ကိုရီးယား ကင်ချီ
ကိုရီးယား ကင်ချီ
ကင်ချီကို ကိုရီးယားမှာ လူကြိုက်အများဆုံး ဟင်းလျာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဟင်းရံအဖြစ်တွဲဖက်စားသုံးနိုင်သလို အဓိက ဟင်းလျာအဖြစ် စွတ်ပြုတ်၊ စတူး၊ ထမင်းကြော်များမှာပါ တွဲဖက် စားသုံး နိုင်ပါတယ်။ အဓိကအားဖြင့် ကင်ချီကို မုန်ညှင်း၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်(သို့) သခွာသီးတို့နှင့် ချဉ်ဖတ်ပြုလုပ်ကြတာ များပါတယ်။ ကျန်းမာလေးနှင့်လည်း ညီညွတ်တဲ့အပြင် ကင်ချီလုပ်နည်းတွေ ထဲမှ အလွယ်ဆုံး လုပ်နည်းဖြင့် ပြုလုပ်ထားမို့ အလွယ်တကူ လုပ်စားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချက်နည်းကို ကြည့်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
  • မုန့်ညှင်း                               ♦ ၁ထုပ် (အကြီး)
  • မုန်လာဥနီ [carrot]               ♦ ၂ဥ (အရှည်ပါးပါးလှီးပါ)
  • ဆား [salt]                         ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးမှုန့် [hot pepper flakes]      ♦ စားပွဲတင်ဇွန်း ၅ဇွန်း
  • ငါးငံပြာရည် [fish sauce]        ♦ စားပွဲတင်ဇွန်း ၄ဇွန်း
  • သကြား [sugar]                   ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သွန်ဖြူ [garlic]             ♦ ၆ခု (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် (သို့) သခွာသီး   ♦ ၁စည်း ( အစောင်းပါးပါးလှီးပါ) [ထည့်လိုက ထည့်နိုင်သည်]
ကင်ချီလုပ်နည်း [Kimchi Recipes]
၁။ ဂေါ်ဖီကို ၁လက်မခွဲအရွယ်လေးများ ဓားဖြင့် စိတ်ပိုင်းလိုက်ပါ။
၂။ ပြီးလျှင် စတီဇလုံတစ်ခုထဲ ထည့်၍ ရေအေး၊ ဆားထည့်၍ ၁၀မိနစ်ခန့် စိမ်ထားပါ။ ပြီလျှင် မုန့်ညှင်းများကို ရေဖြင့် သေချာ ပြန်ဆေးပြီ ရေပြန်စစ်ထားပေးပါ။
၃။ ကင်ချီအနှစ်ကို ပြုလုပ်ပါမည်။ ကင်ချီအနှစ်အတွက် စတီဇလုံထဲသို့ (မုန်လာဥနီ၊ ငရုတ်သီးမှုန့်၊ သကြား၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ) တို့ကို ထည့်၍ လက်ဖြင့် သမအောင် ရောနုယ်လိုက်ပါ။
၎။ ထို့နောက် ကင်ချီအနှစ်ဖြင့် ထည့်ထားသော ဇလုံထဲသို့ မုန်ညှင်းများကို ရောနုယ်လိုက်ပါ။
၅။ ပြီနောက် ကင်ချီများကို ပလတ်စတစ်ဗူး(သို့) အိတ် ထဲသို့ ထည့်ပြီ အဖုံးကို လုံအောင် ပိတ်ထားလိုက်ပါ။
၆။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်၍ ၁ပတ်ခန့်သိပ်ပေးပြီ အချဉ်နံ့ထွက်လာပါက ကင်ချီကို ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ…
79 comments
  1. myattun naing says:
    ကင်ချီဆိုတာ အရသာက မုန်ညှင်းချဉ် လိုပဲလား
    စကားမစပ်- ငှက်ပျောဖူးကိုရော အချဉ်တည်လို့ ရနိုင်မလား မသိဘူးနော်
    • chowutyee says:
      ကင်ချီက မုန်ညှင်းချဉ်နဲ့ မတူဘူး။ ကင်ချီမုန်ညှင်းနဲ့ လုပ်တယ် ဆိုပေမယ့် လုပ်နည်းရော၊ အရသာရော မတူဘူး… 😀
  2. ခင်ယမုံ says:
    အရမ်းကျေးဇူးတင်တယ်ညီမလေးရေ..
