တို့ဟူးနွေး (၃ယောက်စာ)
တို့ဟူးနွေး (၃ယောက်စာ)
တို့ဟူးနွေးကို လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့နည်းလေးနဲ့ တင်ဆက်ထားပါတယ်။ နေ့လည်စာ အစာပြေလုပ်စားနိုင်ဖို့ပါ။ လုပ်နည်းလေး ကြည့်ရအောင်…
တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ
၁။ ဆန်စီခေါက်ဆွဲထုပ် – တ၀က်
၂။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ)
၃။ နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)
တို့ဟူးကျိုရန် ပါဝင်ပစ္စည်းများ
၁။ ကုလားပဲအစိမ်းမှုန့် (သို့) တို့ဟူးမှုန့် – ၁၅၀ဂရမ်
၂။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၃။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ခရမ်းချဉ်သီးဆော့ရည်အတွက် ပါဝင်ပစ္စည်းများ
၁။ ကြက်သား (သို့) ၀က်သား – ၁၅ကျပ်သား (အတုံးသေးလေးများ တုံးပေးထားပါ)
၂။ ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
၃။ ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)
၎။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
၅။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
၉။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်းများ
၁။ အရင်ဆုံး ဆန်စီခေါက်ဆွဲခေါက်များကို ရေနွေးတည်ထားသော အိုးထဲသို့ ထည့်၍ ပြုတ်ပေးပါ။ ခေါက်ဆွဲကျက်ပြီဆိုလျှင် ရေပြန်စစ်ပြီ ရေစိမ်ထားပေးပါ။ (ရေမစိမ်ထားပါက ခေါက်ဆွဲများ ကပ်သွားပါလိမ့်မည်)
၂။ ထို့နောက် ခရမ်းချဉ်သီး ဆော့ချက်ရန် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပါ။
၃။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ နီများ ထည့် ဆီသပ်ပေးပြီ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီးများ ထည့်၍ ရေ(ဆန်ချိန်ခွက် တခွက်)ခန့်ထည့်ပြီ ခရမ်းချဉ်သီးများ နူသည်အထိ တည်ထားပေးပါ။
၎။ ခရမ်းချဉ်သီးများ နူးသွားမှ ၀က်သားများကို ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ အရသာ အပေါ့အငံ့အတွက် ဆား၊ ပဲငံပြာရည်၊ ပဲငပိ၊  ငါးငံပြာရည်၊ သကြား တို့ကို ထည့်ပေးပါ။
၆။ ထို့နောက် အသားနူရန် ရေ(ဆန်ချိန်ခွက် တခွက်) ထည့်ပြီ ဆီပြန်လျှင် မီးပိတ်၍ ခွက်တစ်ခုထဲ ပြောင်းထည့်ထားပါ။
ရ။ တို့ဟူးကျိုရန်အတွက် ကုလားပဲမှုန့်များကို ရေ(ဆန်ချိန်ခွက် တခွက်ခွဲ)ဖြင့် ရောပြီ သမအောင် မွှေလိုက်ပါ။
၈။ ကုလားပဲမှုန့်များကို ကျေသွားအောင် လက်ဖြင့် (သို့) ဇကာဖြင့် ကျေအောင် လုပ်ပေးပါ။
၉။ ကုလားပဲမှုန့်များ ကျေသွားမှ ရေ(ဆန်ချိန်ခွက် ၂ခွက်)၊ ဆနွင်းတို့ဖြင့် ရောမွှေပြီ ဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။
၁၀။ မီးနည်းနည်းဖြင့် ရမိနစ်ခန့် အဆက်မပြတ်မွှေပေးနေပါ။ အရသာအတွက် ဆား၊ သကြား၊ အချိုမှုန့်တို့ကို ထည့်ပေးပါ။
၁၁။ ပုံတွင် ပြထားသည့်အတိုင်း တို့ဟူးနှစ် မပျစ်မကျဲ အနေထားတွင် ချလိုက်ပါ။
၁၂။ တို့ဟူးနွေးအတွက် ပြင်ဆင်ပါတော့မည်။ အရင်ဆုံး ခွက်ထဲသို့ ဆန်စီခေါက်ဆွဲ လက်တဆုပ်စာခန့် ထည့်လိုက်ပါ။
၁၃။ ပြီလျှင် ခေါက်ဆွဲပေါ်မှ ကျိုထားသော တို့ဟူးများကို ခေါက်ဆွဲဖုံးသည်အထိ လောင်းထည့်ပေးပါ။
