ရှမ်းခေါက်ဆွဲ
ရှမ်းခေါက်ဆွဲ (၅ယောက်စာ)
ဒါကတော့ ရှမ်းခေါက်ဆွဲလေးပါ။ မနက်စာ၊ နေ့လည်စာအဖြစ် အစားများတဲ့ ရှမ်းခေါက်ဆွဲက ကို သင်္ကြန်ပိတ်ရက်တွေမှာ လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ ထည့်သွင်းပေးထားတာပါ။ လုပ်ရတာလည်း လွယ်ပြီ စားကောင်းသည်မို့ တူတူ ချက်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား (သို့) ၀က်သား – ၁၅ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
၂။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
၃။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)
၎။ ခရမ်းချဉ်သီး – ၄လုံး (ပါးပါးလှီးပါ)
၅။ ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
၇။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ငရုတ်သီးမှုန့်  – စားပွဲတင်ဇွန်း ၁ဇွန်း
၉။ မြေပဲလှော် – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းပါ)
၁၀။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၁။ ရှမ်းခေါက်ဆွဲခေါက် – ၁ထုပ်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ရှမ်းခေါက်ဆွဲခေါက်များကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၇ဇွန်း) ခန့်ထည့်ပြီး ဆီပူလျှင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ဆီသပ်ပါ။
၃။ ပြီးမှ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)ကို ထည့်မွှေပေးပါ။
၎။ ထို့နောက် ခရမ်းချဉ်သီး များကိုထည့်ပြီး ရေ(လက်ဖက်ရည်လုံး ၁လုံး) ခန့်ထည့်ရောမွှေလိုက်ပါ။
၅။ အနှစ်ရလျှင် ကြက်သား(သို့) ၀က်သားကို ထည့်ပြီး ပဲငပိနှင့် ပဲငံပြာရည်တို့ထည့်လိုက်ပါ။
၆။ ၀က်သားနူးအိရန်အတွက် ရေကို (လက်ဖက်ရည်လုံး ၂လုံး)ထည့်ပြီး ဆီပြန်လာသည်အထိ အဖုံးအုပ်ထားပေးပါ။
၇။ ဆီပြန်လျှင် အသားခရမ်းခဉ်သီး အနှစ်ကို အရသာ အပေါ့အငံ့ကို ကြည့်ပြီး မီးပိတ်လိုက်ပါ။
၈။ ပြီးလျှင် ရေစိမ်ထားသော ရှမ်းခေါက်ဆွဲခေါက်များကို အိုးထဲထည့်၍ ရေနွေးဖြင့် ၂မိနစ် ခန့်ပြုတ်ပေးပါ။
၉။ ရှမ်းခေါက်ဆွဲများ နူးအိလာလျှင် ဇကာဖြင့် ပြန်စစ်ထားပေးပါ။
ရှမ်းခေါက်ဆွဲစားရန် ပြင်ဆင်နည်း
၁။ ရှမ်းခေါက်ဆွဲဖတ်များကို ဇောက်ပန်းကန်- ၅ပန်းကန် ထဲသို့ ထည့်သို့ အညီအမျှ ခွဲထည့်လိုက်ပါ။
၂။ အပေါ်မှ အသားခရမ်းခဉ်သီး အနှစ်၊ မြေပဲထောင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ရောမွှေလိုက်ပါ။
၃။ ဆီတို့ဟူး၊ ၀က်ခေါက်တို့ဖြင့် တွဲဖက်သုံးစွဲ နိုင်ပါသည်။
————————————————————————————————————
55 comments
  1. hmone says:
    seem very nice and not that difficult to do…will try when i move to new house 😉
  2. စိမ့်လေး says:
    မ.. ရှမ်းခေါက်ဆွဲလုပ်နည်းတင်ရင်းနဲ့..
    ရှမ်းချဉ်လုပ်နည်းလေးပါတင်ပေးပါလားမ..
    မုန်ညင်းချဉ်ပေါ့.. နော်..
  3. Lace says:
    အမရေ…ဟင်းတွေကြည့်ရတာအရမ်းစားချင်စရာကောင်းပြီတော့ ပျော်ဖို.ကောင်းတယ် …အမကအရမ်းတော်တာပဲ … Lace ကို ယိုးဒယားသင်းဘောသီးထောင်း လုပ်နည်းလေးပြောပြပါလါးဟင်…
    ကျေးဇူးအများကြီးတင်ပါတယ်.
    • chowutyee says:
      Lace ရေ ယိုးဒယား သင်္ဘောသီးထောင်း လုပ်နည်း တင်ပေးလိုက်ပါမယ်နော်.. ကျေးဇူးပါ.. 🙂
  4. ngataylay says:
    အမရေ ရှမ်းခေါက်ဆွဲဆိုလို့ လေ ကျိုင်းတုံဘက်က ရှမ်းခေါက်ဆွဲနဲ့ သံလွင်ဒီဘက်ခြမ်းပေါ့နော် တောင်ကြီးတို့ လားရှိုးတို့ ဘက်ကရှမ်းခေါက်ဆွဲနဲ့ ကမတူဘူးနော်…. ဘာဖြစ်လို့ လဲတော့မသိဘူး ဒီဘက်ကရှမ်းခေါက်ဆွဲက အစီးတို့ အဖွယ်တို့ … သံလွင်အရှေ့ ခြမ်းကျတော့ အရည် နဲ့  အသားလုံးနဲ့ ဘယ်လိုခေါ်လဲတော့မသိဘူး…… အဲဒီသံလွင် အရှေ့ ခြမ်းက ရှမ်းခေါက်ဆွဲလိုမျိုးလေး တင်ပေးပါလား…. မစားရတာလဲကြာပြီဆိုတော့လေ လုက်လဲလုပ်တတ်ဘူး…. 😀
  5. viOlet says:
    တို့ဟူးနွေးလုပ်နည်းလေး သိရင် ပြောပြစေချင်ပါတယ်
    ကျေှးဇူးပါ 🙂
  6. share သွားပါတယ်နော်
  7. Hung Awm Thang says:
    ဆင်းရမလား ၊စဉ်းရမလားမသိ?
