ရေမုန့်
ရေမုန့်
ဒီနေ့တော့ နေ့လည်စာ ရေမုန့်ကို အစာပြေလုပ်စားဖြစ်ပါတယ်။ လုပ်ရတာ ထင်သလို မခက်ပဲ၊ အရမ်းလွယ်တာမို့ ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်…
ပါဝင်ပစ္စည်းများ
၁။ ဆန်မှုန့် – နို့ဆီဗူး ၂ဗူး
၂။ ရေ – နို့ဆီဗူး ၅ဗူး
၃။ ပဲပြုတ် – ၅ကျပ်သား
၎။ ကြက်သွန်မြိတ် – ၂စည်း (ပါးပါးလှီးထားပါ)
၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ရေမုန့် ပြုလုပ်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ဆန်မှုန့်၊ ရေ၊ ဆား) တို့ကို သမအောင် ရောမွှေထားလိုက်ပါ။
၂။  ပြီမှ ဒယ်(Non Stick Pan)ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ခန့် ဒယ်ထဲသို့ ထည့်ပေးပါ။
၃။ ဆီပူလာလျှင် မီးကို လျှော့လိုက်ပြီမှ ဆန့်မှုန့်ရည်(ယောက်ခွက်တစ်ဇွန်းစာ) (ဒယ်အရွယ်အစားပေါ် မူတည်၍) ထည့်ပေးပါ။
၎။ ထို့နောက်အပေါ်မှ ပဲပြုတ်၊ ကြက်သွန်မြိတ်ကလေးများ အမြန်ဖြူးပေးပါ။
၅။ ရေမုန့်ဘေးသားများ ကြွပ်လာသည်အထိ မီးအသင့်တင့်ဖြင့် ကြာကြာထားပေးပါ။
၆။ ရေမုန့် ဘေးသားများ ကြွပ်လာပြီဆိုမှ ရေမုန့်ကို တ၀က်ခေါက်ပြီ စားသုံးနိုင်ပါပြီ…
53 comments
  1. dkfjekrli says:
    m eating all now, heehee! thanks alot wutyee. wanna eat ရေမုန့် since last over 2years ago. thanks for sharing cooking method.
  2. yuki says:
    thanks for your new post..i’ll be make this weekend.
  3. moesat says:
    Thank you so much!.This week I’ll try
  4. မချော says:
    ဒီလောက်လွယ်မှန်းသိရင် လုပ်စားပြီးသားဘဲ.. အရမ်းကြိုက်၏. ကျေးဇူးဘဲညီမရေ
  5. jue says:
    ကျေးဇူးဘဲလုပ်စားချင်နေတာ လွယ်လွယ်လေးရယ်
  6. ခင်လေးနွယ် says:
    စားချင်နေတာ။ လုပ်နည်းသိသွားပြီ။ ကျေးဇူးဘဲနော်။
  7. seem easy to make…i will try sometimes too thx you for sharing my twin…i wanna eat urs cooking too 🙂
  8. ခင်ယမုံ says:
    ညီမလေးရေ..ကျေးဇူး
    ရေမုန့်ကိုသိပ်ကြိုက်ပေမယ့် ပဲပြုတ်က ရှာရခက်ပါဘိကွယ်..
    အခုတော့ ညီမလေးလုပ်ထားတာတွေ အကုန်စားသွားပြီ..
    🙂
    • chowutyee says:
      ပဲပြုတ်လုပ်နည်းလေးပါ ၀တ်ရည် တင်ပေးထားပါတယ် ။အဆင်ပြေရင်တော့ လုပ်စားကြည့်ပါနော် 😛
  9. မမိုး says:
    နေ့လည်စာကော်ဖီလေးနဲ့ဆိုအလိုက်ဘဲနော်
    ကျေးဇူးတင်တယ်ဝတ်ရ ည်ရေ………………
    ချက်ချင်းကိုလုပ်စားလိုက်မှာ………………
  10. မြတ် says:
    ဒီကို ရောက်ကတည်းက ဗမာအစာအစားမစားရတာကြာပေါ့၊ ပဲပြုတ်ကလည်းရှားမှရှားဘဲ ၊ ညီမလေးရဲ့မုန့်ကိုဘဲ အ၀စားသွားတယ်နော်
    ကျေးဇူးဘဲ ညီမလေး
  11. dare says:
    Thanks so much Wutyee!! I luv it, and miss it so much!
