‘‘World Food Championship, Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲ’’
‘‘World Food Championship, Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲ’’
—————————————
FFW9
World Food Championship, Kissme ကမ္ဘာဟင်းချက်ပြိုင်ပွဲမှ ဟင်းချက်ဘလောက်ဂါများအတွက် Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲကို နိုဝင်ဘာလ ၂ရက်နေ့မှ နိုဝင်ဘာလ ၄ရက်နေ့ထိ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဟင်းချက်ပြိုင်ပွဲသို့ မြန်မာပြည်မှ ဟင်းချက်နည်းများ ရေးသားသူ ဟင်းချက်ပညာရှင် မချိုဝတ်ရည်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အယောက် ၅၀ပါဝင်တာ ဖြစ်ပြီ ထိုနေရာအတွက် ပြိုင်ပွဲဝင် ၂၅၀ကျော်ဝင်ရောက် အရွေးခံခဲ့ရတာပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် အယောက် ၅၀တွင် မြန်မာပြည်မှ မချိုဝတ်ရည် တစ်ဦးတည်း ပါဝင်တာဖြစ်ပြီ တခြားပြိုင်ပွဲဝင်များမှာ အမေရိကန် နိုင်ငံသားများ ဖြစ်ကြပါတယ်။ Food Fight Write Blogger ဟင်းချက်ပြိုင်ပွဲဝင်တွေထဲမှာ ဟိုတယ် ဟင်းချက်စာဖိုမှူးတွေ ပါဝင်သလို၊ အရင်နှစ်တွေက World Food Champion ရရှိခဲ့တဲ့ ဟင်းချက်ပညာရှင်တွေ၊ Chopped ဟင်းချက်ပြိုင်ပွဲမှ ချန်ပီယံတွေလည်း အများကြီးပါဝင်ပါတယ်။ အများစုက ဘလောက်ဂါ ဟင်းချက်ပြိုင်ပွဲပြီတာနဲ့ နောက်ထပ် တခြား categories တွေဖြစ်တဲ့ Seafood, burger, Recipe စသည်တွေကို ဆက်လက်ပြီ ယှဉ်ပြိုင်အုန်းမှာပါ။
—————————————
NOVEMBER- 2 ‘‘WELCOME BREAKFAST AND REGISTRATION’’
နိုဝင်ဘာလ ၃၁ရက်နေ့မှာ ညနေစောင်းပိုင်းမှာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်တိုမြို့သို့ ၀တ်ရည် မိဘတွေနဲ့ အတူ ရောက်ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၂ရက်နေ့မှ ပြိုင်ပွဲ အားလုံးနဲ့ စပြီ ဆုံရတာပါ။ Thai Thani စားသောက်ဆိုင်ရှေ့မှာ စဆုံကြပါတယ်။ တခြားဟင်းချက်ပြိုင်ပွဲဝင်အားလုံးကလည်း မြန်မာပြည်မှ တကူးတက လာရောက်ယှဉ်ပြိုင်တာမို့ တနွေးတထွေး ကြိုဆိုကြပါတယ်။
ပြီတော့မှ ၀တ်ရည်တို့ ပြိုင်ပွဲဝင်အားလုံး World Food Championship တံဆိပ်ပါတဲ့ စာဖိုမှူးဝတ်စုံကို ၀တ်ဆင်ပြီ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ ပြီမှ ဆက်လက်ပြီ ပြိုင်ပွဲဝင်တွေ အားလုံးစုပြီ World Food Championship ကို ဘယ်လို စပြီ ကျင်းပခဲ့တယ်၊ ဘယ်လို ဆုမျိုးတွေပေးတယ်၊ အသေးစိတ်ကို World Food Championship CEO Mike McCloud မှ ရှင်းပြပေးခဲ့တာပဲ ဖြစ်ပါတယ်။