    အစ်မအရမ်းကြိုက်တာ..ဘယ်လိုလုပ်ရမယ်ဆိုတာ မသေချာလို့လုပ်မစားဖြစ်တာ..
ုညီမပြောတဲ့အတိုင်း ဒီနေ့ပဲလုပ်စားမယ်..
    အဲဒီအထဲကို ဘာအသီးအနှံတွေထပ်ထည့်လို့ရသေးလဲ ညီမ..
    • chowutyee says:
      ကင်ချီကို ပန်းသီး၊ သစ်တော်သီး၊ နတ်နတ်သီးတို့နဲ့ ရောပြီ လုပ်လို့ရပါတယ်.. 🙂
  3. Yan naing says:
    ပန်သီး ထည့်ရင် ပိုပြီးကောင်းမယ်ထင်တယ်။
  4. hanlay says:
    အနှစ်က ငရုတ်သီးနဲ့ပဲလုပ်တာပေါ့ ဘယ်ငရုတ်သီးသုံးသုံးရလား အမှုန့်မဟုတ်လား?
    • chowutyee says:
      ဟုတ်တယ် ဟန်လေးရေ.. အမှုန့်ပဲ။ ဒီကင်ချီလုပ်နည်းက အလွယ်ဆုံး နည်းလမ်းပဲ…
  5. aww kaung like tar…i like kimchi too…i will try too hee 🙂
  6. မိုးမိုး says:
    မြန်မာလိုဆိုချဉ်ဖတ်ပေါ့နော်
    ကောင်းတယ်ကြိုက်တယ်
    ခုချက်ချင်းလုပ်စားကြည့်မယ်
  7. TTSweet says:
    http://auntysweet.blogspot.com/2009/04/blog-post_09.html
    • chowutyee says:
      မလက်ရာ ကင်ချီ စားချင်လိုက်တာ… ကင်ချီလုပ်နည်းက အမျိုးမျိုး ရှိပါတယ်။ ကိုယ်လုပ်ချင်တဲ့ နည်းနဲ့ လုပ်လို့ရပါတယ်။ မရေ ကျေးဇူးနော်
  8. myatnoe says:
    thz….super like…
  9. Nang Lon Lon says:
    အမရေ .. ကင်ချီကို အမ ပြောတဲ့ နည်းအတိုင်းလုပ်တာ .. အခုဆို ၃ ရက်တော့ရှိသွားပြီ .. အချဉ်နံ့ တော့ မထွက်သေးဘူး .. နည်းနည်း ငံသွားတယ်လုပ်တာ .. အဲ့ဒါ .. ချဉ်မှာပါနော် .. အခုထိတော့ ပြောင်းလဲ မှုမရှိသလိုဘဲ ..
    • chowutyee says:
      အချဉ်နံ့ မထွက်သေးရင် ထပ်ကြာကြာလေး ထားထားပေးပါနော်.. ၃ရက်နဲ့မရရင်တောင် ၅ရက်လောက်ဆိုရင် အချဉ်နံ့ထွက်ပါလိမ့်မယ်..
  10. တင်ဇာအောင် says:
    မ၀တ်ရည်
    ဟင်းချက်နည်းတွေသင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
    ကိုရီးယားပဲပင်ပေါက်ဟင်းရည်ချက်နည်းလေးတင်ပေးပါအုံး
    ၀ါသနာပါသူ
    တင်ဇာအောင်
  11. than tun says:
    မဝတ်၇ည်
    ကိုရီးယားကင်ချီကို လုပ်တာ ဂေါ်ဖီနဲ့မဟုတ်ဘူးဗျာ
    မုန်ညင်းအဖြူနဲ့ လုပ်တာပါ။
    • chowutyee says:
      sorry.. ၀တ်ရည်လည်း မုန်ညင်းဖြူနဲ့ပဲ လုပ်ထားတာ။ ရေးတော့ မှားနေတာ၊ ပြန်ပြင်ထားတယ်..
