Archive for -မြန်မာ ချက်ပြုတ်နည်းများ

Fusion ကချင် အမဲသားကင် နှင့် ကညွှတ်၊ဟမ် အချိုဆော့

”3rd prize winning dish from World Food Championship Blogger Competition 2015”

Beef

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ကျင်းပသည့် World Food Championship ဟင်းချက်ဘလောက် ဟင်းချက်ပြိုင်ပွဲတွင် ၀တ်ရည် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် Fusion ကချင် အမဲသားကင် နှင့် ဟမ်၊ကညွှတ် အချိုဆော့ကို ချက်ပြုတ်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ဒီမှာ တစ်ခုပြောချင်တာက Beef Steak ကို ကင်တဲ့အခါ များသောအားဖြင့် coarse ဆားနှင့် ငရုတ်ကောင်းမှုန့်(black pepper)ကို သုံးပြီ ချက်ကြပါတယ်။ Coarse ဆား အစား ရိုးရိုးဟင်းချက်ရင်သုံးတဲ့ table ဆား နှင့် ငရုတ်ကောင်းမှုန့် အစား ကချင် ငရုတ်ကောင်းစေ့ကို အသုံးပြုထားပါတယ်။

Read more

မွန်ချောကတဲ ငါးခြောက်ပဲကြီးဟင်း

မွန်ချောကတဲ ငါးခြောက်ပဲကြီးဟင်း

Mon_Chaw_Ka_Lae3

မွန်ချက်နည်း တစ်မျိုးဖြစ်တဲ့ မွန်ချောကတဲ ငါးခြောက်ပဲကြီးဟင်းပါ။ ဒီချက်နည်းက သီးစုံကုလားဟင်း ချက်နည်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် အရသာ တမျိုးလေးနဲ့ စားလို့ အ၇မ်းကောင်းပါတယ်။ ငါးခြောက်နဲ့ သီးစုံ၊ အာလူးနဲ့ ရောချက်ထားတာပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပဲကြီး – နို့ဆီဘူး (တ၀က်)
  • ငါးခြောက် (သို့) ငါးရံ့ခြောက် – ၁၀ကျပ်သား (၁လက်မအရွယ် အတုံးများ တုံးပါ)
  • ရုံပတေသီး – ၆တောင့် (၁လက်မအရွယ် ပိုင်းဖြတ်ပေးပါ)

Read more

ဝက်သားချဉ်သုပ်

ဝက်သားချဉ်သုပ်

8
ဝက်သားချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးဆီချက်၊ ပင်စိမ်း၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ဖြင့် ချဉ်စပ်လေး သုပ်ထားတာပါ။ ခုပဲ တူတူသုပ်ကြည့်ရအောင်…
————————————–
ပါဝင်ပစ္စည်းများ

•    ၀က်သားချဉ် – ၂၀၀ ဂရမ် (အတုံးသေးများတုံးပါ)
•    ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
•    ငရုတ်သီးဆီ ချက် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

မြန်မာစတိုင် ဆတ်သားဟင်း

မြန်မာစတိုင် ဆတ်သားဟင်း

Vanison_Curry7

တကယ်ကို ထမင်းမြိန်စေမယ့် မြန်မာစတိုင် ဆတ်သားဟင်းပါ။ ဆတ်သားခြောက်ကို သုံးပြီ ချက်ထားပေမယ့် စိမ့်ပြီ အရသာတွေ့စေမှာ သေချာပါတယ်။ ဒီဟင်းက ၀တ်ရည် အကြိုက်ဆုံး ဟင်းလက်ရာတွေထဲက တစ်ခုပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ဆတ်သားခြောက် – ၁ထုပ် (၁၅၀ ဂရမ်)
  • ခရမ်းချဉ်သီး – ၃လုံး (အရှည်လိုက်လှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

