Archive for ဂျပန်စတိုင် ချက်ပြုတ်နည်း

Mario Bento ထမင်းဘူး

Mario Bento ထမင်းဘူး

Mario_Bento8

ဒါကတော့ သားသားမီးမီးတွေအတွက် ဂိမ်းဇာတ်ကောင် Mario ထမင်းဘူးလေး ပြုလုပ်ထားပါတယ်။ ထမင်းဘူးထဲမှာ ဂျပန်တို့ဟူးကင်၊ ရေညိုသုပ်၊ ကြက်အူချောင်းကြော်၊ ဂဏန်းချောင်းကြော်၊ ၀က်သားပြားကြော်၊ အစုံအလင်ထည့်သွင်းပေးထားပါတယ်။ ထမင်းစားပြီ သုံးဆောင်နိုင်အောင် ငပျောသီးလေးပါ ထည့်ထားပါတယ်။ စားချင်စဖွယ်ကောင်းတဲ့ Mario Bento ထမင်းဘူးလေးကို ခုပဲ တူတူလုပ်ကြည့်ရအောင်…

ထမင်းဘူးတွင် တခြားပါဝင်ပစ္စည်းများ

  • ·         ကြက်အူချောင်း – ၂ချောင်း (၁လက်မအရွယ်များ ပိုင်းဖြတ်ကြော်ပေးပြီ ရေညိုပတ်ထားပေးပါ)
  • ·         ဂဏန်းချောင်း – ၂ချောင်း (ဆီဖြင့် ကြော်ပေးထားပြီ ရေညိုရွက်ပတ်ပါ)
  • ·         ၀က်သားပြား – ၂ပြား (ဆီဖြင့် ကြော်ထားပြီ ရေညိုရွက် ပတ်ပါ)
  • ·         ရေညိုသုပ် – ၁ခွက်စာ (ရေညိုခြောက်ကိုေ၇စိမ်ပြီ နှမ်းဆီ၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ရှာလကာရည်(စားပွဲတင်ဇွန်း တ၀က်)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် ရောနုယ်ထားပါ)
  • ·         ငပျောသီး – ၁လုံး (ပါးပါးလှီးပါ)

Read more

ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento မုန့်ဘူး

ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento

Sandwich_Bento11

ဒီတစ်ခါတော့ သားသားမီးမီးတွေ အကြိုက် ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento လေးပါ။ ကြက်သားရယ်၊ ကြက်ဥကို မရိုနစ်နဲ့ ရောမွှေပြီ ဆမ်ဝေ့ပြုလုပ်ထားတာပါ။ ဆမ်ဝေ့နဲ့ တွဲဖက် သုံးဆောင်ဖို့အတွက် ကြက်ဥ နှင့် အာလူးကြော်ကို ထည့်သွင်းပေးထားပါတယ်။ ချစ်စဖွယ် ကြက်ဥလေးကိုလည်း ပုံဖော်ပေးထားတာမို့ သားသားမီးမီးတွေ ကြိုက်နှစ်သက်ကြမှာပါ။

ဆမ်ဝေ့တွင် ပါဝင်ပစ္စည်းများ

  • ပါမုန့် – ၃ချပ်
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း (သုပ်ရန်)
  • ကြက်ဥ – ၁လုံး (ပြုတ်ထားပေးပါ)

Read more

Angry Bird Bento ထမင်းဘူး

Angry Bird Bento ထမင်းဘူး

AngryBird_Bento12

Angry Bird bento ထမင်းဘူးလေးပါ။ ထမင်းကို Angry brid ပုံဖော်ထားပြီ ကလေးတွေ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ အဓိက ကြက်ဥကို မုန်လာဥနီ၊ ကြက်သွန်မြိတ် တို့နဲ့ ရောကြော်ထားတာပါ။ ပြီလျှင် ဟင်းသီးဟင်းရွက် အစုံ၊ အသီးအနှံတွေနဲ့ တွဲဖက် သုံးဆောင်ရမှာပါ။ ခုပဲ တူတူ ထမင်းဘူးလေး ပြင်ဆင်ကြည့်ရအောင်…

ထမင်းဘူးတွင် တခြား ပါဝင်ပစ္စည်းများ

  • ကြက်အူချောင်း – ၂ချောင်း (ကြက်အူချောင်းကို ၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၁ခု (အ၀ိုင်းပါးပါးလှီး၊ ပြုတ်ထားပေးပါ)

