KFC ကြက်ကြော်
KFC ကြက်ကြော်
KFC ကြက်ကြော်က ကမ္ဘာမှာ နံမည်အကြီးဆုံး ကြက်ကြော်တစ်မျိုးပါ။ KFC ကြက်ကြော် ချက်နည်းအတိုင်း ပထမဆုံးအကြိမ် ကြော်ဖူးတာပါ။ KFC ကြက်ကြော်နဲ့ အရသာရော၊ ပုံပါ တော်တော်ကို တူတာမို့ ချက်နည်းကို အားလုံးကို မျှဝေပေးချင်လို့ပါ။ လုပ်ရတာလည်း လွယ်ပါတယ်၊ ဒါပေမယ့် ကြက်သားနှပ်ထားချိန်ကတော့ ၁ရက်နီးပါးတော့ အချိန်ပေးရပါတယ်။ ချက်နည်းကို ကြည့်ရအောင်…
ကြက်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ကြက်ပေါင်နဲ့ ရင်ဗုံ – ၄ခု
  • ပိုတက်စီယမ်ဆား- စားပွဲတင်ဇွန်း ၂ဇွန်း (ထည့်ချင်က ထည့်နိုင်သည်၊)
  • အချိုမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • ကြက်ပြုတ်ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်ကြော်အတွက် ပါဝင်ပစ္စည်းများ
  • နုပ်ထားသော ကြက်ပေါင်နဲ့ရင်ဗုံ
  • ကြက်ဥ – တစ်လုံး
  • နွားနို့ – ၂၀၀ မီတာ
  • ဂျုံ – ၁၀၀ ဂရမ်
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သားကို နုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော ( အချိုမှုန့်၊ ပိုတက်စီယမ်၊ ဆား၊ ကြက်သွန်ဖြူမှုန့်၊ ကြက်ပြုတ်ရည်) တို့ဖြင့် သမအောင် နုယ်ပြီ အနည်းဆုံး ၂၄နာရီ တစ်ညသိပ်ထားပေးပါ။
၂။ ကြက်သားများကို တညသိပ်ပြီ နုပ်ပြီမှ ကြက်ဥနှင့် နွားနို့များကို ခွက်တစ်ခုထဲတွင် သမအောင် ခလောက်ပေးထားပါ။
၃။ ပြီမှ ဂျုံမှုန့်နှင့် ( ငရုတ်ကောင်းမှုန့်၊ ဆား၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆိုဒါ) တို့အားလုံး ဇလုံတစ်ခုထဲ သမအောင် ရောမွှေလိုက်ပါ။
၎။ ပြီလျှင် ကြက်ပေါင်ကို ခလောက်ထားသော ကြက်ဥခွက်ထဲနှစ်ပြီ ဂျုံမှုန့်များဖြင့် လိပ်လိုက်ပါ။
၅။ ထို့နည်းအတိုင်း ကျန် ကြက်ရင်ဗုံ၊ ပေါင်ကို ကြက်ဥနှစ်ပြီ ဂျုံကပ်ပေးပါ။
၆။ ကြက်ကြော်တဲ့အခါ ပိုကြွပ်ရွစေရန် ဂျုံကပ်ပြီသား ကြက်ပေါင်၊ ရင်ဗုံများ ကြက်ဥခွက်ထဲ ပြန်နှစ်ပြီ ဂျုံနောက်တစ်ကြိမ် ထပ်မန် ကပ်ပေးပါ။
ရ။ ဒယ်ထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ဂျုံကပ်ထားသော ကြက်ပေါင်၊ ရင်ဗုံများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၈။ KFC ကြက်ကြော်များကို အာလူးကြော်၊ ဆော့ဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ…
70 comments
  1. nyunt nyunt win says:
    thanks.how to get potassium?instead of potasssium what can i use,please?
  2. thitsar says:
    ဆိုဒါကိုပြောတာထင်တယ် ပိုတက်ဆီယမ်ဆိုတာ
  3. thitsar says:
    မ၀တ်ရည်ရေ ကျေးဇူးတင်ပါတယ် ကြက်ကြော်အရမ်းကြိုက် တာ အိမ်မှာလုပ်စားအုံးမယ် စိတ်ချ
  4. ခင်ယမုံ says:
    ညီမရေ..