အမဲ၊ အာလူး အချိုချက်

အမဲ၊ အာလူး အချိုချက်

Beef_Curry8
အမဲ၊ အာလူး အချိုချက် ဟင်းလျာပါ။ ဒီဟင်းလျာမှာ အမဲသားကို ညှီနံ့ကင်းအောင် မဆလာ၊ ငရုတ်ကောင်းမှုန့် နိုင်နိုင်နဲ့ အာလူးနဲ့ ရောပြီ အချိုချက်ထားတာပါ။ အမဲသားကို နူးအိနေအောင် Pressure cooker နဲ့ ချက်ထားပါတယ်။ အရသာကလည်း ချိုစိမ့်ပြီ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာပါ။ ခုပဲ တူတူ ချက်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား – ၂၅ကျပ်သား (အနေတော်အရွယ် တုံးပါ)
  • အာလူး – ၃လုံး (၈စိပ်စိပ်ထားပေးပါ)
  • မဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း

Read more

ကြက်ဥ မဆလာ ဟင်းလျာ

ကြက်ဥ မဆလာ ဟင်းလျာ

Egg_Curry6

ကြက်ဥ မဆလာ ဟင်းလျာပါ။ ကြက်ဥကို ဒယ်ထဲ အလုံးလိုက် ဖောက်ထည့်ပြီ ခရမ်းချဉ်သီး၊ မဆလာ၊ ဇီယာ၊ နံနံစေ့တို့နဲ့ ရောချက်ထားတာပါ။ မဆလာနံ့ သင်းသင်းလေးနဲ့ တကယ် အရသာ ထူးခြားကောင်းမွန်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄လုံး
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ငါးခူ အုန်းနို့ဟင်း

ငါးခူ အုန်းနို့ဟင်း

Catfish_recipe5

အရသာရှိပြီ ခံတွင်းတွေ့စေမယ့် ငါးခူ အုန်းနို့ ဟင်းလျာပါ။ ဟင်းခတ်အမွှေးအကြိုင် များများနဲ့ ရောပြီ ချက်ထားတာမို့ အရသာရော၊ အနံ့ပါ ထူးခြားကောင်းမွန် ပါတယ်။ အုန်းနို့ကြောင့် အရသာက ချိုစိမ့်ပြီ ထမင်းမြိန်စေတဲ့ ဟင်းလျာတစ်ခုပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးခူ – ၃၀ ကျပ်သား(အကောင်ကြီး ၃ကောင်)
  • ကြက်သွန်နီ – ၁လုံး (ညက်အောင် ထောင်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းပါ)

Read more

ငါးဖယ် ဆီပြန်ဟင်းလျာ

ငါးဖယ် ဆီပြန်ဟင်းလျာ

FishCake_Curry6

ထမင်းမြိန်စေမယ့် ငါးဖယ် ဆီပြန်ဟင်းလေးပါ။ အရင်ဆုံး ငါးဖယ်ကို ကြော်ပြီမှ ကလဝေရွက်၊ သစ်ဂျပိုး၊ ဖာလာ၊ ဟင်းခတ်အမွှေးအကြိုင် တွေနဲ့ ငါးဖယ်ကို ဆီပြန်လေး ချက်ထားတာပါ။ အရသာရော၊ အနံ့ပါ ထူးခြားကောင်းမွန်တာမို့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာတစ်ခုပါ။ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ငါးဖယ်ကြော်ရန် ပါဝင်ပစ္စည်းများ

  • ငါးဖယ်ခြစ် – ၃၀ ကျပ်သား (ဆုံထောင်းဖြင့် ထောင်းထားပေးပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်ဥ (အကာ) – ၁လုံး

Read more

ဆူးပုတ် ကြက်ဥကြော်

ဆူးပုတ် ကြက်ဥကြော်

SuPoke_EggFry3

မြန်မာစတိုင် ဆူပုတ်ရွက်ကို ကြက်ဥကြော်လေးပါ။ ဆူပုတ်ရယ်၊ ကြက်ဥ၊ ငရုတ်သီးနီ၊ ကြက်သွန်နီ၊ မဆလာတို့ဖြင့် ရောကြော်ထားတာပါ။ စားလို့လည်း ကောင်းတာမို့ ခုပဲ တူတူကြော်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄လုံး
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီထားပါ)
  • ဆူပုတ်ရွက် – ခွက်တ၀က်စာ