ထို့နောက် အကောင်းဆုံး Beef Steak တစ်ခု ဖြစ်ဖို့အတွက် Kansas City Steak ကုမ္ပဏီမှ စာဖိုမှူးကိုယ်တိုင် လာရောက်ပြီ ပြိုင်ပွဲအတွက် လိုအပ်သည်များကို ရှင်းပြပြီ လက်တွေ့ ချက်ပြုတ်ပြသပေးပါတယ်။ ၀တ်ရည်အပါအ၀င် တခြား ပြိုင်ပွဲဝင်တွေ အားလုံးလည်း တူတူ ၀င်ရောက်ပြီ Beef Steak ကို ချက်ပြုတ်ခွင့်ရပါတယ်။ ထို့နောက် အရသာထူးခြားကောင်းမွန်တဲပ Kansas City Beef Steak နှင့် ဘူးဖေး နေ့လည်စာ တည့်ခင်း ဧည့်ခံပေးပါတယ်။
နေ့ခင်းပိုင်းမှာတော့ Beef Steak Pitch ကို Group လိုက် ၄ယောက်တဖွဲ့ ယှဉ်ပြိုင်ရတာပဲ ဖြစ်ပါတယ်။ အဲဒီ Group Competition မှာ ၀တ်ရည်တို့ အဖွဲ့မှ အနိုင်ရရှိခဲ့ပါတယ်။ အဖွဲ့လိုက် စုစည်းမှုနဲ့ ဆုရလို့ ပျော်ရွှင်ရတဲ့ ခံစားချက်က ဘာအရာနဲ့မှ လှဲနိုင်မယ် မထင်ပါဘူး။
ပထမဆုံးနေ့မှာတော့ အခက်အခဲကထွေးထွေးထူးထူး မရှိပါဘူး။ တခြား ပြိုင်ပွဲဝင်တွေကလည်း တကယ်ကို နွေးနွေးထွေးထွေး၊ ခင်ခင်မင်မင်နဲ့ပဲ ကြိုဆိုပါတယ်။ ဘာသာစကားအရလည်း အခက်အခဲမရှိခဲ့ပါဘူး။ ဒါပေမယ့် ပထမရက်ကတည်းက မြန်မာပြည်က ၀တ်ရည်ကို အားပေးတဲ့ ပရိသတ် ချစ်ညီအစ်ကို၊ ညီအစ်မတွေအတွက် ဆုတစ်ခုခုတော့ ရယူချင်ခဲ့တာ အမှန်ပါ။ ဒါကြောင့် Group Competition pitching ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အဖွဲ့တူတူ ဆုရတဲ့အတွက် အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။
12189681_10153710581732579_6284602905378181291_n
—————————————
NOVEMBER-3 FIELD TRIP TO FRAM, SEAWORLD AND
INSPRATION HOME TOUR
11227644_10153752526857959_4566792898514553338_n
IMG_20151103_132747
LONG AND SCOTT FARMS သဘာဝဓာတ်မြေဘြဇာ organic စိုက်ခင်းသို့ ၀တ်ရည်တို့ သွားရောက်လေ့လာခွင့်ရပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ပြောင်းဖူး၊ သခွာသီး၊ ဂေါ်ဖီ စသည့် ဟင်းသီးဟင်းရွက်တွေကို ဘယ်လို စိုက်ပျိုးရတယ် အဆင့်ဆင့် ပျိုးခင်းကနေ နောက်ဆုံး ထုတ်ကုန်အဖြစ် ရောင်းချသည်အထိ အသေးစိတ် ရှင်းပြပေးခဲ့ပါတယ်။
ထို့နောက် Sea World, Inspriation Home Tour တို့ကို သွားရောက် လည်ပတ်ခွင့်ရခဲ့ပါတယ်။ ပြိုင်ပွဲဝင် အဖွဲ့လိုက် ဓာတ်ပုံတွေရိုက်၊ ဟင်းချက်ဘလောက်ဂါ ပြိုင်ပွဲဝင်တွေနဲ့ရော၊ မိတ်ဆွေ အသစ်များနဲ့ ပိုမို ခင်မင်မှု ရရှိခဲ့ပါတ်ယ။
FFW13
