ထမင်းပေါင်း
ထမင်းပေါင်း (၃ယာက်စာ)
ပါဝင်သောပစ္စည်းများ
၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး)
၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ)
၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)
၎။ ငါးဖယ်လုံး – ၅လုံး (Market များတွင်ဝယ်နိုင်သည်) (optional)
၅။ မုန်လာဥနီ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
၆။ ပြောင်းဖူး အသေး – ၅ကျပ်သား (အပါး စောင်းလှီးပါ)
၇။ ဘိုစားပဲ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
၈။ မှို- ၅ကျပ်သား  (အပါး စောင်းလှီးပါ)
၉။ ငုံးဥ – ၅လုံး ( ပြုတ်ပြီးသား)
၁၀။ မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)
၁၀။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
၁၁။ ကြက်ပြုတ်ရည် (သို့) ရေ – ၄ခွက်
၁၂။  ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၃။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၄။ သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၅။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)
၁၆။ ကြက်သွန်ဖြူ – ၂မွှာ (ထောင်းပါ)
၁၇။ ကြက်သွန်နီ – တ၀က် (ထောင်းပါ)
ချက်ပြုတ်နည်း
၁။ ကြက်သားကို ဆား (လက်ဖက်ရည်ဇွန်း တ၀က်)၊ ကော်မှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်နုယ်ပေးပါ။
၂။ ထို့နောက်  ဒယ် (Non-Stick pan) ထဲသို့  ဆီဆီများများထည့်ကာ  ကြက်သားကို အညှိရောင်သန်းလာအောင် မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ကြက်သားများကို ဇကာဖြင့် ဆီစစ်ပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။
၃။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၄ ဇွန်း) ထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ (၂မွှာ)၊ ကြက်သွန်နီ တ၀က် ထည့် အညှိရောင် သန်းလာသည် အထိ ဆီပူထိုးပေးပါ။
၎။ ပြီးလျှင် ငါးဖယ်လုံး၊ ကြက်အသဲအမြစ်၊ ပါဝင်သော ဟင်းသီးဟင်းရွက်များကို ၁မိနစ်ခန့် ကြော်ပေးပါ။ ကြက်ပြုတ်ရည် (သို့) ရေကို ထည့်ပြီး မွှေပေးပါ။
၅။ ထို့နောက် ကြော်ထားသော ကြက်သား၊ ငုံးဥ၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ ထည့်ကာ ဟင်းရွက်များ နူးလာသည် အထိ မီးပြင်းပြင်းဖြင့် တည်ထားပါ။ ပြီးလျှင် အပေါ့အငံ မြည်းကြည့်ပါ။
၅။ အပေါ့အငံ အနေတော်ပါက ပုံတွင်ပါသည့်အတိုင်း မီးပြင်းပြင်းဖြင့် ရေကို များများအနေထားတွင်  ဖျော်ထားသော ကော်ရည်ကို ထည့် မွှေပေးပါ။
မှတ်ချက်။ ။ ကော်ရည်သည် မပျစ် မကျဲ အနေထားတွင် ရှိနေရမည်။ ကော်ရည် အရမ်းပျစ်သွားလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။ ကော်ရည် ကျဲနေလျှင် ကော်မှုန့်အနည်းငယ် ဖျော်ကာ ထည့်ပေးပါ။
၆။ ထို့နောက် ထမင်းပူပူကို ပန်းကန်လုံးထဲထည့် ကာ ထမင်းစားပန်းကန်ပြားထဲသို့ မှောက်ထည့်ပေးပါ။ ပြီးလျှင် ကြော်ထားသော ဟင်းရွက်များကို ထမင်းပေါ်သို့ လောင်းပေးပါ။
ရ။ ပူပူနွေးနွေးနဲ့ ထမင်းပေါင်းကို အဆင့်သင့် စားသုံးနိုင်ပါပြီး။
47 comments
  1. myintkt says:
    This recipe is even better than usual steamed rice you can get from the small Chinese restaurants! If you like steamed rice like I do, this is a really good recipe to cook at home! My recommendation 😀
  2. shwe zin says:
    I cook as your method. This is my first experience to cook hta min poung. My husband like so much my one. Thank for your kindness. You are my teacher.