Read more

မြိတ်ကတ်ကြေးကိုက်

မြိတ်ကတ်ကြေးကိုက်

ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နံမည်ကြီးပြီ လူကြိုက်များပါတယ်။ မြိတ်ကတ်ကြေးကိုက်က တခြား ကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။ တချို့ဆို ကမာ၊ ရှပ်၊ ပုဇွန်ခြေထောက်တို့က အစထည့်ပြီ ချက်ကြပါတယ်။ ဒီချက်နည်းလေးက ၀တ်ရည်ရဲ့ အဒေါ်ဆီက ရရှိတာပါ။ ချက်နည်းလေးကို ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ကျပ်သား
  • ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီးခံကာ အခွံနွာပြီ ကျောခွဲထားပေးပါ)
  • ကင်ပွန်း (သို့) ပြည်ကြီးငါး – ၂၀ကျပ်သား (အညှိအခွဲတွေ စဉ်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ)
  • ဂဏန်းချောင်း – ၇ချောင်း (အစောင်းပါးပါးလှီးပါ)

Read more

Wutyee Food House အထူးစပယ်ရှယ် လက်ဖက်သုပ်

Wutyee Food House အထူးစပယ်ရှယ် လက်ဖက်သုပ်

Leave_Salad3

အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက် ဆိုသည့် ဆိုရိုးစကားအတိုင်း အရွက်မှာတော့ လက်ဖက်က အကောင်းဆုံးပါ။ ရှေးအခါကတည်းက ဧည့်သည်ကို လက်ဖက်သုပ်၊ ရေနွေးကြမ်းနဲ့ တခမ်းတနား ဧည့်ခံကျွေးမွေးတာ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ။ အထူးစပယ်ရှယ် လက်ဖက်သုပ်မှာတော့ ပိုမိုထူးခြား ကောင်းမွန်သွားအောင် လက်ဖက်၊ အကြော်စုံအပြင် ပြောင်းဖူး၊ မြေပဲ၊ ဆတ်သားခြောက်၊ ပုဇွန်ခြောက်၊ သီဟိုဌ်စေ့၊ ဖရုံစေ့တို့နဲ့ ချို၊ချဉ်၊ သုပ်ထားတာပါ။ ခုပဲ Wutyee Food House အထူးစပယ်ရှယ် လက်ဖက်သုပ်ကို ရေနွေးကြမ်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်ကြရအောင်…

ပါဝင်ပစ္စည်းများ

  • အရီးတောင်း ဇီယန်း လက်ဖက် – ၁၀၀ဂရမ်
  • အကြော်စုံ – ၂၅၀ ဂရမ်
  • မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း

Read more

ရခိုင် ရေငံ့ ငါးဟင်း

ရခိုင် ရေငံ့ ငါးဟင်း

ရခိုင်စတိုင် ဆီနည်းနည်း ရေကျန် ချက်ထားတဲ့ ရခိုင် ရေငံ့ ငါးဟင်းချက်ပါ။ ပဒယ်ဂေါ၊ ဂျင်းနိုင်နိုင်နဲ့ ချဉ်ငံ့ငံ့စပ်စပ် အရသာကို ရရှိမှာပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ငါးကို နုပ်ထားရန် ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ပဒယ်ဂေါ – လက်တဆစ် (ပါးပါးလှီးပါ)

Read more

မြင်းခြံ ကြက်သား၊ ပလတာ

မြင်းခြံ ကြက်သား၊ ပလတာ

Paratha_Chicken18

မြင်းခြံစတိုင် ကြက်သား နှင့် ပလတာချက်နည်းလေးပါ။ အညာမှာ ခေါ်တဲ့ ပလတာက ရန်ကုန်မှာက အထပ်တရာ ပလတာလို့ ခေါ်ပါတယ်။ ပလတာ လုပ်ပုံ အဆင့်ဆင့်ပါ ဖော်ပြထားတာမို့ လုပ်ရလည်း လွယ်ကူမှာပါ။ အညာ ကြက်သား၊ ပလတာချက်နည်းရဲ့ ထူးခြားချက်က မြင်းခြံ မုန့်ကြွပ်ရယ်၊ ပဲဟင်းရည်နဲ့ တွဲဖက်ပြီ သုံးဆောင်ရတာပါပဲ။ အရမ်းလည်း စားလို့ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပလတာအတွက် ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် – ခွက်၂ခွက်
  • နွားနို့(အပူ)(သို့)ရေပူ – ခွက် ၄ပုံ၃ပုံ
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