  12. maung says:
    အခုလို ကင်ချီလုပ်နည်းကိုကြည့်ခွင့်ရတာ ကျေးဇူးတင်ပါတယ် စားကြည့်ဦးမယ်နော်
  13. maung says:
    နောက်လဲ ကောင်းနိုးရာရာ ကိုးရီးဟင်းချက်နည်းတွေကို တင်ပေးပါဦး ကိုးရီးယားကားတွေကြည့်ပြီး စားချင်ပေမဲ့ မလုပ်တတ်တော့လေ အရမ်းကို Thanks ပါ
    • admin says:
      ဟုတ်ကဲ့ပါ.. အတတ်နိုင်ဆုံးတော့ ကိုရီးယား ဟင်းချက်နည်း အများစုကို တင်ပေးထားပါတယ်.. 🙂
  14. Jewel says:
    အခုလုပ်ကြည့်ပြီးတော့ ရေခဲသေတ္တာထည့်နှပ်ထားတယ်…..ကျေးဇူးဘဲညီမလေးရေ….
  15. umg says:
    လွယ်သားပဲံ။ အမြဲဝယ်ဝယ်စားနေတာ။
    ဒီတစ်ခါ ကိုယ့်ဘာသာ ကိုယ်လုပ်ကြည့်လိုက်ဦးမယ်။
    စီးတီးမာတ် မှာ ကင်ချီအနှစ်ဆိုပြီး ရောင်းတာရှိတယ်။ ဟင်းချက်ဖို့လား ဘာလားတော့မသိဘူး။ အဲဒါသုံးရင်ကောင်းလား။
    ရှားရှားပါးပါး မြန်မာလို ဟင်းချက်နည်းသီးသန့်ဆိုဒ် တင်ပေးနေတဲ့ အတွက်
    ကျေးဇူးပါ မဝတ်ရည်။
  16. Su says:
    It doesn’t need boiled sticky rice power to make a paste..??? I made a kimchi by your own way, sis ..but doesn’t work..already made last week..not sour until now.. 😀 😀 Give me some advice ..sis .. thanks ..and Thanks for your blog..
    • admin says:
      really. For me I did it, it work. ကင်ချီလုပ်နည်းကတော့ အများကြီးပဲ၊ ၀တ်ရည် ရေးထားတဲ့ ကင်ချီလုပ်နည်းက အလွယ်ဆုံးနဲ့ အချိန်တိုအတွင်း လုပ်နည်း။ တချို့ဆို ကိုရီးယား ငရုတ်သီးနှစ်၊ ပြည်ကြီးငါး တို့ထည့်လုပ်ကြတယ်
      • Su says:
        Thanks, sis.. Today, I got my home made new Kimchi..
        🙂 🙂 Thanks for your advice..I will try another delicious Kimchi….
  17. Khaing says:
    ကျေးဇူးပဲ မ၀တ်ရည် 🙂
  18. Thant zaw says:
    မဝတ်ရည်ရေ ကျနော် ကင်မ်ချီလုပ်တာ
    (8)ရက်တော့ရှိနေပြီ ချဉ်တဲ့အရသာ
    မပေါ်ဘူးဖြစ်နေတယ် ဘာကြောင့်လဲ
    ရှာလကာရည်တို့ဘာတို့မပါလို့လား
    ကျေးဇူးပြုပြီး ဖြေပေးပါဦး
    • admin says:
      ဒီနည်းက တခြား ကင်ချီတွေလို အရမ်းချဉ်ချဉ်ကြီး မဖြစ်ဘူး။ အမြုပ်ထွက်ပြီ အနေတော်ရင် စားလို့ရပါပြီ.. နောက်ကင်ချီ လုပ်နည်းအသစ်တမျိုးတင်ပေးပါအုန်းမယ်
  19. Htet Htet says:
    ကင်ချီ စိမ်နည်းလေးလည်းတင်ပေးပါလား
    တင်ပေးမယ်ဆိုရင် ကျေးဇူးအထူးတင်ပါတယ်
  20. စပယ် says:
    ရေခဲသေတ္တာ ထည့်ရင်ချဉ်ပါ့မလား အမ စိတ်ထင်တော့မချဉ်လောက်ဘူးထင်တယ်
    • admin says:
      ရေခဲသေတ္တာထဲမှာ ထည့်လည်း ချဉ်ပါတယ်..
