ဟောင်ကောင် ဘဲကင်
‘ဟောင်ကောင် ဘဲကင်’
ဟောင်ကောင်စတိုင် အိမ်လုပ် ဘဲကင်လေးပါ။ ပျားရည်၊ တရုတ်ဟင်းခတ်၊ ဆန်ဝိုင်တို့နဲ့ နှပ်ထားတာမို့ ဘဲကင်ရဲ့ ချိုစိမ့်တဲ့ အရသာရယ်၊ ဘဲကင်ရဲ့ မွှေးရနံ့ကိုပါ အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။ လုပ်နည်းကလည်း လွယ်တာမို့ အိမ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက် ရောင်းရန်ပဲ ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ လုပ်နည်းလေးကို တူတူကြည့်လိုက်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
  • ဘဲ [duck]                            ♦ ၁ကောင်( ၅-၆ပေါင် )
  • ပျားရည် [honey]                ♦ စားပွဲတင်ဇွန်း ၆ဇွန်း
  • ရှာလကာရည် [vinegar]    ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆန်ဝိုင် [rice wine]            ♦ စားပွဲတင်ဇွန်း ၂ဇွန်း (CityMart တွင် ဆန်ဝိုင်ကို ၀ယ်ယူနိုင်ပါသည်)
  • တရုတ်ဟင်းခတ် [chinese five-spice ] ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆား [salt]                           ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  • ဆီ [vegetable oil]           ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ [garlic]        ♦ ၁မွှာ (မညက်မညက်ထောင်းပါ)
  • ဂျင်း [ginger]                     ♦ လက်တဆစ် (မညက်မညက် ထောင်းပါ)
  • ကြက်သွန်မြိတ်                    ♦ ၁ခု
  • နတ်နတ်ပွင့် [star anise] ♦ ၂ခု
ဘဲကင်နည်း [Grill Recipes]
၁။ အရင်ဆုံး ဘဲသားကို အတွင်း၊အပြင် သေချာ သန့်စင်ပေးပါ။
၂။ ပြီမှ ဘဲတောင်ပံ၊ ခေါင်း၊ လည်ပင်းတို့ကို လှီးထုတ်လိုက်ပါ။
၃။ ထို့နောက် သန့်စင်ပြီသား ဘဲသားကို ခြောက်သွေ့အောင် အ၀တ်သန့်ဖြင့် သုတ်ပေးပါ။
၎။ ပြီနောက် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ကို ကြက်သားအတွင်းပိုင်းထဲ ထည့်ပေးပါ။
၅။ အရသာ အတွက် ဘဲသားကို ဆားများဖြင့် သမအောင် ဘဲအတွင်း၊ အပြင် နုယ်ပေးထားပါ။
၆။ ဘဲကင်တွင် လိုအပ်သော ဆော့ရည်အတွက် (ပျားရည်၊ ရှာလကာရည်၊ ဆန်ဝိုင်၊ တရုတ်ဟင်းခတ်၊ ဆီ၊ နတ်နတ်ပွင့်) တို့ကို ခွက်တစ်ခုထဲသို့ ထည့်ပြီ ရောမွှေလိုက်ပါ။
၇။ ထိုဆော့ရည် စားပွဲတင်ဇွန်း၁ဇွန်းကို ဘဲသားအတွင်း ပိုင်းထဲသို့ ထည့်ပြီ နှီ(သို့) ကြိုးဖြင့် ပုံတွင် ပါသည့်အတိုင်း ဘဲဘင်ပိုင်းကိုလုံအောင် ချည်ပြီ ဘဲပေါင်နှစ်ခုဖြင့် ရောချည်ထားလိုက်ပါ။
၈။ ပြီလျှင် ကျန်ဆော့ရည်များကို ဘဲတစ်ကောင်လုံး ပေါ်သို့ လောင်းချပြီ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄နာရီခန့် အဖုံးအုပ်ပြီ နှပ်ထားပေးပါ။
၉။ ဘဲကင်ကို စကင်လို့ရပါပြီ။ ကင်မည်ဆိုလျှင် ဘဲတစ်ကောင်လုံး အောက်မှာ သတ္တုပြား(Aluminum Foil) ခံပြီမှ ကင်ပေးပါ။
၁၀။ Ovenနဲ့ ကင်မည်ဆိုလျှင် ၂၀၀ဒီဂရီ ထားပြီ နှပ်ထားသော ဘဲကို တဖက် နာရီဝက်နှုန်းဖြင့် ၁နာရီခွဲမှ ၂နာရီခန့် ဘဲအရေခွံကြွပ်သည် အထိ ကင်ပေးပါ။
၁၁။ ကင်နေစဉ် အတွင်း နာရီဝက်တခြား ဘဲအပေါ်မှ ဆီများသုတ်ပေးပါ။
၁၂။ ဟောင်ကောင် ဘဲကင်ရပြီ ဆိုလျှင် ကြိုက်နှစ်သက်ရာ ဆော့ဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။
Tips: ဘဲကင်ကို ဆော့ရည်များ နှပ်ပြီ တညသိပ်က ပိုမိုကောင်းမွန်ပါသည်။
67 comments
  1. Dare says:
    Yummy!