—————————————
NOVEMBER-4 THE FIRST EVER BLOGGERS COMPETITION
ဝတ်ရည်တို့ နောက်ဆုံးနေ့ ဟင်းချက်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့်နေ့ကို ရောက်ရှိလာပါပြီ။ ပြိုင်ပွဲမ၀င်ခင် ၂ရက်အလိုကတည်းက ၀တ်ရည်က ပြိုင်ပွဲမှာ ချက်ပြုတ်ရမယ့် ပါဝင်ပစ္စည်းတွေကို ၀ယ်ယူပြီ စမ်းသပ် ချက်ပြုတ်မှုတွေ ဟိုတယ်မှာ ပြုလုပ်ပါတယ်။ ဟင်းချက်ပြိုင်ပွဲဝင်မယ့်နေ့ညက စိတ်အနည်းငယ် လှုပ်ရှားတာရော၊ နောက်နေ့အတွက် ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်တာမို့ အိပ်ချိန်တောင် တော်တော် နောက်ကျသွားပါတယ်။ ပြိုင်ပွဲမ၀င်ခင် ၁ရက်အလိုမှ Beef steak Mignon ကို သုံးပြီ ချက်ပြုတ်ရမယ်ဆိုတာကို သိရတာပါ။ ဒါကြောင့် မပြိုင်ခင်ညမှ Beef steak Mignon စမ်းသပ်ချက်ပြုတ်ခွင့်ရပါတယ်။
IMG_20151104_080941
”Competition Info”
– ပြိုင်ပွဲအကြောင်းမပြောခင်၊ Beef Steak အကြောင်းလေး အရင်ပြောပါရစေ။ အမဲသားကိုကင်တဲ့အခါမှာ Rare(မကျက်)၊ Medium(မကျက်တကျက်)၊ Welldone(အကျက်) စသည်ဖြင့် ခွဲခြားထားပါတယ်။ ပြိုင်ပွဲမှာ သုံးရမယ့် Kansas City Beef Mignon က အရမ်းနူးညံ့ပြီ အရည်အသွေးမြင့်တဲ့ အမဲသားပါ။ ဒါကြောင့် ပြိုင်ပွဲမှာ အမှတ်များများရဖို့ဆိုရင် ကင်တဲ့အခါ အတွင်းပိုင်းမှာ အမဲသားက နီရဲပြီ မကျက်တဲ့ Rare အနေထားရအောင် ကင်ဖို့ လိုပါတယ်။ Rare ကိုကင်ဖို့ ၅မိနစ်-၆မိနစ်ခန့် ကြာပါတယ်။ ထို့ပြင် ကင်တဲ့အခါ မီးအနေထား အတိုးအလျှော့၊ ဒယ်ကို အရင်ပူအောင် ထားရတာတွေ အဆင့်ဆင့်တွေ အများကြီး လိုပါတယ်။ ဒါကြောင့် လိုချင်တဲ့ rare အနေထားရဖို့အတွက် ပြိုင်ပွဲမ၀င်ခင်မှာ ကြိုတင် လေ့ကျင်ရတာပဲဖြစ်ပါတယ်။ ဒါတွေ အားလုံးကို ရန်ကုန်မှာကတည်းက Import အမဲသားနဲ့ အကြိမ် ၂၀ခန့် လေ့ကျင့်ခဲ့ပြီပါပြီ။ ခုက တကယ် ပြိုင်ပွဲဝင်ရမယ့် အမဲသားနဲ့ ပြိုင်ပွဲဝင်ခါနီးမှ ထပ်မံ လေ့ကျင့်ခဲ့တာပါ။
”Rule of Competition”
– နောက်နေ့ ပြိုင်ပွဲမ၀င်ခင် မနက်ပိုင်းမှာ ပြိုင်ပွဲဝင်မယ့် စည်းမျဉ်းစည်းကမ်းတွေကို အသေးစိတ် ရှင်းပြပေးပါတယ်။ စိတ်လည်း အတော်လှုပ်ရှားပါတယ်။ ဘာလို့လည်းဆိုတော့ ၀တ်ရည်က သူတို့ ဟင်းလျာနဲ့ ယှဉ်ပြိုင်ရမှာ၊ တခြားပြိုင်ပွဲဝင်တွေ အားလုံးက အမေရိကန်နိုင်ငံသားတွေ၊ သူတို့က ဒီဟင်းလျာကို ရင်းနှီး နေပြီသား၊ ကိုယ်က မနေ့တနေ့ကမှ စပြီ စားဖူးတာ။ ပြီတော့ ဆုလည်း မလာခင်ကတည်းက ရကို ရရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရောက်လာတာ၊ ဒါပေမယ့် တကယ်ပြိုင်တဲ့နေ့ရောက်တော့ အတော်ကို စိတ်လှုပ်ရှားနေပါပြီ။ ထို့ပြင် ဟင်းချက်ဘလောက်ဂါ ပြိုင်ပွဲဖြစ်တာမို့ ဟင်းချက်ရုံမကပဲ၊ ဟင်းချက်နည်းတွေပါ အဆင့်ဆင့် တခါတည်း စာရွက်ပေါ် ချရေးရပါတယ်။
ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းတွေ ရှင်းပြပြီသည်နှင့် အသုံးပြုရမယ့် Kenmore ဟင်းချက် အသုံးအဆောင်တွေကို ရှင်းလင်းပြသပေးပါတယ်။ Kenmore Kitchenware တွေအားလုံးက တကယ် အဆင့်တန်းမြင့် ဟင်းချက်အသုံးအဆောင်တွေပါ။ အဲဒီမှာ တခုထပ်ပြောချင်တာက၊ သူတို့သုံးနေကျ Oven၊ Grill Oven၊ Stove Oven တွေအားလုံးက ၀တ်ရည်နဲ့ တခါမှ မသုံးဖူးပါဘူး။ ဒါကြောင့် တခုစဉ်းစားဖို့ ရှိတာက၊ အဲဒါတွေ သုံးပြီ ချက်မှာလား၊ မချက်ဖူးလား ဆိုတာပါ။ သုံးမယ်ဆိုရင် ၀တ်ရည် လိုချင်တဲ့ အမဲသားကို rare အနေထားရအောင် လုပ်ဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် မသုံးတတ်ပဲ၊ အသုံးပြုတာမှားပြီ Tempreature မှားသွားရင်လည်း ကိုယ်ဟင်းလျာကို အကျက်လွန်သွားတာတို့ဖြစ်ပြီ လွှင့်ပစ်ရတော့မှာပါ။ ဒါကြောင့် အဲဒါ Risk ကို မယူရင် ဒယ်ပြားကိုပဲ သုံးပြီ အမဲသားကို ကင်ဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။
”Another Rules”
– ဒါ့အပြင် နောက်ပြိုင်ပွဲဝင် စည်းမျဉ်းတစ်ခုကို ထပ်ကြေငြာပါတယ်။ အဲဒါကတော့ ပြိုင်ပွဲဝင်အားလုံးက Beef Steak Mignon ၃တုံးစီပဲ ရမယ် ဆိုတာပါ။ အမဲသား ၁တုံးက စမ်းသပ် ချက်ပြုတ်ဖို့ပါ။ နောက် ၂တုံးမှာ ၁တုံးက အလှပြင်ဆင်ဖို့၊ နောက်ဆုံး ၁တုံးကိုတော့ ဒိုင် ၅ယောက်အတွက် ခင်းကျင်းပေးရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မှားယွင်းချက်ပြုတ်ဖို့ အခွင့်အရေးအနေနဲ့ အမဲသား ၁တုံးပဲ ရှိပါတယ်။ အမဲသားကင်တဲ့ အခါ အဓိက သုံးတာက ဆားနဲ့ ငရုတ်ကောင်းမှုန့်ပါ။ Saucy Mama က sponsor ဖြစ်တာမို့ သူရဲ့ Mustardကိုလည်း ထည့်ပြီ ပြိုင်ပွဲမှာ ထည့်သွင်း ချက်ပြုတ်ပေးရပါမယ်။
ဒီနေရာမှာလည်း နောက်တကြိမ် ထပ်စဉ်းစားဖို့ လိုပါတယ်။ သမရိုးကျချက်ပြုတ်မှာလား၊ ထွင်ပြီ ချက်ပြုတ်မှာလားပေါ့။ အဲဒီနေရာမှာတော့ အဖြေကရှင်းပါတယ်၊ ၀တ်ရည်က ဆုလိုချင်တာမို့ ထွင်ပြီ သူများတွေနဲ့ မတူအောင် ဆန်းသစ် ချက်ပြုတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်က မလာခင်ကတည်း အဲဒီအတွက် ကြိုတင် ပြင်ဆင်ခဲ့ပါတယ်။ မလိခူးစားသောက်ဆိုင်က အကူအညီနဲ့ ၀တ်ရည် ကချင် ဟင်းခတ်အမွှေးအကြိုင်တွေ မြန်မာပြည်မှ ယူလာခဲ့ပါတယ်။ ၀တ်ရည် ယှဉ်ပြိုင်မယ့် အမဲသားကင်ကို ကချင် ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်တဲ့ မကျန့်စေ့ နဲ့ မဂရန့် နဲ့ နုပ်ပြီမှ ကင်မှာပဲ ဖြစ်ပါတယ်။ အသားပိုမိုနူးအိအောင် ဆန်ဝိုင်ကို အသုံးပြုမှာဖြစ်ပါတယ်။