၁၄။ နောက်ဆုံးမှ ခရမ်းချဉ်သီးဆော့ရည်(စားပွဲတင်ဇွန်း ၂ဇွန်းခွဲ)၊ မြေပဲ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သွန်မြိတ် အနည်းငယ်၊ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ထည့်ပေးပါ။ ထို့နည်းအတိုင်း ကျန်တို့ဟူးနွေး ၂ပွဲကို ပြင်ပါ။
၁၅။ တို့ဟူးနွေးကို ပူပူလေး ၀က်ခေါက်၊ ရှမ်းချဉ် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
————————————————————————————————
86 comments
  1. look so delicious… i wanna eat too and i will try it very soon 🙂
  2. နွေးနေခြည် says:
    ကြိုက်တယ်။ လုပ်စားဦးမယ်။
  3. ပျင်းတာနဲ့ ချက်စားဘူး
    ဒီမှာတော့ တိုဟူးသည်တွေ ပေါတာနဲ့ ၀ယ်ဘဲဝယ်စားဖြစ်တယ်
    ခုတော့ လုပ်စားချင်စိတ်ပေါက်လာတယ်း)
    • chowutyee says:
      မချော ကိုယ်တိုင်လုပ်စားရတာ နည်းနည်းတော့ လက်ပေါက်ကပ်ပေမယ့်။ အိမ်မှာ လုပ်စားတော့ စိတ်ကြိုက်စားရတောပေါ့.. 😀
  4. magyi says:
    တွေ့လိုက်တော့..၀မ်းသာသွားတယ်..copy လုပ်သွားပြီနော့..(ထုံးစံအတိုင်း)
    တို့ဟူး(၂)ပြန်ကြော်လေးအကြောင်းလဲ..ရေးပေးပါအုန်းနော်…(with love)
    magyi
  5. hanlay says:
    sar chin sayar lay bite taung sar lar p myanmar eal lae kyite par tal buy chinese food nae tchar asar tway ko po kyite tal adar tway ko po p lote pay naw sis ka naytine win kyi tal ama bar cook p tin htar lae loae
  6. Khon says:
    This site is very useful for me…I’m not good in cooking:)
  7. htathtattun says:
    တို့ဟူးနွေးကိုကိုယ့်ကိုချက်စားချင်နေတာကြာပြီ။ချက်နည်းမသိလို့လေ။ခုလိုချက်နည်းကိုသိအောင်တင်ပေးထားတာကျေးဇူးအများကြီးတင်ပါတယ်။
    • chowutyee says:
      တို့ဟူးနွေးက အိမ်မှာ လုပ်စားရတာ လုပ်ရတာ နည်းနည်း လက်ပေါက်ကတ်ပေမယ့် စားလို့ ပိုကောင်းတယ်.. 😀
  8. အန်တီက ငယ်စဉ်ဘဝမှာ ရှမ်းပြည်မှာပဲ ကြီးပြင်းလာတော့ ရှမ်းစာအားလုံး ကြိုက်တယ်။ တို့ဟူးနွေးကတော့ အနှစ်သက်ဆုံးပဲ ဝတ်ရည်ရေ။ ချက်နည်းလေးအတွက် ကျေးဇူးနော်။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
  9. မိုးမိုး says:
    တို့ဘူးနွေးကိုတော့ရှမ်းခေါက်ဆွဲလောက်မကြိုက်ဘူးကွယ်
    ပျော့စိပျော့စိနဲ့
  10. Thinzar says:
    တို့ဟူးနွေးကျိုနည်း နောက်တနီးရှိပါတယ်၊ ကုလားပဲအစိမ်းမှုန့်ကို တစ်ညရေစိမ်ထားပါမယ်၊ မနက်ရောက်ရင် ရေမျက်နှာပြင်မှာ အမြှုပ်လေးတွေတက်နေပါလိမ့်မယ်၊ (အဲလိုအမြှုပ်လေးတွေ တက်နေမှ ရှမ်းဆိုင်က တို့ဟူးလိုမျိုး တို့ဟူးသားကြည်ကြည်လေးရမှာပါ၊) ရေစိမ်ထားတဲ့ အနယ်ထိုင်နေတဲ့ ကုလားပဲအစိမ်းမှုန့်တွေ မပါစေအောင် တစ်ညစိမ်ထားတဲ့ရေကို မနက်ကျရင် သွန်ပြစ်ပါ၊ အိုးတစ်ခုထဲမှာ ရေကို ဆူလာအောင် ကျိုပါ၊ ရေဆူလာရင် အနယ်ထိုင်ထားတဲ့ ကုလားပဲအစိမ်းမှုန့်အနှစ်ကို ရေဆူဆူထဲ ဖြည်းဖြည်းချင်းလောင်းထည့်ပြီး အဆက်မပျက် မွှေပေးပါ၊ ပြစ်လာရင် တို့ဟူးနွေး ရပါပြီ၊ ကျိုတဲ့ရေ အချိန်အဆပေါ်မူတည်ပြီး တို့ဟူးအပျော့အမာ ကွာပါလိမ့်မယ်
    • chowutyee says:
      ခုလို ဖြေကြားပေးလို့ ကျေးဇူးပါနော်။ ၀တ်ရည်လည်း ဒီကျိုနည်းလေးကို မှတ်ထားလိုက်မယ်.. 🙂
      • MYAT K KHAINE says:
        Ma Wutyee,
        If You don’t mind, could you tell me that how to call ကုလားပဲအစိမ်းမှုန့် in English, Please?