  2. Nut Minn says:
    အခုတောင် စားချင်လာပြီဗျာ ဒီပို့စ်ကလေးကို အရမ်းနှစ်သက်တယ် မော်စကိုမှာ ဘဲရှားတယ် မြန်မာနိုင်ငံပြန်ရောက်ရင် ကင်စားမယ် 😀
  3. ko nyein says:
    thanks for this post. I will make it.
  4. magyi says:
    သမီးရေ…၅ပေါင်ဆိုတာ..ကီလိုနဲ့ဆို….ဘယ်လောက်ရှိမလဲနော်…သားရေကျလာပြီ
  5. ခင်ယမုံ says:
    ညီမရေ.. စားချင်စရာ..အရမ်းကိုစားချင်တယ်.. ဒါပေမယ့် နော်ဝေမှာ ဘဲကိုရှာလို့မရဘူး..ညီမတင်ထားတာလေးကိုကြည့်ပြီးတော့ပဲ အလွမ်းဖြေပါတော့မယ်….
  6. saw says:
ြုကက်ကောင်လုံးကို ဂျင်းနဲ့  ဘယ်လို ပေါင်းရလဲဟင်း။ုကက်သားပေါင်းကို ရှာလို့ မတွေ့ လို့ ။ ပုလင်းတွေ မသောက်ခြင်ဘူး။ ပေါင်းနည်းလေး သိရင်၊ ပေးသိမယ် ဆိုရင် [email protected] ကို တဆိပ် ပို့ ပေးပါလားဟင်။ တစ်ခါ တလေ အလုပ်များရင် စာတွေ ဝင်မဖတ်နိုင်လို့ ပါ။
    • chowutyee says:
      စောရေ ဂျင်းနဲ့ကြက်ကောင်လုံး ပေါင်းနည်း အားတာနဲ့ အီးမေးနဲ့ ပို့ပေးလိုက်ပါ့မယ်နော်. ကျေးဇူးပါ
  7. a yan ko mike tal and look really yummmy….wanna eat and treate me….
  8. ချော says:
    ဘုရားရေ ထမင်းမစားခင် လာကြည့်တာ မှားပြီ
    ဗိုက်က အသံမျိုးစုံမြည်သွားတယ် စားချင်တယ် စားချင်တယ်
  9. han kyi says:
    ဟား…သွားရည်ကျလိုက်တာဗျာ…ဘဲကင်…ဘဲကင်…ဝေးခဲ့တာ ရှစ်နှစ်ကြီးများတောင်ကြာပါပေါ့လား…ရွှေဘဲက ဘဲကင်ရယ်…ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေတောင် ပြန်သတိရမိပါပကောလား…
  10. ဘဲကင်ကို မကြိုက်တတ်ပေမဲ့ မြည်းတော့ မြည်းကြည့်ချင်စရာလေး။
    ခင်မင်လျက်
  11. 99shinayi says:
    ဘဲကင် ကောင်းကောင်း မကင်တတ်တာနဲ့အတော် ပဲ …ခုလိုပြည့်ပြည်စုံစုံ လေ့လာလိုက်ရတာ …ကျေးဇူးပဲ….အမ
  12. yuki says:
    ဘဲကို ရေခဲသေတ္တာ freezer ထဲ ထည့်နှပ်ရမှာလား အောက်ထဲမှာပဲ ထည့်ရမှာလား သိချင်လို့ ပါ…မြင်တာနဲ့ မနည်းထိန်းထားရတာ (စားချင်စိတ်)… 🙂
    • chowutyee says:
      ရေခဲသေတ္တာအောက်ထပ်မှာပဲ ၄နာရီလောက် နုပ်ထားရင် ရပါပြီ.. လုပ်စားကြည့်ပါနော်. 🙂
  13. KoThetOo says:
    စားချင်တယ်ဘယ်လိုမြည်းရမလဲ
  14. Hla Myo- New York says:
    We can open restaurant like Chinese Restaurants and sell roasted duck. thanks . ChoWutYee.