”Challenging”
– ထပ်မံပြီ နောက်စိတ်လှုပ်ရှားဖွယ် တခုထပ်ရှိလာပါတယ်။ ဘာလည်း ဆိုတော့ ပြိုင်ပွဲဝင်မှာက အယောက် ၅၀၊ ခင်းကျင်းပေးထားတဲ့ ဟင်းသီးဟင်းရွက်က အယောက် ၃၀စာလောက်ပဲ ရှိပါတယ်။ ထို့ပြင် Saucy Mama ဆော့တွေကလည်း ပုလင်း ၃၀ခန့်သာ ရှိပါတယ်။ အဲဒီမှာ စပြီ ခေါင်းခဲပါပြီ။ ၀ိုင်းလုပြီ ယူရမယ့် အနေထားပါတယ်။ တကယ်လည်း ၁ကနေ ၁၀အော်ပြီ ကိုယ်လိုအပ်မယ့် ဟင်းသီး၊ ဟင်းရွက်တွေကို ပြိုင်ပွဲဝင်တွေ အပြေးအလွှား အမြန်ယူပြီ ကိုယ်ချက်ရမယ့် နေရာကို ပြေးလွှားရတာပါပဲ။ ဒါပေမယ့် ၀တ်၇ည် လိုချင်တဲ့ ဟင်းသီးဟင်းရွက်အချို့လည်း ကြိုတင်ပြီ ပြင်ဆင်ခဲ့တာမို့၊ အခက်အခဲမတွေ့ခဲ့ပါဘူး။
ပြိုင်ပွဲမစမှီ ကိုယ်ချက်မယ့် ဟင်းချက်ပစ္စည်းတွေကို ခင်းကျင်းဖို့ အချိန် ၅မိနစ်ရပါတယ်။ ပြင်ဆင်ပြီတာနဲ့ တခြား တဖက်မှာ နေရာယူထားရပါတယ်။ World Food Championship CEO Mike McCloud က ပြိုင်ပွဲစဖို့ ၁၀စက္ကန့်အလိုမှာ ၁၀…၃၊၂၊၁ ဆိုတာနဲ့ ကိုယ်ချက်မယ့် ဟင်းချက်နေရာကို အပြေးသွားပြီ စတင် ချက်ပြုတ်ကြပါတယ်။
”Start Competition”
– ၀တ်ရည်က အရင်ဆုံး အမဲသားကို ကချင်ဟင်းခတ်အမွှေးအကြိုင်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆန်ဝိုင်တို့နဲ့ ရောနုယ်ပြီ ပလတ်စတစ်အိတ်ထဲထည့်ပြီ အရင်ဆုံး နုပ်ထားလိုက်ပါတယ်။ ပြီမှ ကညွှတ်တွေကို အညီအညာ ထပ်ခြမ်းပိုင်းဖြတ်ပြီ ဟမ်နဲ့ ကညွှတ်တွေကို ပတ်ပြီ ဘေးမှာ ခဏဖယ်ထားပါတယ်။ ဆော့အတွက်ကိုတော့ Worcheshire ဆော့၊ ပျားရည်၊ သကြား၊ ဆား၊ ခရမ်းချဉ်သီးဆော့တို့နဲ့ဖြင့် ပြုလုပ်ပါတယ်။ အမဲသားကင်နဲ့ တွဲဖက်သုံးဆောင်ဖို့အတွက်တော့ ဟင်းနုနွယ်ရွက်ကို ရေနွေးဖျော်ပြီ ဆလတ်သုပ် ပြုလုပ်မှာပါ။ ဒါတွေအားလုံးကို အချိန် ၁နာရီခွဲအတွင်းမှာ ချက်ပြုတ်ရတာ အရမ်းခက်ခဲတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်ဟင်းလျာကိုဖြင့် အရင်ဆုံး ချက်ပြုတ်မယ်၊ ဘယ်ဟင်းလျာကိုဖြင့် နောက်ဆုံးမှ ချက်ပြုတ်မယ်ဆိုတာတော့ သေချာ ဆုံးဖြတ်ဖို့ ပြိုင်ပွဲဝင်တိုင်း လိုအပ်ပါတယ်။ တခြားပြိုင်ပွဲ အယောက် ၄၉ကလည်း အကောင်းဆုံး ချက်ပြုတ်နေကြပါတယ်။
FFW4
”Clock is Ticking”