    အစ်မက ကြက်ကြော်ကိုအရမ်းကြိုက်တော့ ပုံစံမျိုးစုံနဲ့ကြော်စားတာ..
    ဒီတစ်ခါ ညီမပြောသလို ကြော်စားမယ်..
    ပိုပြီးစားကောင်းမှာသေချာတယ်..
    ကျေးဇူးတင်ပါတယ် ညီမလေး
  5. Yan Naing says:
    တိုက်တိုက်ဆိုင်ဆိုင်ပဲ အခုလေးတင် KFC ကြက်ကြော်စားပြီးသွားတာ။ နောက်ဆိုရင် အိမ်မှာ လုပ်စားကြည့်မယ်။ ကျေးဇူးပါ။
  6. Sithu phyo says:
    Wutyee. Can i give u some idea? Chicken resting time is so long. So u can try to use cooking wine with marinate at time. Only 1 tbs is enough. After marinate finished within 3 or 4 hrs u can start to make.
  7. မြတ် says:
    တအားကြိုက်တယ်လုပ်စားလိုက်အုံးမယ် ပိုတက်ဆီယမ်ဆိုတာဘယ်လိုမျိုးလဲဟင်
    ကျေးဇူးပါ
    • chowutyee says:
      ပိုတက်ဆီယမ် ဆားကို ပြောတာပါ.. ဟုတ်ကဲ့ လုပ်စားကြည့်ပါနော်…
  8. Dare says:
    Oh Wutyee,
    What is Potassium and where can I buy in Singapore? Pls reply me and my husband luv to eat KFC so much.
    • chowutyee says:
      ပိုတက်ဆီယမ် ဆားကို ပြောတာပါ.. စင်ကာပူမှာ ၀ယ်လို့ ရမရတော့ ၀တ်ရည် သိပ်မသိဘူး။ မထည့်လျှင် ရတယ် အရသာက ဒီအတိုင်းပါပဲ
  9. သေချာတယ် နောက်တစ်ပတ်လုပ်စားဦးမယ်
    ကြည့်တာနဲ့ ဗိုက်ဆာလာတယ်။ စားကောင်းလိုက်မဲ့ဖြစ်ချင်း
  10. Hmone gyi says:
    Wowww I love KFC and I really going try and treat me too 🙂
    • chowutyee says:
      ကိုယ်ဆို ကျွေးပြီသား… ကိုယ်ဝယ်စားမနေနဲ့ လုပ်ပဲစားတော့…
  11. myattun naing says:
    ပိုတက်ဆီယမ် က ဘာလဲ သူမပါရင် ဘယ်လို အရသာပြောင်းသွားမှာလဲ
    • chowutyee says:
      ဘာမှ အရသာမပြောင်းပါဘူး။ ပိုတက်ဆီယမ် ဆားကို ပြောတာပါ။ မထည့်လည်း ရတယ်။ ၀တ်ရည်က သူချက်နည်းအညွှန်းကို အပြည့်အစုံထည့်ရုံပါပဲ….
  12. Dare says:
    Thanks Wut Yee to reply 😀
  13. hnin phyu says:
    ကျေးဇူးတင်ပါတယ် ၀တ်ရည်
    ဘေးနားက အားလူးကျော် ကျော်နည်းလေပါ ကျေးဇူးပြုပြီးေ၇းပေးပါလာနော် 😉
    • chowutyee says:
      အာလူးကြော်က ဆားလေးထည့်နုယ်ပြီ ကြော်ရုံပါပဲ နှင်းဖြူ…. 😀
  14. hnin phyu says:
    ကျေးဇူး အများကြီးတင်ပါတယ်နော် 🙂
  15. meme says:
    mama
    Thanks
  16. viOlet says:
    ကြက်သွန်ဖြူမှုန့်ဆိုတာက ကြက်သွန်ဖြူကိုကြိတ်ပြီးရတဲ့အမှုန့်ကိုပြောတာလားမသိဘူးနော်?