    • chowutyee says:
      ရွှေဇင် မြှောက်ပြောလွန်းလို့ ဘယ်လိုနေရမှန်းတောင် မသိတော့ဘူး.. ဟဲဟဲ… ဘာပဲဖြစ်ဖြစ် ဒီလို ၀တ်ရည် ဟင်းတွေကို ချက်လို့လည်း ရွှေဇင်ကို အရမ်းကျေဇူးတင်ပါတယ်.. ဟင်းကောင်းတယ်ဆိုတာ ရွှေဇင်တော်လို့ပါ ၀တ်ရည်က ချက်နည်းပဲပြောပြတာပါ။.. heee 😉
  3. Nandar says:
    My husband love to eat wet rice.I’ll cook for him during my off day.May be tomorrow.Thanks ma wutyee.you are wonderful:)
    • chowutyee says:
      Ma Nandar ဒီထမင်းပေါင်းက တကယ် စားလို့ အရမ်းကောင်းပါတယ်.. လုပ်စားကြည့်ပါနော်… ၀တ်ရည်တောင် ထပ်လုပ်စားကြည့်မလို့… မနက်ဖြန်လောက်ပဲ တူနေပြီ… ဟီးဟီး… 🙂
  4. Nandar says:
    Sister WutYee,
    I was busy and couldn’t come to ur site last few days.But I have tried to cook this dish for me and my husband.U know my husband like it so much.He told me that this is so much more delicious than the one that we used to buy outside.Thanks Naw:)
    • chowutyee says:
      စားလို့ကောင်းတယ်ဆိုတာ မနန္ဒာကိုယ်တိုင်ကလည်း ဟင်းချက်တော်လို့ပါနော်… ထမင်းပေါင်းကို ၀တ်ရည်လည်း ကြိုက်တာမို့ ၂ရက်ဆက်တိုက်တောင် လုပ်စားဖြစ်သေးတယ်… ဟဲဟဲ… Thanks! 😛
  5. Aye says:
    I like it so much. Thanks a lot for the recipe… 🙂
  6. pn says:
    I was thinking to make that a few days ago, and now I got a recipe, thanks sister..
  7. pn says:
    btw, add some tomatoes to get red colouring and sour flavour..
    • chowutyee says:
      PN ရေ အပြင်မှာ အရောင်ရော၊ အရသာပါ ကောင်းပါတယ်.. လုပ်စားကြည့်ပါနေနာ်… 🙂
  8. သင်းသင်း says:
    လုပ်စားကြည့်အုန်းမယ်…အိမ်မှာအစ်မချက်နည်းတွေကိုတစ်မျိုးပြီးတစ်မျိုးလုပ်စားနေတာ…အရမ်းကောင်းတယ်…:)
    • chowutyee says:
      သင်းသင်း လုပ်စားကြည့်ပါနော်.. အားပေးနေတယ်ဆိုလို့ ၀တ်ရည်ကလည်း ကျေးဇူး
  9. ခင်ယမုံ says:
    ညီမလေးရေ..
    အစ်မအမျိုးသားက အရမ်းကြိုက်တာတဲ့..
    ညီမလေးပြောတဲ့အတိုင်း ချက်ကျွေးလိုက်မယ်နော်..
    အစ်မလည်းကြိုက်တာပဲ..
    😀
    ကျေးဇူးညီမလေး
  10. မွန်မွန်အောင် says:
    • chowutyee says:
  11. […] February 21, 2012 ထမင်းပေါင်း […]
    • အံ့မခန်း says:
      မမ၀တ်ရည်ရဲ့ချက်ပြုတ်နည်းတွေနဲ့ကျွန်တော်ဆိုင်ဖွင့်မလို့ကြိုးစားနေပါပြီ
  12. lin says:
    you are my smart girl ,ma ma.Thank u very much for ur affort.