– ချက်ပြုတ်ရင်းနဲ့ အချိန်ကလည်း ဘယ်လိုကုန်သွားမှန်း မသိအောင်ပါ။ ပြိုင်ပွဲပြီဆုံးဖို့ နာရီဝက်သာ ကျန်တော့တယ် သတိပေးတဲ့ နာရီ ၀တ်ရည် ရှေ့ရောက်လာပါတယ်။ ပြိုင်ပွဲကာထားတဲ့ အပြင်ဘက်မှာ ရပ်ပြီ ၀တ်ရည်ကို လှမ်းအားပေးနေတဲ့ ၀တ်ရည် အဖေနဲ့ အမေကလည်း ခုထိ အမဲသားပင် မကင်ရသေးတာမို့၊ အရမ်းစိတ်ပူနေပါပြီ။ ဒါပေမယ့် ၀တ်ရည် အမှန်ဆုံး ၀န်ခံရရင်၊ အဲဒီအချိန်မှာ ကိုယ်မီးဖိုချောင်ထဲ၊ ကိုယ်အိမ်မှာ ချက်ပြုတ်နေရသလိုပဲ၊ အရမ်းတော့ စိတ်မလှုပ်ရှားမိတာ အမှန်ပါ။ ပြီဆုံးဖို့ ၂၅မိနစ်အလိုမှာ အမဲသားကို စတင်ကင်ပါတယ်။
အရင်ဆုံး အမဲသားတစ်တုံးကို ထောပတ်နဲ့ အရင်ကင်ရပါတယ်။ ပထမဆုံး တစ်တုံးက စမ်းသပ်ဖို့ အခွင့်အရေးရတာမို့၊ အပူချိန် မှားယွင်းသွားလည်း ပြသာနာ မရှိပါဘူး၊ ကိုယ်လိုချင်တဲ့ အနေထားရတော့ အချိန်ကို မှတ်ထားလိုက်ပါတယ်။ ထို့နည်းအတိုင်းပဲ ကျန် အမဲသား ၂တုံးကို ကင်ရပါတော့တယ်။ နောက်၂တုံးက လုံးဝ မှားယွင်းဖို့ အခွင့်အရေးမရှိတော့ပါဘူး။ ကံကောင်းစွာနဲ့လည်း ၀တ်ရည်လိုချင်တဲ့ အရသာ၊ အနံ့ အနေထား၊ အတိုင်း အမဲသားရရှိပါပြီ။ ဒါကြောင့် စပြီ ပြင်ဆင်ရပါတော့မယ်။
FFW8
”Time is up soon”
စပြင်ဆင်ချိန်မှာတော့ ပြိုင်ပွဲပြီဆုံးဖို့ ၁၀မိနစ်သာ လိုပါတော့တယ်။ အရင်ဆုံး ဟင်းနုနွယ်ဆလတ်သုပ်ကို ဒိုင်တွေအတွက် ပန်းကန် ၅ပန်းကန် နှင့် ဗန်းပေါ်မှာ အလှ ၁နေရာစာ ခင်းကျင်းရပါတယ်။ ဟင်းနုနွယ်ပေါ်ကနေမှ အမဲသားကင်ကို တင်။ ပြီမှ ဟမ် နှင့် ကညွှတ်ကင်ထားတာကို အလှဆင်။ ဘေးပတ်ပတ်လည်မှ ဆော့ရည်ကို ဆမ်း။ Rosemary နဲ့ cherry tomato pangriled လုပ်ထားတာကိုတော့ ဘေးမှာ အလှဆင်လိုက်ပါတယ်။ အားလုံး ပြင်ဆင်လို့ ပြီသွားတော့ အချိန်က ပြီဆုံးဖို့ ၅မိနစ်ပဲ လိုပါတော့တယ်။ ၀တ်ရည် ချက်ထားတဲ့ ဟင်းလျာကို ကိုယ်ဘာသာ ကြည့်ပြီ တော်တော်လည်း ပီတိဖြစ်မိပါတယ်။ အစိမ်း၊ အနီ အရောင်စုံနဲ့ ၀တ်ရည်လိုချင်တဲ့အတိုင်း ကွက်တိ စားချင်စဖွယ်ကောင်းလှတဲ့ Beef Steak ကို ချက်ပြုတ်လို့ ရလို့ပါပဲ။ ဘေးမှာ လာရောက် ကြည့်ရူ အားပေးတဲ့ မီဒီယာတွေ၊ တာဝန်ရှိသူတွေကလည်း နင်ဟင်းလျာကို ပြင်ထားတဲ့ အရမ်းလှတာပဲ ဆိုပြီ၊ ဓာတ်ပုံလာရိုက်ကြတာမို့ ပိုပြီ ပီတိဖြစ်ရပါတယ်။
FFW5
”Judge”
– ပြိုင်ပွဲပြီဆုံးဖို့ ၄မိနစ်အလိုမှာ ဟင်းလျာတွေအားလုံကိ ဗန်းတစ်ခုပေါ်တင်ပြီ ဒိုင်တွေ အမှတ်ပေး ဆုံးဖြတ်ဖို့အတွက် Tank သို့ ရောက်ပို့သရပါတယ်။ အဲဒီမှာလည်း တခုပြောချင်တာက၊ ဒိုင်တွေက အမှတ်ပေးတဲ့အခါ ဒီဟင်းလျာကို ဘယ်သူချက်ထားတယ်ဆိုတာ မသိအောင်၊ ဗန်းမှာ ပြိုင်ပွဲဝင် နံပါတ်တွေပဲ ရေးသားထား ဖြစ်ပါတယ်။ ၀တ်ရည် ပြိုင်ပွဲဝင်တဲ့ ဟင်းလျာတွေကို အမှတ်ပေးဖို့ ဒိုင် ၃၀ကျော်ခန့်ကို ဖိတ်ကြားထားတာပဲ ဖြစ်ပါတယ်။