    ပြီးတော့ဆိုဒါဆိုကကောဟင်
    • chowutyee says:
      ကြက်သွန်ဖြူမှုန့်မရှိရင် ကြက်သွန်ဖြူကို ထောင်းပြီ ထည့်လိုက်ရင် ရပါတယ်.. ဆိုဒါကိုတော့ CityMart မှာ ၀ယ်လို့ရပါတယ်
  17. thinzar says:
    အမ တချို့ KFC ကြက်ကြော်က cheese နဲ့ကြော်တာလေ ဘယ်အချိန်ထည့်ကြော်ရမလဲ ဂျုံနဲ့ကပ်တဲ့အချိန်လား
  18. san says:
    တစ်ည သိပ်ရမယ်ဆိုတာ ရေခဲသေတ္တာထဲမှာလား၊ ပုံမှာမြင်ရတဲ့အတိုင်းလား
  19. Please advice me how to make spicy fried chicken?
  20. Rohma says:
    အမ..ကြက်ကပြုတ်ပြီးမှနှပ်ကတာလားအစိမ်းတိုင်းနှပ်ကမှာလားဟင်… ကြက်ပြုတ်ရည်ပါထဲ့ခိုင်းတယ်ဆိုတော့နဲနဲConfuse ဖြစ်သွားလို့ပါ…. ဖြေပေးပါနော်.. ကျေးဇူးတင်ပါသည်.
    • chowutyee says:
      ညီမ ကြက်သားအစိမ်းကို နုပ်ရမှာပါ။ ကြက်ပြုတ်ရည်ကတော့ ရှိရင်ပေါ့၊ မ၇ှိရင် ရိုးရိုးေ၇ပဲ ထည့်လို့ရပါတယ်.. 🙂
  21. chit thet says:
    I like to do it next time.
  22. sansan says:
    ညီမလေး အထဲထိမကျက်ချင်သလိုဖြစ်နေတယ်အမဘာမှားနေလဲမသိလို့ 🙂
    • chowutyee says:
      ကြက်ကြော်တဲ့အခါ မီးကို အသင့်တင့်နဲ့ကြော်မှ အပြင်ရော၊ အထဲပါ ကျက်တာ ညီမ။ မီးအရမ်းပြင်းရင် အပြင်ပဲ ကျက်ပြီ အထဲက မကျက်တော့ဘူး.. Plz try it again.. 😀
  23. […] October 1, 2011 KFC ကြက်ကြော် […]
  24. Swe Swe says:
    အမရေ
    ဆီကိုဘယ်လို ထည့်ရမလဲအမ။ နောက်ပီး ဂျင်း ကြက်သွန်ဖြူမထည့်ရရင် ညှီနေမလားမသိဘူးနော်။
    အဲဒီ ဂျင်းနဲ့ ကြက်သွန်ဖြူ ထည့်ဖို့လိုသလားအစ်မ။
    • admin says:
      ဆီက ကြော်တဲ့အခါ ကြက်သားမြုပ်အောင်အထိ ထည့်ရမှာပါ။ ဂျင်း၊ ကြက်သွန်ဖြူက အနံ့သင်းအောင် ထည့်ရတာပါ.. 🙂
  25. ကောင်လေး says:
    ကျွန်တော်အခု အပေါ်က comment တွေကို ဖတ်ရုံနဲ့တင်ပဲ မေးစရာတောင် မရှိတော့ဘူး.. :D… အမ၀တ်ရည်ကလည်း မေးသမျှကို အကုန်ပြန်ဖြေရှာတယ်.. သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ.. ၀တ်ရည်ကြောင့် အိမ်က မိသားစု ဟင်းလျှာတွေအတွက် တော်တော်ကို အဆင်ပြေနေကြတာပဲ.. ကောင်းပါလေ့ဗျာ.. အခုကို မြန်မာတွေအတွက် သီးသန့်လေး ဟင်းလျှာချက်နည်းတွေကို အချိန်ပေးပြီး တင်ပေးတာ ၀တ်ရည်ကို အရမ်းကျေးဇူးတင်မိပါတယ်ဗျာ..