  15. အံ့မခန်း says:
    မ၀တ်ရည်…ကျွန်တော့်ကိုလည်းကြက်ကင်နည်း…မေးပို့ပေးပါအုံးနော်..ကျေးဇူးတင်ပါတယ်
    အမြဲအားပေးမယ်နော်
  16. KT says:
    မဝတ်ရည်ရေ… အကြံတစ်ခုလောက် ပေးချင်လို့ပါ။ ပီကင်းဘဲကင် တွေမှာလို အရေခွံကြွပ်ရွချင်ရင် အဲဒီ ဆော့စ်ရေ ကို ပွက်ပွက်ဆူအောင်ပြုပ်၊ ပြီးရင် ဘဲပေါ် အရေတင်းလာတဲ့ထိ လောင်းချပါ။ ဘဲကို တွဲလောင်းချပြီး တညသိပ် အခြောက်ခံ၊ အရေခွံတင်ပြီး ခြောက်လာရင် နောက်နေ့ကင် လိုက်။ တကယ် ရေခွံကြွပ်ပြီး အရသာ ရှိတယ်ဗျ။ စမ်းကြည့်ပါလား… လင့်ကတော့
    http://www.taste.com.au/recipes/6457/peking+duck
    အမြဲတမ်း အားပေးလျက်ပါ
    KT
    • admin says:
ွှကျေးဇူးပါ။ နောက်တခါ ဘဲကင်ရင် ဒီနည်းအတိုင်း ကြိုးစားကင်ကြည့်ပါ့မယ်
  17. Aye Yu Maw says:
်အစ်မရေ ဘဲကင်ကအရမ်းကောင်းတယ်။
    ဒါတောင်ဟင်းချက်ဝိုင်မပါဘူး။အ်နံ့ အရသာပြည့် စုံတယ်။အားလုံးအတွက်ကျေးဇူးပါနော် ။
    စိတ်ဆင်းရဲခြင်းကင်းဝေးပါစေနော်။
    • admin says:
  18. micky says:
    အစ်မရေ တစ်ခုလောက်ပြောချင်လို့…. အဆင်ပြေရင် ထိုင်းစတိုင် ဘဲကင်က္ပေ့သယို လုပ်နည်းလး တင်ပေ:ပါလား… လုပ်စားကြည့်ချင်လို့… ကျေ:ဇူးပါ။
    • admin says:
      ဟုတ်၊ နောက်ပိုင်းကျရင် ကြိုးစားပြီ တင်ပေးပါ့မယ်နော် 🙂
  19. ကျော်ဝေယံဖြိုး says:
    မဝတ်ရည်ရေ…တရုတ်ဟင်းခတ်ကဘယ်မှာ ဝယ်ရမှာလဲ? City mart မှာပဲလား?
