ကိုရီးယား တော့ပူကီ
ကိုရီးယား တော့ပူကီ
တော့ပူကီသည် ရေပန်းစားဆုံး ကိုရီးယားဟင်းလျာတွေထဲမှာ တမျိုးအပါအ၀င် ဖြစ်ပါတယ်။ ဆန်မှုန့်နဲ့လုပ်ထားတဲ့ တော့ပူကီကို ကိုရီယားရုပ်ရှင် ဇာတ်လမ်းတွဲ တော်တော်များများမှာ တွေ့ဖူးကြမှာပါ။ သို့ပေမယ့် ကိုရီးယားမှာပဲ ၀ယ်လို့ရတဲ့ ဆန်ကိတ်တွေကို ကိုယ်တိုင် အိမ်မှာ လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ ၀တ်ရည် အဆင့်ဆင့် လုပ်ပြပေးထားပါတယ်။ ဒါကြောင့် လုပ်ရတာလည်း ထင်သလို မခက်ပဲ၊ အလွယ်တကူ လုပ်စားနိုင်မှာပါ။ အရသာကလည်း ချိုစပ်လေးနှင့် အလွန်မှ စားလို့ကောင်းပါတယ်။ လုပ်နည်းလေးကို ကြည့်ကြည့်ရအောင်…
ဆန်ကိတ်အတွက် ပါဝင်ပစ္စည်းများ
  • ဆန်မှုန့် (rice flour)     ♦ ၃၀၀ ဂရမ်
  • ဆား (salt)               ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေနွေး(boil water)     ♦ ဆန်ချိန်ခွက် ၁ခွက်
တော့ပူကီအတွက် ပါဝင်ပစ္စည်းများ
  • ဆန်ကိတ် (rice cake)                               ♦ ၃၀၀ ဂရမ်
  • ကိုရီးယား ငရုတ်သီးအနှစ် (hot pepper paste) ♦ စားပွဲတင်ဇွန်း ၄ဇွန်း
  • ငရုတ်သီးမှုန့် (hot pepper flake)                 ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ငါးအသားပြား (fish cake)                                  ♦ ၅ပြား ( ၁လက်မအရွယ်လေးများ လှီးပေးပါ)
  • သကြား (sugar)                                      ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ (water)                                           ♦ ဆန်ချိန်ခွက် ၄ခွက်
  • ငါးခြောက်သေး (anchovies)                        ♦ ရကောင်
  • ကြက်သွန်မြိတ် (spring onion)                     ♦ ၁စည်း (အရှည်အစောင်းလှီးပေးပါ)
ဆန်ကိတ်လုပ်နည်း
၁။ အရင်ဆုံး ဇလုံထဲသို့ ဆန်မှုန့်၊ ဆားများ ရောထည့်ပြီ မွှေလိုက်ပါ။
၂။ ပြီလျှင် ရေနွေးကို နည်းနည်းချင်း ထည့်ပြီ ဆန့်ကိတ် မပေါ့မမာ အနေထားရောက်သည်အထိ သမအောင် လက်ဖြင့် ရောနုယ်ပေးပါ။
မှတ်ချက် ။               ။ ဆန်ကိတ် ပျှော့သွားလျှင် ဆန်မှုန့်လိုက်ပေးပြီ မာသွားလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။
၃။ ဆန်ကိတ်များ ရပြီဆိုလျှင် အလုံးလေးများ လုံးပြီ ပုံတွင် ပြထားသည့်အတိုင်း အချောင်းရှည်လေးများ ရအောင် လက်နှစ်ဖက်ဖြင့် အသာလေး လိပ်လေးပါ။