  12. moe says:
    ဒီတစ်ပတ်ပိတ်ရက်မှာ လုပ်စားမယ် ပဲပြုတ်ရှိတဲ့နေရာကို သတင်းရထားပြီးပြီ
    ကျေးဇူးပါ ၀တ်ရည်ရေ ခုလောလောဆယ်တော့ ………………….. ရှလွတ်..ဂလု
  13. လမင်း says:
    ဆန်မှုန့်ဖျော်ပြိးချက်ချင်း လုပ်စားလို့ရပြီလားဗျာ..နည်းနည်းစိမ်ရသေးလားမသိဘူး
    • chowutyee says:
      ဟုတ်ကဲ့ ဖျော်ပြီခြင်း လုပ်စားလို့ရပါတယ်။ ကြာကြာစိမ်ရင် အနည်းကျသွားတာမို့ ပြန်မွှေပေးမှာပါ..
  14. အဲကျဲ says:
    ကောင်းတယ်..အားလုံးကိုကူပြီးလုပ်ကြည့်၇မယ်..ကျေးဇူးအထူး…
  15. ဗိုက်ဆာနေပါတယ်ဆိုမှ
    လုပ်စားဦးမယ်
  16. အသဲ says:
    အသဲရဲ့ facebook wall ပေါ်မှာတောင်ပုံလေးတင်ထားပါသေးတယ်။
    ကျေးဇူးအထူးပါ ၀တ်ရည် 🙂
  17. Amber May says:
    love it ! thanks for posting such great recipes ! 😀
  18. mu yar says:
    ညီမရေ အမကို မုန့်ကျွဲသဲလုပ်နည်းလေးကို ပြောပြပေးပါလား။ အမက ဗမာမုန့်တွေဆိုအားလုံးကြိုက်တယ်။ မလုပ်တတ်သေးတာလဲ စမ်းလုပ်ကြည့်နေပါတယ်။ ဘိန်းမုန့်လုပ်နည်းလေးလည်း ပြောပေးအုံးနော်။ ပြန်စာမျှော်နေမယ်
    မမူယာ
    • chowutyee says:
      ဘိန်းမုန့်လုပ်နည်း
      (၁) pan cake flour mix 2 1/2cups – ဆန်မှုန့် 1/2cupကို ကြက်ဥ၂လုံး ၊ နွားနို. 2cup. ထန်းညက်ရည် ထမင်းစား ဇွန်း 3 ဇွန်း ၊ ထောပတ် ထမင်းစား ဇွန်း ၃ ဇွန်းတို.ကို သမအောင် ရောူပီး ခပ်ပြစ်ပြစ် ဖျော် ထားပါ
      (၂) non stick fry pan အသေးကိုဆီသုပ်ပေးပြီး အပူပေးပါ.(မီးသိပ်မပြင်းပါစေနှင့်)မုန့်နှစ်ရည် ကိုလိုသလောက်ထည့်ပါ
      (၃) မုန့်နှစ်ရည်ပေါ်သို ဘိန်းစေ့ နှင့်အုန်းသီးတို့ကိုလည်းတခါတည်းထည့်ပါ.
      (၄) မုန်သားအရာင်ပြောင်းသွားရင် မုန့်လေးရပါပြီ.