        Thank You
        Kindly Regards,
        K
        • admin says:
          ကုလားပဲအစိမ်းမှုန့် = Gram Flour လို့ ခေါ်ပါတယ် .. 🙂
    • moeaye says:
      အင်း ဒီနည်းလေးလည်းစိတ် ၀င်စားစရာဘဲ ရှမ်းပြည်ကတိုဖူး အရသာကအရမ်းနူးညံ့တယ်
      တိုဖူးသားကိုက နူးညံ့တာ လေ ..
  11. maung myintswe says:
    thwar yee kya lite tar photo kyee p akone sarr thwar tal naw.
  12. sandar says:
    ဒီတခါတော့..ညီမလေးရဲ့တို့ဟူးနွေးလုပ်စားကြည့်မယ်နော်..
    ကျမက..ဟင်းချက်မတော်တော့..၀တ်ရည်ချက်ထားသလိုတော့ကောင်းချင်မှကောင်းမှာ..
    ချက်နည်းလေးအတွက်..အရမ်းကိုကျေးဇူးပါ..
  13. Tgyi says:
    Would it be possible to translate the recipe and instructions into English?
    • chowutyee says:
      I have planning to write Myanmar, English recipes. But I don’t have free to time to write English. But future I will try to do.. 😀
    • snow says:
      အမရေ…အမချက်ပြုတ်နည်းလေးတွေကိုကြည့်ပြီး ….cooking ရတာအဆင်ပြေတယ်..ကျေးဇူးဘဲ အမရေ…..ဒီ site ကိုလဲအမြဲကြည့်ပြီး ၁ခုခုလုပ်စားဖြစ်တယ်..အသစ် အသစ်တွေလဲ ထပ်ပြီးအများကြီးတင်ပါလို့နော်………..ကျေးဇူးပါ ….^^^^^
      • admin says:
        ဟုတ်ကဲ့ တင်ပေးပါ့မယ် ညီမရေ.. ကျေးဇူးပါနော်
  14. July... says:
    wutyee…gram flour …nae lote tar lar?…(the same , right ?)
    a yan sarr chin nay tar …thanks alot ..naw…
  15. shin.saw.pu says:
    အကြိုက်ဆုံးအစားစာပဲ..အမချက်ပြုတ်နည်းတွေပေးတဲ့အတွက်ကျေးဇူးပါ..အမယောက်ကျားတော့အရမ်းချစ်မှာပဲနော်..ညီမကတော့ချက်တာမကောင်းလို့တဲ့..အမရဲ့ဆိုက်ဒ်ကနေအကူညီယူပြီးသင်ယူမယ်..အများကြီးကျေးဇူးပါ.
  16. ko thiha says:
    အမရေ ဆိုင်မှာရောင်းဖို့အတွက်ဘယ်လိုလုပ်ထားရင်ကောင်းမလဲ။ ကျိုပီးသားဆိုမာသွားလိမ့်မယ်။
    • chowutyee says:
      တချို့က ကျိုပြီသား တို့ဟူးကို ပြန်ချေပြီ ပြန်ကျိုတယ်။ အဲဒီလို လုပ်ရင် ဆိုင်အတွက် ပိုလွယ်လိမ့်မယ်… 🙂
  17. […] August 16, 2011 တို့ဟူးနွေး (၃ယောက်စာ) […]
  18. ကြိုက်တယ်။ ကျေးဇူးတင်တယ်။
  19. naylaykhin says:
    ayan like tal……….very thank ma ma……….
