Fusion ကချင် အမဲသားကင် နှင့် ကညွှတ်၊ဟမ် အချိုဆော့

”3rd prize winning dish from World Food Championship Blogger Competition 2015”

Beef

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ကျင်းပသည့် World Food Championship ဟင်းချက်ဘလောက် ဟင်းချက်ပြိုင်ပွဲတွင် ၀တ်ရည် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် Fusion ကချင် အမဲသားကင် နှင့် ဟမ်၊ကညွှတ် အချိုဆော့ကို ချက်ပြုတ်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ဒီမှာ တစ်ခုပြောချင်တာက Beef Steak ကို ကင်တဲ့အခါ များသောအားဖြင့် coarse ဆားနှင့် ငရုတ်ကောင်းမှုန့်(black pepper)ကို သုံးပြီ ချက်ကြပါတယ်။ Coarse ဆား အစား ရိုးရိုးဟင်းချက်ရင်သုံးတဲ့ table ဆား နှင့် ငရုတ်ကောင်းမှုန့် အစား ကချင် ငရုတ်ကောင်းစေ့ကို အသုံးပြုထားပါတယ်။

Fusion ဟင်းလျာဆိုတဲ့ အတိုင်း အနောက်တိုင်း Beef Steak ကို ကချင်ဟင်းခတ်အမွှေးအကြိုင်တွေ သုံးပြီ အရသာထူးခြားကောင်းမွန်အောင် ချက်ပြုတ်မှာပဲ ဖြစ်ပါတယ်။ ဒီဟင်းလျာရဲ့ နောက်ထူးခြားချက်က အမဲသားကို မကင်ခင်မှာ ဆန်ဝိုင်နှင့် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ၁နာရီခန့် နုပ်ထားသည်မို့ အသားက နူးအိပြီ ထူးခြားကောင်းမွန်စေပါတယ်။ ထို့ပြင် အမဲသားကင်နှင့် အလိုက်ဖက်ဆုံး ဟင်းနုနွယ်ရွက်များကို ရေနွေးဖျော်ပြီ ဆား၊ ငရုတ်ကောင်း၊ သံလွင်ဆီတို့ဖြင့် ရောသုပ်ပေးရမှာပါ။ ချက်ရလည်း လွယ်ကူတာမို့ ခုပဲ တူတူ ချက်ကြည့်လိုက်ရအောင်…

အမဲသားကင်ရန် ပါဝင်ပစ္စည်းများ

  • အမဲသား Mignon(or)Ribeye – ၃တုံး (6oz ရှိသည့် Import အမဲသားကို အသုံးပြုပေးရပါမည်)
  • မကျန်စေ့ – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ကချင် ငရုတ်ကောင်းစေ့ကို ခပ်ညက်ညက်ထောင်းထားပေးပါ)
  • မဂရန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ကချင်ဟင်းခတ်အမွှေးအကြိုင် သစ်ခေါက်မှ အမှုန့် ပြုလုပ်ထားသည်)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • အသားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆန်ဝိုင်(သို့)ဟင်းချက်ဝိုင် – စားပွဲတင်ဇွန်း ၄ဇွန်း
  • Saucy Mama Mustard – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၃မွှာ (မညက်တညက်ထောင်း ပေးပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း

မှတ်ချက် ။ ။ မကျန်စေ့က တရုတ်စီချွမ့်ငရုတ်ကောင်းနဲ့ အရသာဆင်ပေမယ့် အနံ့ရော၊ အရသာပါ ပိုမို ထူးခြားကောင်းမွန်ပါတယ်။ မဂရန့်က တရုတ် သစ်ဂျပိုးမှုန့်လိုပဲ ထည့်သုံးခြင်းဖြင့် ဟင်းလျာကို အနံ့၊ အရသာ ပြည့်စုံအောင် အားဖြည့်ပေးပါတယ်။

ဆော့တွင် ပါဝင်ပစ္စည်းများ

  • Worcestershire ဆော့ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ကညွှတ်၊ ဟမ်ကင်

  • ကညွှတ် – ၁စည်း (၃လက်မအရွယ် ပိုင်းဖြတ်ပါ)
  • ဟမ် – ၁ပြား
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်း

ဟင်းနုနွယ် ဆလတ်သုပ်

  • ဟင်းနုနွယ် – လက်၂ဆုပ်စာ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

တခြားပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး အသေး – ၁၀လုံး (ထောပတ်ဖြင့် pangrilled ကင်ပေးပါ)
  • Rosemary – ၁စည်း (အလှဆင်ရန် ထောပတ်ဖြင့် pangrilled ကင်ပေးပါ)

အမဲသားကင်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲမှာ (မကျန့်စေ့၊ မဂရန့်၊ ဆား၊ အသားမှုန့်၊ ဆန်ဝိုင်၊ mustard) တို့ဖြင့် သမအောင် ရောမွှေပေးပါ။

၂။ ပြီမှ အမဲသားကို ပလတ်စတစ်အကြည်ထဲထည့်၊ ရောမွှေထားသည့် ကချင်ဆော့ရည်များကို ထည့်ပြီ သမအောင် ရောနုယ်ပေးရမှာပါ။ ပြီလျှင် ၁နာရီခန့် အမဲသားကို နုပ်ပေးထားရမှာ ဖြစ်ပါတယ်။

