အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့

အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့

Beef_Steak_Asparagus6

အနောက်တိုင်းစတိုင် အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့ ချက်နည်းပါ။ အမဲသားကင်ကို အရင်ဆုံး marinate လုပ်ပြီမှ ကင်ထားတာမို့ အသားကလည်း နူအိပြီ စားလို့ အရမ်းကောင်းပါတယ်။ ထို့ပြင် သစ်တော်သီးကင်၊ ကညွှတ်ဟမ်ကင်တို့နဲ့ အရသာရှိစွာဖြင့် တွဲဖက် သုံေးဆာင်နိုင်မှာပါ။ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

အမဲသား နုပ်ထားရန် ပါဝင်ပစ္စည်းများ

  • အမဲသား – ၂တုံး ( ၃၀၀ ဂရမ်)
  • Worcestershire ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • Mustard – လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းပါ)
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • Plastic bag

အမဲသားဆော့တွင် ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၅ဇွန်း
  • Worchestershire ဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၄ဇွန်း
  • Mustard – စားပွဲတင်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

Beef_Steak_Asparagus1

သစ်တော်သီးကင်တွင် ပါဝင်ပစ္စည်းများ

  • သစ်တော်သီး – ၁လုံး (ထပ်ခြမ်းခြမ်းပြီ ပါးပါးလှီးပါ)
  • ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
  • သကြား – စားပွဲတင်ဇွန်း၂ဇွန်း
  • သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ကညွှတ်၊ ဟမ်ကင်

  • ကညွှတ် – ၁စည်း (၃လက်မအရွယ် ပိုင်းဖြတ်ပါ)
  • ဟမ် – ၁ပြား
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်း

အမဲသား ကင်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲမှာ worcestershire ဆော့၊ ရှာလကာရည်၊ mustard၊ ပဲငံပြာရည်၊ သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့် တို့ကို သမေအာင် ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ပလတ်စတစ်အိတ်ထဲ ဆော့ရည်များထည့်၊ အမဲသား ၂တုံးထည့်ပြီ ရေခဲသေတ္တာထဲမှာ ၈နာရီ(သို့) တညသိပ်ရပါမယ်။

၃။ အမဲသားကို နုပ်ထားပြီလျှင် ဒယ်ကိုအပူပေးပါ။

၎။ ဒယ်ပူလာလျှင် သံလွင်ဆီ (စားပွဲတင်ဇွန်း တ၀က်) ထည့်ပါ့မယ်

၅။ ထို့နောက် အမဲသားကို တဖက် ၂မိနစ်ခွဲနှုန်းဖြင့် ၅မိနစ်ခန့် ကင်ပေးရမှာပါ။

၆။ ကင်နေစဉ် ကြက်သွန်ဖြူ ၂မွှာကို ဓားပြားရိုက်ပြီ ထည့်ပေးပါ။ ထောပတ်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပါ။

ရ။ အမဲသားကင်ရပြီဆိုလျှင် ပန်းကန်ထဲမှာ ပြန်ဆယ်ထားပါ။

အမဲသားဆော့ပြုလုပ်နည်း

၁။ ခွက်တစ်ခုထဲတွင် ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ခရမ်းချဉ်သီးဆော့၊ worchestershire ဆော့၊ ပျားရည်၊ mustard၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ရှာလကာရည်) တို့ကို သမအောင် ရောမွှေပေးပါ။

၂။ ပြီနောက် ဒယ်ထဲ ဆော့ရည်များကို ထည့်ပြီ ၂မိနစ်ခန့် ဆူအောင် တည်ပေးပါ။

၃။ ဆော့ရပြီဆိုလျှင် ခွက်ထဲ ထည့်ထားပေးပါ။

Beef_Steak_Asparagus5

သစ်တော်သီးကင်

၁။ အရင် ဆုံး ဒယ်ကို အပူပေးပြီ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။

၂။ ထောပတ်အရည်ပျော်လျှင် သစ်တော်သီးထည့်ပြီ တဖက် ၂မိနစ်နှုန်းဖြင့် ၄မိနစ်ခန့် ကင်ပေးပါ။

Beef_Steak_Asparagus3

၃။ နောက်ဒယ်ထဲမှာ ထောပတ်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပါ။

၎။ ပြီနောက် သကြား၊ သစ်ဂျပိုးမှုန့်၊ ထည့်ပြီ သကြားအရည်ပျော်သည်အထိ တည်ထားပါ။

၅။ သကြားအရည်ပျော်သွားလျှင် သစ်တော်သီးကင်များကို သကြားဆော့ရည်ဖြင့် ရောမွှေပေးပြီ ပြန်ဆယ်ထားပါ။

ကညွှတ်၊ ဟမ်ကင်

၁။ ဒယ်ထဲ ထောပတ်ထည့်ပါ။

၂။ ပူလာလျှင် ကညွှတ်နဲ့ ဟမ်ကို ပတ်ပြီ သွားကြာထိုးတံဖြင့် သီပေးပါ။

၃။ ပြီလျှင် ဒယ်ထဲထည့်ပြီ ၂မိနစ်နှုန်းဖြင့် ၄မိနစ်ခန့် မီးအတင့်သင့်ဖြင့် ကင်ပေးပါ။

Beef_Steak_Asparagus2

ပြင်ဆင်နည်း

၁။ အခု ပြင်ဆင်ဖို့အတွက် ပန်းကန်ပေါ် သစ်တော်သီးကင်များ တင်လိုက်ပါ့မယ်။

၂။ ပြီမှ အပေါ်မှ အမဲသားကင်တင်ပေးပြီ ဆော့၇ည်များ ဆမ်းလိုက်ပါ။

၃။ အမဲသားကင်ပေါ်မှ ကညွှတ်၊ ဟမ်ကင်တင်လိုက်ပါ။ ဘေးမှာ ခရမ်းသီး(အသေးများ)ကို အလှဆင်လိုက်ပါ။

၎။ တကယ်ကို ဟိုတယ်အပြင်အဆင်တွေနဲ့ အမဲသား၊ ကညွှတ်ကင် နှင့် worcestershire ဆော့ကို ရရှိပါပြီ…

Beef_Steak_Asparagus6

——————————————————–

One comment

  1. Ko Myo says:

    Thanks you sister

Leave a Reply

Your email address will not be published. Required fields are marked *