၎။ အချောင်းရှည်များ လိပ်ပြီလျှင် ပေါင်းအိုးထဲ ထည့်၍ ၄၅မိနစ်ခန့် မီးများများဖြင့် ပေါင်းထားပေးပါ။
၅။ ထို့နောက် ပေါင်းအိုးထဲမှ ပြန်ဖယ်ပြီ ၁လက်မအရွယ်လေးများ ပိုင်းထားပေးပါ။
တော့ပူကီ လုပ်နည်း
၁။ ပထမဆုံး ဒယ်အိုးတစ်ခုထဲသို့ ရေ(၄ခွက်) ထည့်ပြီ ဆူလာလျှင် ငါးခြောက်လေးများ ထည့်ပေးပြီ ၁၀မိနစ်ခန့် တည်ထားပေးပါ။
၂။ ပြီမှ ထိုငါးခြောက်များကို ပြန်ဖယ်ထားလိုက်ပါ။
၃။ ထို့နောက် ဒယ်ထဲသို့ (ဆန်ကိတ်၊ ငရုတ်သီးအနှစ်၊ သကြား၊ ငရုတ်သီးမှုန့်၊ ငါးအသားပြား၊ ကြက်သွန်မြိတ်) တို့ကို ထည့်ပေးပါ။
၎။ ပြီနောက် ငါးခြောက်တည်ထားသော အရည်များကို လောင်းထည့်ကာ ရောမွှေပြီ မီးအသင့်တင့်ဖြင့် အရည်အနည်းငယ် ကျန်သည်အထိ တည်ထားပေးပါ။
၅။ ရပြီဆိုလျှင် ပန်းကန်ထဲ ပြောင်းထည့်ကာ တော့ပူကီကို ပူပူလေး စားသုံးနိုင်ပါပြီ။
Tips: အသားထည့်စားချင်သူများ အမဲသား(သို့) ၀က်သား ကြိုက်နှစ်ရာကို နှုတ်နှုတ်စဉ်း၊ ဆားထည့် ဆီဖြင့် ကြော်ကာ တော့ပူကီဖြင့် ရောစားနိုင်ပါသည်။
72 comments
  1. Sandakuu says:
    စိတ်ဝင်စားတယ်… ဒီမှာတော့ ဆိုင်မှာ အဖြူလေးတွေရောင်းတာရှိတယ်..
    သူတို့ဘယ်လိုချက်စားမှန်းမသိလို့ မ၀ယ်စားဖြစ်ဘူး…
    ကိုယ်တိုင်တော့ မလုပ်နိုင်ပေမယ့် လုပ်ပြီးသားဝယ်ချက်ရင်တော့ အဆင်ပြေမယ်ထင်တယ်.
    စမ်းကြည့်အုံးမယ် တော့ပူကီ..
    • chowutyee says:
      ဟုတ်ကဲ့ ဆန်ကိတ်လေးတွေ readymade ၀ယ်လို့ရရင် ပိုလွယ်တာပေါ့… အားရင် လုပ်စားကြည့်ပါ.. 😀
  2. hanlay says:
    စားကောင်းမဲ့ပုံပါဘဲ အရမ်းကြီးတော့မကြိုက်ဘူး တခြားအစားအစာတွေကို အများကြီးချက်ပေးနော် ကျေးဇူးနော်အမ
  3. nono says:
    ဒီမှာပြင်ထားတာရော သူတို့တွေစားနေတာကြည့်ရင်ရော စားချင်စရာပဲ မမ နည်းပေးမှပဲ လုပ်စားလိုက်ဦးမယ် နာမည်ကြီးတဲ့ တော့ပုကီ ဟင်းချက်နည်းတွေကို ပုံနဲ့တကွတင်ပေးတာ ကျေးဇူးများကြီးတင်ပါတယ်နော်
  4. Hmone gyi says:
    Look so yummy and never tried it before so treat me 🙂
    • chowutyee says:
      ကိုယ်ကို အရင်ဆုံး ကျွေးတာပါ.. ဒီဇင်ဘာပြန်လာခဲ့ လုပ်ကျွေးမယ်…
  5. PhyuT says:
    မမ၀တ်ရည် ပဲပြားလိတ်နဲ့ချက်တာ မဟုတ်ဖူး ၀ိုထန် နဲ့ ချက်တာ မမ၀တ်ရည်