Read more

ဗုံလုံသီး နဲ့ ကြက်ဥ အစပ် မွှေကြော်

ဗုံလုံသီး နဲ့ ကြက်ဥ အစပ် မွှေကြော်

Snake_Gourd4

လွယ်လွယ်ကူကူနဲ့ ချက်စားနိုင်ဖို့ ဗုံလုံသီး နဲ့ ကြက်ဥ အစပ်မွှေကြော်ပါ။ သက်သက်လွတ် စားသူတွေအတွက် တကယ်ကို ထမင်းနဲ့ တွဲဖက်သုံးဆောင်ဖို့ စားလို့ကောင်းတဲ့ ဟင်းလျာ တစ်မျိုးပါ။ ခုပဲ တူတူ ချက်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • ဗုံလုံသီး – ၁ခု (၂၀၀ ဂရမ်)
  • ကြက်သွန်နီ – ၁လုံး
  • ကြက်သွန်ဖြူ – ၂မွှာ

Read more

ရခိုင် ကြက်သား ငပိဟင်း

ရခိုင် ကြက်သား ငပိဟင်း

ရခိုင်ရိုးရာ ဖြစ်တဲ့ ကြက်သားကို ငပိနဲ့ ချက်ထားတဲ့ ဟင်းလျာပါ။ အရသာက ထူးကဲပြီ ဟင်းနှစ်များများနဲ့ စားလို့ အရမ်းကောင်းပါတယ်။ အလွယ်တကူပဲ အိမ်မှာ ချက်စားနိုင်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၆ခု (အတုံးလတ်များ ပိုင်းပါ)
  • ခရမ်းချဉ်သီး – ၅လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)
  • ပဒယ်ဂေါ – ၁ခု (ပါးပါး အရှည်လှီးပါ(သို့) မညက်တညက်ထောင်း ချည်ပါ)

Read more

ရဲယိုရွက် ငါးပေါင်းထုပ်

ရဲယိုရွက် ငါးပေါင်းထုပ် (၁၀ထုပ်စာ)

Steam_Fish8

ထမင်းမြိန်စေမယ့် ရဲယိုရွက် ငါးပေါင်းထုပ်ပါ။ တချို့လည်း ငါးပေါင်းထုပ်ထဲ ဗူးသီး ပါးပါးလှီးပြီ ထည့်ပေါင်းပါတယ်။ ရဲယိုရွက်က ဆေးဖက်ဝင်တာမို့ ကြိုက်နှစ်သက်ရင် ငါးပေါင်းထုပ်နဲ့ ရဲယိုရွက်ပါ တွဲစားလို့ရပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးကြင်း(သို့)ငါးခူ(သို့)ငါးရံ့ – ၄၀ကျပ်သား
  • ရဲယိုရွက် – ရွက် ၃၀ (ရေစင်အောင် ဆေးထားပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

Read more

ထမင်းမြိန်စေမယ့် ပဲကြီးနုပ်

ပဲကြီးနုပ်

Bean_Curry2

ပဲကြီးကို ခရမ်းချဉ်သီးနဲ့ ရောချက်ထားတာပါ။ ထမင်းမြိန်စေတဲ့ ဟင်းရံ တမျိုးပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပဲကြီး – ၂၀၀ ဂရမ် (အခွံနွှာထားပေးပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)

Read more

ပုန်းရည်ကြီး ထမင်းကြော်

ပုန်းရည်ကြီး ထမင်းကြော်

Fried_Rice_Pone_Yay_Gyi3

ပုန်းရည်ကြီး ထမင်းကြော်လေးပါ။ ပုန်းရည်ကြီး ချစ်သူတွေအတွက် ထမင်းကြော်နည်း တမျိုးပါ။ ပုန်းရည်ကြီး ထမင်းကြော်ကို ကြက်သားကြော်၊ ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်ဥကြော်၊ ငရုတ်သီးစိမ်းတို့နှင့် တွဲဖက် သုံးဆောင်ရမှာပါ။ အရသာ ပုန်းရည်ကြီး အရသာ ခါးသက်သက်နဲ့ ချဉ် စပ်အရသာလေးပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်း        – ၂လုံး
  • ပုန်းရည်ကြီး               – ၁ထုပ်
  • ဆား                       – လက်ဖက်ရည်ဇွန်း တ၀က်

