မြိတ်မုန့်ဟင်းခါး (သို့) မြိတ်မုန့်တီ
မြိတ်မုန့်ဟင်းခါး
မြိတ်ကတ်ကြေးကိုက်လို မြိတ်မုန့်ဟင်းခါးက နံမည်မကြီးပေမယ့် စားလို့ အရမ်းကောင်းပါတယ်။ ဒီချက်နည်းနဲ့ ချက်ပုံအဆင့်အဆင့်ကို ၀တ်ရည်အဒေါ် ကိုယ်တိုင်ချက်ထားတာတွေပါ။ မြိတ်မုန့်တီမှာ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူပဲ ဆန်လှော်မှုန့်၊ ရွှေကြည်မှုန့်တို့ မသုံးပါဘူး။ ဒါပေမယ့် မုန့်ဟင်းခါးကြိုက်သူတိုင်းလည်း မြိတ်မုန့်ဟင်းခါးကို ကြိုက်ကြမှာပါ။ ဒါကြောင့် ၀တ်ရည်အဒေါ်ချက်နည်းလေးကို ပြန်မျှဝေပေးလိုက်ပါတယ်နော်..
မြိတ်မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ
၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ
၂။ ငါးကြင်း – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)
၃။ ငပျောအူ – ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။
၎။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
၅။ ကြိုက်နှစ်သက်ရာ အကြော်
ဆီသပ်ရန် ပါဝင်ပစ္စည်းများ
၁။ ကြက်သွန်နီ – ၃၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
ပြင်ဆင်နည်း
၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးကြင်းကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးကြင်းအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
ချက်ပြုတ်နည်း
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။
၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
မုန့်ဟင်းခါး စချက်ပါတော့မည်
၎။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၅။ ငပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။
၆။ ငပျောအူ နွမ်းသွားပါမှ ရေနွေး(ရလီတာ)ကို ထည့်ပါ။
၇။ ပြီလျှင် ပြန်ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
၈။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။
၉။ ကြက်သွန်နီများ နူသွားလျှင် မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပဲသီး၊ ပူစီနံ မိမိကြိုက်နှစ်သက်ရာ အကြော်များ ထည့်၍ တည့်ခင်းသုံးဆောင်နိုင်ပါပြီ…..
45 comments
  1. oh my god….i miss it …i m so hungry now…very nice dish…love it..
    • chowutyee says:
      အန်တီမြတ်ချက်ထားတာ ကောင်းတာပေါ့.. 😀 ကိုယ်ပြန်လာမှ အန်တီမြတ်ကို ချက်ကျွေးခိုင်း..
  2. စားချင်လိုက်တာ ဝတ်ရည်ရယ်.. ပုံလေးကလည်းလှမှလှ
    ညသန်းကောင် ဗိုက်ဆာအောင် လုပ်တယ်..
    ဘိတ်ကပ်ကြေးကိုက်လည်း ကြိုက်တယ်
    မုန့်ဟင်းခါးလည်း ကြိုက်သွားပြန်ပြီ..
    အချိန်ရရင် လုပ်စားမယ်.. ကျေးဇူး ဝတ်ရည်
    • chowutyee says:
      မချော လုပ်ရတာ ရန်ကုန်မုန့်ဟင်းခါးနဲ့ တော်တော်လေး တူတူပဲ။ ဆန်လှောင်မှုန့် မထည့်တာပဲ ကွာတာ။ မချော အားရင် လုပ်စားကြည့်ပါနော်.. 😀
  3. wai says:
    မဝတ်ရည်ရေ တစ်မျိုးတော့ မထင်ပါနဲ့နော်။ စာရေး စာဖတ်တဲ့ အခါမှာ ဘိတ်ကို မြိတ်လို့ပဲ သုံးပါတယ်။ စကားပြောတော့မှသာ ဘိတ်လို့သုံးရတာပါ။ ပြင်ပေးနိုင်ရင် ပြင်ပေးစေချင်ပါတယ်။ မဝတ်ရည် ပြောသလိုပဲ မြိတ်မုန့်ဟင်းခါးက နာမည် မကြီးပေမဲ့ စားလို့ ကောင်းပါတယ်။ အချဉ်ကြိုက်တတ်တဲ့သူတွေ အတွက်လည်း ပုအုန်းရေနဲ့ ချက်ထားတဲ့ ငါးဟင်းရည်ကို မုန့်တီခွက်ထဲမှာ တစ်ခါတည်း ထည့်ပြီး စားရင် ချို ချဉ် ငန် စပ် အရသာ လေးမျိုးလုံးကို တစ်ခါတည်း ရမှာပါ။
    • chowutyee says:
      ဝေရေ တမျိုး မထင်ပါဘူး။ ဒီချက်နည်းက ၀တ်ရည် ကိုယ်တိုင် ချက်ထားတာ မဟုတ်တာမို့ ဟင်းချက်တဲ့ အချိုးစားမှားမှာ စိုးလို့ ဂရုစိုက်နေတာနဲ့ ဘိတ်နဲ့ မြိတ် စာလုံးပေါင်း မှားသွားတာ။ ဝေပြောပြပေးလို့ ပြင်လိုက်ပြီ။ ကျေးဇူးနော်.. 😀
    • မိုး says:
      မရှင်းလို့မေးပါရစေ ပုအုန်းရေဆိုတာ ဘာကိုပြောတာလဲဟင်
      • admin says:
        ပအုန်းရည်ဆိုတာ ဓနိရည်ကို ခေါ်တာပါ။ ပအုန်းရည်မရှိရင် ရှာလကာရည်ကို အစားထိုးသုံးလို့၇ပါတယ်..
