ချဉ်စပ် ငါးကောင်လုံးကြော်ဟင်း

ချဉ်စပ် ငါးကောင်လုံးကြော်ဟင်း

မြန်မာစတိုင် ချဉ်စပ် ငါးကောင်လုံးကြော်ဟင်းပါ။ ငါးကြော်လုံးကို အရိုးထုတ်ပြီမှ ဂျုံကပ်ကာ အကြွပ်ကြော်ထားတာပါ။ ပြီမှ အပေါ်မှ ခ၇မ်းချဉ်သီး ဟင်းရည်များကို ဆမ်းပြီ နံနံပင်အုပ်ကာ သုံးဆောင်ရတာပါ။ အရသာက၊ ချဉ်စပ် အရသာနဲ့ တကယ် ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါ။ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ကကတစ်ငါး (သို့) ငါးပါးနီ – တစ်ကောင် (ကြေခွံဖယ်ပြီ သန့်စင်ထားပါ)

၂။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

၃။ ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်ဆင်းပါ)

၎။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)

၅။ ခရမ်းချဉ်သီး – ၂လုံး (နှုတ်နှုတ်ဆင်းပါ)

၆။ သံပရာသီး – ၁လုံး

၇။ ငရုတ်ပွနီအနှစ် – စားပွဲတင်ဇွန်း တ၀က်

၈။ နံနံပင် – ၁စည်း ( ၄ပိုင်းပိုင်းပေးပါ)

၉။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း

၁၀။ ငရုတ်သီးစိမ်း – ၃ခု (တ၀က်ခြမ်းပါ)

၁၁။ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငံပြာရည်

ချက်ပြုတ်နည်း

၁။ ငါး အထက်ဗိုက်သားကနေ ပုံတွင်ပါသည့်အတိုင်း အရိုး၊တောင်ပံအထက်ပိုင်းကနေ ငါးသားများကို ဖြည်းဖြည်းခြင်း လှီးပါ။ ပြီးလျှင် တစ်ဖက်ပြန်လှန်၍ အောက် ငါးဗိုက်သားကို ထပ်လှီးပါ။

၂။ ပြီးမှ အလယ်က ငါးအရိုးကို ချိုးပြီး ထုတ်လိုက်ပါ။

၃။ အရိုးထုတ်ပြီးလျှင် ငါးတစ်ကောင်လုံးကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်)ရောနုယ်လိုက်ပါ။

၎။ ပြီးမှ နုယ်ထားသော ငါးမြှီကို ပုံတွင်ပါသည့်အတိုင်း အထဲဘက်သို့ ပြောင်းပြန် လှန်ထည့်လိုက်ပါ။

၅။ ပြီလျှင် ဂျုံများကပ်ပေးပါ။

၆။ ဒယ်ထဲ ဆီများများထည့်ပြီး ဆီပူလာလျှင် ငါးကို ထည့်ပြီး အညှိရောင်သန်းသည် အထိ မီးအသင့်အတင့်ဖြင့် ကြော်ပေးပါ။

ရ။ ငါးကြော်ပြီးလျှင် ပြန်ဆယ်ပြီး ပန်းကန်ပြားတစ်ခုပေါ် ပြန်ဆယ်ထားပါ။

၈။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ထည့် အညှိရောင်သန်းသည် အထိမွှေပေးပါ။

၉။ ငရုတ်သီးအနှစ်ထည့် ပေးပြီး ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း များထည့်ပေးပါ။

၁၀။ ပြီးလျှင် ရေတစ်ခွက်ခန့် ထည့်ပေးပြီး ခရမ်းချဉ်သီးများ နူးအိပျောသည် အထိ အဖုံးအုပ် တည်ထားပါ။

၁၀။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငံပြာရည်(စားပွဲတင်ဇွန်း တ၀က်)၊ သံပရာသီး ညှစ်ထည့်ပေးပါ။

၁၁။ ဟင်းအနှစ် ဆီအနည်းငယ်ပြန်လာလျှင် အပေါ်မှ နံနံပင် အုပ်ပေးပါ။

၁၂။ ပြီးလျှင် ဟင်းအနှစ်ကို ကြော်ထားသော ငါးကြော်ပေါ်သို့ လောင်းချလိုက်ပါ။

၁၃။ ချဉ်စပ် ငါးကောင်လုံးကြော်ဟင်းကို ထမင်းလေးနဲ့ မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီ…

”ဟင်းတွဲစားချင်သူများအတွက် ချဉ်စပ် ငါးကောင်လုံးကြော်၊ ကြာဇံချက် နှင့် ရှောက်သီးသုပ်ကို တွဲဖက်သုံးဆောင်နိုင်ပါတယ်”

44 comments

  1. Hmone Gyi says:

    wow so professional…i hate to cook fish as it is difficult to handle and cook ….will only eat when you cook for me 😉

