်၊ ရေနွေးခြမ်းနဲ့ တခမ်းတနား ဧည့်ခံကျွေးမွေး အလေ့အထ ရှိကြပါတယ်။ ထမင်းဝိုင်းမှာ ငပိရည်၊ ငပိသုပ်၊ တို့စရာ ပါရင်ကို ထမင်းမြိန်နေတတ်တဲ့ မြန်မာ ဓလေ့ဟာလည်း ထူးခြားမူတစ်ခုပါပဲ။

Read more

အကျီင်္လှလှလေး ၀တ်ဖို့ Emergency ရရက်အတွင်း ၀ိတ်ချနည်း

အကျီင်္လှလှလေး ၀တ်ဖို့ Emergency ရရက်အတွင်း ၀ိတ်ချနည်း

သူငယ်ချင်း မင်္ဂလာဆောင်သွားစရာ ရှိလို့၊ ညစာစားပွဲ သွားရမှာမို့ အရေးပေါ် ၁ပတ်အတွင်း ၀ိတ်ချချင်ရင် အလုပ်ဖြစ်တဲ့ နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ ဂေါ်ဖီထုပ်ဟင်းချို ချက်နည်းလေးပါ။ ဒီနည်းက ရေရှည် ၀ိတ်ချချင်သူအတွက်တော့ အလုပ်မဖြစ်ပေမယ့် ၁ပတ်အတွင်း အကျီင်္လှလှလေး ၀တ်ဖို့အတွက်တော့ သင့်လျော်တဲ့နည်းပါ။ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးအရွက်များဖြစ်တဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မှို စသည့်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုကို ထမင်းနဲ့ ဟင်း နေရာမှာ အစားထိုး စားသုံးရမှာဖြစ်ပါတယ်။ ဟင်းချိုချည်းပဲ နေ့တိုင်းစားလို့ ဘယ်လို ဗိုက်ပြည့် မှာလဲလို့ ပြောစရာရှိပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုအပြင် သူ့နေ့အလိုက် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အမဲသား၊ အာလူး စသည်ဖြင့် တနေ့နဲ့ တနေ့ သူရဲ့ plan အတိုင်း အလှည့်ကျ စားသွားရင် ၁ပတ်အတွင်း အကျီင်္လှလှလေးတွေ ၀တ်နိုင်ပါလိမ့်မယ်။

Read more

”ကလေးငယ် နှင့် မီးဖိုချောင်”

”ကလေးငယ် နှင့် မီးဖိုချောင်”

အရင်တုန်းကဆိုရင် ဟင်းချက်တဲ့ မီးဖိုချောင်ဆိုရင် ကလေးနဲ့ မပတ်သက်တဲ့ အရာပဲလို့ မိဘတိုင်းက ယူဆကြပါတယ်။ အနားမလာနဲ့ အပူလောင်မယ်၊ ဓားရှမိမယ် မထိနဲ့ စသည်ဖြင့် မီးဖိုချောင်ဟာ ကလေးတွေနဲ့ လုံးဝကို မအပ်စပ်တဲ့ အရာတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ ကလေးတွေနဲ့ အတူတကွ ချက်ပြုတ်တာတွေကို အားပေးလာကြပါတယ်။ ဘာကြောင့်လည်း ဆိုရင် ကလေးနဲ့အတူတူ ဟင်းချက်ပြုတ်ခြင်းဖြင့် အကျိုးအာနိသင်တွေ ရှိလို့ပါပဲ။ အဓိကတော့ မီးဖိုချောင်မှာ တူတူချက်ပြုတ်ရင်း သူတို့လေးတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခွင့်ရလာပါလိမ့်မယ်။

Read more

မီးဖိုချောင်ကို ဘယ်လို သန့်ရှင်းအောင် လုပ်မလဲ

‘‘သင့် မီးဖိုချောင်ကို ဘယ်လို သန့်ရှင်းအောင် လုပ်မလဲ ’’