    •ှ့Shee shee Zaw says:
      မြန်မြန်ချဉ်ချင်ရင်နေထဲ၁ရက်လောက်ထားပါ။သို့မဟုတ်အချဉ်စိတ်ကြိုက်ရရင်ရေခဲသေတာထဲထည့်ရင်အကြာကြီးထားလို့ရတယ်။
  21. Yinminn says:
    Thank you so much for your efforts Ma Wut Yee. I have been reading your posts since this morning 🙂
    Can you please post about ‘shan mont nyin chin’. I am here in US and our home made one tastes not bad, but smells not really same as real one 🙂 thanks again and <3 u…..
  22. အေး says:
    ရေခဲသေတ္တာမရှိရင်ကောဘယ်လို စိမ်ရမလဲအမ ပြောပြပေးပါ
    ကျေးဇူးတင်ပါတယ်။
    • admin says:
      ကင်ချီစိမ်ထားပြီ အခန်း အပူချိန်နဲ့လည်း နုပ်ထားရင် ရပါတယ်
  23. Yinminn says:
    Thank you ma wit ye 😉 pls
  24. zuenaing says:
    လုပ်စားကြည်.မယ်နော် အပြင်မှာဝယ်စားရင်ဈေးကြီးလို. ဟီဟီ
  25. myamarlar says:
    လုပ်စားချင်တာကြာပြီ
    အခုဘဲလုပ်စားကြည့်မယ်
    ကျေးဇူးတင်ပါတယ်
  26. Nandar says:
    ဝတ်ရည်ရေ. ငရုတ်သီးမှုန့်အစား ငရုတ်သီးအနှစ်ကိုသုံးရင်ကောရလားဟင်? အရင်တစ်ခေါက်က မြန်မာပြည်မှာ ဟင်းချက်တဲ့အခါ ဆီသတ်ရင်သုံးလေ့ရှိတဲ့ ငရုတ်သီးမှုန့်နဲ့စမ်းလုပ်ကြည့်တာ မဖြစ်လို့လေ။ဒီတစ်ခါ ဝတ်ရည်ရဲ့ နည်းနဲ့ထပ်လုပ်ကြည့်ဦးမယ်:)
    • admin says:
      ဟုတ် ငရုတ်သီးနှစ်နဲပဆို ပိုကောင်းပါတယ်
  27. ငုဝါ says:
    ကျေးဇူးပဲနော်။မြန်မြန်လုပ်စားလိုက်ပါမယ်။ှု့
  28. Shin says:
    Do we need to put gochujang in in it?????
  29. zarzarhtunsoe says:
    Thankyou
  30. zinmarlwintun says:
    ငရုတ်သီးမှုန့် က ဘာဟာလဲ?အ ရောင် တင် မှုန့် ကိုပြောတာလား?ငပိရည်ထဲထည့် စားရတဲ့ ဟာကိုပြောတာလား?
    • admin says:
      ငရုတ်သီး အရောင်တင်မှုန့်ကို ပြောတာပါ။ ငပိထဲထည့်တဲ့ငရုတ်သီးစိမ်းမှုန့် မဟုတ်ပါဘူး…
      • ရွက်သစ် says:
        အမရေ ငရုတ်သီးအရောင်တင်မှုံဆိုတာ ဟင်းချက်ရင်သုံးတဲ့အစိမ်းမှုံကိုခေါ်တာမလား မ၀တ်ရည်ရေ ကျေးဇူးပြု၍ဖြေပေးပါအုံးနော်
  31. အမကင်ချီလုပ်တာရှာလကာရည်နဲ့တနီးရှိသေးတာလား။အဲဒိနည်းလေးကိုရောသိခွင့်ရမလာဟင်
  32. windy says:
    ကင်ချီစားချင်တာကြာပြီ ဒီနည်းလည်းလုပ်စားကြည့်မယ် နောက်ထပ်တစ်နည်းရှိရင်လည်းတင်ပေးပါအုံးနော် မမ၀တ်ရည် ကျေးဇူးတင်ပါတယ်
  33. Thea says:
    kimchi ka ma chin pl nat chilli a ya thr pl htwt nay dl ama. ae dr br kyauk pr la ama?
