Pepperoni ပီဇာ၊ ပါစတာ

Pepperoni ပီဇာ၊ ပါစတာ

Pepperoni_Pasta_Pizza9

အရသာပြည့်စုံ ကောင်းမွန်တဲ့ Pepperoni ပီဇာ၊ ပါစတာ လုပ်နည်းပါ။ ပီဇာချစ်သူတွေအတွက် အိမ်မှာ လွယ်လင့်တကူ လုပ်စားနိုင်တဲ့ ချက်နည်းလေးမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

ပါစတာပီဇာ တွင် ပါဝင်ပစ္စည်းများ

  • ပါစတာ – ၂၅၀ ဂရမ်
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • သံလွင်ဆီ – စားပွဲတင်ဇွန်း တ၀က်

  • Parmensan ချိစ် – တုံးဝက် (ခြစ်တံဖြင့် ဖြူးပေးပါ)
  • Pepperoni – ၁ခု (အ၀ိုင်းပါးပါးလှီးပါ)

ခရမ်းချဉ်သီးအနှစ် ချက်ရန် ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး အနှစ် – ၁ဘူး
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖကရည်ဇွန်း ၃ပုံ၁ပုံ
  • Oregano – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • တရုတ်နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)

Pepperoni_Pasta_Pizza

ပါစတာ ချက်ပြုတ်နည်း

၁။ အရင်ဆုံး ပါစတာကို ချက်ဖို့အတွက် ဒယ်အိုးထဲ ၃ပုံ၂ပုံကို ရေဖြည့်ပေးရပါမယ်။

၂။ ထို့နောက် ဆူအောင် တည်ထားပြီ ဆူလာလျှင် ပါစတာထည့်၊ ဆား(စားပွဲတင်ဇွန်း တ၀က်)၊ ဆားနည်းနည်း ထည့်ပြီ မီးအတင့်သင့်ဖြင့် အထုပ်အညွှန်းမှာ ပါတဲ့အတိုင်း ၈မိနစ်ကနေ ၁၁မိနစ်ခန့် ပါစတာ ကျက်သည်အထိ ပြုတ်ပေးရမှာပါ။

၃။ ပါစတာရပြီဆိုလျှင် ဇကာနဲ့ ရေစစ်ထားပါ့မယ်။

Pepperoni_Pasta_Pizza2

ခရမ်းချဉ်သီးအနှစ် ချက်နည်း

၁။ အရင်ဆုံး ဒယ်ထဲ သံလွင်ဆီထည့်မယ်၊ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပါ။

၂။ ပြီနောက် ခရမ်းချဉ်သီးအနှစ်၊ ခရမ်းချဉ်သီးဆော့၊ ရေခွက်(တ၀က်) ကိုထည့်ပေးပါ။

Pepperoni_Pasta_Pizza3

၃။ ထို့နောက် အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့်၊ oregano များထည့်ပြီ အနှစ်ရသည်အထိ ၂မိနစ်ခန့် တည်ထားပါ။

၎။ နောက်ဆုံးမှ နံနံပင်ကို ဖြူးပေးပြီ မီးပိတ်လိုက်ပါ။

Pepperoni_Pasta_Pizza4

၅။ ပြီလျှင် ပါစတာထည့်ပြီ ခရမ်းချဉ်သီးအနှစ်များဖြင့် ရောမွှေလိုက်ပါ။

Pepperoni ပီဇာ၊ ပါစတာ ချက်နည်း

၁။ အခု ပါစတာရော၊ pepperoni၊ ခရမ်းချဉ်သီးဆော့လည်း ရပြီဆိုရင် ပီဇာ စချက်ပါတော့မည်။

၂။ အရင်ဆုံး Aluminum Foil သတ္တုပြားကို လေးထောင့်ပုံပြုလုပ်ကာ ဆီသုပ်ပေးပါ။ (သို့) ပီဇာဖုတ်ဖို့ လေးထောင့်ဗန်းကို ဆီသုပ်ပေးပါ။

၃။ ပြီလှင် ပါစတာနဲ့ ခရမ်းချဉ်သီးဆော့ကို ထည့်ပါ။

Pepperoni_Pasta_Pizza5

၎။ ပြီမှ အပေါ်မှ parmensan ချိစ်များ ဖြူးပေးပါ။

Pepperoni_Pasta_Pizza6

၅။ ထို့နောက် ချိစ်ပေါ်မှ pepperoni sausage များတင်ပြီ Oven ထဲထည့်ကာ ၁၈၀ ဒီဂရီဖြင့် ၁၅မိနစ်ခန့် ဖုတ်ပေးရမှာ ဖြစ်ပါတယ်။

Pepperoni_Pasta_Pizza7

Pepperoni_Pasta_Pizza8

၆။ Pepperoni ပီဇာ၊ ပါစတာ ရပြီဆိုလျှင် အရသာရှိစွာဖြင့် သုံးဆောင်လို့ရပါပြီ..

Pepperoni_Pasta_Pizza9

Leave a Reply

Your email address will not be published. Required fields are marked *