Read more

Frozen Bento ထမင်းဘူး

Frozen Bento ထမင်းဘူး

Snow_Bento16

Bento ဆိုတာ တစ်ယောက်စာပြင်ဆင်ပေးထားတဲ့ ထမင်းဘူး (သို့) အိမ်မှာ ကိုယ်တိုင် လုပ်ပေးထားတဲ့ စပယ်ရှယ် ထမင်းဘူးလေးတွေပါ။ ဂျပန်ကာတွန်း၊ မန်ဂျာ၊ ဂိမ်းထဲမှ ဇာတ်ကောင်တွေနဲ့ အလှဆင်ထားတဲ့ bento ကိုတော့ Kyaraben လို့ခေါ်ပါတယ်။ အဓိက ကလေးငယ်တွေ အစားအသောက် အပေါ်ပိုမို စားချင်စဖွယ် ဖြစ်လာအောင်၊ စိတ်ဝင်စားလာအောင် မိဘတွေက အထူးစီမံ လုပ်ပေးထားတဲ့ ထမင်းဘူးလေးတွေပါ။

ဒီတစ်ခါတော့ သားသားမီးမီးတို့အကြိုက် Frozen ကာတွန်းကားထဲမှ Olaf နှင်းရုပ်လေးပုံဖော်ထားတဲ့ Bento ထမင်းဘူးပါ။ ထမင်းဘူးထဲမှာ ကြက်ဥလိပ်၊ ၀က်သားအကြွပ်ကြော်၊ ကြက်အူချောင်း၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပြောင်းဖူး၊ ကြက်ဥ တို့အဟာရပြည့်ဝအောင် အစုံအလင် ထည့်ထားပါတယ်။ စားချင်စဖွယ်ကောင်းတဲ့ ထမင်းဘူးလေးကို တူတူပြင်ဆင်ကြည့်ရအောင်..

Read more

ကြက်သား Teriyaki ဆော့

ကြက်သား Teriyaki ဆော့

Chicken_Teriyaki4

ကြက်သား နှင့် Teriyaki ဆော့ ချက်နည်းပါ။ ကြက်သားကို မချက်ခင် teriyaki ဆော့နှင့် ရောမွှေပြီမှ ချက်ထားတာမို့ အသားက အရမ်းနူးအိပြီ စားလို့ ကောင်းပါတယ်။ လုပ်ရတာလည်း အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၃၂၀ဂရမ် (၂၀ကျပ်သား) (၁လက်မအရွယ်အတုံးလေးများ တုံးထားပါ)
  • ဆာကေး(ဆန်ဝိုင်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • Mirin (ဆန်ဝိုင် အချို) – စားပွဲတင်ဇွန်း ၄ဇွန်း

Read more

တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်

တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်

Grill_ChickenwithWaterMelonSalad3

တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်လေးပါ။ ကြက်သားကို တာရီယာကီဆော့နဲ့ ၁နာရီလောက်နုပ်ပြီမှ ကင်ထားတာမို့ အသားကလည်း နူညံ့ပါတယ်။ ဖရဲသားကို ချိုချဉ်လေး သုပ်ထားတာမို့ တမူထူးခြားပြီ ကြက်သားကင်နဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

တာရီယာကီ ကြက်သားကင်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ တောင်ပံ၊ ဆီဘူး – ၄၀၀ ဂရမ်
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်

ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်

Salmon_Grill2

ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်ပါ။ ဆယ်မွန်ကို တာရီယာကီဆော့နဲ့ ကင်ထားတာမို့ အရမ်းစားလို့ ကောင်းပါတယ်။ ဆယ်မွန်ငါးကင် နှင့် သစ်သီး ဆလတ်သုပ်က ကျန်မာရေးနဲ့ ညီညွှတ်ပြီ လုပ်ရလည်း လွယ်ပါတယ်။ ခုပဲ တူတူလုပ်စားကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ဆယ်မွန်ငါး – ၄၀၀ ဂရမ် (အလယ်အရိုးကနေ ထက်ခြမ်းခြမ်းထားပေးပါ)
  • ပန်းသီး – ၁လုံး (အခွံနွှာပြီ အတုံးများ တုံးပါ)
  • စပျစ်သီး – ၁၀လုံး