    • admin says:
      ဒီကင်ချီလုပ်နည်းက ကင်ချီကို အချိန်ကြာကြီး မသိပ်ပဲ မြန်မြန်စားချင်သူတွေ အတွက်မို့၊ တခြား ကင်ချီတွေလို အရမ်း အချဉ်မပေါက်တာပါ။ အချဉ်ပိုပေါက်ချင်ရင် အချိန်ကြာကြာ ပိုထားပေးရပါတယ်..
  34. ခိုင်ခိုင် says:
    ရေခဲသေတ္တာထဲထည့်ထားပြီးပြီ:-) မဝတ်ရည်ရေတရုတ်မုန့်ညှင်းချဉ်လုပ်နည်းလေးလဲမျှဝေပါဦး
  35. Thinthin says:
    ကျေးဇူးပဲဝတ်ရည်ရေ မသင်းလုပ်စားကြည့်ချင်နေတာ
    အခုလုပ်ကြည့်လို့ရပြီ။ရေခဲသေတ္တာထဲမထည့်ရင်ရောရလား။
  36. Thinzar says:
    မဝတ်ရည်ရေ…အခုလို ဟင်းချက်နည်းတွေဝေမျှပေးတာ ကျေးဇူးပါ။ ကင်မ်ချီက ရှာလကာရည်လေးနည်းနည်းထည့်လိုက်မှ အချဉ်ပေါက်ပြီးပိုကောင်းသွားတယ်..ဒီအတိုင်းဆိုဘယ်လောက်ကြာကြာထားထား အချဉ်မပေါက်ဘူးဖြစ်နေတယ်။
  37. May Hsu Mon says:
    အမ ပျားရည် နဲ့အရက် ကိုရောထည့်လို့ရလား
  38. Noyar says:
    မဝတ်ရည်ရေ.. ကင်ချီထဲကို ထည့်တဲ့ ငံပြာရည်က မြန်မာ ငံပြာရည်ပဲလား..တံဆိပ်လေးသိချင်ပါတယ်မ..
    ပြီးတော့ ငရုတ်သီးအနှစ်ကောဘယ်လိုပြောဝယ်ရမလဲ။
    ငရုတ်သီးမှုန့်ဆိုတာကကော အရောင်တင်မှုန့်ကိုပြောတာလား မဝတ်ရည်..
    နိုရာ မနက်ဖန်လုပ်ကြည့်မလို့ပါ…
    ကျေးဇူးတင်ပါတယ်.. 🙂
  39. မမိုး says:
    တင်​သမျှသိချင်​တယ်​ facebookကlike ​ပေးထားတယ်​တခါကြည့်​ချင်​ရင်​ပြန်​ရှာ​နေရလို့ပါအလုပ်​က​မော​မောနဲ့ပြန်​လာတဲ့အမျိုးသားအတွက်​ အ​ကောင်းဆုံးထမင်းဝိုင်း​လေးပြင်​ဆင်​​ပေးချင်​တယ်​ အမြဲတမ်းချတ်​ရင်​အစပ်​အဟတ်​မတည့်​ဘူး
    ဟင်းလည်းသိပ်​မချတ်​တက်​ဘူး ဒီမ​လေးမှာက ကြက်သားဝက်​သားပဲမရိုး​အောင်​စား​နေရတယ်​ ​ဈေးကလည်းခဏခဏမသွားဖြစ်​ဘူးတနင်္ဂ​နွေနားရက်​ရတာနဲ့​ဈေး​ပြေးပြီးတပါတ်​စာဝယ်ေ၇ခဲ​သေတ္တာထဲထည့်​ထားအဲ​တော့တခါလည်းကြက်​သားဝက်​သားဒါပဲလှည့်​ပတ်​စား​နေ​တော့မရိုး​အောင်​ချတ်​​ကျွေးချင်​လို့ပါကူညီနိုင်​ရင်​ကူညီပါ​နော်​​ကျေးဇူးတင်​ပါတယ်
  40. that pying says:
    အမရေကင်ချီဟင်း၇ည်ချက်နည်းလေးသင်ပေးဦးကင်ချီကိုဟင်းရည်ထဲပဲထဲ့ချက်တာလား
Leave a Reply to admin Cancel reply
Your email address will not be published. Required fields are marked *