ဆိတ်သားခပတ်ဟင်း
ဆိတ်သားခပတ်ဟင်း
ပါဝင်သောပစ္စည်းများ
၁။ ဆိတ်သား – ၄၀ကျပ်သား (နုပ်နုပ်ဆင်းပါ)
၂။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီး ၈စိပ်လှီးပါ)
၃။ ကြက်သွန်ဖြူ – ၇မွှာ (ညက်နေအောင်း ထောင်းပါ)
၎။ ကြက်သွန်နီ – ၄လုံး (အ၀ိုင်းလေးများ လှီးပါ)
၅။ ငရုတ်သီးခြောက် အနီထောင့် – ၄ထောင့် (ရေနွေးဖြင့် ပြုတ်ပြီး ညက်နေအောင် ထောင်းပါ)
၆။ ဗင်နီဂါရည် – စားပွဲတင်ဇွန်း ၂ဇွန်း
၇။ ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ နံနံစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ မာဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
၁၀။ ကလဝေရွက် – ၂ရွက်
၁၁။ ဆား – လက်ဖက်ရည်ဇွန်း ၄ဇွန်း
၁၂။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၃။ ထောပတ်
၁၄။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ ဆိတ်သား စဉ်းကောကို (ဆား၊ သကြား၊ ဆနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့် (အနည်းငယ်)၊ ဗနီဂါ) ဖြင့် သမအောင် ရောနုယ်ထားပါ။
၂။ ပြီးလျှင် ဒယ်ပြားထဲ ထောပတ် (စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ြုပီး ကြက်သွန်နီဝိုင်းများကို အညှိရောင်သန်းသည်အထိ ကြော်ပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ။
၃။ ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူများထည့်ဆီသပ်ပါ။
၎။ ပြီးနောက် ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်ရောမွှေပေးပါ။
၅။ ပြီးလျှင် နုယ်ထားသော ဆိတ်သား၊ ဇီယာ၊ ကရဝေးရွက်၊ နံနံစေ့မှုန့် တို့ကို ထည့်ပြီး မွှေပေးပါ။
၆။ ထို့နောက် ရေ(အနည်းငယ်) ထည့်ပြီး ဆိတ်သား နူးသည်အထိ အဖုံးအုပ်ထားပေးပါ။
၇။ ဆိတ်သားကျက်ပြီး အရသာ အနေတော်လျှင် ခရမ်းချဉ်သီး နှင့်  ကြက်သွန်နီများကို အပေါ်မှထည့်ပြီး ရောမွှေလိုက်ပါ။
၈။ အပေါ်မှ ပင်စိမ်းရွက်အုပ်လျှင်လည်း ရပါသည်။
၉။ အရသာရှိသော ဆိတ်သားခပတ်ဟင်းကို စားသုံးနိုင်ပါပြီး။
You May Also Like This
ဝက်သားတောက်တောက်ကြော်
16 comments
  1. Evy says:
    • chowutyee says:
      အညှီနံ့ပျောက်အောင် အမွှေးအကြိုင်တွေ ထည့်ရင်ပိုကောင်းတယ် မEvy!! 🙂
  2. mon says:
    ညီမလေးဝတ်ရည် အရမ်းတော်တာပဲ
    ဟင်းချက်နည်းတွေမျှပေးတဲ့အတွက်ကျေးဇူးပါနော်
    အဟောင်းတွေလဲဖတ်နေတယ်။
    email subscription လဲလုပ်ထားပါတယ်။
    • chowutyee says:
      မမွန်ကို အားပေးလို့ ၀တ်ရည်ကကျေးဇူး အရမ်းတင်ပါတယ်နော်… နောက်ဟင်းသစ်တွေလည်း ကြိုးစားတင်သွားပေးပါမယ် 🙂
  3. hmone says:
    that is one of my favourite curry…will try to cook tonight hee 😉
  4. Pyone Pwint says:
    A Ma… How much is 40 Kyat Tharr in grams or lbs? 🙂
    Thanks a lot ma ma,
    Big fan here. 😉
    xoxo
    • chowutyee says:
      Pyone Pwint ရေ ၄၀ကျပ်သား = ၆၅၀ ဂရမ် ရှိပါတယ်… ၀တ်ရည်ကလည်း အားပေးလို့ ကျေးဇူးပါနော်… 😀
  5. Marlar says:
    ဆိတ်သားကီမာ ဆိုပိုမှန်ပါလိမ့်မယ်..၀တ်ရည်ရေ..
  6. Aye Yu Maw says:
    အစ်မရေ ညီမကိုလည်း Reply လုပ်ပေးပါအုံးနော်။
    အစ်မ ဟင်းချက်နည်းတွေ ကြည့် ရ ချက်ရပါတယ်။
    ဖြဲသိပ်မုန့် လည်းလုပ်စားပြီးပြီ မုန့် ဟင်းခါးလည်းချက်စားပြီးပြီး။မနက်ကျရင်ဆိတ်သားချက်မလို့ ။လုပ်နည်းလေးပေးတဲ့ အတွက်ကျေးဇူးပါနော်။
  7. Elvin says:
    ..HI… I’m Elvin.. I would like to know what they are called ကလဝေရွက် …. နံနံစေ့ ….. ဇီယာ …… in English >???
    Thank you..
    Elvin 😀
  8. winkyukyusoe says:
    ဟင်းချက်​နည်း အသစ်​တင်​တိုင်း သိချင်​တယ်
    • admin says:
      Email subscription လုပ်ထားရင် ဟင်းသစ်တင်တိုင်း အီးမေးပို့ပေးပါတယ်.. 🙂
  9. masaw tin says:
    Very good please tell me map pare call English.
Leave a Reply to chowutyee Cancel reply
Your email address will not be published. Required fields are marked *