  4. မြတ် says:
    မုန့်ဟင်းခါးမစားရတာကြာပြီ ၊ မျက်လုံးနဲ့ဘဲ အ၀ စားသွားပြီးနော်
    ပဲ လုံးဝ မထည့်ဘူးနော်
  5. Tiffyni says:
    ပုံလေးကြည့်ရုံနဲ့တော်တော်ကောင်းမယ်ဆိုတာသိတယ်ချက်နည်းအတွက်ကျေးဇူးပါ။
    အချက်အပြုတ်ဘလော့မှာသူများစေတနာနဲ့ရေးပြီးတင်ပေးတာကို
    အားမနာသတ်ပုံပြင်ခိုင်းပြီးဆရာကြီးဝင်လုပ်တဲ့သူကလဲရှိတယ်နော်။
    အင်းလေ..သူကစေတနာနဲ့ပြောတယ်လို့အကောင်းတွေးပေးရမလားပဲ
  6. Myue Myue says:
    မုန့်ဟင်းခါးထဲထည့်စားတာ ပူစီနံဖြစ်မယ်ထင်တယ်.. ပင်စိမ်းတော့ မဟုတ်လောက်ဘူးလားလို့.. ပုံမှမြင်ရတာလဲ ပူစီနံတွေမို့လား..
    • chowutyee says:
      ဆော်ရီးမရေ.. .ပူစီနံ ပြင်လိုက်ပြီ.. မနေ့ညက ၁၂နာရီခွဲနေပြီ အိပ်ကလည်း ငိုက်နေတဲ့ ကြားက တင်ထားတာမို့.. 🙂
  7. wwmoe says:
    နေ့တိုင်းမုန့်ဟင်းခါး မစားရရင်မနေနိုင်တဲ့သူမို့ မြိတ်မုန့်ဟင်းခါး ချက်နည်းလေးပို့ပေးလို့
    ကျေးဇူးအထူးတင်ပါတယ်။
  8. moe says:
    မ၀တ်ရည်
    တစ်မျိုးတော့မထင်နဲ့နော်…ဒီမုန့်ဟင်းခါးကို ထားဝယ်မုန့်တီလို့လဲခေါ်ပါတယ်…ထားဝယ်၊မြိတ် တွေရဲ့ ရိုးယားအစားစားလေးပါ
    ထားဝယ်မုန့်လက်သုပ်ရည်လေးနဲ့လဲတွဲစားတက်ပါတယ်…တစ်ချို့ဆိုအချိုရည်လေးထည့်ပြီး ချိုချဉ် ငန်စပ် လေးမျိုး အရသာစားတက်ပါသေးတယ်…
    • chowutyee says:
      ဟုတ်ကဲ့ပါ။ ၀တ်ရည်ကတော့ မြိတ်မုန့်ဟင်းခါးကို အရမ်းကြိုက်တာ.. 😉
  9. ဆန်မှုန့်၊ပဲမှုန့်မပါဘဲချက်တဲ့ မုန့်ဟင်းခါးမစားဖူးဘူး… ပုံကြည့်ရတာ စားချင်စရာလေး… ချက်စားကြည့်ဦးမယ်…
  10. Ei says:
    ကြည့်ရတာနဲ့တောင် စားချင်လာပြီ…။ ဗိုက်တောင် ပိုဆာလာသလိုပဲ။ ခုလို ဆောင်းတွင်း ချမ်းချမ်းစီးစီးမှာ အဲဒီ မုန့်ဟင်းခါးပူပူလေးကို စားလိုက်ရရင် အရသာ ရှိလိုက်မယ့် ဖြစ်ခြင်း… ရှလွတ် 🙂
  11. မီးလေး says:
    ကရင်ပြည်နယ်နဲ့မော်လမြိုင်မှာ ဒီနည်းအတိုင်း ချက်စားကြတယ်မ၀တ်ရည်ရဲ့
    ကရင်မုန့်ဟင်းခါး ၊ မော်လမြိုင်မုန့်ဟင်းခါး လို့လဲခေါ်ကြတယ် မီးလေးတောင်ပြီးခဲ့တဲ့ အဂါင်္နေ့က လုပ်စားလိုက်သေးတယ် စားလို့ကောင်းနေရော ဟိဟိ
    • chowutyee says:
      ဟုတ်လား။ ၀တ်ရည်ကတော့ မြိတ်မုန့်ဟင်းခါးကို ရန်ကုန်မုန့်ဟင်းခါးထက် ပိုလုပ်စားဖြစ်တယ်။ ပိုကြိုက်လို့.. 🙂
    • မိုး says:
      ကရင်မုန့်ဟင်းခါးကငါးနဲ့ချက်တာ။ တချို့လဲ ပုဇွန်ဥနဲ့ချက်ကြတယ်။
      မော်လမြိုင်မုန့်ဟင်းခါးက ငါးခြောက်နဲ့ ချက်တာ။
      မြိတ်မုန့်ဟင်းခါးက ငါးသလောက်နဲ့ ချက်တာမို့
      တစ်ခုနဲ့တစ်ခုမတူကြပါဘူး။
  12. ခင်ယမုံ says:
    အရမ်းစားလို့ကောင်းတယ်ညီမလေးရေ..ချက်စားလိုက်ပြီ..