    အလကားနောက်တာပါ
    ကျေးဇူးအရမ်းတင်တယ်။လုပ်စားကြည့် အုံးမယ်
  8. ရင်မွှေး says:
    အမရေ၉က်ခေါက်ကြော်နည်းလေးပါရေးပေးပါလား
  9. ရင်မွှေး says:
    အမရေ၀က်ခေါက်ကြော်နည်းလေးပါရေးပေးပါလား
  10. Aye ei ei Aung says:
    I like this
  11. Shwe Pan Tee says:
    မမရေ ရှကောပါကောမှုန့် (သို့ )ရှကောပါကောသီးခြောက်ကို ဆီပူလေးသတ်..ရှကောပါကောဆီချက်လေးလုပ်ပြီးထဲ့ရင် ရှမ်းခေါက်ဆွဲ အင်္န့ လေးပိုမွှေးပြီး အရသာလဲကောင်း..ရှကောပါကောမှုန့် (သို့ )ရှကောပါကောသီးခြောက်ကို တရုတ်တန်းမှာ ဝယ်လို့ ရပါတယ်..
    • admin says:
      ခုလို အကြံဥာဏ်ပေးတာ ကျေးဇူးပါ။ နောက်တစ်ခါ ရှမ်းခေါက်ဆွဲလုပ်စားရင် ရှကောပါကောသီးခြောက် ထည့်လုပ်စားကြည့်မယ်
  12. aung min says:
    ပဲငပိ ကိုသိချင်ပါတယ် ဘယ်လိုအမိုးအစားကိုသုံးရမှာလဲ
    ရှကောပါကောသီးက ဘယ်လိုဟာလဲ မသိဘူး ဓါတ်ပုံနဲ့ တကွ တင်ပေးစေခြင်ပါတယ်
    ကျေးဇူးတင်ပါတယ်
  13. aunghein says:
    အခုလိုတင်ပေးတကယ်ကျေးဇူးတင်ပါတယ်ဗျာ
  14. dare says:
    Wutyee yay, Pls post Shan ngar htamin if possible. I can’t find it anywhere. Thank you.
    • admin says:
      ရှမ်းငါးထမင်းချဉ် လုပ်နည်း တင်ပေးပါ့မယ်နော်.. 🙂
  15. thetmamakyaw says:
    tomorrow မှာလုပ်စားလိုက်မယ် ညီမလေး။
  16. […] ရှမ်းခေါက်ဆွဲ […]
  17. Kyaw Htun says:
    နုတ်နုတ်” စင်း “
  18. ThawThawZin says:
    ရှကော ပါကော မှုန့် ကို တရုတ်တန်းမှာအလွယ်တကူမေးဝယ်လို့ ရပါတယ်
  19. ကြာညို says:
    မြင်ရုံနဲ့စားချင်လာပြီ ကျေးဇူး
  20. OAKCA says:
    May I know how to make ice cream at home. Please reply me.
    Best regard.
    • admin says:
      ရေခဲမုန့်လုပ်နည်း ကြိုးစားပြီ တင်ပေးပါ့မယ်.. 🙂
  21. Kaung Kaung says:
    Eain ka wife ka ser chin nay tar…chatt ktwae ya mal…thanks ma wutyee
  22. ei mon says:
    ရှမ်းဟင်းထုပ်‌ လုပ်‌နည်း သိချင်‌ပါတယ်‌၊ သိရင်‌ ‌ဝေမျှ‌ပေးပါရှင်‌
  23. Zin says:
    ရှမ်းခေါက်ဆွဲခြောက်ဖတ်/အစိုဖတ် မရနိုင်တဲ့နေရာမှာ နေပါတယ်။ ရှမ်းခေါက်ဆွဲဖတ်အစား ဘာနဲ့အစားထိုး လုပ်စားလို့ ရလဲမသိဘူး။
    ဒီမှာ rice noodle ဆိုတာမျိုး နဲ့ အီတာလျံ pasta ခြောက်တွေတော့ ရှိတယ်။
  24. nyein chan says:
    ကျေးဇူးတင်ပါတယ် မဝတ် ရည်
  25. myo thant says:
    တရုတ်အစားစာ ရှမ်းအစားအစာ ချက်ဲပုတ်နည်း သင်ချင်တယ် ဘယ်လိုလုပ်ရမလဲ ညွှန်ပေးပ်ဦး မ၀တ်ရည်ရေ
  26. Ma Su says:
    အမရေဒီနည်းအတိုင်းလုပ်စားဖြစ်တယ် ကျေးဇူးပါနော် စားချင်တာလေးတွေရှိတိုင်း အမ Page ကိုဝင်ကြည့်ပြီးချက်စားဖြစ်တယ်
  27. Minnie says:
Leave a Reply to aunghein Cancel reply
Your email address will not be published. Required fields are marked *