    ကိုရီးယားအသားပြား လို့လဲ ခေါ်ပါတယ် တခါမှ ကွန်မန်းမပေးပါဖူး phyut အခုလို ကွန်မန်းပေးသွားတာကိုလဲ စိတ်မဆိုးပါနဲ့နော် မမ၀တ်ရည်
    • chowutyee says:
      စိတ်ဆိုးပါဘူး ဖြူရယ်။ ကိုယ်မသိတာ သိခွင့်ရလို့ ကျေးဇူးပါနော်… တော့ပူကီကို အရမ်းလုပ်စားချင်တာ။ အစက ဆန်ကိတ်လုပ်နည်းမသိလို့။ နောက်သိသွားမှ လုပ်စားဖြစ်တာ။ အသားပြားတွေတော့ လုပ်နည်း ရှာကြည့်ပြီ ပြန်ချက်ကြည့်အုန်းမယ်။ ၀တ်ရည်ကတော့ အမဲသားကို နှုတ်နှုတ်စဉ်းပြီ ကြော်ပြီ ထည့်စားတယ်။ နောက်လည်း ကွန်မက် ပေးပါ.. Thanks par .. 🙂
  6. mgthant says:
    ဘလော့ကို သိတာ အရမ်းကို နောက်ကျတယ်… ပထမဆုံး လာလည်သွာပါသည်။
    • chowutyee says:
      လာလည်သွားတဲ့ ကိုမောင်သန့်ကို ကျေးဇူးးပါ.. နောက်လည်း လာလည်ပါအုန်း..:)
  7. ဝါး
    ပျော်စရာကြီး ကိုးရီးယားသွားစရာမလိုဘဲ စားလို့ရတဲ့နည်း တွေ့ပြီ။
    တော်ပြီ ကိုးရီးယားက ဂူဂျွန်ဖြိုးတို့ဆီ မသွားတော့ဘူး
    ဝတ်ရည်ဆီဘဲ လာလည်တော့မယ် လုပ်ကျွေးနော်
    • chowutyee says:
      ဟားဟား မချော အဲဒီအကြံကောင်းတယ်။ သူတို့ဆီသွားမနေနဲ့ ၀တ်ရည်ဆီပဲ လာလည်နော်။ ၀တ်ရည် ကိုရီးယား ဟင်းချက်နည်းတော်တော်များများ ချက်တတ်တယ်.. 😀
  8. ကိုရီးယားဇာတ်လမ်းတိုင်းလိုလိုပါတဲ့ တော့ပူကီ လုပ်နည်းလေးသိသွားပြီ မျှဝေပေးတာ ကျေးဇူးပါ ဝတ်ရည်ရေ။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
  9. PhyuT says:
    ဟုတ် မမ၀တ်ရည် အမြဲလိုလို အမဘလော့လေးကို လာဖြစ်ပါတယ် ကွန်မန်းတော့ အခုမှ ပေးဖြစ်တာ အခုလို နိုင်ငံတကားအစားအစာအကုန်နီးပါးချက်တက်တဲ့ မမကို ပူဆာချင်လို့ပါ မြန်မာပြည်မှာတွန်းလှည်းလေးတွေနဲ့ မီးကင်းပီးရောင်းတဲ့ ကြက်ဥကင် စားချင်လို့ပါ မမရယ် အင်တာနက်မှာ ရှာတာလဲ မူးနေပီ မမသိရင် phyuT ကို ပြောပြပါနော်ကျေးဇူးတင်ပါတယ်
    • chowutyee says:
      ဖြူ သိချင်တဲ့ ကြက်ဥကင် လုပ်နည်း ၀တ်ရည် မသိတာနဲ့။ ၀တ်ရည် ဟင်းချက်မိတ်ဆွေ မအိသက်ဆီက မေးခဲ့ပေးတာ။
      ကြက်ဥကင်နည်း
      -.ကြက်ဥကို အပ်နဲ့ ဖောက် အထဲက အနှစ်တွေကို ဆေးထိုးအပ်နဲ့ထုပ် ပြီးရင် ဆား ကြက်သားမုန့်soy sauce နဲ့ ခလောက်ပြီ ပြန်ထဲ့ ပြီရင် ကြက်ဥ လေးတွေကို tapeနဲ့ပိတ်၊ဗန်း တစ်ခု ထဲ့ ပြီး oven ထဲ မှာ ၇ မိနစ်လောက် ဖုတ်လိုက်ပါ ။ ပြီရင် ရေအေးထဲခန စိမ်ထားပြီး အခွံခွါ . ပြီမှတုတ်ထိုးပြီးမီးကင် အချဉ်ရေနဲ့ စား။
