ငါးရှဉ့်ကြော်

ငါးရှဉ့်ကြော်

ဒါကတော့ ငါးရှဉ့်ကြော်လေးပါ။ ၀တ်ရည်ချက်နည်းနဲ့ လုပ်ထားပေမယ့် ဆိုင်ကအတိုင်း စားလို့ အရမ်းကောင်းပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပါတယ်။ ဒါကြောင့် ချက်နည်းလေးကို ကြည့်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ
၁။ ငါးရှဉ့်( အသားလွှာပြီသား)– ၃၅၀ ဂရမ်

၂။ ဂျုံမှုန့် – ဆန်ချိန်ခွက် ၃ခွက်စာ

၃။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

၎။ ငရုတ်သီးမှုန့် (အနီ) – စားပွဲတင်ဇွန်း ၂ဇွန်း (အစပ်ကြိုက်သူများ ၄ဇွန်းထိ ထည့်နိုင်သည်)

၅။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၆။ ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပြီ ဆီနဲ့ကြော်ပေးထားပါ)

ချက်ပြုတ်နည်း
၁။ အရင်ဆုံး အသားလွှာပြီသား ငါးရှဉ့်များကို ရေဆေးသန့်စင်ပြီ ရေခြောက်အောင် ထားထားပေးပါ။

၂။ ပြီးမှ ငါးရှဉ့် ၃စင်တာမီတာ အရွယ်လေးများ လှီပေးပြီ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ရောမွှေထားပါ။

၃။ ထို့နောက် (ဂျုံ၊ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်)တို့ကို ဇလုံတစ်ခုထဲတွင် ရောမွှေလိုက်ပါ။

၎။ ပြီမှ ထိုဇလုံထဲသို့ ငါးရှဉ့်များ ထည့်ပြီ ဂျုံကပ်လိုက်ပါ။

၅။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်၍ ဆီပူလာလျှင် ငါးရှဉ့်များကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၆။ ထို့နည်းအတိုင်း ကျန် ငါးရှဉ့်များကို ဆက်လက်ကြော်ပေးပါ။

ရ။ အပေါ်က ကြက်သွန်နီကြော်လေးများ ဖြူပေးပပြီ ငါးရှဉ့်ကြော်ကို သုံးဆောင်နိုင်ပါပြီ…

20 comments

  1. myattun naing says:

    ငါးရှဉ့်က ၀ယ်ဖို့မလွယ်ဘူး-ငါးခူကိုအသားလွှာလုပ်ရင်ကော အဆင်ပြေနိုင်မလားပဲ
    ကြော်ပြီးရင် နောက် ဘာဟင်းနဲ့လိုက်မလဲ-စွန်တန်လေးနဲ့ဆိုကောင်းမယ်ထင်တယ်နော်

    • chowutyee says:

      ငါးခူကို အသားလွှာပြီ လုပ်ရင် တူမှာမဟုတ်လောက်ဘူး။ ငါးခူနဲ့ ငါးရှဉ့်က အရသာခြင်း မတူဘူးလေ။ ငါးရှဉ့်ကြော်က တရုတ်ဟင်းလျာတိုင်းနဲ့ လိုက်ဖက်ပါတယ်.. 🙂

  2. ကြည့်တာနဲ့ ကောင်းမယ်ဆိုတာ သိတယ်
    ဒီလက်ရာပိုင်ရှင်က ထွက်တဲ့ဟင်းဘဲ မကောင်းဘယ်နေမလဲနော်
    ရန်ကုန်မှာသာဆို ပြေးလာပါတယ်
    ဝတ်ရည်လက်ရာ စားချင်လွန်းလို့

  3. Ko Man Kyaw says:

    ကောင်းလိုက်မှာနော်….စားချင်လိုက်တာ…။

  4. Dare says:

    One of my fav dish! 😀

  5. kha lae sar chin tal…it is very difficult to get here too so treat me when i m back hee 🙂

  6. kyaw zin says:

    match with beer

  7. wunna says:

    I like this thanks a lot naw

  8. Phyu says:

    I like it:)) thank you.

  9. john Ye' says:

    ပင်လယ်ပြာက ဝယ်ပြီးခဏခဏကျော်စားကြည့်ဘူးတယ် ဆိုင်ကနဲ့လုံးဝမတူဘူးဖြစ်နေတယ် ..ငါးရှဥ့် ကဘယ်လိုပဲ မီးနဲနဲပဲကျော်ကျော် ဆိုဆိုပျော့ပျော့ကြီးဖြစ်နေတယ်..အကြံပေးပါအုံး

  10. kyipyar says:

    ငါးရှဉ့်​​မြေအိုးချက်​နည်း​လေးပြ​ပေးပါအုံး​နော်

  11. Ko min thu says:

    ငါးရှဥ့် အစိုကို ကြော်ရမှာပေါ့ နော် တခြားငါးရှဥ့်ဟင်း လေးတွေ သင်ပေးပါဦး ကျေးဇူးပါအစ်မ

Leave a Reply

Your email address will not be published. Required fields are marked *