Read more

ချဉ်စပ် ငါးကောင်လုံးကြော်ဟင်း

ချဉ်စပ် ငါးကောင်လုံးကြော်ဟင်း

မြန်မာစတိုင် ချဉ်စပ် ငါးကောင်လုံးကြော်ဟင်းပါ။ ငါးကြော်လုံးကို အရိုးထုတ်ပြီမှ ဂျုံကပ်ကာ အကြွပ်ကြော်ထားတာပါ။ ပြီမှ အပေါ်မှ ခ၇မ်းချဉ်သီး ဟင်းရည်များကို ဆမ်းပြီ နံနံပင်အုပ်ကာ သုံးဆောင်ရတာပါ။ အရသာက၊ ချဉ်စပ် အရသာနဲ့ တကယ် ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါ။ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ကကတစ်ငါး (သို့) ငါးပါးနီ – တစ်ကောင် (ကြေခွံဖယ်ပြီ သန့်စင်ထားပါ)

၂။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

Read more

ဌက်ပျောဖူးဟင်း

ဌက်ပျောဖူးဟင်း

Banana_Bub6

မွန်ဟင်းလျာ တစ်ခုဖြစ်တဲ့ ဌက်ပျောဖူးဟင်းလျာပါ။ ဈေးမှာလည်း ဌက်ပျောဖူး ၁ဖူးကို ၂၀၀၀န်းကျင်နဲ့ အလွယ်တကူ ၀ယ်လို့ရပါတယ်။ ဌက်ပျောဖူးကို အရသာက နူးညံ့ပြီ တအား စားလို့ ကောင်းပါတယ်။ ဟင်းကောင်းကြိုက်သူတွေ ချက်စားကြည့်ဖို့ ညွှန်လိုက်ပါရစေ…

ပါဝင်ပစ္စည်းများ

  • ဌက်ပျောဖူး – ၁ဖူး
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

Read more

မော်လမြိုင် မုန့်ဟင်းခါး

မော်လမြိုင် မုန့်ဟင်းခါး

MawLaMyaing_Mote_HinKar7

သင်္ကြန် အကြိုနေ့အတွက် မော်လမြိုင် မုန့်ဟင်းခါးပါ။ မော်လမြိုင် မုန့်ဟင်းခါးက ဆီနည်းနည်း၊ ဟင်းရည် ခပ်ကျဲကျဲနဲ့မို့ ရန်ကုန်မုန့်ဟင်းခါးနဲ့တော့ မတူပေမယ့် တမျိုး စားလို့ ကောင်းပါတယ်။ ထူးထူးခြားခြား ငါးပြုတ်ရည်ထဲ ထန်းညက်ခဲ ထည့်ပြီ ပြုတ်ရတာပါ။ ဒီချက်နည်းကို ပေးတဲ့ အန်တီအေးမွန်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ မော်လမြိုင်မုန့်ဟင်းခါးကို တူတူ ချက်ကြည့်ရအောင်…

မော်လမြိုင် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၄၀ကျပ်သား

၂။ ငါးခူ – ၃၀ ကျပ်သား (ငါးခူကို ထန်းညက် ၃ခဲ၊ ငါးငံပြာရည်၊ ဆား၊ စပါးလင်တို့ဖြင့် ပြုတ်ရမည်)

Read more

သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး

သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး

မြန်မာ အတာနှစ်ကူးမှာ စိတ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ ကိုယ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့  Wutyee Food House မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ သင်္ကြန်မှာ မုန့်တွေ တ၀ကြီး လုပ်စားနိုင်ဖို့ မုန့်လုပ်နည်း ၁၅မျိုးကို တင်ဆက်ပေးလိုက်ပါတယ်..