”Announcement of Winners”
– ညနေပိုင်း Food Fight Night ညစာစားပွဲမှ ဆုရမယ့်သူကို ကြေငြာမှာပဲဖြစ်ပါတယ်။
ညနေပိုင်း ညစာစားပွဲက ညနေ ရနာရီ Westgate Town Center ဟိုတယ်မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ၀တ်ရည်တို့ ပြိုင်ပွဲ ဟင်းချက်ဘလောက်ဂါများ အပါဝင်၊ ဒိုင်များ၊ World Food Championship တခြားပြိုင်ပွဲဝင်အားလုံး ရောက်ရှိနေကြပါတယ်။ အမှန်တိုင်းပြောရရင် မနက်ပိုင်းတစ်ခုလုံး ပြေးလွှား၊ ချက်ပြုတ်ပြီ ပင်ပန်းခဲ့တာ သတိတောင် မထားမိခဲ့ပါဘူး။ ညနေပိုင်းရောက်မှ ပစ်လှဲချင်လောက်အောင် မောပန်းနေပါပြီ။
ညနေ ၈နာရီခွဲလောက်မှာ World Food Championship CEO Mike McCloud ကနေ Food Fight Write Blogger Competiton အတွက် ဆုတွေကို စပြီ ကြေငြာပါတော့တယ်။ အရင်ဆုံး အဆင့် ၁၀ကနေ အဆင့် ၄ထိ ဆုရရှိသူများကို ကြေငြာတာပါ။ အဆင့်၎ထိတိုင်းအောင် ၀တ်ရည် နံမည် မပါသေးတာမို့၊ စိတ်အားငယ်မိတာ အမှန်ပါ။ မြန်မာနိုင်ငံကနေ အမေရိကာအထိ လာရောက် ယှဉ်ပြိုင်တယ် ဆိုကတည်းက အဆင့် ၁တော့ မရရင်တော့ ဆုတစ်ခုခုတော့ မြန်မာနိုင်ငံအတွက် ပြန်ယူသွားချင်ခဲ့မိတာပါ။
ဒီအချိန် အဆင့် ၃ကို စကြေငြာပါတော့မယ်။ အမှတ်က ၈၉.၂၅ နဲ့ အဆင့်၃ရသူကတော့ ချိုဝတ်ရည် လို့ ခေါ်လိုက်တဲ့ အချိန်မှာ ဘယ်လောက်များ ပျော်သွားမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ၀တ်ရည်ရဲ့ ပြိုင်ပွဲဝင် သူငယ်ချင်းတွေက ၀င်ပြေးဖက်ကြနဲ့၊ ၀ိုင်း ဂုဏ်ပြုစကားလာပြောသူက ပြောနဲ့ တကယ်ကို ဘယ်တော့မှ မေ့မရတဲ့ နေ့တနေ့ပါပဲ။
FFW2
IMG_20151104_213959
တတိယဆုပြီတာနဲ့ ဒုတိယဆု၊ ပထမဆု စသည်ဖြင့် ကြေငြာပေးပါတယ်။ ၀တ်ရည် တတိယဆု တက်ယူတဲ့ အချိန်မှာ World Food Championship CEO Mike McCloud ကနေ Burma Burma လို့အော်တဲ့အခါ တခြားသူတွေက Burma Burmaလို့ ၀ိုင်းအော်တာမို့ မြန်မာပြည်အတွက် တကယ်ကို ဂုဏ်ယူလို့ မဆုံးဖြစ်ခဲ့ရပါတယ်။
FFW1
”Thanks to all”
– ဒါကြောင့် ဒီဆုက ၀တ်ရည် တစ်ယောက်ထဲ ရခဲ့တဲ့ ဆုမဟုတ်ပါဘူး၊ မြန်မာပြည် ကိုယ်စားပြုရတဲ့ဆုဖြစ်တာမို့ ပိုမို ကျေနပ် ၀မ်းသာရပါတယ်။
