မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်

မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်

IMG_0407a

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ – ရခု
  • ပါမုန့်ခြောက် – ၁၀၀ ဂရမ်
  • ဂျုံမှုန့် – ရ၀ ဂရမ်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)


နှပ်ထားရန် ပါဝင်ပစ္စည်းများ

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • လိမ္မော်ဆိုဒါ – စားပွဲတင်ဇွန်း ၃ဇွန်း

ဆော့တွင် ပါဝင်ပစ္စည်းများ

  • ငရုတ်သီးဆော့ – ၁ခွက်ခွဲ
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • Worcestershire ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • Tobasco ဆော့ – လက်ဖက်ရည်ဇွန်း၁ဇွန်းခွဲ
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးနီတောင့်ရှည် – ၁တောင့်

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်တောင်ပံများကို နှပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ နံနံစေ့မှုန့်၊ ဇီယာ၊ ရှာလကာရည်၊ သကြား၊ လိမ္မော်ဆိုဒါ) တို့ဖြင့် သမအောင် ရောနုယ်ပေးရမှာပါ။

၂။ ပြီမှ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၄၅မိနစ်ခန့် နှပ်ထားပေးရမှာပါ။

ဆော့ပြုလုပ်နည်း

၁။ နှပ်ထားစဉ်မှာ တွဲဖက်သုံးဆောင်ရန် ဆော့ကို ပြုလုပ်ပေးရမှာပါ။

၂။ ထို့နောက် ခွက်တစ်ခုထဲတွင် ဆော့အတွက် (ငရုတ်သီးဆော့၊ ရှာလကာရည်၊ Worcestershire ဆော့၊ ဆား၊ သကြား၊ tobacco ဆော့၊ ငရုတ်သီးတောင့်ရှည်) အားလုံးကို ကြိတ်စက်ဖြင့် ရောကြိတ်ပေးပါ။

ကြော်နည်း

၁။ ပြီမှ နှပ်ထားသော ကြက်တောင်ပံများကို မကြော်ခင် ၁၀မိနစ်ခန့် ရေခဲသေတ္တာထဲမှ ကြိုထုတ်ထားပေးပါ။

၂။ ပါမုန့်ခြောက်၊ ကြက်ဥ၊ ဂျုံမှုန့်များကို တခွက်စီ ခွဲထည့်ပေးပါ။

၃။ ပြီလျှင် ကြက်တောင်ပံများကို ဂျုံမှုန့်ကပ်၊ ကြက်ဥခွက်ထဲသို့ နှစ်စိမ်ပေးပါ။

၎။ နှစ်စိမ်ထားသော တောင်ပံများကို နောက်ဆုံးမှ ပါမုန့်ခြောက်လေးများ ကပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ကျန်ကြက်တောင်ပံများကို ဂျုံမှုန့်၊ ကြက်ဥ၊ ပါမုန့်ခြေက် ကပ်ပေးရမှာပါ။

၅။ ထို့နောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူအောင် အထိ တည်ထားရမှာပါ။

၆။ ဆီပူလာလျှင် ကြက်တောင်ပံများကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးရမှာပဲ ဖြစ်ပါတယ်။

ရ။ ကြက်တောင်ပံကြော်များ ရပြီဆိုလျှင် ပြန်ဆယ်ပြီ အရသာရှိစွာ အစပ်ဆော့ဖြင့် တွဲဖက်သုံးဆောင်လို့ရပါပြီ….

IMG_0407a

5 comments

  1. jasmine says:

    ကျေးဇူးပါရှင် ….

  2. Aungpyae says:

    ခလောက်ထားပါဆိုတာဘာလဲမသိဘူး

  3. RebekahJuicy says:

    I often visit your blog and have noticed that you don’t update it often.
    More frequent updates will give your site higher authority & rank
    in google. I know that writing articles takes a lot of time, but you can always help yourself with miftolo’s tools which will shorten the
    time of creating an article to a couple of seconds.

  4. I have noticed you don’t monetize your blog, don’t waste your traffic, you can earn extra cash every month.
    You can use the best adsense alternative for any type of website (they approve all websites),
    for more details simply search in gooogle: boorfe’s tips monetize
    your website

Leave a Reply to cherry Cancel reply

Your email address will not be published. Required fields are marked *