ကြက်သား တီကာ မဆလာဟင်း နှင့် ခရမ်းသီးကင်

ကြက်သား တီကာ မဆလာဟင်း နှင့် ခရမ်းသီးကင်

Chicken_Tikka_Masala4

အရင်ဆုံး တီကာ ကြက်သား အစိတ်ပိုင်းများကို ဒိန်ချဉ်၊ အိန္ဒိယဟင်းခတ်အမွှေးအကြိုင် တွေနဲ့ နုပ်ပြီ ကင်ထားပြီမှ ဆော့အစပ်နဲ့ ပြန်ရောချက်ထားတာပါ။ ဆော့က ခရမ်းချဉ်သီး၊ ငရုတ်သီးမှုန့်၊ ခရင်မ် တို့ကို ချိုစပ်လေးနဲ့ အရမ်းထူးခြားကောင်းမွန်ပါတယ်။ ဒီဟင်းမှာ အခရားလို့ ပြောလို့ရတာကတော့ ခရမ်းသီးကင်ပါ။ ခရမ်းသီးကင်ပါတာမို့ ကြက်သားတီကာဟင်းရဲ့ အနှစ်သာရကို ပိုမို ထူးခြားသွားစေပါတယ်။ လုပ်ရလည်းလွယ်ပြီ တကယ်ကို ထမင်းမြိန်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ကြက်သားတီကာ နုပ်ထားရန် ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု (၂၀၀ ဂရမ်၊ ၁လက်မအရွယ် အတုံးများ တုံးထားပါ)
  • ဒိန်ချဉ် – ခွက် ၃ပုံ၂ပုံ

  • ဇီယာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ညက်အောင် ထောင်းထားပါ)
  • ဖာလာစေ့ – ရခု (ညက်အောင် ထောင်းပါ)
  • ငရုတ်သီး (အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းပါ)
  • သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ၀ါးတံစို့ – ၅ချောင်း (နာရီဝက်ခန့် ရေစိမ်ထားပေးပါ)

တီကာ မဆလာဟင်း ချက်ရန် ပါဝင်ပစ္စည်းများ

  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းပါ)
  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ် အတုံးသေးများတုံးပါ)
  • ငရုတ်သီးနီရှည် (jalapeno pepper) – ၁ခု (အစေ့ထုတ်ပြီ နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ခရမ်းချဉ်သီးဆော့ – ခွက် တ၀က်
  • ခရင်မ်(သို့) နွားနို့ – ၁ခွက် (၂၀၀ မီလီလီတာ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံပင် – စည်းဝက်

တခြား ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်း – ၄ယောက်စာ
  • ခရမ်းသီး – ၁လုံး (၁လက်မအရွယ် အတုံးများ တုံးထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ကြက်သား တီကာကင်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ကြက်သားနုပ်ရန် ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်ရင်ဗုံ၊ ဒိန်ချဉ်၊ ဇီယာ၊ ဖာလာ၊ ငရုတ်သီးမှုန့်၊ ဆား၊ ကြက်သားမှုန့်၊ သံပရာရည်၊ ငရုတ်ကောင်းမှုန့်၊ ဂျင်း) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

Chicken_Tikka_Masala1

၂။ ပြီနောက် ၀ါးတံစို့ဖြင့် နုယ်ထားသော ကြက်သားများကို သီပေးပြီ အနည်းဆုံး ၁နာရီမှ ၁ညသိပ်ထိ ရေခဲသေတ္တာ(အောက်ထပ်)တွင် နုပ်ထားပေးပါ။

Chicken_Tikka_Masala2

၃။ ကြက်သားကို နုပ်ထားပြီဆိုလျှင် မီးကင်ပြားကို အပူပေးပြီ တဖက်ကို ၅မိနစ်နှုန်းဖြင့် ၁၀မိနစ်ခန့် ကင်ပေးရမှာ ဖြစ်ပါတယ်။

၎။ ကြက်သားကင်များ ရပြီဆီုလျှင် ၀ါးတုတ်မှ ကြက်သားများကို ပန်းကန်ထဲ ထည့်လိုက်ပါ။

Chicken_Tikka_Masala3

 

ကြက်သားတီကာ မဆလာ ချက်နည်း

၁။ ဒယ်ထဲ ထောပတ်ထည့်ပြီ ထောပတ် အရည်ပျော်သွားလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးနီများကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၂။ ပြီမှ ဇီယာ၊ ငရုတ်သီးမှုန့် တို့ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် ရောမွှေပါ။

၃။ ထို့နောက် ခရမ်းချဉ်သီးဆော့၊ ခရမ်းသီး၊ နွားနို့၊ ဆား တို့ကို ထည့်ပြီ မီးနည်းနည်းဖြင့် ပျစ်လာသည်အထိ တည်ပေးပါ။

၎။ ပျစ်လာလျှင် မီးပိတ်လိုက်ပြီ ခေတ္တ အအေးခံ၍ ကြိတ်စက်(blender) ထဲ ကြေညက်သွားအောင် ကြိတ်ပေးပါ။

၅။ ကြိတ်ထားသော ဆော့ရည်များကို ဒယ်ထဲ ပြန်ထည့် အပူပေးပြီ ကင်ထားသော ကြက်သားများဖြင့် သမအောင် ရောမွှေပြီ မီးနည်းနည်းဖြင့် ၅မိနစ်ခန့် တည်ပေးပါ။

၆။ ကြက်သားတီကာဟင်း ရပြီဆိုလျှင် ထမင်းကို ပုံစံခွက်ထဲ ထည့် ပန်းကန်ပေါ်တင်၊ ကင်ထားတဲ့ ခရမ်းသီးများကို အပေါ်မှ တင်ပါ။

ရ။ နောက်ဆုံးမှ ကြက်သားတီကာ မဆလာဟင်းကို အပေါ်မှ တင်ပေးပြီ နံနံပင်များဖြင့် အလှဆင်ပေးပါ။

၈။ အရမ်းစားချင်စဖွယ်ကောင်းတဲ့ ကြက်သားတီကာ မဆလာဟင်းလျာကို ရရှိပါပြီ…

Chicken_Tikka_Masala4

ခရမ်းသီးကင်နည်း

၁။ အရင်ဆုံး ခရမ်းသီးများကို ဆားဖြင့် နုယ်ထားလိုက်ပါ။

၂။ နောက် ၁၅မိနစ်လောက်နေ၍ ခရမ်းသီးပေါ်တွင် အရည်လေးများ ထွက်လာပါလိမ့်မည်။ ထိုအခါ ရေအေးနဲ့ ဆေးပြီ ပြန်အခြောက်ခံထားပေးပါ။

၃။ ပြီနောက် ခရမ်းသီးပေါ်သို့ သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးလိုက်ပါ။

၎။ ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။

၅။ ခရမ်းသီးများကို မီးကင်ပြားပေါ်တင်ပြီ တဖက်ကို ၃-၅ မိနစ်နှုန်းဖြင့် ၁၀မိနစ်ခန့် ကင်ပေးပါ။

 

One comment

  1. AungSisMyo says:

    thanks

Leave a Reply to AungSisMyo Cancel reply

Your email address will not be published. Required fields are marked *