အိမ်လုပ် ပဲပြုတ်
အိမ်လုပ် ပဲပြုတ်
ပဲပြုတ်ကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အမြဲစားလေ့ရှိပါတယ်။
ပဲပြုတ်ကို လွမ်းတဲ့ နိုင်ငံခြား ရောက်မြန်မာတွေ အလွယ်တကူ
လုပ်စားနိုင်အောင် ထိုချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ဒီချက်နည်းကို
ဝတ်ရည် ဟင်းချက်မိတ်ဆွေ မအိသက်ဆီက ရရှိတာပါ။ ချက်နည်းလေးကို
ကြည့်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ စားတော်ပဲ (Gargen Pea) – ၂၀၀ ဂရမ် (Martket၊ အိန္ဒိယ ကုန်စုံဆိုင်
များမှာ ၀ယ်ယူနိုင်ပါသည်။)
မှတ်ချက်။ ။ စားတော်ပဲ ရှာမတွေ့ပါက Yellow bea ကို အစားထိုးဝယ်ယူနိုင်ပါသည်။
၂။ ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်
၃။ ထန်းညက် – ကြီးလျှင် ၂ခဲ၊ သေးလျှင် ၄ခဲ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး စားတော်ပဲကို ဇလုံတစ်ခုထည့်ပြီ ရေများများထည့်၍ ရေ၀အောင်
၂၄နာရီ ရေစိမ်ထားပေးပါ။
၂။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း ရေစိမ်ထားသော စားတော်ပဲများကို
အပေါက်ပါသော ဇကာဗန်းထဲ ထည့်ပြီ ရေစစ်လိုက်ပါ။
၃။ ပြီနောက် အညောင့်ထွက်အောင် နောက် ၂၄နာရီခန့်ထပ်ထားပေးပါ။ ၄နာရီခြားတခါ
ရေအနည်းငယ် တောက်ပေးပါ။ အပေါ်မှ အ၀တ်သန့်လေးဖြင့် အုပ်ထားလိုက်ပါ။
၎။ အညောင့်ထွက်လာပြီဆိုလျှင် ဇလုံတစ်ခုထဲ ပဲများကို ထည့်လိုက်ပါ။
၅။ ပြီမှ ပဲထဲသို့ ဆားဆိုဒါ(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေပြီ မပြုတ်ခင်
နာရီဝက်ခန့် နုပ်ထားပေးပါ။
၆။ ပဲကို စပြုတ်လို့ရပါပြီ။ ပဲမြုပ်ရုံ ရေကို ထည့်ပြီ မီးအနည်းငယ်ဖြင့်
ရေခမ်းအောင် အထိ (၁နာရီ ၄၅မိနစ် မှ ၂နာရီခန့်) တည်ထားပေးပါ။ တည်ထားစဉ် အဖုံးအုပ်ထားပေးပါ။
ရ။ စတည်သည်နှင့် ထန်းညက်ခဲလေးများပါ တခါထဲ ထည့်ပေးပါ။ ထန်းညက်ရည် ကြောင့် ပဲများ
ဝါရာက ညှိပြီ ချိုစိမ့်ပြီ စားလို့ ပိုကောင်းပါသည်။ (ဆားလုံးဝ
မထည့်ပါနှင့်၊ ပြုတ်ပြီမှ ထည့်ချင်ထည့်ပါ)
၈။ ပြုတ်ပြီ ၄၅မိနစ်ခန့် ကြာလျှင် ပဲပြုတ်အခွံလေးများ ကျွတ်ပြီ အပေါ်သို့ တက်လာပါ လိမ့်မည်။ ထိုအခွံလေးများ ဇွန်းဖြင့် အသာလေး ဖယ်ပေးလိုက်ပါ။
၉။ ရေခမ်းသွားလျှင် ပဲပြုတ်အိအိလေး ရရှိပါပြီ။ ထမင်းပူပူလေးနှင့် ကြိုက်နှစ်သက်သလို
သုံးဆောင်နိုင်ပါပြီ….
79 comments
  1. share bar lar….mike tal….i normally do with yellow peas…will try this one and this way too…so cool 🙂 so clever
  2. Pi pi says:
    thz for posting ..but i couldn’t find this kind of peas in Melbourne help me pls
    • i think you can try yellow peas too as they are very simiar and if you can’t find yellow peas too , then try chick peas which is not the same but tast similar too…hope it helps
  3. Dare says:
    Oh thanks so much. I never thought of this way and all the time my peas are over soft and didn’t come out nice shape. I will try soon. Thanks Wutyee.