  20. အရမ်းကောင်းတဲ့ဆိုဒ်ကလေးပါဗျာ… အခုလိုဖတ်ခွင့်ရတဲ့ အတွက်လည်း အရမ်းလည်းကျေးဇူးတင်ပါတယ်ဗျာ.. admin နဲ့ဆက်သွယ်ချင်ပါတယ်ခင်ဗျာ။ အဆင်ပြေမယ်ဆိုရပေါ့။
  21. moeaye says:
    အကြိုက်ဆုံးအစားအစာ ထဲမှာ ပါတယ်.. ရှမ်းပြည်မှာတော့ အီကြာကွေးနဲ့လည်းရော စားလေ့ရှိတယ်
    ကျေးဇူးပါ ညီမ ၀တ်ရည်
    ငြိမ်းချမ်းအေးမြပါစေ
  22. khunsai says:
    တိုဟူးနွေးကို ကြက်သွန်ပင် အစား နံနံပင် နဲ မုန်ညင်းချဉ်တွဲစားတာ ပိုအဆင်ပြေ တယ်ထင်တယ် နော် ။ ရှမ်းပြည်မှာတော့အဲ့လိုစားကျတာများတယ် ၀က်ခေါက်ကြော်နဲပေါ့ ။။။
  23. saisoemin says:
    ကိုသီဟ နဲ့ မ၀တ်ရည် တို
    မ၀တ်ရည် နဲ့ ကိုသီဟ တို့ရေ ၊ ဆရာလုပ်တယ်လို့မထင်ပါနဲ့ ၊ ချက်ပြီးသားပြန်ချေပြီးကျိုရင်
    အခဲတိုင်းဘဲဖြစ်နေမယ် ၊ပြန်ပျော့မသွားတော့ဘူး ၊ အကောင်းဆုံးကတော့ချက်ပြီးမအေးခင်
    ဆိုင်ရောက်ရောက်ခြင်းမီးဖိုပေါ်ပြန်တင်ထားပါ။
  24. Joanne says:
    မဝတ်ရည်ရေ ဆန်စီးခေါက်ဆွဲကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲရှင့်
    မြန်မာမှာ မဟုတ်လို့ ရှာဝယ်ခြင်လို့ပါ
    ကျေးဇူး !
  25. Hinn says:
    မ၀တ်၇ည်အ၇မ်းတော်တယ် အ၇မ်းအားကျတယ် ချက်စားကြည်.မယ်နော်
  26. may wah aung says:
    အမရှမ်းချဥ်လုပ်နည်းလေးတင်ပေးပါဦးနော်။ မျှော်နေမယ်
  27. Khaing April says:
    Dear Admin, I’d like to post some photos and cooking directions relating to Shan/Thai foods for my Kyaing Tong page from your blog! I’ll surely give special credits! Thank you so much in advance! You can please check out my page 🙂
    https://www.facebook.com/pages/Kyaing-Tong
  28. မဝတ်ရည်ဆန်းစီးအစားဘာနဲ့လုပ်လို့ရလည်းဟင်။ညီမတို့ဘက်ကဝယ်ရခက်လို့ပါဆန်စီးကအစားနည်းကြတော့အထားမခံလို့ညီမလေးမရောင်းဘူးး
    • admin says:
      ဆန်းစီး ခေါက်ဆွဲ အစားထိုး လုပ်လို့ရတာတော့ မရှိဘူး sis… ဆန်းစီးကို ခေါက်ဆွဲခေါက်ဆိုရင် အထားခံမယ် ထင်တယ် sis
  29. Myat Htut says:
    thanks ama
  30. MYAT K KHAINE says:
    Thanks Ma Wutyee 🙂
  31. sumyatnoe says:
    Ma wutyee d site ko myin like tar nai su myat lo lazybone tg chat sarr chin sate tway pyit lar tal
    sar yin sar yin fatty phit lar yin toke kha !!!
  32. Tricia says:
    I’ve never had it before till recently. I love it. I am glad that you have a recipe for it. I am ready to try it out for dinner tonight. Thanks Wutyee.
  33. glory says:
    a ma wutyee yay nyi ma dot a ku pel phin sin chat phoat nay par pi. kyi lite chat lite nat ta kar ma kitchen htel ma win bu tar a ma wutyee kyay zoo khaunt kitchen htel win ya dar phaw nay par thi. ta char sar chin tar tway ko lel sait ku yin pi pait yat tway mar chat sar oo mal naw thi lar? heeee.a yan ko kyay zoo tin tal naw. nyi ma yout kyar ka lel a ma ko kyay zoo par dat.
  34. Khin says:
    Ama yay noodles ka Glutinous rice noodles do yin yaw ya lar ma ti bu??
  35. Lone Lone Lay says:
    ပဲငပိက မြန်မာပဲငပိလား။ တရုတ်ပဲငပိလား။ ပဲငပိအချိုလား အစပ်လား ဝတ်ရည်
  36. kyawgyi says:
    လုပ်စားအုံးမယ်
  37. Sarh says:
    ပဲငပိကိုဘယ်လိုဝယ်ရမလဲဟင်
  38. kotoe says:
    ကြိုက်မှကြိုက်တို့ဟူးပျော့ကို ကျေးဇူးတင်ပါတယ် ခုလိုသေချာရှင်းပြပီးတင်ထားတဲ့အတွက် …နောက်တစ်ခုပြောချင်တာက ကီလိုတို့ ဂရမ်တို့ထက်ကို တစ်ဆယ်သားတို့ တစ်ပိသာတို့ပြောပြရင်ပိုပီးနားလည်မယ်လို့ထင်ပါတယ်
Leave a Reply to admin Cancel reply
Your email address will not be published. Required fields are marked *