Archive for မက်ဆီကန် ချက်ပြုတ်နည်းများ

မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်

မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်

IMG_0407a

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ – ရခု
  • ပါမုန့်ခြောက် – ၁၀၀ ဂရမ်
  • ဂျုံမှုန့် – ရ၀ ဂရမ်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)

Read more

အစာပြေ ပုဇွန်၊ သီးရွက်စုံသုပ်

အစာပြေ ပုဇွန်၊ သီးရွက်စုံသုပ်

Prawn_vg_salad3

နေ့လည်စာ အစာပြေအဖြစ် ပုဇွန်၊ သီးရွက်စုံသုပ်ကို Tortilla chip နဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ အသုပ်မှာ ပါဝင်တဲ့ ငရုတ်သီးပွရှည်ကြောင့် အရသာက စပ်ရှိန်ရှိန်နဲ့ စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန် – ၂၄၀ ဂရမ် (အခွံနွှာပြီ အတုံးသေးများ တုံးထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • သခွာသီး – တ၀က် (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)

Read more

Tortilla အမဲသားလိပ်

Tortilla အမဲသားလိပ်

Tortilla_Beef_Roll9

မက်ဆီကန်စတိုင် Tortilla အမဲသားလိပ် နည်းပါ။ ၀တ်ရည်က Tortilla ဂျုံပြားကို အိမ်မှာ ကိုယ်တိုင်ပဲ လုပ်စားတယ်။ ဈေးလည်း သက်သာပြီ လုပ်ရလည်း လွယ်ပါတယ်။ ပြီမှ Tortilla ထဲ အမဲသားချက်ထားတာကို အစာသွပ်၊ ဆလတ်ရွက်၊ ချိစ်နဲ့ လိပ်ပြီ သုံးဆောင်ရတာပါ။ အရမ်းလည်း စားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

အမဲသားလိပ်အတွက် ပါဝင်ပစ္စည်းများ

  • Tortilla – ၆ပြား
  • ဆလတ်ရွက် – ၁၂ရွက် (ရေစင်အောင် ဆေးထားပါ)
  • ချိစ် – ၁၀၀ ဂရမ် (ခြစ်တံဖြင့် ခြစ်ထားပါ)
  • အမဲသား – ၃၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပြီသား)

Read more

Tortilla ချိစ်၊ ခရမ်းချဉ်သီးကင်

Tortilla ချိစ်၊ ခရမ်းချဉ်သီးကင် (၆ခုစာ)

မက်ဆီကန်စတိုင် Tortilla ချိစ်၊ ခရမ်းချဉ်သီး ကင်လေးပါ။ Tortilla ဂျုံပြားထဲ ချိစ်၊ ခရမ်းချဉ်သီး၊ ငရုတ်သီး ထည့်ပြီ ရောကင်ထားပါ။ ကင်တဲ့အခါ မီးသွေးနဲ့ ကင်နိုင်သလို၊ Oven နဲ့လည်း ကင်လို့ရပါတယ်။ ကင်လိုက်တဲ့အခါ အထဲကချိစ်က အရည်ပျော်သွားပြီ၊ Tortilla ကြွပ်ကြွပ်ရွရွနဲ့လေး အရမ်းကို စားလို့ကောင်းပါတယ်။ အရသာကတော့ ငရုတ်သီးပါတာမို့ ခပ်စပ်စပ်အရသာပါ ရရှိမှာပါ။ Tortilla ပြားလုပ်နည်းလေးပါ ထည့်သွင်းပေးတာမို့ အလွယ်တကူ လုပ်စားနိုင်မှာပါ။ အစာပြေပဲဖြစ်ဖြစ်၊ လုပ်စားနိုင်တာမို့ ခုပဲ လုပ်စားကြည့်ရအောင်…

ကင်ရန် ပါဝင်ပစ္စည်းများ

  • Tortilla ပြား – ၆ချပ်
  • ချိစ်ပြား – ၉ချပ်
  • ခရမ်းချဉ်သီး – ၃လုံး (အ၀ိုင်းပါးပါးလှီးပါ)

Read more

Summer စတိုင် ကြက်ကင်

Summer စတိုင် ကြက်ကင်

Summerစတိုင် ကြက်ကင် လုပ်နည်းပါ။ အရသာက ချိုစိမ့်စိမ့်နဲ့ အသားကလည်း တော်တော် နူးညံ့ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ တောင်ပံ – ၅ခု
  • ငရုတ်သီးမှုန့် (သို့) Tandoori chicken powder – စားပွဲတင်ဇွန်း ၁ဇွန်း

Read more

မက်ဆီကန် ကြက်ကောင်လုံးကင်

မက်ဆီကန် ကြက်ကောင်လုံးကင်

မက်ဆီကန်စတိုင် ကြက်ကောင်လုံးကင် လုပ်နည်းပါ။ ခပ်စပ်ရှိန်ရှိန် အရသာနဲ့ အသားက နူးညံ့ပြီ စားလို့ အရမ်းကောင်းပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်တစ်ကောင် – ၂ပေါင်ခွဲ – ၃ပေါင်
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • Oregano – လက်ဖက်ရည်ဇွန်း ၁ဇွန်း (oregano အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်ကို Market Place City Martတွင် ၀ယ်ယူနိုင်သည်)

Read more

Tortilla နှင့် ကြက်သားချောင်းကြော်လိပ်

Tortilla နှင့် ကြက်သားချောင်းကြော်လိပ်

မက်ဆီကန် အစားအစာဖြစ်တဲ့ Tortilla ပြားလေးတွေကို ကြက်သားချောင်းကြော်တွေနှင့် လိပ်ပြီ စားရတဲ့ အစာပြေ တမျိုးပါ။ နံမည်ကြီး Mcdonald ဆိုင်မှာရောင်းတဲ့ လုပ်နည်းအတိုင်း ပြုလုပ်ထားတာပါ။ အရသာက မရိုနစ်နဲ့ ထိုင်းငရုတ်သီးအချိုဆော့ကြောင့် ချိုစိမ့်စိမ့် အရသာကို ရရှိမှာပါ။ Tortilla ပြားလုပ်နည်းလေးပါ ထည့်သွင်းပေးတာမို့ အလွယ်တကူ လုပ်စားနိုင်မှာပါ။ Tortilla ပြားလုပ်ရတာကလည်း ထင်သလို မခက်ပဲ၊ ချာပတီလုပ်သလိုမျိုးပဲ လုပ်ရတာပါ။ ခုပဲ တူတူလုပ်နည်းလေး ကြည့်လိုက်ရအောင်…

Tortilla ပြားအတွက် ပါဝင်ပစ္စည်များ

  • ဂျုံမှုန့် – ၂ခွက်စာ
  • baking powder – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ – ခွက်တ၀က် (warm water)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်

Read more