Read more

ကြက်သား လက်ဖက်ဟင်း

ကြက်သား လက်ဖက်ဟင်း

Tea_Leave_Chicken6

ကြက်သားကို လက်ဖက်ရွက်ကို ပြုတ်ပြီ ရတဲ့ အရည်နဲ့ ချက်ထားတာမို့ လက်ဖက်နံ့လေး သင်းနေပါတယ်။ အရသာက အီ၊ ချဉ်၊ စိမ့်စိမ့်လေးနဲ့ တမူထူးခြား ကောင်းမွန်ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၄ခု (အရေခွံဖယ်ပြီ ထက်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းထားပါ)

Read more

သင်္ကြန်ထမင်း

သင်္ကြန်ထမင်း

Thingyan_Rice5

မွန်ရိုးရာ သင်္ကြန်ထမင်းပါ။ သင်္ကြန်မှာ မပါမဖြစ် အစားအစာ တစ်မျိုးဖြစ်ပါတယ်။ သင်္ကြန်ထမင်းကို ဖယောင်းချက် အနံ့ မွှေးမွှေးလေးနဲ့ သုံးဆောင်ရတာပါ။ တချို့ကတော့ ဖယောင်းအနံ့ကို မကြိုက်တာမို့ ထည့်မချက်ထားပါဘူး။ သင်္ကြန်ထမင်းကို ငါးခြောက်ကို သရက်သီးစိမ်းနဲ့ ကြော်ရယ်၊ ရေအေးထည့်ပြီ သုံးဆောင်ကြပါတယ်။ ၀တ်ရည်က တမျိုးဆန်းသွားအောင် သရက်ချဉ်သုပ်နဲ့ ငါးခြောက်ထောင်းကြော်ရယ် နှစ်မျိုးခွဲထားလိုက်တာပါ။ ဒီနည်းလေးလည်း စားလို့ ကောင်းတာမို့ လုပ်စားကြည့်ကြရအောင်..

သင်္ကြန်ထမင်း ပါဝင်ပစ္စည်းများ

  • ဆန် – ၂ခွက်
  • ဖယောင်းချက် – အနည်းငယ် (Optional)
  • ငရုတ်သီးခြောက်နီ – ၄ခု (ဆီဖြင့် အနည်းလှော်ပေးပါ)

Read more

ဆေးဘဲဥသုပ်

ဆေးဘဲဥသုပ်

Medicine_Egg_Salad1

ထမင်းမြိန်စေမယ့် ဆေးဘဲသုပ်ပါ။ ဆေးဘဲဥကို ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး နှင့် သံပရာသီးတို့ဖြင့် ချဉ်ငံ့စပ် သုပ်ထားတာပါ။ စားလို့ ကောင်းတာမို့ ခုပဲ တူတူ သုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ – ၃လုံး (အခွံနွှာပြီ ဆေးဘဲဥ ၈ပိုင်ပိုင်းထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ကာ ပါးပါးလှီးပါ)

Read more

အညာ ထမင်းသုပ်

အညာ ထမင်းသုပ်

Rice_Salad_Prawn4

အညာစတိုင် ပဲမှုန့် များများနဲ့ ထမင်းအချိုသုပ်လေးပါ။ ထမင်းသုပ်ကို ပုဇွန်ထုပ်ကြော်လေးနဲ့ တွဲဖက် ထားပါတယ်။ လုပ်ရတာလည်း လွယ်ပြီ အရသာရှိတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ထမင်းသုပ်တွင် ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်း – ၃ယောက်စာ
  • ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၃ဇွန်း (ကြက်သွန်နီ ၂လုံး ပါးပါးလှီးပြီ ဆီဖြင့် ကြော်ပါ)

Read more

ဝက်သားနီချက်

ဝက်သားနီချက်

Pork_Red_Curry4

မြန်မာဟင်းလက်ရာ ၀က်သားနီးချက်ပါ။ ၀က်သားနီချက်မှာ သကြားကို ဆီသပ်တာက အဓိက ကြပါတယ်။ သကြားနီညှိရောင်သန်းသွားမှ ၀က်သားထည့်ကာ ၀က်သားနီသည်အထိ လုံးချက်ရတာမို့ ၀က်သားနီချက်လို့ ခေါ်ကြတာပါ။ အရသာ ချိုချဉ် အရသာလေးနဲ့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းတခွက်ဖြစ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်အဆီနဲ့အသား (သို့) ၀က်သားသုံးထပ်သား – ၅၆၀ ဂရမ် (၃၅ကျပ်သား) (အတုံးကြီးများ တုံးထားပေးပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

