သိုးသား(သို့) ဆိတ်သား ဒိန်ချဉ် အိန္ဒိယဟင်းလျာ

သိုးသား(သို့) ဆိတ်သား ဒိန်ချဉ် အိန္ဒိယဟင်းလျာ

ပါဝင်သောပစ္စည်းများ

၁။ သိုးသား (သို့) ဆိတ်သား – ၂၀ကျပ်သား (အနေတော် တုံးပေးပါ)

၂။ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၅ဇွန်း

၃။ ငရုတ်ကောင်းစေ့ (အမဲ) – လက်ဖက်ရည်ဇွန်း ၄ဇွန်း (ထောင်းပြီးသား) (Peppercorn)

၎။ ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (ထောင်းပြီးသား)

၅။ သစ်ဂျပိုး – ၂ခု (Cinnamon)

၆။ ကလဝေရွက် – ၂ခု (Bay Leave)

၇။ ဖာလာစေ့ – ၁၀ခု (Cardamom pods)

၈။ လေညှင်းပွင့် – ၈ခု (Cloves)

၉။ မာဆလာ- လက်ဖက်ရည်ဇွန်း တ၀က်

၁၀။ ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲ သစ်ဂျပိုး၊ ကလဝေရွက်၊ ဖာလာစေ့ (၅ခု)၊ လေညှင်းပွင့် (၄ခု)၊ ငရုတ်ကောင်းစေ့၊ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ သိုးသား (သို့) ဆိတ်သား၊ ရေ – ၅ခွက် ထည့်ပြီး (မီးနည်းနည်းဖြင့်) ၃၅မိနစ်ခန့် အသားနူးအိသည်အထိ ပြုတ်ပေးပါ။

၂။ ထို့နောက် ရေအနည်းငယ်ကျန်လျှင် ဒိန်ချဉ်ထည့်၍ (မီးနည်းနည်းဖြင့်) နောက်ထပ် ၁၀မိနစ်ထပ်တည်ပေးပါ။ ရေအနည်းငယ်လိုပါက ထည့််ပေးပါ။

၃။ ပြီးလျှင် ဒယ်ပြားအသစ်တွင် ဆီထည့် ဖာလာစေ့ (၅ခု)၊ လေညှင်းပွင့် (၄ခု)၊ မာဆလာ ထည့် စက္ကန့်၂၀မျှ မွှေပေးပြီး (ဆိတ်သား ချက်ထားသော) ဒယ်အိုးထဲသို့ထည့်ပြီး  ဟင်းအနှစ်ခြောက်သွားသည် အထိ ၁မိနစ်ခန့် ရောမွှေပေးပါ။

၎။ အရသာ အပေါ့၊ အငံကြည့်ပြီး ထမင်းနှင့် တွဲဖက်စားသုံးနိုင်ပါပြီး။

7 comments

  1. myintkt says:

    သိုးသားနဲ့ လုပ်စားရင် ပိုကောင်းမယ်။ ဒီမှာက သိုးသားကမရှိဘူး 🙁

  2. hmone gyi says:

    there is lamb in here but very smelly i think i prefer with goat 🙂

  3. RC says:

    Hum………..look nice. I love Indian dishes. I’ll try to cook it one day

  4. cnyein says:

    ဒယ်အိုးထဲ သစ်ဂျပိုး၊ ကလဝေရွက်၊ ဖာလာစေ့ (၅ခု)၊ လေညှင်းပွင့် (၄ခု)၊ ငရုတ်ကောင်းစေ့၊ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ သိုးသား (သို့) ဆိတ်သား၊ ရေ – ၅ခွက် ထည့်ပြီး (မီးနည်းနည်းဖြင့်) ၃၅မိနစ်ခန့် အသားနူးအိသည်အထိ မပြုတ်ခင် ဆိတ်သားကို ဘာတွေနဲ့ နယ်ထားစရာလိုသေးလဲဗျ မ၀တ်ရည်

  5. usai says:

    I am not a good typist for myanmar fonts. Sorry for it.
    Let me tell you my personal experience with Indian Lamb Curry.
    I did not like Lamb at all in the past due to its smell.
    3 years after at abroad, I ended up with food issue. I was born & live in Myanmar up to the age of 30. I always have problem with western food.
    In short, I tried Lamb curry at a first time, from a best Indian restaurant as I have no other option after 3 years there. It was in Margate,Kent.
    It depends on how it is prepared & cooked. So, I had more choice for meal.
    Now, Lamb cuisines is my favorite when it is cooked by good chef. This is just my personal experience.

  6. Ei says:

    ဂျင်းကို ဆီသတ်တဲ့ အခါမှထည့်တာပေါ့နော်… ပြုတ်တဲ့အခါရောထည့်လား sis?

Leave a Reply to hmone gyi Cancel reply

Your email address will not be published. Required fields are marked *