    • ကျော်ဝေယံဖြိုး says:
      ဗိုက်ထဲက ?ကလီစာတွေကိုရော ထုတ်ရဦးမှာလား
      • admin says:
        ဟုတ်ကဲ့။ ၀တ်ရည်ကတော့ ဈေးက၀ယ်ကတည်းက ကလီစာတွေ ထည့်မချိန်ဘူး။ အလေးပိုမှာစိုးလို့.. ထုတ်ပစ်ရမှာပါ
    • admin says:
      ဟုတ်ကဲ့ City Mart မှာ ၀ယ်လို့ရပါတယ်။ Chinese Five Spices Powder လို့ ရေးထားတယ်
  20. suthetthetko says:
    မရေ oven နဲ့မကင်ဘဲဒီတိုင်းကင်ရင်ဘယ်လိုကင်ရမလဲဟင်
  21. […] ဟောင်ကောင် ဘဲကင် […]
  22. ချားချင်လိုက်တာ ရှလွတ် လုပ်တတ်ဝူး ချက်တတ်ဝူး မမကိုပဲ အမတော်တော့မယ် ချက်ကျွေးနော ခစ် 😀
    ~ Kk ~
  23. mg mg soe says:
    မနက်ဖြန် အလုပ်သမားနေ့မှာ ဟောင်ကောင် ဘဲကင် လုပ်စားကြည့်မယ်၊ ကြိုတင်ကျေးဇူးတင်လျက်ပါခင်ဗျာ
  24. KARYAN says:
    အစ်မ။ မီးသွေး အကင်ခုံနဲ့ ရောကင်လို့ ရလား။ ဘဲ
    Kitchen Foil ပတ်ပြီးတော့လေ။
    • admin says:
      ဟုတ်ရတယ်။ မီးသွေးနဲ့ ကင်တော့ မီးသွေးနံ့လေးနဲ့မို့ ပိုတောင် စားကောင်းမှာပါ
  25. thinn aung swe says:
    အိမ်မှာအလွယ်တကူဘဲပေါင်းလုပ်နည်းကိုပြောပြပေးစေလိုပါတယ်–
  26. chozartun says:
    ကျေးဇူးတင်လိုက်တာ မရယ်။အသစ်တင်တိုင်းပို.ပေးပါနော်
  27. yan paing says:
    ဒီဆိုဒ် ကို ခုမှပဲသိတာ….ကျေးဇူးအထုးတင်ပါတယ်..လေ့လာစရာတွေ အများကြီးပဲ နောက်အချိန်ရရင်လဲ အသစ်လေးတွေ တင်ပေးပါအုန်းနှော် အမ….ဂျပန်ဟင်းထဲက ဆိုပိုကောင်းမယ်
    • admin says:
      Thanks also.. နောက်လည်း ဟင်းလည်း လာလေ့လာပါအုန်းနော်…
  28. khunmyo says:
    အမ
    • khunmyo says:
      တရုတ်ဟင်းခတ်မရှိလို့ ဘာနဲဆိုအဆင်ပြေမလည်း အနံ့ မွှေးအောင်
      • admin says:
        တရုတ်ဟင်းခတ်အမွှေအကြိုင်က နတ်နတ်ပွင့်၊ သစ်ဂျပို့မှုန့်၊ လေညှင်း၊ စီချွမ့် ငရုတ်ကောင်း၊ စပါးမှုန့် ဟင်းခတ်အမွှေအကြိုင်(၅)မျိုးကို ပေါင်းပြီ ထုတ်ထားတာ။ ဒါကြောင့် တရုတ်ဟင်းခတ်အမွှေအကြိုင် မရှိရင် နတ်နတ်ပွင့်၊ သစ်ဂျပိုး၊ လေညှင်းတို့ ထည့်လည်း ရတယ်..
  29. thandaryi says:
    မဝတ်ရည်ရေကျေးဇူးတင်တယ်နော်ဝ
  30. Ohm Mar says:
    ဘဲအစားကြက်နဲ့ဆိုရင်လဲဒီနီးအတိုင်းကင်လို့ရမလားညီမ
  31. Tin Myat Nwe says:
    200 is C or F?
  32. zaw lay says:
    တင်သမျှအားလုံးကြိုက်ပါတယ် နောက်ထပ်ချက်နည်းအသစ်တွေလဲ တင်ပေးပါနော်
  33. soe moe aung says:
    ကျေးဇူးတင်ပါတယ်
Leave a Reply to chowutyee Cancel reply
Your email address will not be published. Required fields are marked *