    ဒါပေမယ့် ငှက်ပျောအူကမရှိတော့ မထည့်ရဘူး…
ှုငှက်ပျောအူ မပါပေမယ့်လည်း စားလို့အရမ်းကောင်းပါတယ်..
    ကျေးဇူး ညီမလေးရေ…
    🙂
    • chowutyee says:
      မခင်ယမုံက မြန်လိုက်တာ။ ချက်စားပြီသွားပြီ၊ ဟီးဟီး နောက်တစ်ခါ လုပ်စားရင် ၀တ်ရည်ကိုလည်း ခေါ်ကျွေးဖို့ မမေ့နဲ့နော်.. 🙂
  13. Azam Rafique says:
    ကုလားလည်းနိုင်ဂံဂျားမှာနေတာကြာတော့ ဗမာအစားအစာတွေလွမ်းလို့ စားချင်လို့ ရင်တာနက်မှာ လာရှာတာ ဒီဘလော့တွေ့တော့ ကုလားအရမ်းပျောသွားတာဘဲ မုန့်လင်မယားလုပ်နည်းရလိုက်တာ ဘလော့ပိုင်ရှင်ကို ကျေးဇူး အများကြီးတင်တယ် ခေါက်မုန့်လုပ်နည်းလေးလည်းကူညီပါဦး နောက်တော့လေ ဝက်သား ကြက်သား အမဲသား ငါး ပုဇွန် Tab တခုစီလုပ်ပေးပါလားလို့………….
    • chowutyee says:
      နောက်ပိုင်း မြန်မာအစားသောက်တွေ ပိုတင်သွားဖို့ စဉ်းစားထားပါတယ်.. ကျေးဇူးပါ..
  14. Azam Rafique says:
    http://thetnandarfamily.wordpress.com/2009/11/09/page/2/
    မယတ်ရည်ရေ အပေါ်လင့်ခ်မှာ ခေါက်မုန့်ပုံကြည့်ပြီး သွားရည်ယိုလိုက်တာ လုပ်နည်းမတွေ့တော့ညစ်သွားတာဘဲလေ။ ကူညီပါဦး။ ကျေးဇူးပါ
  15. Azam Rafique says:
    *** မဝတ်ရည်
  16. ၀င်း says:
    ဟီး….စားချင်စ၇ားလေး။ အ၀စားသွားပြီနော်…မ၀တ်၇ည်။ ကျေးဇူးပဲ…
  17. eleven says:
    မ၀တ်ရည်ရေ
    ဘိတ်မုန့်တီမှာ ငါးကြင်းမသုံးပါဘူး။ ငါးဇလွယ်ဆိုတဲ့ငါးပဲသုံးတာပါ။ ဘိတ်ကလူတွေ ငါးကြင်းမစားတတ်ပါဘူး။ ရေငံငါးပဲစားတာများတယ်။ သိသလောက်တင်ပြတာပါနော်။ ကျေးဇူးတင်ပါတယ်
    • chowutyee says:
      ရောမမှာနေ ရောမလိုကျင့် ဆိုသလိုပဲပေါ့။ ဘိတ်သူလည်း ရန်ကုန်မှာနေတော့ ရန်ကုန်မှာ ပေါတဲ့ ငါးကြင်းနဲ့ မုန့်ဟင်းခါး ချက်တာ အပြစ်မဆိုတာပါဘူး။ ကျေးဇူးပါ..
    • မိုး says:
      ငါးဇလွယ်ဆိုတာဘာငါးပါလိမ့် ကျွန်မကရန်ကုန်ကမို့မသိပါဘူးရှင့်
  18. Nyein says:
    ချက်နည်းကိုသိချင်နေတာကြာပြီ။ ကျေးဇူးပါ မ၀တ်ရည်။
  19. Nyein Plus Moe says:
    ဘိတ် မုန့်ဟင်းခါး ချက်နည်းရလို့ ကျေးဇူးပါ မ၀တ်ရည်
    ချက်စားကြည့်လိုက်အုံးမယ်……
    • admin says:
      ဟုတ်ကဲ့ လုပ်စားကြည့် sis.. စားလို့အ၇မ်းကောင်းတယ်
  20. Kkhine says:
    ကျေးဇူးပါဝတ်ရည်ရေ။
  21. Thiha Soe Oo says:
    အခုလိုဖော်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
Leave a Reply
Your email address will not be published. Required fields are marked *