ဝက်ခြေထောက်စွတ်ပြုတ်
ဝက်ခြေထောက်စွတ်ပြုတ်
ဒီ ၀က်ခြေထောက်စွတ်ပြုတ် ဟင်းချိုကို တင်မယ်တင်မယ်နဲ့ ခုမှပဲ
တင်ဖြစ်တော့တယ်… ၀တ်ရည်ကတော့ Slow Cooker နဲ့ချက်လိုက်တာ တော်တော်လည်း
နူးအိစားလို့ အရမ်းကောင်းတာမို့ အိမ်မှာ ချက်စားချင်သူတွေ အတွက်
ချက်နည်းလေးပါ မျှဝေပေးလိုက်တယ်နော်..
ပါဝင်သောပစ္စည်းများ
၁။ ၀က်ခြေထောက် – ၄၀ကျပ်သား (၁လက်မခန့် အတုံးများ တုံးပေးပါ)
၂။ ဂျင်း – စားပွဲတင်ဇွန်း တ၀က်ခန့် (မညက်တညက် ထောင်းပေးပါ)
၃။ ကြက်သွန်ဖြူ – ၂မွှာ (မညက်တညက် ထောင်းပေးပါ)
၎။ ဆား – လက်ဖက်ရည်ဇွန်း ၄ဇွန်း
၅။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
၆။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၈။ ရေ – ၁လီတာ
၉။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁၀။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၁၁။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ရိုးရိုးချက်ပြုတ်နည်း
၁။ အရင်ဆုံး ၀က်ခြေထောက်တုံးများကို ရေဖြင့် သန့်စင်လိုက်ပါ။
၂။ ပြီမှ ၀က်ခြေထောက်ကို ဂျင်း၊ ကြက်သွန်ဖြူ တို့ဖြင့် ရောနုယ်လိုက်ပါ။
၃။ ဒယ်အိုးထဲသို့ ရေ ၁လီတာထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပေးပါ။
၎။ ပြီးလျှင် ရောနယ်ထားသော ၀က်ခြေထောက်များကို ထည့်ပါ။
၅။ အရသာအပေါ့အငံ့အတွက် ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြားတို့ကို
ထည့်ပြီ မွှေပေးပါ။
၆။ အဖုံးအုပ်ပြီ ၀က်ခြေထောက်နူးအိသည်အထိ တည်ထားပေးပါ။
ရ။ ၁၀မိနစ်ခြားတစ်ခါ အဖုံးဖွင့်ပြီ ရေခန်းသွားလျှင် ရေလိုအပ်သလောက် ထပ်ဖြည့်ပေးပါ။
၈။ ၀က်ခြေထောက်များ နူးအိပြီ ဆိုလျှင် ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊
ကြက်သွန်မြိတ်တို့ကို ဖြူးပေးပြီ အရသာကောင်းမွန်သော
ဝက်ခြေထောက်စွတ်ပြုတ်ဟင်းချိုကိ
ု သုံးဆောင်နိုင်ပါပြီ…
မှတ်ချက် ။ ။ SlowCooker နဲ့ချက်ချင်ပါက ကြက်သွန်မြိတ်မှအပါ
ကျန်ပါဝင်ပစ္စည်းများကို SlowCooker ထဲထည့်ပြီ ၂နာရီကြာတည်ထားပေးပါ။ ပြီမှ
အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူး၍ အလွန်နူးအိပြီ စားလို့ကောင်းသော
ဝက်ခြေထောက်ဟင်းချိုကို ရရှိပါလိမ့်မည်။
32 comments
  1. amk says:
    ကျေးဇူအစ်မ. ရေ ၂ လီတာ ကိုပြောတာမလား ကိုကာကိုလာ ပုလင်းအကြီးလောက်လေ
    • chowutyee says:
      amk ရေက ၁လီတာလို့ ရေးတာ မှားရေးမိလို့။ ၁လီတာဆိုတော့ ရေသန့်ဗူး လတ်၁ဗူးစာလောက်ပေါ့။ ၀က်ခြေထောက်မြုပ်ရုံထည့်ပေးရင် ရပါပြီ.. လုပ်စားကြည့်ပါနော်.. 😀
  2. အသာားတွေထက်ကို အခေါက်ကိုပိုကြိုက်တယ်
    ရန်ကုန်မှာ နေ့တိုင်း ၀က်ခြေထောက်စွပ်ပြုတ်သွားသွားစားတယ်
    တရုတ်တန်းဈေးရောက်တိုင်းပေါ့
    ခုတော့ မစားရတာကြာပြီ
  3. hmone says:
    mike hla gyi lar…good share bae…ko cooker ko lae like tal….