၃။ နုပ်ပြီသွားပြီဆိုလျှင် ဒယ်ပြားကို ပူအောင် အရင်ဆုံး အပူပေးထားရပါမယ်။ (အမဲသားကင်တဲ့အခါ ဒယ်ပူနေဖို့ နံပါတ်၁ အရေးကြီးပါတယ်)

၎။ ပြီနောက် သံလွင်ဆီ ထည့်၊ အမဲသားကိုထည့်ပြီ မီးအတင့်ဖြင့် တဖက်ကို ၄မိနစ်နှုန်းဖြင့် ၈မိနစ်ခန့် Medium အနေထားရအောင် ကင်ပေးရမှာ ဖြစ်ပါတယ်။ (Rareဆိုလျှင် တဖက် ၃မိနစ်နှုန်းဖြင့် ကင်ပေးရမှာ ဖြစ်ပါတယ်)

၅။ ပြီမှ ထောပတ်၊ ကြက်သွန်ဖြူထည့်ပြီ အမဲသားကင်ကို အနံ့မွှေး ကင်ပေးပါ။

၆။ အမဲသားကင်ရပြီဆိုလျှင် ပြန်ဆယ်ထားပြီ ဓားဖြင့် ပါးပါးလှီးပေးရမှာ ဖြစ်ပါတယ်။

ဆော့ချက်နည်း

၁။ ဆော့ရည်တွင် ပါဝင်ပစ္စည်းများဖြစ်သော (worcestershire ဆော့၊ ပျားရည်၊ ခရမ်းချဉ်သီးဆော့၊ သကြား၊ ဆား)တို့ကို သကြား အရည်ပျော်သည်အထိ ရောမွှေပေးရမှာ ဖြစ်ပါတယ်။

ကညွှတ်၊ ဟမ်ကင်

၁။ ဒယ်ထဲ ထောပတ်ထည့်ပါ။

၂။ ပူလာလျှင် ကညွှတ်နဲ့ ဟမ်ကို ပတ်ပေးပါ။

၃။ ပြီလျှင် ဒယ်ထဲထည့်ပြီ ၂မိနစ်နှုန်းဖြင့် ၄မိနစ်ခန့် မီးအတင့်သင့်ဖြင့် ကင်ပေးပါ။

ဟင်းနုနွယ်ဆလတ်သုပ်

၁။ အရင်ဆုံး ဒယ်အိုးထဲ ရေကို ဆူအောင် တည်ထားပေးပါ။

၂။ ဆူလာပြီဆိုလျှင် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ သံလွင်ဆီ(စားပွဲတင်ဇွန်း တ၀က်) တို့ကို ထည်ပေးပါ။

၃။ ပြီမှ ဟင်းနုနွယ် လက်၂ဆုပ်ထည့်ပြီ နွမ်းသည်အထိ ၁မိနစ်ခန့် တည်ပြီ ပြန်ဆယ်ထားပါ။

၎။ ဟင်းနုနွယ်များကို ရေစင်အောင် ညစ်ပေးပါ။

၅။ ပြီနောက် အရသာအတွက် ဆား၊ သကြားထည့်ပြီ သံလွင်ဆီဖြူးကာ ရောသုပ်ပေးပါ။

ပြင်ဆင်နည်း

၁။ ပန်းကန်ပေါ်တွင် ဟင်းနုနွယ်သုပ်များကို ခင်းကျင်းပေးပါ။

၂။ ပြီမှ အပေါ်မှ အမဲသားကင်ကို တင်ပေးရမှာ ဖြစ်ပါတယ်။

၃။ အမဲသားကင်ပေါ်မှ ကညွှတ်၊ ဟမ်ကင်တင်လိုက်ပါ။ ဘေးမှာ ခရမ်းသီး(အသေးများ)၊ Rosemaryကို အလှဆင်လိုက်ပါ။

၎။ ပန်းကန်ဘေးပတ်ပတ်တွင် ဆော့ရည်များကို ဆမ်းပေးရမှာ ဖြစ်ပါတယ်။

၅။ စားချင်စဖွယ်ကောင်းသည့် Fusion ကချင် အမဲသားကင် နှင့် ကညွှတ်၊ဟမ် အချိုဆော့ကို ရရှိမှာပါ။

 

 

 

 

4 comments

  1. su says:

    စားချင်​စရာ​လေးsis ဒီ​နေ့​တောင်​ ငါးကချင်​ချက်​စားလိုက်​​သေးတယ်​ ဒို့ကချင်​ပြည်​နယ်​ကဟင်း​​တွေကို ဖက်​နဲ့ထုပ်​စားရတာ ပိုအရသာရှိတယ်​ ရာသီဥတု​အေး​အေးမှာ ပူပူ​နွေး​နွေးစပ်​စပ်​က​လေး……..miss home

  2. Ed Young says:

    Very well done! Looks yummy and will melt in the mouth! Fabulous decoration as well!

Leave a Reply to Ed Young Cancel reply

Your email address will not be published. Required fields are marked *