Read more

ဂျပန်စတိုင် တို့ဟူးကြော်

ဂျပန်စတိုင် တို့ဟူးကြော်

ဂျပန်စတိုင် တို့ဟူးကြော်ပါ။ တို့ဟူးကို ဆန်ဝိုင်း၊ ပဲငံပြာရည်၊ နှမ်းဆီ တို့နှင့် နုပ်ထားပြီမှ ကြော်ထားတာပါ။ အဆာပြေ လုပ်စားမယ်ဆိုရင်လည်း အလွယ်တကူ လုပ်စားလို့ရပါတယ်… ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

တို့ဟူးကြော်တွင် ပါဝင်ပစ္စည်းများ

  • ၃၀၀ ဂရမ် (ဂျပန်တို့ဟူး အဖြူ)
  • ကြက်သွန်မြိတ် – စည်းဝက် (အစောင်း ပါးပါးလှီးပါ)

Read more

Soba ခေါက်ဆွဲ နှင့် တူနာ၊ အရွက်စုံသုပ်

Soba ခေါက်ဆွဲ နှင့် တူနာ၊ အရွက်စုံသုပ်

ဂျပန် soba ခေါက်ဆွဲကို တူနာ နှင့် အရွက်စုံသုပ်ထားတာပါ။ အရသာက ချိုချဉ်လေးနဲ့ အရမ်းစားလို့ကောင်းပါတယ်။ soba ခေါက်ဆွဲတွေကိုလည်း Supermarket တွေမှာ ၀ယ်ယူနိုင်ပြီမို့ အလုပ်တကူနဲ့ နေ့လည်စာ၊ ညနေစာအတွက် လုပ်စားနိုင်မှာပါ။ ခုပဲ တူတူသုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • Soba ခေါက်ဆွဲ – ၃၀၀ ဂရမ်
  • တူနာ ဆီသွပ်ဗူး – ၁ဗူး (ဆီသွပ်ဗူးမှ အရည်များကို သွန်လိုက်ပါ)
  • သခွားသီး – ၁ခွက် (အခွံနွှာပြီ အတုံးသေးများ တုံးပါ)

Read more

ဝက်သားလုံး ငုန်းဥ အစာသွပ်

ဝက်သားလုံး ငုန်းဥ အစာသွပ်

ဝက်သားလုံး ငုန်းဥ အစာသွပ် လုပ်နည်းလေးပါ။ ၀က်သားလုံးကို တာကီယာကီဆော့နဲ့ ချက်ထားမို့ အရသာက အရမ်းကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်ပြီ စားလို့ ကောင်းပါတယ်။ ထမင်းနဲ့ တွဲဖက် စားသုံးမယ်ဆိုလည်း အရမ်းလိုက်ဖက်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ

  • ၀က်သား – ၃၂၀ ဂရမ် (၂၀ကျပ်သား) (နှုတ်နုတ်စဉ်းထား ပါ)
  • ငုန်းဥ – အလုံး ၂၀ (ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)

Read more

ဂျပန်စတိုင် ကြက်သား မာဆလာဟင်း

 

ဂျပန်စတိုင် ကြက်သား မာဆလာဟင်း

ဂျပန်မှာ လူကြိုက် အများဆုံး ကြက်သား မာဆလာဟင်း (ခေါ်) Japanese curry။ ဟင်းအနှစ်နဲ့ ကြက်သားအပြင် အမဲသား၊ ၀က်သား၊ ပုဇွန် နှင့် ဟင်းရွက်စုံတို့ဖြင့် လည်း ဒီမာဆလာဟင်းကို ချက်လို့ရပါသေးတယ်။ ကြက်သား မာဆလာဟင်းကို ထမင်းနှင့် တွဲဖက် သုံးဆောင်ရတာပါ။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၄၀၀ ဂရမ် (၂၅ ကျပ်သား)
  • မုန်လာဥနီ – ၂ဥ (အတုံးလတ်လေးများ တုံးပေးပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဝက်သား အကြွပ်ကြာ် နှင့် tonkatsu ဆော့