  13. moe says:
    ကျွန်မတို့အိမ်မှာလုပ်စားတဲ့ပုံကတော့ ဗိုလ်အောင်ကျော်လမ်းထောင့်က “သီတာ စားသောက်ဆိုင်” (ယခုမရှိတော့ပါ) ကထမင်းပေါင်းလိုပါ မှတ်မိသလောက်ကတော့ မှိုမပါဘူး ကြက်ကိုမကြော်ဘဲ ပြုတ်ထားပြီးအတုံးသေးသေးလှီးထားပါတယ် ပုဇွန်အမှုန့်ကတ်ကြော်, ဝက်သားလုံးကြော် ပါပြီး မျစ်ခြင် (အဖြုရောင်မျစ်) ထည့်ပါတယ် ခရမ်းချည်သီးတော့မပါဘူး
    ခြခါနီးမှာ တရုပ်မဆလာနဲနဲဖြူးတယ် တရုပ်ဟင်းချက်ဝိုင်လဲပါမယ် ငရုပ်ကောင်းလဲနဲနဲဖြုးတယ် အဲဒါဆိုအရမ်းမွေးသွားတယ် ရေးရင်းနဲ့တောင်ပြန်မြင်ရောင်လာပြီး စားခြင်လာပြီး
  14. eiei says:
    ama yay a myal arr pay nay par tal , ayam kaung tal ama cooking twe ka & very useful, thx a lots ya 🙂
  15. ကျေးဇူးတင်ပါတယ် အများကြီးပါ
  16. Thandar says:
    အိမ်မှာလုပ်စားမယ်နော်
  17. Thinzar says:
    အရမ်းတော်တဲ့ မြန်မာ တစ်ယောက်မို့ အစ်မ အတွက် အများကြီး ဂုဏ်ယူမိပါတယ်…အမြဲတမ်း အားပေးသွားပါ့မယ်နော်…. 😀
  18. cheerry says:
    ဆိုင်ကထမင်းပေါင်းတွေ သိပ်ကြိုက်တဲ့အဖေ့ကို အရင်အိမ်မှာ ထမင်းပေါင်းလုပ်ကျွေးတိုင်း သိပ်မတူဘူးပြောလို့ အမြဲစိတ်ညစ်ခဲ့ ရတာ….ခုတော့ ဒီနည်းလေးအတိုင်း လုပ်ကျွေးတာ အရမ်း ကြိုက်တယ်တဲ့ ပြီးတော့ ဆိုင်တွေကထက်တောင် ပိုကောင်းတယ်တဲ့ ညီမရေ အစ်မချီးကျူးခံရတိုင်း ညီမလေးကို သတိရတယ်…. ကျေးဇူးလည်းတင်မိတယ်…အားလုံးကို ကိုယ်တတ်သလို တတ်စေချင်တဲ့ ညီမလေးရဲ့စေတနာလေးက ညီမလေး ကိုအမြဲပြန်ပြီး စိတ်ချမ်းသာစေမှာပါ…ပြည့်စုံစေမှာပါ….
  19. thandaryi says:
    မဝတ်ရည်ရဲ့ထမင်းပေါင်းလုပ်စားရဒါအရမ်းစားလို့ကောင်းပါတယ်။ကျေးဇူးတင်ပါတယ်။
  20. သံစဉ် says:
    မမ လက် ရာလေးတွေက ကောင်းတယ်
    ညီမကိုယ်ဝန်က အဲ့တာပဲတောင်းနေတော့
    နေ့တိုင်းလုပ်စားဖြစ်မယ် ထင်တယ်
  21. Seng says:
    ထမင်းပေါင်းက ညီမရဲ့ favorite ပဲ…ဆိုင် မှာစားရင်ထမင်းပေါင်းပဲမှာစားတာများတယ်။ခုတော့ ချက်နည်းသိပြီ …. ရုံးပိတ်ရက်မှာကိုယ်တိုင် လုပ်စားတော့မယ်.ကျေးဇူးနော အမ။
    ကြည့်ရင်းနဲ့တောင် သွားရည်ယိုလာပြီ အမရေ.. ရှလွတ် :P.
  22. july says:
    ကျေးဇူပဲအမရေ ထမင်းပေါင်းကအကြိုက်ဆုံးပဲ မြင် တာနဲ့စားချင်သွားပြီး
  23. Sophia says:
    Can u do for me shwe myint man steam rice cause my husband like a lot and I want 2 cook for him
  24. haymar says:
    very very tasty
  25. Ayethandarsoe says:
    Thanks a lot Ma…… Before I cooking every time I learning from ur post first. After that I try Its always good taste. So many times I checking ur post when can’t send the message. I wanna say Thanks….. Now I can send to u…. Thank u…
Leave a Reply
Your email address will not be published. Required fields are marked *