  26. Tin Zar says:
    ကြော်ကြည့်ဦးမယ်… ကြက်ကြော်ဆို အရမ်းကြိုက်တာ…ကျေးဇူးတင်ပါတယ် ညီမလေး…
  27. sandasoe says:
    ကျေးဇူးပါ။လုပ်စားကြည့်ပါအုံးမယ်
  28. thida says:
    Potasium ဆားလို့ ပဲပြောတော့ အဲဒါက ဘယ်လိုလဲဘာလဲ ရိုးရိုးဆားနဲ့ ဘာ ကွာလဲ ဘယ်မှာဝယ်လို့ ရနိုင် မလဲ ပြော ဦးလေ။
    • admin says:
      Potassium ဆားက ရိုးရိုး ဆား အစားထိုး အသုံးပြုတာ များပါတယ်။ Potassium ဆားက ကျန်းမာရေးအတွက် အထောက်အကူလည်း ပြုပါတယ်။ potassium ဆားကို City Mart မှာ မေးဝယ်လို့ရပါတယ်။ ရှာမရရင်လည်း ရိုးရိုးဆားကို အစားထိုး အသုံးပြုနိုင်ပါတယ်။
  29. cheerry says:
    သားသားနဲ့သမီးလေးကိုကြော်ကျွေးရမယ်.. အိမ်မှာဆိုတော့ဆီမသန့်မှာလည်းမပူရတော့ဘူးပေါ့နော်…. .thank you… ပါ ညီမလေး ….
  30. cheerry says:
    ညီမလေးရေ.. ဒီနည်းလေးအတိုင်းကြော်ကျွေးလိုက်တာ ကလေးတွေရော လူကြီးတွေပါ အရမ်းကြိုက်ကြလို့ ညီမလေးရေ ကျေးဇူးအထူးတင်တယ်နော် ညီမလေးရဲ့နည်းလေးတွေနဲ့ ကလေးတွေကျန်းမာအောင် ဂရုတစိုက်ချက်ကျွေးဖြစ်တယ်
  31. ​ဇေဟန်​ says:
    အရမ်း​ကျေးဇူးတင်​ပါတယ်​…အမ​ရေ
  32. maythuzaw says:
    မေးသမျှ..ကွန်မန့်တွေကို..အကုန်ပြန်ဖြေပေးပီး..တတ်သမျှအကုန်ချပြနေတဲ့..မ၀တ်ရည်ကိုလေးစားသွားပိဗျို့
  33. Skycreator says:
    အမ ရဲ့  Site ကို လာလည် တာ သဘောကျတာတွေ အများကြီးတွေ့တယ် ။ ကျေးဇူးအများကြီးတင်ပါတယ် ။
  34. အစ်မ၀တ်ရည်
    နွားနို့ထည့်ရတယ်ဆိုလို့…..နွားနို့က ကျိုပြီးသားထည့်ရမှာလား၊ အစိမ်းပဲထည့်ရမှာလား…
    အဲဒါလေး ပြန်ပြီး ပြောပြပေးပါဦး
  35. Thanks. Nyi ma lay
  36. NK YP says:
    အမရယ် Chicken ကိုအရင်ပြူတ်ဖိုလိုသေးလား…. Waiting for your answer…
    • admin says:
      ပြုတ်ဖို့ မလိုပါဘူး။ ကြက်သားအရသာနုယ်နုပ်ပြီ ဂျုံကပ်ပြီမှ ကြော်ရမှာပါ..
  37. NK YP says:
    ကျေးဇူးအထူးတင်တယ် အမ… ညီမနေတဲ့နေရာမှာ KFC မရဘူးလေ.. Homemade KFC လုပ်လို့ရပြီ…
  38. mg nyo says:
Leave a Reply to ချော(အစိမ်းရောင်လွင်ပြင်) Cancel reply
Your email address will not be published. Required fields are marked *