Beef Steak အမဲသားကင်၊ အာလူးထောင်း နှင့် ဟင်းနုနွယ်သုပ်

Beef Steak အမဲသားကင်၊ အာလူးထောင်း နှင့် ဟင်းနုနွယ်သုပ်

Beef_Steak8

Beef srilion အမဲလိုင်းသား နူညံ့တဲ့ အပိုင်းကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ထောပတ်နဲ့ pan grilled လုပ်ထားတာပါ။ အမဲသားကို rare၊ medium rare၊ medium, medium welldone ဆိုပြီ အစိမ်းနီးပါးလား၊ မကျက်တကျက်လား၊ လုံးဝ အကျက်ကင်မှာလားဆိုပြီ ပိုင်းခြားထားပါတယ်။ ခု ၀တ်ရည် ကင်ထားတာက medium welldone ပါ။ ပြီရင် အမဲသားကင်နဲ့ တွဲဖက် သုံးဆောင်ဖို့ အာလူးထောင်းရယ်၊ ဟင်းနုနွယ်သုပ်ကို ရွေးချယ်ထားပါတယ်။ စားလို့ တကယ်ကောင်းတာမို့ ခုပဲ တူတူလုပ်စားကြည့်၇အောင်…

အမဲသားကင်တွင် ပါဝင်ပစ္စည်းများ

  • အမဲလိုင်းသား (beef steak) – ၄၀၀ ဂရမ်
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း

  • ကြက်သွန်ဖြူ – ၂မွှာ (ဓားပြားရိုက်ပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း (အပေါ်မှ ဖြူး၇န်)
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က် (အပေါ်မှ ဖြူးရန်)
  • Oregano – လက်ဖက်ရည်ဇွန်း တ၀က်(အပေါ်မှ ဖြူး၇န်)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

အမဲသားကင်နည်း

၁။ အရင်ဆုံး အမဲလိုင်းသားကို မကင်ခင် ၁၀မိနစ်ခန့် ရေခဲသေတ္တာမှ ကြိုထုတ်ပေးထားပါ။

Beef_Steak1

၂။ ပြီလျှင် အမဲသားလိုင်းသားကို ဆား၊ ငရုတ်ကောင်းမှုန့်၊ oregano မှုန့်များ အပေါ်မှ ဖြူးပေးပါ။

Beef_Steak2

၃။ ထို့နောက်ဒယ်ကို အပူပေးထားပါ၊ ဒယ်ပူလာမှ သံလွင်ဆီထည့်ပေးပါ။

၎။ ပြီမှ အမဲသားထည့်ကို တဖက်ကို ၃မိနစ်နှုန်းဖြင့် ၆မိနစ်ကင်ပေးပါ။ medium welldone ရပါမည်။

Beef_Steak3

၅။ ကင်နေစဉ်အတွင်း ထောပတ်၊ ကြက်သွန်ဖြူ(ဓားပြားရိုက်) ထည့်ပြီ ရောမွှေပေးပါ။

၆။ အရသာရှိသော အမဲသားကင်ကို ရရှိပါပြီ…

Beef_Steak4

အာလူးထောင်းတွင် ပါဝင်ပစ္စည်းများ

  • အာလူး – ၅လုံး
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • နွားနို့ – ၁ခွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

အာလူးထောင်း ပြုလုပ်နည်း

၁။ အာလူးကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ရေနွေးဖြင့် ပြဲအိသည်အထိ အဖုံးအုပ်ပြီ ပြုတ်ပေးထားပါ။

၂။ အာလူးရပြီဆိုလျှင် ခေတ္တအအေးခံပြီ အခွံနွှာကာ အာလူးကို ကြေအောင် Masher ဖြင့် ခြေပေးပြီ ငရုတ်ဆုံဖြင့် အာလူးများကို ညက်အောင် ထောင်းပေးပါ။

Beef_Steak5

Beef_Steak6

၃။ ထို့နောက် ဒယ်ထဲ ထောပတ်ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၎။ ပြီမှ နွားနို့ထည့်ပြီ မီးနည်းနည်းဖြင့် ၁မိနစ်ခန့် တည်ထားပါ။

၅။ ပြီနောက် အာလူးထောင်းများကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

Beef_Steak7

၆။ အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးပြီ ထောပတ်ရနံ့သင်းသော အာလူးထောင်းရပါပြီ…

Beef_Steak8

3 comments

  1. jasmine says:

    ၀ါးးးးးးးးးးးးးးးးးးးးးးးးး…..ကျေးဇူးပါ အားလူးထောင်းအဲလိုမျိုးစားချင်နေတာ
    မလုပ်တတ်လို့ ခုတော့သိသွားပြီ အားတဲ့၇က်လေးကျ အစမ်းချက်ကြည့်မယ်

  2. SYDNEY SU says:

    YEP ! I LOVE IT,I TRY IT OK. THANK YOU SO MUCH FOR MA WUTYEE.

  3. Tuu Tu says:

    ama yay oregano so tar br lal hin

Leave a Reply

Your email address will not be published. Required fields are marked *