ဝက်သား အကြွပ်ကြာ် နှင့် tonkatsu ဆော့

ဂျပန်စတိုင် Tonkatsu လို့ခေါ်တဲ့ ၀က်သား အကြွပ်ကြော်ပါ။ ၀က်သား အကြွပ်ကြော်ကို ပါးပါးလှီးပြီ အပေါ်က Worcestershire ဆော့ဆမ်းကာ ဂေါ်ဖီတွေနဲ့ တွဲဖက်သုံးဆောင်ရပါတယ်။ ဒီဝက်သား အကြွပ်ကို ဆမ်ဝေ့ထဲမှာ အစားသွပ်ပြီလည်း သုံးဆောင်လို့ရသလို၊ ဂျပန်ဟင်းလျာတွေနဲ့လည်း တွဲဖက် စားသုံးလို့ရပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သား (လိုင်းသား) – ၂ခု (၂၅၀ ဂရမ် (သို့) ၁၅ကျပ်သား)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ် (ဖြူးပေးရန်)

Read more

Udon ခေါက်ဆွဲပြုတ်နှင့် တန်ပူရာကြော်

Udon ခေါက်ဆွဲပြုတ်နှင့် တန်ပူရာကြော်

ဂျပန်စတိုင် Udon ခေါက်ဆွဲ နှင့် တန်ပူရာကြော်ကို တွဲဖက်စားသုံးရတာပါ။ Udon ခေါက်ဆွဲပြုတ်ကို ပူပူနွေး သုံးဆောင်ရတာပါ။ Udon ခေါက်ဆွဲ၊ ငါးပြုတ်ရည်၊ ကြက်သွန်မြိတ်၊ တန်ပူရာကြော် တို့ဖြင့် သုံးဆောင်ရတာမို့ အရသာက အရမ်းကောင်းမွန်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • Udon ခေါက်ဆွဲ – ၃ထုပ်
  • တန်ပူရာကြော် မုန့်ကြွပ် – အပေါ်မှ ဖြူးရန် (တန်ပူရာကြော်လျှင် ရလာသော  မုန့်နှစ်ကြော် အတိုအထွာများကို ပြောခြင်းဖြစ်သည်)
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
  • ရေညှိ – အနည်းငယ် (တွဲဖက်သုံးဆောင်ရန်)

Read more

ငပျောသီး Crepe

ငပျောသီး Crepe (၁၀ယာက်စာ)

ဂျပန်မှာ လူကြိုက်များတဲ့ ငပျောသီး crepe ပါ။ အရသာလည်း အရမ်းကောင်းမွန်ပြီ လုပ်ရတာလည်း ပျော်ဖို့ ကောင်းပါတယ်။ ငပျောသီး crepeမှာ ငပျောသီး၊ ချောကလက်ရည်၊ Almond၊ whipped cream အပြင် ရေခဲမုန့်ပင် ပါပါသေးတယ်။ တချို့ကလည်း ဒီ crepe ကိုပဲ စတော်ဘယ်ရီနဲ့ လုပ်ကြပါတယ်။ ဂျပန်မှာ ၀ယ်စားရင် တစ်ခုကို ယမ် ရ၀၀ ဆိုတော့ မြန်မာငွေ ရ၀၀၀လောက် ရှိပါတယ်။ အိမ်မှာ ကိုယ်တိုင်လုပ်ရင် တစ်ခုကို ၁၅၀၀လောက်ပဲ ကုန်ကျတာမို့ အရသာလည်း ရှိပြီ စားလို့ ကောင်းတယ့် ငပျောသီး crepe ကို ခုပဲလုပ်စားရအောင်….

ပန်ကိတ် လုပ်ရန် ပါဝင်ပစ္စည်းများ

  • ထောပတ် – ၁၅၀ ဂရမ်(အတုံး သေးများတုံးထားပါ)
  • နွားနို့ – ၆၀၀ ဂရမ်
  • ကြက်ဥ – ၈လုံး

Read more

သက်သက်လွတ် ချက်ပြုတ်နည်း (၃၃)မျိုး

သက်သက်လွတ် ချက်ပြုတ်နည်း (၃၃)မျိုး

ဝါတွင်း၃လ သက်သက်လွတ်စားရင်း ကုသိုလ်ယူမယ့် ဟင်းချက်ညီအစ်မ၊ ညီအစ်ကိုများ အတွက် သက်သက်လွတ် ချက်နည်း (၃၃)မျိုးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဟင်းလျာတွေ ချက်ပြုတ်ရင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ…

Read more

ဆူကီယာကီ (Japan Hot Pot)