  4. လင်းလင်းချစ်သူ says:
်ကျေးဇူးတင်ပါတယ်မမနော်
    လင်းတို့ ဆီမှာပဲပြုတ်ငတ်နေတာကြာပြီ
    လုပ်ကြည့်ပါ့မယ်။
  5. Wynn says:
    thanks!!!
  6. ma khaing says:
    အမလဲ ဒီရောက်တော့မှ ပဲပြုတ်လုပ်စားဖြစ်တယ်။ နည်းကတော့ အတူတူပါပဲ။ ဒါပေမဲ့ အမကတော့ ပေါင်းအိုးနဲ့ ပေါင်းတာပါ။ ပြုတ်တာနဲ့ ဘယ်လိုကွာလဲ နောက်တစ်ခေါက်ကြမှ
    စမ်းကြည့်ရမယ်။ anyway thanks a lot.
  7. TTSweet says:
    ပဲပြုတ်ထမင်းတွေ့ရင် အိမ်ကိုလွမ်းတယ်။
  8. မိုး says:
    Gargen pea ကို ဂူဂယ်လ် ကြည့်တာ garden pea ပဲ ထွက်လာတယ်။ အမ နောက်တစ်ခါ ဈေးသွားဝယ်ရင် ကုလားဆိုင်မှာ အဲဒီပဲကို ဘယ်လိုရေးထားတယ်ဆိုတာ ကျေးဇုးပြုပြီး ဖတ်လာပေးပါနော် လမ်းကြုံတဲ့ အခါပေါ့။ ကျေးဇူးတင်ပါတယ်။
  9. မိုးရေ yellow pea လို့ ကုလားဆိုင်မှာ ရှာဝယ်ပါ။ ပဲက မြန်မာနိုင်ငံထဲကလို မျက်စိ မပါဘူး
  10. ၀တ်ရည်ပျောက်နေတာ ပဲပြုတ်လေးနဲ့ ပြန်ပေါ်လာတယ်
    တွေ့ရတာ ၀မ်းသာပါတယ်း)
    • chowutyee says:
      heee မအားတာနဲ့ ဟင်းသစ်တွေ မတင်ရတာ ကြာသွားတယ် မချော။ ခုမှ ပြန်ပေါ်လာတယ် ဟီးဟီး:D
  11. ခင်ယမုံ says:
    ကျေးဇူးပါပဲ ညီမရယ်..
    စားချင်နေတာကြာပြီ…
ုတူရကီကုလားဆိုင်မှာ ရှိနိင်တယ်..
    🙂
  12. yannaing says:
    မလွယ်ပါလား ပဲပြူတ်စားရဖို ၂ရက်လောက်စောင့်ရမှာနော်
    • chowutyee says:
      ဒါပေမယ့် မစားရတာထက် ဆိုင်ရင် လွယ်ပါတယ်။ တချို့ဆို အညှောင့်အရှည်ကြီးထွက်အောင် ၄ရက်လောက်ထားပြီမှ လုပ်ကြတာ…
  13. Angeline Jensen says:
    My dear Wut Yee,
    I like your web side and read all the time but unfortunately in April, I can not read Myanmar font on my computer any more. I try to download again from your web side Myanmar font but It said that Google Chrome can not download.
    What can I do? I would like to read all your recipes, especially this Pae byoke.
    Could you please give me some advice how to get back Myanmar font.
    Thank you in advance,
    AJ
  14. Rosalind says:
    Dear Wut Yee,
    Thank so much for shearing your recipes…
  15. Angeline. says:
    Thanks a lot Wut Yee,
    Now I can use and read all your recipes. once again thanks a lot My dear Wut Yee.
  16. မြတ် says:
    ညီမ ထန်းလျက်က အမတို့ဆီမှာ အလွယ်တကူဝယ်လို့မရပါ ၊ထန်းလျက်အစားဘာထဲ့လို့ ရမလဲဟင် ၊ သိချင်ပါသည်။
  17. Angeline Jensen says:
    Thank you very much to Wut Hmone too. AJ
  18. htathtattun says:
    ပုံကိုကြည့်ပြီးတကယ်ပဲသရေယိုမိပါတယ်။စားချင်စရာကြီးနော်။အိမ်မှာကိုယ့်ကိုလုပ်စားကြည့်အုံးမယ်။ကျေးဇူးတင်ပါတယ်။
  19. KSY says:
    Thanks wutyee.I brought Gargen Pea from Yangon.But I don’t know how to make it and first time was failed.I will try again.
  20. Thwe Thwe says:
    Wutyee yay…ku mar see tae, thwethwe lae try kyi oo mae, ya tae so yin fb mar photo tin like mae naw….thank you so much Wutyee <3
  21. T says:
    Thank you so much for this post.