အားလုံးကို ချုံပြောရမယ်ဆိုရင် အခုလို Food Fight Write Blogger Competition, World Food Championship မှာ ဆုရခဲ့တာတွေ အားလုံးက ၀တ်ရည်ကို အားပေးတဲ့ မြန်မာပြည်က ပရိသတ် အခိုင်အမာ ရှိနေလို့ပါပဲ။ ၀တ်ရည် သွားရောက်ယှဉ်ပြိုင်မယ် သိကတည်းက သူတို့အားလုံးက ၀တ်ရည်ကို ဆုရကိုရမယ်လို့ ယုံကြည်ပေးထားကြပါတယ်။ အဲဒါကြောင့် ၀တ်၇ည် ကိုယ်ဘာကို ပိုမို ယုံကြည့်မို့ ရှိစေခဲ့တာပါပဲ။ ပြီတော့ သူများ၊ သူများလူမျိုးကြားမှာ သွားရောက်ယှဉ်ပြိုင်ရလို့လည်း တစက်လေးမှကို အားငယ်တဲ့စိတ် လုံးဝ မဖြစ်ခဲ့မိပါဘူး၊ ၀တ်ရည် အားပေးသူတွေ အများကြီး ရှိနေခဲ့တာကိုး။ နောက်နှစ်မှာလည်း World Food Championship တခြားပြိုင်ပွဲတွေပါ လာရောက် ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ခြင်းလည်း ခံခဲ့ရပါတယ်။ ဒီပြိုင်ပွဲကြောင့် နိုင်ငံတကာက မိတ်ဆွေအသစ်တွေ အများကြီး ရရှိခဲ့သလို၊ ဟင်းချက်ပြိုင်ပွဲ အတွေ့အကြုံသစ်တွေလည်း ရရှိခဲ့တာမို့ ဂုဏ်ယူ ၀မ်းသာလို့ မဆုံးတဲ့ အကြောင်းပြောရင်း နိဂုန်းချုပ်ပါရစေ…
—————————————
အားလုံးကို အစဉ်ခင်မင်လေးစားစွာဖြင့်
ချိုဝတ်ရည် (Wutyee Food House)
—————————————
20 comments
  1. kyipyar says:
    ဂုဏ်ယူပါတယ် အမ
  2. Nang Myint Zu says:
    Dear Ma Yutyee,
    Congratulation and Proud of you.
    So excited to read until the end, finally you became world food champion!
  3. Nini says:
    Congratulations & very proud of you
  4. AungSisMyo says:
    အဆင်မြဲအားပေးလျက်ပါ
    ဂုဏ်ယူပါတယ် ဒီထက်မကအော်မြစင်ပါစေ
  5. Thinn Thinn Myat says:
    မြန်မာ့ဂုဏ်ကိုဆောင်ပေးနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်
    ဒီထက်မက အောင်မြင်ပါစေ
  6. jasmine says:
    ဒီထက်အောင်မြင်ပါစေ
  7. Win Htoo says:
    Dear Wuttyee
    I’m very proud of you.
    Love- Mee Mee
  8. khine ko ko says:
    Congratulation sis,
  9. Ko Nyi says:
  10. Thet Htar says:
    Congratulations sis
  11. Jenneifer Duck says:
    Congratulation! Sis…
    Very proud of you….. ^_^
  12. Tuh tu says:
    Congratulations ma wut yee.
  13. Thanda says:
    ခုမှဖတ်ကြည့်မိတယ် အရမ်းကိုတော်တာပါဘဲနော် ဂုဏ်ယူပါတယ်
  14. Honey Soe Naing says:
    Congratulation Sis, I am very proud of you..
Leave a Reply
Your email address will not be published. Required fields are marked *