ဆူကီယာကီ (Japan Hot Pot)

ဂျပန်စတိုင် Sukiyaki ဟော့ပေါ့ပါ။ အမဲသား စတူးချက်ပြီ၊ ဟင်းရွက်၊ ပဲပြား၊ ဂျပန်ခေါက်ဆွဲ စုံစုံလင်လင်ဖြင့် မိသားစု (သို့) သူငယ်ချင်းတို့နဲ့ အတူတူ ဟော့ပေါ့ လုပ်စားနိုင်အောင်ပါ။ ဟော့ပေါ့အရည်က အရသာ ချိုစိမ့်တဲ့ အရသာရရှိမှာပါ..

ပါဝင်ပစ္စည်းများ

  • အမဲသား – ၂၅ကျပ်သား (အရှည်ပါးပါးလှီးပါ)
  • Sukiyaki ခေါက်ဆွဲ – ၂၅၀ ဂရမ်
  • မှိုခြောက်ပွင့် – ၁၀ခု (ရေနွေးဖြင့်ပြုတ်ပြီ အညှာဖယ်ပေးပါ)
  • enoki မှို (သို့) Shimeji မှို – ၂ထုပ်

Read more

တို့ဟူး ပုဇွန်ကြော်

တို့ဟူး ပုဇွန်ကြော်

အစာပြေလုပ်စားနိုင်ဖို့ ဂျပန် တို့ဟူးကြော်ပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဂျပန်တို့ဟူး(အဖြူ) – ၃၀၀ ဂရမ်
  • ပုဇွန် – ၁၂၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
  • ကြက်ဥ – ၂လုံး (ခလောက်ထားပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Read more

နှစ်တစ်ရာပဲ နဲ့ Shimeji ဂျပန်မှိုကြော်

နှစ်တစ်ရာပဲ နဲ့ Shimeji ဂျပန်မှိုကြော်

နှစ်တစ်ရာပဲ နဲ့ Shimeji ဂျပန်မှိုနဲ့ ရောကြော်ထားပါ။ သံပရာအနံ့လေးနဲ့ သင်းပြီ အရမ်းစားလို့ကောင်းပါတယ်။ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • နှစ်တစ်ရာပဲ (Ginkgo Nut) – ၁၀ကျပ်သား(သံဈေးတွင် ၀ယ်ယူနိုင်သည်)
  • Shimeji မှို – ၁ ထုပ် (CityMart တွင် ဂျပန်မှိုဝယ်ယူနိုင်သည်)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

Read more

အမဲသားလိပ်ကြော်

အမဲသားလိပ်ကြော်

ဂျပန်စတိုင် အမဲသားလိပ်ကြော်ပါ။ အမဲသားကို ဂျပန် ဆာကေး၊ ဆန်ဝိုင်တို့နဲ့ နုပ်ထားပြီမှ ကြက်သွန်မြိတ်အစာသွပ်ပြီ လိပ်ကြော်ထားတာပါ။ အသင့်လှီပြီသား အမဲသားကို သုံးလျှင် ပိုမိုလွယ်ကူသည်။ အရမ်းစားကောင်းတာမို့ ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား – ၄၀၀ ဂရမ် (ဓားဖြင့် ပါးပါးလှီးပေးပါ)
  • ကြက်သွန်မြိတ် – ၂စည်း (၂လက်မခွဲအရွယ်များ ပိုင်းထားပါ)
  • ဆာကေး – ၁၀၀ ဂရမ်
  • ဆန်ဝိုင် – ၁၀၀ ဂရမ်

Read more

ကြက်ဥ ထမင်းကြော်

ကြက်ဥ ထမင်းကြော်

ဂျပန်စတိုင် ကြက်ဥ ထမင်းကြော် လေးပါ။ ခရမ်းချဉ်သီးဆော့၊ ကြက်ဥ နဲ့ တွဲဖက် စားသုံးရတာမို့ တမျိုး ကောင်းမွန်တဲ့ ထမင်းကြော်လေးပါ။ ချက်နည်းလေး ကြည့်ရအောင်….