  22. ကုကူ says:
    မ၀တ်ရည်ရှင့် … ပဲပြုတ်ကို chick peas နှင့်လုပ်လို့ရပါသလား သိပါရစေရှင် …
  23. ကုကူ says:
    မ၀တ်ရည်ရှင့် … ပဲပြုတ်ကို chick peas နှင့်လုပ်လို့ရပါသလား ပြောပါရစေချင် …
    • chowutyee says:
      နိုင်ငံခြားက အခေါ်အဝေါ်တွေတော့ ၀တ်၇ည် သိဘူး။ yellow peas နဲ့တော့ ရတယ်ပြောတယ်
      • zinbo says:
        chick pea က ကုလားပဲ သုပ် လုတ်စားတဲ့ ပဲ လေ
      • Laura Chan says:
        I use Blue Boiling peas ( Australia ), it comes out exactly , like ပဲပြုတ် we have in Myanmar.by the way , thank you for your fantastic cooking methods. It brings all the memories I have in child hood in Myanmar. THANK YOU 🙂
  24. ကုကူ says:
    ကျေးဇူးပါနော် မ၀တ်ရည်ရေ …
    yellow peas ကိုပဲ ကုလားဆိုင်မှာ မေးဝယ်ပြီး လုပ်စားတော့မယ် …
  25. Lilian Lai says:
    OMG! wanted to eat for a long time. I will definately try this week-end. Thanks a lot!!!
  26. May says:
    Soda ဆိုတာ Baking Soda ကိုပြောတာလားမ၀တ်ရည်။ chick peas နဲ့ကောပဲပြုတ်လုပ်လို့ ရပါသလားသိပါရစေ။
  27. PP says:
    Ma Wut Yee,
    Soda ka baking soda lar ta char soda larr..
    thine kyuu so much for recipe,
    Arr pay tei,
    PP
  28. ဒီနေ့ အချိန်ပေးပြီး ပြုတ်ကြည့်လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကထဲက ပြင်ဆင်ခဲ့တာပေါ့။
    လောဘကြီးပြီး တစ်ကီလိုတိတိကို ရေစိမ်လိုက်တော့ တကယ့် ဧရာမကြီး ဖြစ်သွားတယ်။
    ဒါကြောင့် အိုးအကြီးကြီး လိုက်ရှာပြီး လေးနာရီလောက်ကြာကြာ ပြုတ်လိုက်ရတယ်။
    ထန်းလျက်မရှိလို့ သကြားနှင့်ကြာညှို့နဲနဲ ထည့်လိုက်တယ်။
    မြည်းကြည့်လိုက်တော့ တော်တော်လေး ကောင်းသား။
    တစ်ပတ်နှစ်ပတ်စာလောက်တော့ အေးဆေးပါဘဲ။
    ကျေးဇူးဘဲ ၀တ်ရည်ရေ။
  29. Khingtharaphy says:
    ကျေးဇူးအများကြီးတင်ပါတယ်မ၀တ်ရည်သမီးမှာလေပဲပြုတ်မစား၇တာနှစ်နဲ့ချည်ပေါ့စားခြင်ပေမဲ့လုပ်နည်းမသိလို့မစားရဘူး။အခုတော့မ၀တ်ရည်ကျေးဇူးနဲ့လုပ်စားဖြစ်တော့မယ်။တကယ်ကိုကျေးဇူးတင်ပါတယ်မ၀တ်ရည်ရယ်။
    • admin says:
      လုပ်စားကြည့် ညီမ။ အိမ်လုပ်ပဲပြုတ်လေးက အရမ်းကောင်းတယ်… ကျေးဇူး 🙂
  30. May says:
    စားတော်ပဲရှာမရလို့  Yellow Peas နဲ့ပြုတ်တာ ဘယ်လိုမှကို နူးနူးညံ့ညံ့ဖြစ်မလာပဲ မာဆတ်ဆတ်နဲ့မို့ လာလုပ်ရမလဲ။ ပဲတွေကို တညရေစိမ်ပြီးလို့ နောက်တညဇကာထဲမှာထားတာလဲ အညှောင့်ထွက်မလာလို့  ဒုတိယတခေါက်ထပ်ပြီးအစမ်းပြုတ်ကြည့်တဲ့အခါ အညောင့်ထွက်အောင် ဇကာထဲ ၂ ရက်ထားလဲ အညှောင့်ကထွက်မလာနဲ့မို့  ဦးနှောက်အင်မတန်စားရပါတယ်။ နည်းလည်းရှိရင် ပြောပါဦး။ အညှောင့်ထွက်တာမထွက်တာထက် ပြုတ်တဲ့ပဲ နှူးညံ့ရင်ပဲတော်ပါပြီ။ အိုးအဖုံးကိုပြုတ်နေစဉ်လုံးဝမဖွင့်ပါဘူး။