    • chowutyee says:

      ဟီးဟီး.. ကိုယ်ဆီလာလည်ရင် ချက်ကျွေးမယ်လေ.. တော်တော်စားကောင်းတယ်.. ငါတောင် ငါးသိပ်စားတာ မဟုတ်တာတောင် ကြိုက်လို့.. 🙂

  2. ငါးအရိုးထုတ်တာ သဘောကျသွားပြီး)

    • chowutyee says:

      ဟီးဟီး နေခြည်သဘောကျသွားအောင် တင်လိုက်တာ..း)

  3. ငါးအရိုးထုတ်တာလေးသဘောကျလိုက်တာ..လိမ်လိမ်လေးအကောင်လိုက်ကြော်ထားတာရော..မိုက်တယ်..

  4. Angeline Jensen says:

    Love very much, thanks Wutyee.

  5. chowutyee says:

    hee Thanks Angeline!!! 😉

  6. Julio says:

    It is fantastic…………

    What a lovely presentation and techniques……….

    That is such a lovely way to do the fish though……

    Hope you will cook sea bass some other time…..

  7. thant says:

    wow!!!!!!!!!! looks very nice,how i envy u !!

  8. moesatpwint says:

    nice! clever!

  9. phyo pa pa says:

    ချစ်စရာကောင်းလိုက်တာ။ သင်တန်းပေးမလား စာရင်းကြိုပေးထားမှာနော်။

  10. phoethar says:

    စားချင်စရာဘဲနော် အင်းထဲက ငါးတွေကို ကြော်စားပစ်လိုက်မယ်

  11. lin thu says:

    ကောင်းလှချီလားမမရယ်

  12.ုkhaing says:

    ငါးသံပုရာပေါင်း ချက်နည်းလေး တင်ပေးပါလားဟင်။အရမ်းကြိုက်လို့

  13. Thet o s says:

    အမေ၇… sea bass ဆိုတာ ကကတစ် မဟုတ်ဘူးလား….

  14. kyi thitsar aung says:

    wow!so nice sis

    • admin says:

      ငါးကောင်လုံးကြော်ဟင်းက အရမ်းစားလို့ကောင်းတယ်။ လုပ်စားကြည့်ပါနော်

  15. may thandar says:

    ကျေးဇူးပါ

  16. Khin Hnin Soe says:

    ညီမရေ .. ငရုတ်သီးအနှစ်က ဘယ်လိုလုပ်ရမလဲဟင်

    • admin says:

      ငရုတ်သီးပွအပုကို ရေနွေးနဲ့ ပြုတ်ပြီ blender နဲ့ကြိတ်ရင် ငရုတ်သီးအနှစ် ရပါပြီ…

  17. […] ချဉ်စပ် ငါးကောင်လုံးကြော်၊ ကြာဇံချက် နှင့် ရှောက်သီးသုပ်ကို […]

  18. TTS says:

    ငါးအရိုးထုတ်နည်းလေး ဝေမျှပေး တဲ့ အတွက်thank you and God bless you.

  19. chozartun says:

    I like it

  20. ကျေးကျေးပါ မမချို

  21. နီမအရမ်းကြိုက်တယ် ….ပီးတော့ ငါးခဲပတ် ကိုဘယ်လိုလုပ်ရလဲမမ…တင်ပေးပါနော်

  22. Kim Na Na says:

    ဒီနေ့ချက်စားကြည့်တယ် အရမ်းမိုက်တယ် thanks
    မဝတ်ရည်

  23. mr3chan lay says:

    ကျွန်တော့်ချစ်သူ့ ချက်ကျွေးရင် ကောင်းမှာပဲ

  24. kyawtkyawtlwin says:

    စား​လို့​အရ​မ်းေ​ကာ​င်း​မ​ည့်​ပုံ​ပဲ

  25. May Thazin says:

    ငါးအအရိုးထုတ်တာ မိုက်တယ်.. လုပ်စားကြည့်ဦးမယ်

  26. Nyi Nyi says:

    ဒီနေ့ကျနော်အဲလိုချက်ထားတယ် အရမ်းစားကောင်းတယ်
    ဟင်းနှစ်ခွက်ဖြစ်သွားတယ် အရိုးနဲ့ငါးခေါင်းကို စွတ်ပြုတ်လုပ်လိုက်တယ် ကျေးဇူပဲနော် မမ

  27. thaeoo says:

    မ​နေ့က ငါး​ကောင်​လုံး​​ကြော်​ လုပ်​စားဖြစ်​တယ်​ အရမ်းကြိုက်​တယ်​ အနှစ်​အရသာကလဲ တစ်​ကယ်​​ကောင်း ​ကျေးဇူးပါ အစ်​မ

Leave a Reply

Your email address will not be published. Required fields are marked *