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၁ခု (အတုံးသေးများတုံးပါ)
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)

Read more

ဂုံးကင်

ဂုံးကင်

ဒီဂုံးကင် ချက်နည်းက အလွယ်တကူ ချက်နိုင်သလို ထောပတ် ရနံ့လေး သင်းပြီ အရသာပါ ထူးခြားပါတယ်။ အစာပြေ၊ ဟင်းရံအဖြစ် ဂုံးကင်ကို အစားများကြပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဂုံး – ၂၀ခု (၁ထုပ်) (City Mart တွင် သန့်စင်ပြီသား ဂုံးများကို အလွယ်တကူ ၀ယ်ယူနိုင်သည်)
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – (ဂုံးကင်လျှင် အောက်ခံ ခင်းရန်)
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)

Read more

မီဆို ဟင်းချို

မီဆို ဟင်းချို

ဂျပန်စတိုင် မီဆို ဟင်းချိုပါ။ ဂျပန်ဟင်းချို ချက်နည်းတွေထဲမှာ အလွယ်ဆုံး ချက်နည်း တမျိုးပါ။ ဟင်းချိုအတွက် လိုအပ်တာက မီဆိုအနှစ်၊ ရေညှိ၊ ပဲပြား၊ ကြက်သွန်မြိတ်တို့ ပါပဲ။ အဓိကဟင်းလျာတွေနဲ့ တွဲဖက် သုံးဆောင်ဖို့  သင့်လျော်ပါတယ်။ မီဆိုဟင်းချို ကောင်းကောင်း သောက်ချင်သူအကြိုက်ဖြစ်မှာပါ။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • မီဆို အနှစ် (miso paste) – စားပွဲတင်ဇွန်း ၆ဇွန်း

Read more

ကယ်လီဖိုနီယား ဆူရှီ

ကယ်လီဖိုနီယား ဆူရှီ

အမေရိကာမှာ လူကြိုက်များတဲ့ ကယ်လီဖိုနီယား ဆူရှီပါ။ ဂဏန်းသား၊ ထောပတ်၊ သခွာသီး၊ ကြက်ဥ အရသာစုံ ပေါင်းစပ်ထားတာပါ။ ကယ်လီဖိုနီယား ဆူရှီမှာ ဆူရှီထမင်းနဲ့ ရေညှိရွက်ကို ပြောင်းပြန်ခင်းပြီမှ လိပ်ထားတာပါ။ ဆူရှီလေး တူတူလုပ်ကြည့်ရအောင်…

ကယ်လီဖိုနီယား ဆူရှီ ပါဝင် ပစ္စည်းများ

  • ဆူရှီ ထမင်း – (ဆူရှီ ထမင်း ချက်နည်းကို ဂျပန်ဆယ်မွန်ဆူရှီ လုပ်နည်းတွင် ကြည့်ပါ)
  • ရေညှိရွက် – ၃ရွက်
  • ဂဏန်းချောင်း – ၆ချောင်း (အချောင်း ပါးပါးလှီးပါ)

Read more

ဂျပန် ပါဝင်ပစ္စည်း အခေါ်အဝေါ်များ

ဂျပန်ဟင်းလျာတွင် ပါဝင်ပစ္စည်းများ

ဂျပန် ဟင်းလျာ ပါဝင်တဲ့ ပစ္စည်းတွေက အများစုနှင့် မရင်းနှီးတာမို့။ ဂျပန်ဟင်းလျာထဲတွင် ထည့်သုံးမည့် ပါဝင်ပစ္စည်း တစ်ခုခြင်းစီရဲ့ အသုံးဝင်ပုံ၊ မည်သည့်နေရာတွင် ၀ယ်ယူနိုင်သည် အချက်အလက်တွေပါ ထည့်သွင်းပေးထားတာမို့ ချက်စားတဲ့အခါ လွယ်ကူမှာ ဖြစ်ပါတယ်။

Read more

ကြက်သားကြော် နှင့် ဗီနီကာ၊ ပဲငံပြာရည်ဆော့

ကြက်သားကြော် နှင့် ဗီနီကာ၊ ပဲငံပြာရည်ဆော့

ကြက်သား နန်ဘမ်လို့ ခေါ်တဲ့ ကြက်သားကြော် လေးတွေကို ဗီနီကာ၊ ပဲငံပြာရည်ဆော့နှင့် တွဲဖက် စားသုံးရတာပါ။ ကြက်သား နန်ဘမ်မှာ ခရမ်းသီးကြော် က အဓိကပါဝင်ပါတယ်။ ခရမ်းသီးကြော်၊ ငရုတ်ပွကြော်၊ ကြက်သားကြော် အပြင် ဆော့နဲ့ ပေါင်းစပ်လိုက်တော့ ကြွပ်ရွပြီ အရမ်းစားကောင်းပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ပြီ အချိန်တိုတွင်းမှာပဲ လုပ်စားလို့ရပါတယ်။ လုပ်နည်းလေး ကြည့်ရအောင်…