  4. ကိုသားကြီး says:
    ကောင်း၏။ မစားရပေမယ့် တပုံစံတည်းလို့ ထင်ပါတယ်( ၀တ်ရည်လက်ယာ မှီလောက်ပါရဲ့) 😀
    • chowutyee says:
      ဟားဟား ကိုသားကြီး စွတ်ပြုတ်က ပိုတောင်ကောင်းမှာ သေချာတယ်.. အမြှီးပိုပါလို့… 😀
  5. shinlay says:
    စနေနေ့ ကချက်စားဖြစ်ပါတယ်။
    အခုလည်းထပ်စားသွားပါတယ်။
  6. Nway Nway says:
    Thanks for the post..
    Much appreciated if you could tell us how to cook ငါးရှဉ့်ခြောက်စဎ်?
    • chowutyee says:
      ငါးရှဉ့်ခြောက်စပ် ၀တ်ရည် အရင်စမ်းချက်လိုက်အုန်းမယ်.. ၀တ်ရည်လည်း ငါးရှဉ့်ခြောက်စပ် အရမ်းကြိုက်တယ်.. ပြီရင် ချက်နည်းပါ တင်ပေးလိုက်မယ်နော်..
  7. ko lay says:
    Ahh…. I am waiting forward too long this menu. now coming so happy and thank u very much ma chowutyee.
  8. winkaythi says:
    ကျေးဇူးပဲနော် အမ လာလည်သွားတယ် စွပ်ပြုတ်ကိုစမ်းလုပ်ကြည့်အုံးမယ် ကျေးဇူး
  9. ဇော်ခင် says:
    မချိုရေ
    ကျေးဇူးအများကြီးတင်ပါတယ်
  10. sar chin like tar naw
  11. magyi says:
    ခွင့်ပန်တာပါ….း)
    • chowutyee says:
      ဟုတ်ကဲ့ မကြီး… ၀တ်ရည်လည်း ၀က်ခြေထောက်စွတ်ပြုတ် အရမ်းကြိုက်တယ်.. 😀
  12. ပလရာ says:
    ကျနော်ကတော့  ဝက်ခြေထောက်စွတ်ပြုတ်ကို Pressure cooker နဲ့ ပြုတ်ပါတယ်… ဝက်ခြေထောက်ထည့် ပြီး ရေဆူလာရင် အမြုပ်တွေကိုခပ်ထုတ်ပစ်လိုက်ပါတယ်… ပြီးမှ အဖုံးပိတ်ပြီး နာရီဝက်လောက်ဆိုရင် ရပါပြီ…
  13. tos says:
    အမေ၇.. ဆိတ်ရိုးစွတ်ကိုလဲ အခုဝက်လို လုပ်၇င်၇မလား၇ှင်..ပဲနဲ့ ပြုတ်မှ ၇မှာလား..ပြောပြပါနော်..
    • chowutyee says:
      ဆိတ်ရိုးစွတ်ပြုတ်က ပဲကို သက်သက်ပြုတ်ပြီ ဆိတ်ရိုးပြုတ်ထားတာနဲ့ ၀တ်ရည်ကတော့ ပြီမှရောပြုတ်ပါတယ်.. 🙂
  14. PHOE PYAE says:
    SiS….. I use to cook that one with pressure cooker but I never get like that taste. I’ll try again. Thank for your information.
  15. thiri says:
    ဒီနေ့ချက်စားပါ့မယ်ကျေးဇူးပါနော်
  16. kuku says:
    • admin says:
      ဂျင်း၊ ကလဝေရွက်၊ နတ်နတ်ပွင့် ထည့်ပေးရင် အနံ့ပျောက်ပါတယ်.. 🙂
  17. lin ei ei bo says:
    ဖတ်ရင်းနဲ့ စားချင်လာပြီ ရုံးပိတ်ရက် ချက်စားမယ်
Leave a Reply to admin Cancel reply
Your email address will not be published. Required fields are marked *