ငါး crusted နှင့် လီမွန်ထောပတ်ဆော့

ငါး crusted နှင့် လီမွန်ထောပတ်ဆော့

Grilled_Fish5

ငါး crusted နှင့် လီမွန်ထောပတ်ဆော့ပါ။ ပါမုန့်ခြောက်၊ ချိစ်တို့ကို ငါးပေါ်တင်ပြီ ကင်ထားတာမို့ စားလိုက်ရင် ငါးနဲ့ အပေါ်က ကြွပ်ရွရွလေး ဖြစ်နေပါတယ်။ ထို့ပြင် သူနဲ့ တွဲဖက် လီမွန်ထောပတ်ဆော့နဲ့ အရမ်းကို လိုက်ဖက်တာမို့ ခုပဲ တူတူ ချက်စားကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာပြီသား – ၄၀၀ ဂရမ် (၃ပိုင်းပိုင်းထားပါ)
  • ပါမုန့်ခြောက် – ၅၀ ဂရမ် (စားပွဲတင်ဇွန်း ၃ဇွန်းခွဲ)
  • Permesan ချိစ် – စားပွဲတင်ဇွန်း ၂ဇွန်း

  • ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ထောပတ် – စားပွဲတင်ဇွန်း ၄ဇွန်း
  • လီမွန် – ၁လုံး (အရည်ညှစ်ပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆလတ်ရွက် – တွဲဖက်သုံးဆောင်ရန်
  • မုန်လာဥနီ – ဥသေး (၆ခု (ဆီပူထိုးပေးထားပါ))

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ခွက်ထဲမှာ (ချိစ်၊ ပါမုန့်ခြောက်၊ ပင်စိမ်း၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကိုေ၇ာနုယ်လိုက်ပါ။

Grilled_Fish

၂။ ပြီလျှင် ဒယ်ထဲ သံလွင်ဆီထည့် ငါးအသားလွှာကို ဆား၊ ငရုတ်ကောင်းအနည်းဖြူးပြီ တဖက် ၁မိနစ်နှုန်းဖြင့် အရောင်ရအောင် ကြော်ပေးပါ။

Grilled_Fish2

၃။ ပြီနောက် ငါးကို ဒယ်ထဲက ပြန်ဆယ်ပြီ အပေါ်မှ ပါမုန့်ခြောက်၊ ချိစ်ရောနုယ်ထားသည်များကို တင်ပေးပါ။

Grilled_Fish3

၎။ ပြီလျှင် Oven ထဲထည့်ပြီ ၁၈၀ဒီဂရီဖြင့် ၁၀မိနစ်ခန့် ကင်ပေးပါ။

Grilled_Fish4

၅။ ငါး crusted ရပြီဆိုရင် လီမွန်ထောပတ်ဆော့ကို ချက်ပါမည်။

လီမွန် ထောပတ်ဆော့

၁။ အရင်ဆုံး ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ထို့နောက် လီမွန်ရည်၊ ဆား တို့ကို ထည့်ပြီ မီးပိတ်လိုက်ပါ။

ပြင်ဆင်နည်း

၁။ ပန်းကန်ထဲမှာ ဆလတ်ရွက်၊ မုန်လာဥနီ၊ ငါး crusted ထည့်။

၂။ ပြီမှ ပန်းကန်ဘေးပတ်ပတ်လည်မှ လီမွန်ထောပတ်ဆော့များကို ဆမ်းပေးပြီ အရသာရှိစွာသုံးဆောင်နိုင်ပါပြီ…

Grilled_Fish5

—————————————————————-

One comment

  1. hanhtay says:

    European food​လေ့လာချင်​လို့ပါ။ကောင်းတဲ့သင်​တန်း​လေးရှိရင်​လိပ်​စာ​လေးသိချင်​ပါတယ်​။အကြုံပြုကူညီ​ပေးပါ။ကျေးဇူးတင်​ပါတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *