ပုဇွန် ငရုတ်သီးပွ ချိုစပ်ဟင်း

ပုဇွန် ငရုတ်သီးပွ ချိုစပ်ဟင်း

ကိုရီးယားစတိုင် ပုဇွန် ငရုတ်သီးပွ ချိုစပ်ဟင်းလေးက ဟင်းလျာသစ် တစ်မျိုးပါ။ ကိုရီးယားမှာတော့ ပုဇွန်အစား ပြည်ကြီးငါးဖြင့် ချက်စားတာ များပါတယ်။ ဒါပေမယ့် ပုဇွန်နှင့် ချက်စားကြည့်တဲ့အခါ ထမင်းလည်း မြိန်ပြီ အရသာ ပိုမိုကောင်းမွန်တာကို တွေ့ရမှာပါ။ သူမှာ ပါတဲ့ ငရုတ်သီးပွ၊ မုန်လာဥနီ ဟင်းရွက်တွေရဲ့ လတ်ဆတ်တဲ့ အရသာရယ်၊ ငရုတ်သီးမှုန့်ကြောင့် စပ်ရှိန်ရှိန် ကိုရီယားအရသာပါ ရရှိမှာပါ။ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား (tiger prawn)                  ♦ ၁၅ကျပ်သား (အမြီချန်ကာ အခွံနွာထားပေးပါ)
  • ကြက်သွန်နီ (onion)                        ♦ ၁လုံး (ပါးပါးလှီးပေးပါ)
  • ငရုတ်သီးပွအစိမ်း (green pepper)       ♦ ၂ခု (အစေ့ထုတ် အရှည်လှီးပါ)
  • မုန်လာဥနီ (carrot)                         ♦ ၁ခု (အခွံနွာ အရှည်လှီးပါ)
  • သံလွင်ဆီ (olive oil)                       ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် (spring onion)           ♦ ၁စည်း (အရှည် အစောင်းလှီးပါ)

ဆော့တွင် ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် (light soysauce)    ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးမှုန့် (hot pepper flakes)      ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား (sugar)                            ♦ စားပွဲတင်ဇွန်း တ၀က်
  • ဟင်းချက်ဝိုင် (cooking wine)            ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • နှမ်းဆီ (seasame oil)                     ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် (black pepper)       ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်း (seasame seed)                     ♦ အနည်းငယ်

 

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ပဲငံပြာရည်၊ ငရုတ်သီးမှုန့်၊ သကြား၊ ဆန်ဝိုင်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲ ထည့်၍ ရောမွှေထားပါ။

၂။ ပုဇွန်ကျားများကို ကျောခွဲကာ ချေးများ သန့်စင်ပေးပြီ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် ရောနုယ်ပေးထားပါ။

၃။ ပြီလျှင် ပန်းကန်ပြားတစ်ခုထဲ ပုဇွန်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးပွ၊ မုန်လာဥနီတို့ကို ပြင်ထားပေးပါ။

၃။ ပြီမှ ဒယ်ထဲသို့ သံလွင်ဆီများ ထည့်ပြီ ပုဇွန်များကို အရင်ထည့် ကြော်ပေးပါ။

၎။ ထို့နောက် ပုဇွန်ရလျှင် ကြက်သွန်နီ၊ ငရုတ်သီးပွ၊ မုန်လာဥနီများကို ရောထည့်ကြော်ပေးပါ။

၅။ ပြီနောက် ဒယ်ထဲသို့ ဆောရည်များကို လောင်းထည့်လိုက်​ကာ  ဆော့ရည် ပျစ်လာသည်အထိ တည်ထားပေးပြီ မီးပြန်ပိတ်လိုက်ပါ။

၆။ ပုဇွန် ငရုတ်ပွဟင်းပေါ်သို့ နှမ်းလေးများ ဖြူးပေးပြီ ထမင်းနှင့် မြိန်ရှပ်စွာ သုံးဆောင်နိုင်ပါပြီ…

31 comments

  1. မြတ် says:

    ညီမလေးရေ အရင်တုန်းကဟင်းတွေကို မအားလို့ မချက်ဖြစ်ဘူး ။ ဒီဟင်းကိုတော့ ကိုယ်တိုင်လည်းကြိုက်တယ် ချက်ဖြစ်အောင်လို့အချိန်ပေးပြီးချက်ကြည့်လိုက်အုံးမယ်နော်
    ညီမလေးရဲ့ဟင်းက ကြည့်ရုံနဲ့တင် ဗိုက်ကစားနေပြီး
    ကျေးဇူးတင်လျှက်

    • chowutyee says:

ဲမမြတ်ရေ ဒီပုဇွန်ဟင်းလေးက ချက်ရတာလည်း လွယ်တယ်၊ တကယ်လည်း စားလို့ ကောင်းတယ်။ လုပ်စားကြည့်ပါနော်.. ကျေးဇူးပါ.. 😀

      • zin mar says:

        အမရေ ဒီပုဇွန်ဟင်းက ဆန်ဝိုင်နဲ့နှမ်းဆီ မထည့်လဲရတယ်မလား….. အနံ့တော့ကွာမယ်ထင်တယ်နော်…

        • admin says:

          နှမ်းဆီက တော်တော်မွှေးတာ။ အနံ့တော့ ကွာမှာပေါ့ ညီမ

  2. Hmone Gyi says:

    You are making me hungry… heee look so yummy 😀

  3. Evy says:

    ဒီဟင်းကို လုပ်စားကြည့်ရမယ်။ မြန်ပြီး အရသာရှိမယ့်ပုံလေး

    • chowutyee says:

      ဟုတ်တယ် မရေ။ လုပ်ရတာလည်း မြန်ပြီ လွယ်လည်း လွယ်လွယ်လေးရယ်.. 😀

  4. Juliet Cho says:

    ဒီဟင်းကို မနက်ဖြန်ချက်ဖြစ်အောင် ချက်အုံးမယ်။
    ကျေးဇူး …

  5. အရောင်ကလည်းလှ
    အရသာကလည်းကောင်း
    အိုး ဗိုက်ဆာလာပြီ
    ဟင်းပွဲလေးက ချစ်ဖို့တောင် ကောင်းသေးတော့ ဝတ်ရည်ရယ်..
    တော်လိုက်တာ.. ချက်စားချင်စရာလေး..

  6. ခင်ယမုံ says:

    ဟယ်..စားကောင်းလိုက်မယ့်ဖြစ်ခြင်းနော်…

  7. sandar says:

    ဘာဟင်းချက်ရမှန်းမသိတော့လို့..ခေါင်းစားနေတာအတော်ပဲဖြစ်သွားတယ်..
    ကျေးဇူးပါ..၀တ်ရည်ရယ်..
    ချက်စားကြည့်မယ်နော်..

  8. Aye Aye says:

    I tried this dish today. I use sherry instead of chinese cooking wine which not easy to get in my place and it taste still great! Thanks for this recipe.

  9. ခင်လေးနွယ် says:

    ညီမလေးေ၇ ချက်စားဦးမယ်။ ကျေးဇူးနော်။

  10. jasmine(တောင်ကြီး) says:

    သေသေချာချာတော့ဖတ်ခဲ့ပြီဘယ်တော့ချက်စားဖြစ်မယ်မသိတာပဲ
    ခုတော့ချက်ပြီးသားလေးကိုအရင်စားခဲ့ပါတယ်ရှင်
    ကောင်းမှကောင်းပဲ
    ခင်မင်တဲ့ jasmine(မုန်လာထုပ်)

  11. nyunt nyunt win says:

    Donut မုန့်လေးများလုပ်စားချင်လို့ပါ.လုပ်နည်းလေးတင်ပေးပါနော်

  12. ma shin shin says:

    သံလွင်ဆီနဲ့ ရိုးရိုးဆီနဲ့ ဘယ်လိုကွာလဲဆိုတာ ရှင်းပြပေးပါ။ သုံးနေပေမယ့် သေချာနားမလည်ဘူး။ ဘယ်လိုဟင်းမျိုးမှာ သုံးရပြီး ဘာထူးပြီးကောင်းနေလို့လဲ။

    • chowutyee says:

      သံလွင်ဆီနဲ့ ရိုးရိုးဆီက တော်တော်ကွာပါတယ်။ ဟင်းထဲ ထည့်တဲ့ အနေထားရော၊ အနံ့ရော ကွာပါတယ်။ သံလွင်ဆီက ကျန်းမာရေးလည်း ပိုညီညွတ်ပါတယ်။ သံလွင်ဆီကို Dressing မှာသုံးပါတယ်။ ကျေးဇူးပါ

  13. san pyie says:

    အစ်မ၀တ်ရည် ဆန်ဝိုင်ရဲ့တဆိပ်အမျိုးစားလေးသိပါရစေအစ်မ။ အစ်မရဲ့နည်းလေးကိုသဘောကျတယ်။ကျေးဇူးတင်တယ်အစ်မ။

    • admin says:

      ဆန်ဝိုင်က ၀တ်ရည်က တံဆိပ် တမျိုးထဲ မဟုတ်ဘူး။ အစုံသုံးတာ။ တရုတ်ဆန်ဝိုင်လို့ မေးဝယ်ရှု ရတယ် sis

  14. […] ပုဇွန် ငရုတ်သီးပွ ချိုစပ်ဟင်း […]

  15. Sulae Phyu says:

    မမ ရေ ဟင်းချက်ဝိုင် ဘာအမျိုးအစားသုံးရလဲေ

  16. hay maun thazin myint says:

    အရမ်းကြိုက်ပါတယ် ကိုယ်တိုင်မချက်တော့ ဒီလိုပဲ အမ ချက်ထားတာကြည့်ချက်နေရတယ်

Leave a Reply

Your email address will not be published. Required fields are marked *