Read more

ငါးသလောက်ပေါင်း

ငါးသလောက်ပေါင်း

Fish_Anchovy_Steam5

ငါးသလောက်ပေါင်း ကြိုက်သူတွေ ပေါင်းအိုးလိုက်သာ အားပေးသွားကြပါနော်။ ကြံခင်းပြီ ငါးသလောက်ကို ပေါင်းထားတာပါ။ ကြံကြိတ်ကို ခင်းသလို၊ ကြံကို ထပ်ခြမ်းခြမ်းပြီ ခင်း(သို့) စပါးလင်ကို ထုချည်ပြီခင်းကာ ငါးသလောက်ကို ပေါင်းလို့ရပါတယ်။ အဓိက ငါးသလောက် အိုးအောက်ခြေနဲ့ မကပ်ဖို့အတွက်ပါ။ ဒီ ငါးသလောက်ကို Slow cooker နဲ့ချက်ထားတာမို့၊ အရိုးပါ စားလို့ရတဲ့အထိ အရမ်းနူးအိပြီ အရမ်းစားကောင်းပါတယ်။ အလျှူတွေ အတွက်ပဲ ဖြစ်ဖြစ်၊ အိမ်မှာ လုပ်စားဖို့ပဲဖြစ်ဖြစ် ချက်နည်း ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးသလောက် – ၁ကောင် (၄၅၀ ဂရမ်) (ငါးကို ကြေခွံဖယ်ပြီ သန့်စင်ထားပေးပါ) (အကောင်ကြီး ၁ကောင်၊ အကောင်သေး ၂ကောင်)
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပေးပါ)

Read more

အမဲသားခပတ်၊ အာလူးဟင်း

အမဲသားခပတ်၊ အာလူးဟင်း

Beef_Kabab_Potato6

အမဲသားခပတ်၊ အာလူးဟင်း ချက်နည်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ စားလို့ အရမ်းကောင်းပါတယ်။ အာလူးကို ကြော်ပြီ အမဲသားခပတ်ဟင်းနဲ့ တွဲရောချက်ထားတာပါ။ ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • အမဲသား – ၃၂၀ဂရမ်(၂၀ကျပ်သား) (နုပ်နုပ်စဉ်းပါ)
  • အာလူး (အလုံးသေး) – ၅လုံး (နူအောင် ပြုတ်ထားပေးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီး ၈စိပ်လှီးပါ)
  • ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ကြက်သောက်ဆမ်း

ကြက်သောက်ဆမ်း (မွန်စတိုင်)

Chicken_Soup (Mon Style3)

ကြက်သောက်ဆမ်း ချက်နည်းလေးပါ။ ကြက်သောက်ဆမ်း ချက်နည်းက မြန်မာစတိုင်ဆိုရင် ကြက်ကာလသဟင်းလို့ ခေါ်ပါတယ်။ ရခိုင်စတိုင် ကြက်သောက်ဆမ်းလည်း ရှိပါသေးတယ်။ ရခိုင်စတိုင် ကြက်သောက်ဆမ်းက ပိုစပ်ပြီ ငပိပါ ထည့်ချက်ပါတယ်။ ခုမွန်စတိုင် ချက်နည်းက ငရုတ်သီး ဓားပြရိုက်ထည့်၊ ပင်စိမ်းအုပ်၊ မဆလာ လေးနဲ့ အရသာက စားလို့အရမ်းကောင်းပါတယ်။ ကြက်သောက်ဆမ်းအရည်ကို ထမင်းပေါ် ဆမ်းလည်း စား၊ ဟင်းချို အနေနဲ့လည်း သောက်လို့ရပါတယ်။ ၀တ်ရည်က ပိုထူးခြားသွားအောင် ကြက်သား အရင်နုပ်ထားပြီမှ ချက်ထားတာပါ။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ကြက်သား – ၄၅၀ ဂရမ် (အတုံးသေးများ တုံးပါ)(ကြက်ပေါင်၊ တောင်ပံ၊ ကြက်ခြေထောက် မိမိကြိုက်နှစ်ရာ ထည့်ချက်နိုင်သည်)
  • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၄တောင့် (ဓားပြရိုက်(သို့) ထက်ခြမ်းခြမ်းပါ)

Read more