အိန္ဒိယစတိုင် ပဲနီလေး ဟင်းချို

အိန္ဒိယစတိုင် ပဲနီလေး ဟင်းချို

Lentil_Soup_Indian3

တောင်ပိုင်း အိန္ဒိယစတိုင် ပဲနီလေး ဟင်းချို ချက်နည်းပါ။ အရင်ဆုံး ပဲနီလေးကို ပြုတ်ပြီမှ ပျဉ်တော်သိမ်းရွက်၊ ဇီယာ၊ မုန့်ညှင်းစေ့၊ ငရုတ်သီးဆီသပ်ပြီ ရောချက်ထားတာပါ။ အရသာလည်း ကောင်းမွန်တဲ့ ဟင်းချိုတခွက် ဖြစ်တာမို့ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပဲနီလေး – ထုပ်ဝက်
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)

  • ပျဉ်တော်သိမ်းရွက် – ၅ရွက်
  • ငရုတ်သီးနီ – ၂တောင့် (ထပ်ခြမ်းခြမ်းပါ)
  • မုန့်ညှင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း

Lentil_Soup_Indian

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့် ဆီပူလျှင် ပျဉ်တော်သိမ်းရွက်၊ မုန့်ညှင်းစေ့၊ ဇီယာ၊ ငရုတ်သီးနီ နနွင်းမှုန့် တို့ကို ဆီသပ်ပေးပြီ မီးပိတ်ထားပါ။

Lentil_Soup_Indian1

၂။ ပြီနောက် ဒယ်အိုး တစ်ခုထဲ ရေ(ရခွက်) ကိုထည့်၍ ပွက်ပွက်ဆူအောင် တည်ထားပေးပါ။

၃။ ဆူလာလျှင် (ပဲနီလေး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး) တို့ကို ထည့်ကာ မီးအတင့်သင့်ဖြင့် ပဲနီလေး ပြဲသည်အထိ တည်ထားပါ။

၎။ ပြီလျှင် ဆီသပ်ထားသော ပျဉ်တော်သိမ်းရွက်၊ မုန့်ညှင်းစေ့၊ ဇီယာ၊ ငရုတ်သီးနီ တို့ကို ပဲနီလေး အိုးထဲသို့ ရောမွှေထည့်လိုက်ပါ။

Lentil_Soup_Indian2

၅။ အရသာအတွက် ဆား၊ ကြက်သားမှုန့် ထည့်ပေးပြီ မီးပိတ်လိုက်ပါ။

၆။ အရသာကောင်းမွန်တဲ့ အိန္ဒိယစတိုင် ပဲနီလေး ဟင်းချိုကို သုံးဆောင်နိုင်ပါပြီ…

Lentil_Soup_Indian3

2 comments

  1. Saw NW says:

    အမ, ပဲနီလေး အစား ကုလားပဲသုံးလို့ ရလား ? ဘာကွာလဲ

  2. Kyaw Kyaw Oo says:

    ဇီယာနဲ့ မုန်ညင်းစေ့ကမထောင်းရဘူးလား

Leave a Reply to Saw NW Cancel reply

Your email address will not be published. Required fields are marked *