ကြော်ရန် ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၃၀၀ ဂရမ် (၁လက်မအရွယ် အပါးလှီးပါ)
  • ခရမ်းသီး – ၁ခု (၁လက်မအရွယ် ခပ်ထူထူ လှီးပေးပါ)
  • ငရုတ်ပွစိမ်း – ၂ခု (၈စိပ်စိပ်ပါ)

Read more

ကြက်ဥ ပန်ကိတ်

ကြက်ဥ ပန်ကိတ် (၈-၁၀ခု)

ဂျပန်စတိုင် ကြက်ဥပန်ကိတ်လေးပါ။ အစာပြေ အိမ်မှာ လုပ်စားနိုင်အောင်ပါ။ အရသာ ချိုစိမ့်ပြီ အရမ်းစားလို့ ကောင်းပါတယ်။ ဒီကြက်ဥ ပန်ကိတ်ကြော်ဖို့ စတုဂံဒယ်အိုးလေး လိုပါတယ်။ ဒါပေမယ့် ၀တ်ရည်ကတော့ စတုဂံဒယ်အိုး သီးသန့်ဝယ် မနေပဲ၊ အိမ်မှာ ရှိတဲ့ ဒယ်အိုးနဲ့ပဲ ကြော်ထားတာ အဆင်ပြေပြီ စားလို့ ကောင်းပါတယ်။ လုပ်ပုံအဆင့်ဆင့်ကိုပါ ရေးပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ လုပ်နည်းလေး ကြည့်ရအောင်….

ပါဝင်ပစ္စည်းများ

ကြက်ဥ – ၅လုံး

ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ

သကြား – စားပွဲတင်ဇွန်း ၅ဇွန်း

Read more

ဂျပန် ဆယ်မွန် ဆူရှီ

Finger ဆူရှီ

ဆယ်မွန် ငါးသားလွှာနဲ့ လုပ်ထားတဲ့ ဆူရှီ လေးတွေပါ။ ဆယ်မွန်ငါးအသားလွှာ ကို ဆာရှီမီအဖြစ်လည်း အစားများကြပါတယ်။ ခုတော့ ၀တ်ရည်က ဆာရှီမီ အဖြစ်ရော၊ Finger ဆူရှီ အဖြစ်ပါ လုပ်စားနိုင်အောင် ၂မျိုးလုံး လုပ်နည်းလေး ဖော်ပြပေးထားပါတယ်။ တူတူ ဆူရှီလေး လုပ်ကြရအောင်…

ဆူရှီ ထမင်းတွင် ပါဝင်ပစ္စည်းများ

ရှမ်းဆန် – ၂ခွက်

ရေ – ၃ခွက်

ဆန်ဗီနီကာ – ခွက် ၄ပုံ၁ပုံ (သို့) စားပွဲတင်ဇွန်း ၄ဇွန်း

Read more

Rice ဘာဂါ (Rice Burger)

Rice ဘာဂါ (Rice Burger) (၃လုံးစာ)

Wutyee Food House ကို စတင်တည်ထောင်လာတာ ၃ပြည့်ကျော်နေပါပြီ။ ၃နှစ်အတွင်း ၀တ်ရည် သိတတ်သမျှ ချက်နည်းလေးကို ဟင်းချက်မောင်နှမများနှင့် ဝေမျှ ခဲ့ပါတယ်။ ဒီနေ့ အမှတ်တရလေးကတော့ ဟင်း ၂၀၀ပြည့် အထိမ်းအမှတ်လေးပါ။ နောက် ဟင်း ၃၀၀ပြည့်၊ ၄၀၀ပြည့်လေးတွေလည်း ကျင်းပချင်ပါသေးတယ်။ Wutyee Food House ကိုအားပေးသော ဟင်းချက် ညီအစ်ကို၊ မောင်နှမများ အားလုံးကို Wutyee Food House မှ အထူး ကျေးဇူးတင်လျှက် ရှိကြောင်း ပြောကြားချင်ပါတယ်..