  10. ma phoo says:
    ကျေးဇူးပါဝတ်ရည်…လုပ်စားချင်နေတာနဲ.အတော်ဘဲ
  11. PhyuT says:
    ma ma phoo က အရင်ကျေးဇူးတင်သွားပီး ဟီးဟီး ….ကျေးဇူးပါ မမ ၀တ်ရည် လုပ်စားဖြစ်တဲ့နေ့ ကောင်းသည် ဆိုးသည် အကြောင်းပြန်ပါမယ့်မမ
  12. ဟာ ဆရာတွေနဲ့ တွေ့ပြီး
    http://www.youtube.com/watch?v=HyZNbAl-Dvk
    လူငှါးလိုရင်ခေါ်ပါ
    ခုတော့ ဆူရှီးလိပ်နေတယ်
  13. hanlay says:
    မီးပြင်းပြင်းနဲ့ဆိုတာက အပူချိန်ဘယ်လောက်ထားရမှာလဲအမ
  14. jue says:
    မမရေကျေးဇူးနော် လုပ်စားချင်နေတာနဲ.အတော်ဘဲ
  15. zaid says:
    မ၀တ်ရည် ရေ ကျွန်တော်သိချင်တာလေးရှိလို့ မေးပါရစေ။
    ရပ်ကွက်တွေ နဲ့ နေရာအနှံ့မှာရောင်းတဲ့ ကိုရီးယားကင်တွေ လုပ်ပုံလုပ်နည်းတွေကိုအရမ်းသိချင်ပါတယ်။ကြိုက်လည်းအရမ်းကြိုက်ပါတယ်။ကိုယ်တိုင်လုပ်စားချင်လို့ပါ။
    for examplesး ကြက်ဥကင်၊ ငါးဖယ်ချောင်း၊ ဂဏန်းလက်မ၊ အကင်စုံပေါ့ဗျာ…
    ကျွန်တော့မေးလ်ဆီကိုကျေးဇူးပြု ပြီး ပို့ပေးပါခင်ဗျာ။
  16. မှီ says:
    မ၀တ်ရည်
    ကျွန်မက အမြဲဝင်ကြည့်ဖြစ်ပါတယ်။ အမနည်းနဲ့လည်း တော်တော် အဆင်ပြေလို့ ကျေးဇူးပါ။ တခုလောက်လေး မေးချင်လို့ပါ။ ကျွန်မလည်း ထမင်းကြော်မျိုးစုံ အင်တာနက်မှာ လိုက်ရှာတာ ရတဲ့ဟာလည်း ရပါတယ်။ အဏ္ဏ၀ါထမင်းကြော်(ပင်လယ်စာထမင်းကြော်) ကဖြင့် ရှာလို့ လုံးဝ မရလို့ပါ။ ဖြစ်နိုင်ရင် အမရယ် ပို့စ်တင်ပေးပါလား။ လေးစားစွာဖြင့်။
    • chowutyee says:
      မှီရေ ကြိုးစားပြီ နောက်မှ ပင်လယ်စာထမင်းကြော် ချက်နည်းလေး တင်ပေးပါ့မယ်။ အားပေးလို့ ကျေးဇူးတင်ပါတယ်နော်.. 😀
  17. A Hnin says:
    ဟင်းချက်ဝါသနာပါ့ တဲ့သူတွေအတွက် အခုစိတ်ကူးကောင်းကောင်းလေးနဲ့ စီစဉ်ပေးတဲ့
    ကျေးဇူးကမ္ဘာပါပဲနော် 😛
  18. […] September 5, 2011 ကိုရီးယား တော့ပူကီ […]
  19. Ei Ei says:
    မမရေ…ဟင်းလျာတိုင်းကိုတခုချင်းစီသေသေချာချာရှင်းပြပေးထားတာ.ကျေးဇူးအများကြီးတင်ပါတယ် ^__^
  20. ei khine says:
    အမရေ လာလည်သွားတယ်နော်။အိမ်မှာလုပ်စားလိုက်ဦးမယ်။ဟင်းကောင်းကောင်းလေးတွေလည်းတင်နိုင်ပါစေ။
  21. flower jasmine says:
    very intereating for me
    can you cook for me!!!