တစ်ခါတရံ လူတွေ မျက်စိနှင့်ပင် မမြင်နိုင်တဲ့ ရောဂါ ပိုးမွှားတွေ မီးဖိုချောင် ထဲမှာ ရှိနေတတ်ပါတယ်။ ဒါတွေကြောင့် ဟင်းချက်ပြီ စားသောက်တဲ့အခါမှာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်တဲ့အပြင် အစားအဆိပ်သင့်တဲ့အထိပါ ဖြစ်ပွားနိုင်ပါသေးတယ်။ ဒါတွေကို ကာကွယ်ဖို့ ဆိုရင် ပိုးမွှား ကင်းစင်သန့်ရှင်းတဲ့ မီးဖိုချောင်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ပိုးမွှားတွေ မပေါက်ဖွားပဲ သန့်ရှင်းတဲ့ မီးဖိုချောင်ဖြစ်ဖို့ နည်းလမ်းကောင်း ၉ချက်ကို အကြံပေးပါရစေ။

Read more

‘‘ကိုယ်လေးချိန် လျှော့ချဖို့ လိုအပ်ချက် ၅ချက်’’

” ကိုယ်အလေးချိန် လျှော့ချဖို့ လိုအပ်ချက် ၅ချက် ”

လူအများစုက သူတို့ဝိတ်လျှော့တဲ့အခါ တစ်နေ့ကို ဘာအစားတွေပဲ ရွေးချယ်ပြီ စားရမယ်ဆိုတာကို ညွှန်ပြပေးတဲ့ diet လုပ်နည်းကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ၊ ညဘက်မှာ ဂေါ်ဖီထုပ်ပြုတ်လောက် စားတဲ့ diet နည်းလိုမျိုးပေါ့။ သို့ပေမယ့် ဒီလို diet လုပ်တဲ့အခါ အလုပ်ဖြစ်ရဲ့လားဆိုတာတော့ အလုပ်ဖြစ်ပါတယ်။ တကယ်လည်း အစားအသောက်တွေ ရွေးချယ်ပြီ စားရင် ၀ိတ်လျှော့ကျသွားပါတယ်။ သို့သော် ဒီလို ၀ိတ်လျှော့သွားသော်လည်း မည်သူမျှ dietကို အမြဲတစေမလုပ်နိုင်သည်မို့ ၀ိတ်ကျသွားသည်မှာလည်း ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် diet လုပ်နေသည်ကို ရပ်တန့်လိုက်တာနှင့် အရင်ကိုယ်အလေးချိန်ကို ပြန်ရောက်သွားပြန်ရော။

Read more

‘‘မနက်စာ နှင့် သင့်ကလေး ကျန်းမာရေး’’

‘‘မနက်စာ နှင့် သင့်ကလေး ကျန်းမာရေး’’

မနက်စာဟာ ကလေးတွေအတွက် အိပ်ယာမှ နှိုးနှိုးချင်း ပထမဆုံးစားရတဲ့ အစားအသောက် ဖြစ်တာမို့ အရေးကြီးဆုံးလို့ ဆိုချင်ပါတယ်။ ကလေးတစ်ယောက်ဟာ မနက်စာ မစားပဲ ကျောင်းသွားမယ် ဆိုပါစို့။ ကျောင်းမှာ သူများတွေထက် ပိုမောပန်းတာ၊ ဥာဏ်ရည်မထက်မြတ်တဲ့ ပြသာနာတွေနဲ့ ကြုံတွေ့လာရမှာပါ။ မနက်စာစားခြင်းဖြင့် ကလေးငယ်ရဲ့ ဥာဏ်ရည် ဥာဏ်သွေးလည်း ထက်မြက်ပြီ စိတ်ရော၊ ကိုယ်ရော တစ်နေကုန် လန်းဆန်း တက်ရွပျော်ရွှင်မှုကို ရရှိပါတယ်။ ဒါကြောင့် သင့်ကလေးကို အိမ်မှ မထွက်သွားမှီ မနက်စာကို ၀၀လင်လင် စားတဲ့ အလေ့အကျင့်တစ်ခု ရအောင် လုပ်ပေးရမှာပါ။

Read more