  19. mu yar says:
    ညီမရေ
    ကျေးဇူးတင်ပါတယ်။ အချိန်ရသေးရင်လည်း မုန့်ကျွဲသဲလေး ပြောပြအုံးနော်။ လုပ်စားခင်လို့
  20. mu yar says:
    ညီမ၀တ်ရည်ရေ
    အမလေ – ရေမုန့်လုပ်စားပြီးသွားပြီ။ ပုံလေးတင်ပြီးပြချင်တယ်။ ဒါပေမဲ့ ( သိပ်ကျွမ်းတော့) ဓာတ်ပုံကို ဘယ်လိုတင်ရမှန်းမသိဘူး။ အမလုပ်တာမုန့်ရေထည့်တဲ့အချိန်မှာ အပေါက်လေးတွေဖြစ်တယ် ဘာလို့လဲဟင် စားလို့တော့ကောင်းတယ် လွယ်လဲလွယ်တယ်။ ကျွတ်တော့ကျွတ်တယ်။ မမရဲ့ ချစ်ချစ်ကတော့အားပေးတယ် (he he )
    ညီမ မုန့်ဖတ်ထုတ်ရော နည်းပေးချင်လားဟင်။ လုပ်စားချင်လို့။
    • chowutyee says:
      ရေခပ်ကျဲကျဲလေး ဖြစ်လို့ပါ။ စားလို့ကောင်းတယ်ဆိုလို့ ၀တ်ရည်တောင် စားချင်လာပြီ… ဟုတ် မမူယာ နောက်ပိုင်း မြန်မာမုန့်လုပ်နည်းတွေ ပိုတင်သွားပါ့မယ်နော်.. ကျေးဇူး 😛
  21. mu yar says:
    ညီမရေ
    အမလေ facebook မှာ တင်ထားတယ်။ ညီမကြည့်ပါလားဟင်။ အမရဲ့ ac က khin mu yar soe ပါနော်။
    ညီမနဲ့ခင်မင်ရလို့လဲဝမ်းသာပါတယ်နော်။ ညီမရဲ့ ချက်နည်းလေးတွေလည်းကြည့်ရလို့ ကျေးဇူးတင်ပါတယ်။ မြန်မာမုန့်မျိုးစုံကိုလည်း မျှော် လင့်နေပါတယ် 🙂 ပြောရတာအားလည်းနာတယ်နော်
    • chowutyee says:
      ဟုတ်မရေ ခုပဲ ၀င်ကြည့်လိုက်တယ်.. ခုမှပဲ နံမည်နဲ့လူနဲ့တွဲမိတော့တယ်… ဖေ့ဘုတ်ကနေ ရေမုန့် အားပေးလိုက်မယ်နော်.. 😀
  22. rose says:
    Dear,
    ma wut yee ..thank you somuch for your post…i like you and thanks a million….i m your fan..
  23. phoo pwint khine says:
    really helpful link Ma Wutt Yee. I already try this one and taste is really good. Thank 🙂
  24. Thiri says:
    ဝတ်ရည်ရေ
    ရှာဖွေလေတွေ့ရှိလေလုပ်လိုက်တာရေမုန့်တွေ့လို့ကျေ့းဇူးကမ္ဘာ
  25. cassandra su says:
    မုန့်လုပ်နည်းလေးတွေ က လွယ်လွယ်လေးတွေနဲ့ စားချင်တာလေးတွေ အကုန်ဖတ်သွားပါတယ် လုပ်စားပါဦးမယ် ကျေးဇူး ဝတ်ရည်
    • admin says:
      Please try it.. နောက်လည်း ကြိုးစားပြီ မုန့်လုပ်နည်းလေးတွေ တင်ပေးပါ့မယ်
  26. moon says:
    ဒီနေ့မမလုပ်နည်းနဲ့လုပ်စားဖြစ်တယ်..very goodပဲ
    မမဝတ်ရည်မုန့်လုပ်နည်းတွေအများကြီးတင်ပေးထား
    တော့ ပိတ်ရက်ဆိုတော့လုပ်စားဖြစ်တယ်…
    ကျေးဇူးတင်ပါတယ်နော်…:)
  27. Moee says:
    Ma yae
    I made it this morning..
    It’s so easy and delicious ..
    Thanks for the recipe..
  28. masaw tin says:
    You are the best.
Leave a Reply to ခင်လေးနွယ် Cancel reply
Your email address will not be published. Required fields are marked *