  22. Ei Snow says:
    စားချင်နေတာကြာပေါ့ အပြင်မှာဝယ်စားတာက Sausage တွေကို Sauce တွေနဲ့ လုပ်ထားတာ ဆန်မုန့်တောင် မပါဘူးထင်ပါ့ အိ တို့ကလည်း ဆိုင်တိုင်းဝင်စားလို့ မရတော့ ငတ်နေတာလေ.. ကိုယ်တိုင် လုပ်စားအုံးမှာ ကျေးဇူး
  23. yinkyay says:
    ငရုတ်သီးအနှစ်ကို အိမ်မှာဘယ်လိုလုပ်ရမလဲ သိချင်လို့ အစ်မသိရင်ပြောပြပေးပါလား ငရုတ်သီးမှုန့်က အရောင်တင်မှုန့်ကို ပြောောာား လတ
    • admin says:
      korea ငရုတ်သီးနှစ်ကို CityMart မှာဝယ်လို့ရတယ်။ ready made က အိမ်လုပ်နဲ့ မတူဘူး ပိုကောင်းလို့ပါ.
  24. yinkyay says:
    ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အစ်မ 🙂 B-)
  25. swe swe khaing says:
    ဟင်းချက်နည်းတွေသိရတဲ့အတွက်ကျေးဇူးပါ မ၀တ်ရည်
  26. TNA says:
    မ၀တ်ရည် ကိုရီးယားကားတွေထဲမှာကြည့်ရတာ ဂဏန်းငံပြာရည်စိမ်ဆိုတာ သူတို့တော်တော်စားတာတွေ့ရ တယ်။ လုပ်နည်းလေးသိချင်ပါတယ်။ ကျေးဇူးပြုပြီးတင်ပေးပါလား။
    • admin says:
      ဟုတ်လား။ တခါမှတော့ မလုပ်စားဖူးဘူး။ လုပ်စားကြည့်လိုက်အုန်းမယ်။ ပြီရင် ချက်နည်းနဲ့တကွ တင်ပေးပါ့မယ်
  27. Nway says:
    like your post
  28. war war says:
    ပုံနဲ့တကွဖော်ပြတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျေးဇူးနော် ……..
