ဂဏန်းမဆလာချက်

ဂဏန်းမဆလာချက်

Crab_Curry_Indian7

အိန္ဒိယစတိုင် ဂဏန်းမဆလာချက် ချက်နည်းလေးပါ။ ဂဏန်းရဲ့ အချိုအရသာရယ်၊ မကျည်းရည်၊ ပျဉ်တော်သိမ်းရွက်၊ နံနံစေ့၊ မဆလာ နိုင်နိုင်နဲ့ ချက်ထားတာမို့ အရသာကလည်း ထူးခြားကောင်းမွန်ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ (သို့) ဂီ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • ဂဏန်း – ၁၀ကောင်
  • ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်းပါ)

  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)
  • နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်သီး(အရောင်တင်မှုန့်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်း – လက်ဖက်ရည်ဇွန်း တ၀က်
  • မဆလာ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • ငရုတ်သီးစိမ်း – ၂တောင့် (ထပ်ခြမ်းခြမ်းပါ)
  • အုန်းနို့ (သို့) နွားနို့ – ခွက် တ၀က် (၁၀၀မီလီလီတာ)
  • ခရမ်းချဉ်သီး – ၄လုံး
  • ရေ – ၁ခွက်ခွဲ (၃၀၀ မီလီလီတာ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မကျည်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံပင် – ၁စည်း (ပါးပါးလှီးထားပါ)

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဂဏန်းများကို အခွံခွာ၊ သန့်စင်အောင် ဆေးကြောပေးပါ။ ဂဏန်းအကောင်ကြီးပါက ထပ်ခြမ်းခြမ်းပေးပါ။

Crab_Curry_Indian

၂။ ပြီနောက် ဒယ်အိုးထဲ ရေများများထည့်ပြီ ဆူလာလျှင် ခရမ်းချဉ်သီးများကို ထည့်ပြီ ၅မိနစ်ခန့် ပြုတ်ပေးပါ။

Crab_Curry_Indian1

၎။ ပြီလျှင် ခရမ်းချဉ်သီးများကို အခွံနွှာပေးပြီ နှုတ်နှုတ်စဉ်းပေးပါ။ ခွက်တစ်ခုထဲ ခရမ်းချဉ်သီး အနှစ်များကို ထည့်ထားပါ။

Crab_Curry_Indian2

ချက်ပြုတ်နည်း

၁။ ခုဂဏန်းစချက်ရန် အတွက် ဒယ်ကို အပူပေးထားပါ။

၂။ ဒယ်ပူလာပြီဆိုလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ  နံနံစေ့မှုန့်၊ ဇီယာ၊ မဆလာ (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပျဉ်တော်သိမ်းရွက်၊ ငရုတ်သီးစိမ်း တို့ကို ဆီပူထိုးပေးပါ။

၃။ ပြီမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း တို့ကို ထည့်ပြီ ၁မိနစ်ခန့် မီးအတင့်သင့်ဖြင့် ဆီသပ်ပါ။

၎။ ထို့နောက် ခရမ်းချဉ်သီးအနှစ်ထည့်ကာ မိနစ်ဝက်ခန့် ပြန်တည်ထားပါ။

Crab_Curry_Indian3

၅။ ပြီမှ ဂဏန်းများကို ထည့်ကာ ဆီပူထိုးထားသော ခရမ်းချဉ်သီးအနှစ်များဖြင့် သမအောင်ေ၇ာမွှေပေးပါ။

၆။ ပြီလျှင် ရေ(ခွက် ၁ခွက်ခွဲ)၊ ဆား၊ ကြက်သားမှုန့်၊ သကြားတို့ကို ထည့်ပြီ အဖုံးအုပ်ကာ ၅မိနစ်ခန့် တည်ထားပေးပါ။

Crab_Curry_Indian4

Crab_Curry_Indian6

ရ။ ထို့နောက် အုန်းနို့(သို့) နွားနို့ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။

၈။ ဂဏန်းဟင်း ဆီပြန်လာပြီဆိုလျှင် မဆလာ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ မကျည်းရည်၊ နံနံပင်အုပ်ပေးပါ။

Crab_Curry_Indian5

၈။ အရသာရှိသော ဂဏန်းမဆလာချက်ကို သုံးဆောင်နိုင်ပါပြီ…

Crab_Curry_Indian7

One comment

  1. Poe Poe says:

    Very good post.

Leave a Reply

Your email address will not be published. Required fields are marked *