ဟင်း ၂၀၀ပြည့် အမှတ်တရအနေနဲ့ rice ဘာဂါလေးကို တင်ဆက်ပေးဖို့ စဉ်းစားထားပါတယ်။ ဒီဟင်းလေးက ဆန်းလည်း ဆန်းတယ်၊ စားလို့ကောင်းတဲ့ Rice ဘာဂါလေးပါ။ ဘာဂါမှာ ပါမုန့်ကို မသုံးထားပဲ ထမင်းကို ပါမုန့်အစား သုံးထားခြင်း ဖြစ်ပါတယ်။ ထမင်းကို အသားပြားနဲ့တွဲစားရသလို ဖြစ်ပေမယ့် သူမှာ ထူးခြားတဲ့ ဖန်တီးမှုတွေ၊ အများကြီးပါဝင်ပါတယ်။ ခုပဲ rice ဘာဂါကို တူတူလုပ်စားလိုက်ရအောင်…

Read more

ဂျပန် ဖက်ထုပ်ကြော်

ဂျပန် ဖက်ထုပ်ကြော်

ဂျပန် ဖက်ထုပ်ကြော်လေးပါ။ ပုံရော၊ လုပ်ပုံလုပ်နည်းရော ကိုရီးယား ဖက်ထုပ်(မန်ထို)နဲ့ အတော်တူပါတယ်။ ဒါပေမယ့် အထဲမှာထည့်ထားတဲ့ အစာပလာတွေကတော့ မတူပဲ။ ဂျပန် ဖက်ထုပ်မှာ အသားနှင့်ဂေါ်ဖီထုပ်ကို အစားသွပ်ထားပြီ ထူးထူးခြားခြား ငရုတ်သီးမှုန့်ကြောင့် ခပ်စပ်စပ် အရသာကိုပါ ထူးခြား ရရှိမှာပါ။ ထို့ပြင် ဂျပန်ဖက်ထုပ်က မန်ထိုထက်လည်း လုပ်ရတာ ပိုလွယ်ပါတယ်။ ဒါကြောင့် ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ [Ingredients]

  • ဖက်ထုပ်ရွက် [wandon sheet] ♦ ၂၀ရွက် (အ၀ိုင်း)

မှတ်ချက် ။ ။ ဖက်ထုပ်ရွက်အ၀ိုင်းမရှိပါက လေးထောက်ဖက်ရွက်ကို အ၀ိုင်းပုံ လှီးဖြတ်လိုက်ပါ။

  • ၀က်သား (သို့) ကြက်သား       ♦ ၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • တရုတ်မုန်ညှင်းထုပ်               ♦ ၁ခွက်စာ (အရှည်လိုက် ပါးပါးလှီးပါ)

Read more

‘ဂျပန် တို့ဟူးကင်’

‘ဂျပန် တို့ဟူးကင်’

အကင်မျိုးစုံ ရှိတဲ့ထဲမှာ ဂျပန်မှာလည်း လူကြိုက်များပြီ လူတိုင်း အကြိုက်တွေ့စေမယ့် ဟင်းလျာသစ်လေးကတော့ ဂျပန်တို့ဟူးကင် လေးပဲဖြစ်ပါတယ်။ တို့ဟူးကို ကင်စားလို့ ရပါ့မလား၊ ကောင်းပါ့မလားလို့ မေးစရာလေးတွေတော့ ရှိပါတယ်။ ၀တ်ရည် အရင်က တို့ဟူးကို ဟင်းချိုချက်တယ်၊ ဟင်းချက်ဖူးတယ်။ ခုကင်စားကြည့်မှ သူအရသာက ချိုစိမ့်ပြီ တကယ်လျှာလည်သွားမယ့် အရသာမျိုးပါ။ လုပ်နည်းကလည်း လွယ်တာမို့ တူတူလုပ်စားကြည့်ရအောင်…

 

ပါဝင်သောပစ္စည်းများ [Ingredients]

  • ဂျပန်တို့ဟူး [tofu]                                     ♦ ၁ဘူး
  • ကော်မှုန့် [corn flour]                               ♦ စားပွဲတင်ဇွန်း တ၀က် (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
  • နှမ်း [sesame seed]                                ♦ အနည်းငယ်

Read more