    • admin says:
      THank too 🙂
      • kyaw naing says:
        အမဟင်းတွေစု့လို့ စိတ်ဝင်စားလို့လာလည်ပြီးလုပ်စားကြည့်မယ် ကိုရီးယား ဟဲဂျန်းဂူ လုပ်နည်းလေးတင်ပေးပါလာအမ မတွေ့လို့ကျေားဇူးပြုပြီ အခုလို့အများစားချင်တာတွေ လုပ်စားလို့ရအောင် ပင်ပန်းခံတင်ပေးတဲ့အတွက် ကျေးဇူးပါ
  29. moon says:
    မမဝတ်ရည်ရေ ဆန်မုန့်က ကောက်ညင်းဆန်မုန့်လား ရိုးရိုးဆန်မုန့်လားသိချင်လို့ပါ
    moonက တော့ပူကီအရမ်းကြိုက်တာ အပြင်မှာဝယ်စားရင်ဈေးကြီးပြီးနည်းနည်း
    ပဲပါတယ်..မမနည်းလေးနဲ့လုပ်စားမလို့..ဖြေပေးပါအုံးနော်…:P
  30. Chal Lay says:
    မမ မမဆီမှာသင်တန်းတက်လို့ရလား
  31. niniaungkyi says:
    လူလေးကလဲလှ၊စိတ်လေးက။လဲလှလို့ချစ်သွားပြီ၊နောက်အမြဲလာလည်မယ်နော်
  32. zuenaing says:
    ဒါကိုလည်းစားချင်ပါတယ် လုပ်စားပါတော့မည်
  33. Kay khine says:
    မမဝတ်ရည်ရေ ငါးခြောက်ကတစ်ခြားငါးခြောက်ဆိုရင်ကောရပါသလား။ပဲခူးကဆိုင်တွေမှာတော့ ငရုတ်သီးအနှစ်က ကိုရီးယားငရုတ်သီးနှစ်မရှိလို့ chilli pasteပဲတွေ့လို့ အဲဒါနဲ့ကောသုံးလို့ရပါသလား မမ။နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့။
    • admin says:
      ငါးခြောက်မဟုတ်ဘူး sis .. ငါးသေးခြောက်လေးတွေ ထည့်ရမှာ။ ငရုတ်းသီးနှစ်က ရိုးရိုး ငရုတ်သီးအနှစ်ထက် ကိုရီယား ငရုတ်သီးအနှစ် ပိုချိုတာမို့၊ ရိုးရိုး ငရုတ်သီးသုံးရင် သကြားပါ ထည့်ပေးပါ.. ပေးတဲ့ဆုနဲ့ပြည့်ရပါစေ..
  34. maythuzaw says:
    မ၀တ်ရည်!
    ဆန်မှုန့်ကအစိမ်းလားအကျက်လား..ပီးတော့လေ..ကျွန်မမှာovenမရှိလို့လေ..အဲ့ဒါ..ပီဇာတို့ကိတ်မုန့်တို့ဖုတ်ချင်တာဘယ်လိုလုပ်ရမှန်းမသိလို့လေ…နည်းလမ်းလေရှိရင်သင်ပေးပါအုံးနော်..ovenအစားဘာနဲ့အစားထိုးပိးဖုတ်လို့ရသလဲလို့လေ..နော်..ကျေးဇူးအများကြိးတင်ပါတယ်
  35. May Hsu Mon says:
    thanks
  36. ပန်မြတ်ရွှေသွေး says:
    မမဝတ်ရည် ကျေးဇူးအထူးပါနော်
    ခုမှ comment ရေးဖြစ်တာပါ
    အရမ်းကြိုက်ပါတယ်မမ
    နောက်လ ည်း နိုင်ငံတကာဟင်းချက်နည်း
    တွေတင်ပေးပါအုန်းနော်
  37. Marilyn Latt says:
    အစ်မရေ ပေါင်းအိုးနဲ့ ဆန်ကိတ်ကို ထည့်ပေါင်းတော့ ရေထည့်ရပါသလား? ရေ ဘယ်လောက် အတိုင်းအဆထည့်ရလဲ သိချင်လို့ပါ။
  38. su su says:
    အမရောဆန့်မှုန့်ကအကြတ်ရယ်အစိမ်းရယ်ရှိပါတယ်ဘယ်ဟာထည့်ရမလဲမတိလို့
  39. Kaung Htet says:
    အရမ်းကိုကျေးဇူးတင်ပါတယ် မ၀တ်ရည်
    အားပေးနေပါတယ်
    TV အစီအစဉ်မှာလဲ အားပေးနေပါတယ်
  40. Sheng kham says:
    မမ ငရုပ်​သီးအနှစ်​ကို အလွယ်​တကူမရနိုင်​ရင်​ ဘယ်​လိုလုပ်​ရမလဲ?
Leave a Reply to TNA Cancel reply
Your email address will not be published. Required fields are marked *