ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာ
ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာ
Prawn_Bacon5
ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာပါ။ ပဲကြာဇံက ဆော့ရည်နဲ့ ဘေကွန်ရဲ့ ချိုစိမ့်တဲ့ အရသာ အားလုံးကို စုတ်ယူထားတာမို့ တကယ်ကို အရသာ ထူးခြား ကောင်းမွန်တဲ့ ဟင်းလျာ တစ်မျိုးပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ပုဇွန်ကျား – ၁၅ကောင် (ခေါင်းဖယ် အခွံချိန်ထားပါ)
  • ပဲကြာဇံ – ၁၀၀ ဂရမ် (ရေ နာရီဝက်ခန့် စိမ်ထားပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
  • ဘေကွန် – ၄ပြား (၁လက်မ အရွယ်များ ပိုင်းဖြတ်ပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (၁လက်မ အရွယ် ပိုင်းဖြတ်ပါ)
  • တရုတ်နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  • မြေအိုး – ၁အိုး (ချက်ရန်)
ဆော့ရည်တွင် ပါဝင်ပစ္စည်းများ
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ – ခွက်၁ခွက် (၂၀၀ မီလီလီတာ)
ပြင်ဆင်နည်း
၁။ အရင်ဆုံး ပုဇွန်ကျားများကို ခေါင်းဖယ် သန့်စင်ပြီ အခွံချန်ထားပေးပါ။
၂။ ဆော့ရန်အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ဆန်ဝိုင်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ခရုဆီ၊ သကြား၊ နှမ်းဆီ) တို့ကို သမအောင် ရောမွှေပေးပါ။
ချက်ပြုတ်နည်း
၁။ မြေအိုးကို အပူပေးပြီ ဘေကွန်များကို ခင်းပေးပြီ ၂မိနစ်ခန့် ဘေကွန် ကြွပ်သည်အထိ တည်ထားပါ။
Prawn_Bacon
၂။ ပြီမှ ကြက်သွန်ဖြူများကို မိနစ်ဝက်ခန့် ထည့်ပြီ ဆီသပ်ပေးပါ။
၃။ ထို့နောက် ရောမွှေထားသော ဆော့ရည်များထည့်၊ ပုဇွန်ထည့်ပြီ ဆော့ရည် တ၀က်ခန်းသည်အထိ တည်ထားပေးပါ။
Prawn_Bacon1
၎။ ဆော့ရည် တ၀က်ခမ်းသွားလျှက် ပုဇွန်များကို ပြန်ဆယ်ထားပြီ ပဲကြာဇံများကို ထည့်ပြီ ဆော့ရည်အားလုံးကို ပဲကြာဇံစုပ်ယူသွားသည်အထိ တည်ပေးရမှာ ဖြစ်ပါတယ်။
Prawn_Bacon2
၅။ ပဲကြာဇံ ဆီပြန်လာလျှင် အပေါ်မှ နံနံပင်၊ ကြက်သွန်ဖြူ၊ ပုဇွန်ကျားများကို ခင်းကျင်းပေးပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
Prawn_Bacon3
9 comments
  1. jasmine says:
    စားချင်စဖွယ်
  2. su says:
    Wow….it seem delicious………i m hungry 🙂 🙂
  3. su says:
    I also like your California Sushi on skynet…..
    Where can I get ‘shan rice’?
    I m from myitkyina. But now I m at Kangfang on duty, on the boarder of myanmar Chinese. I don’t know shan rice…
    Can I use the other type of rice like ‘Paw Sann Mywe’?
    I think it is also sticky…
    Plz help me?
    Thank u sis…
    • admin says:
      ရှမ်းဆန်သုံးမှ ရမှာပါ sis.. ဆူရှီဆန်က တခြားဆန်တွေ ပိုစီးပါတယ်။ ရှမ်းဆန်မရှိရင်၊ ရိုးရိုးဆန်တ၀က်၊ ကောက်ညှင်းဆန် တ၀က် ရောချက်ရင်လည်း ရပါတယ်..
  4. su says:
    သူလည်းအဲ့ပုံစံဘဲ စိုက်​တာက​တော့ရှမ်း​တွေဘဲစိုက်​တာ ​ဈေးလည်းကြီးတယ်
    သုံးလို့ရမလားအမ plz…..:-) 🙂
  5. dearlady786 says:
    • admin says:
      ဘေကွန်က ၀က်သားပြားကို ပြောတာပါ sis.. ဆန်ဝိုင်က ဟင်းချက်သုံးတဲ့ဝိုင်ပါ
Leave a Reply to su Cancel reply
Your email address will not be published. Required fields are marked *