    • admin says:
      Yellow Pea နဲ့တော့ တခါမှ မလုပ်ဖူးဘူး။ ဒါပေမယ့် ဒီတစ်ခါ နူအောင် pressure cooker နဲ့ ပြုတ်ကြည့်ပါ။ 🙂
  31. ထွန်းလင်း says:
    ဘယ်လိုမှသဘောမထားပါနှင့် ကျနော်ကအရမ်းဝါသနာပါပြီး ပဲပြုတ်ကြိုတ်တဲ့သူမို့ ၀င်ပြောမိတာပါ ပဲ အညှောင့်ထွက်ချင်လျှင် ၄၈ နာရီ ထားရန်လိုပါတယ် မနက် တခါ ညတခါ ရေအေးလေးဖြန်းပေးပါ အ၀တ်သန့် ကိုရေစွတ်ပြီးအုပ်ထားပေးပါ အပေါ်ကနည်းအတိုင်း ပြုတ်ကြည့်ရင် ပဲပြုတ်က အရမ်းကိုနူးပြဲသွားတာကိုကြုံရပါလိမ့်မည် ပြုတ်တဲ့အခါ ရေကို ပဲမျက်နှာပြင်အထိမရောက်
    စေပါနှင့် ပဲကိုရေစစိမ်တဲ့အချိန် မှာရော ပြုတ်တဲ့အချိန်မှာပါ ဆိုဒါ တစ်ဇွန်းထည့်ရပါမယ်ပြုတ်တဲ့အခါမှာလဲ မီးသိပ်မပြင်းစေပဲ မိနစ် ( ၃၀ ) လောက်မှာပဲနူးတာနဲ့ ဆန်ကာတခုထဲကိုသွန်ပြီးအအေးခံရပါမယ် ၊ အေးသွားတဲ့အခါ Ziplock / Freezer Bag ဖြင့်
    ထည့်ပြီးသိမ်းလျှင်လနှင့်ချီပြီးထားစားလို့ရပါတယ်
    ပဲရှာရခက်နေရင် ကုလားဆိုင်မှာ (YELLOW VATANA )နံမည်နဲ့ရှာပါ အဲဒါ YELLOW PEAS ပါ ။
    ကျေးဇူးတင်ပါတယ်။
  32. khin lay says:
    ညီမလေးေ၇ ပဲပြုတ် ပြုတ်နည်းကို ခုမှဖတ်မိတယ်။ေ၇မစိမ်ဘဲပြုတ်မိတာ တနေကုန်လောက်ပြုတ်လိုက်၇တယ်။
    ညီမလေးနည်းအတိုင်း ပြန်လုပ်ကြည့် ဦးမယ်၊ ကျေးဇူးနော်။
    • admin says:
      ပဲပြုတ်က ရေစိမ်မှ ပြုတ်ရတာ နူပြီ အဆင်ပြေတာ။ ပြန်လုပ်ကြည့်ပါနော်…
  33. […] အုန်းထမင်းနှင့် ကြက်သားဟင်း […]
  34. Kline says:
    ဝတ်ရည်လေးရေ ကျေးဇူးတင်ပါတယ်နော်
  35. Su Su San says:
    Hi Sis,
    I’m also in UK, Manchester
    Where do you get Hta-Nyat Khal??? In indian shops?
    I’ve never seen once before.
    🙁
  36. Kiyoko says:
    Thanks you so much -:)
  37. ပန်းကလေး says:
    OM goodness! this is so helpful! thanks a lot!
  38. taing kyaw says:
    Dear Thamee,
    I’m friends of U T.K n D M.K Soe.To be intrested in cooking at an old age is difficult.Your recipes r simple n clear n also understandable for me.Thanks for sharing with us.SADU,SADU,SADU
  39. Mary Aung says:
    စင်​ကာပူ မူစတာဖာ ကုလားဆိုင်​ က green bean ဝယ်​ပြီး စမ်းပြုပ်​ ကြည့်​တယ်​။
    စ​တော်​​တော်​​ကောင်းတယ်​ဗျို့။ ဒါ​ပေမဲ့ ​မေ​မေက​တော့ မကြိုက်​ဘူး။ အခွန်​ထူလို့ တဲ.။
  40. Pa says:
    စစ်ရေ… ဆားဆိုဒါဆိုတာ baking soda နဲ့တူတူပဲလားဟင်!
  41. Moko says:
    Kyay zue amyar g tin par dl ma wut yee
    Ama yae food house kyount kyount taw taw ko asin pyay pr dl ❤️❤️❤️❤️❤️
Leave a Reply to Pi pi Cancel reply
Your email address will not be published. Required fields are marked *