မုန့်ကြာစေ့

မုန့်ကြာစေ့

မုန့်ကြာစေ့လေးပါ။ အရမ်းစားလို့ ကောင်းတယ်။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ ကောက်ညှင်းမှုန့် – နို့ဆီဗူး ၄လုံး

၂။ ဆန်မှုန့် – နို့ဆီဗူး ၁လုံး

မှတ်ချက် ။ ကောက်ညှင်းမှုန့်နဲ့ ဆန့်မှုန့်သည် လေးချိုး ၁ချိုးဖြစ်သည်။

၃။ ထန်းလျက်ခဲ – ၃၀၀ ဂရမ်

၎။ အုန်းသီး – တခြမ်း (ခြစ်ထားပေးပါ)

၅။ ဆား – လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ကောက်ညှင်းမှုန့်၊ ဆန့်မှုန့်)ကို ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ရ(၅၀၀ ml) ကို နည်းနည်းထည့်ကာ မုန့်သားများကို မပျော့မမာ အနေထားရောက်သည်အထိ နုယ်ပေးပါ။

၃။ ထို့နောက် မုန့်ကြာစေ့အတွက် ပုံတွင် ပါသည့်အတိုင်း မုန့်လုံး သေးသေးလေးတွေ လုံးပေးပါ။

၎။ ဒယ်အိုးကြီး တစ်ခုထဲသို့ ရေများများထည့်ကာ အဖုံးအုပ်က ရေပွက်ပွက်ဆူသည်အထိ တည်ထားပေးပါ။

၅။ ရေနွေးဆူလာလျှင် လုံးထားသည့် မုန့်လုံးများကို လောင်းထည့်ပေးပါ။

၆။ ခဏကြာလျှင် မုန့်လုံးများ ရေပေါ်ပေါ်လာလျှင် ဇကာဖြင့် ပြန်ဆယ်ပေးထားပါ။

ရ။ မုန့်လုံးများ ရပြီဆိုလျှင် ထန်းလျှက်ခဲများကို ရေဖြင့် မပျစ်မကျဲအနေထား ကျိုထားပေးပါ။

၈။ ပြီနောက် မုန့်လုံးများ၊ ဆားကို ထည့်ကာ ခဏကျိုပေးပြီ အုန်းသီးခြစ်လေးများ ဖြူးပြီ မုန့်ကြာစေ့ပူပူလေးကို စားသုံးနိုင်ပါပြီ..

19 comments

  1. i miss that foods…wanna eat now a hint a hint

  2. မီးလေး says:

    စားချင်စရာလေးနော် မုန့်လုံးရမှာတော့ လက်တစ်ညောင်းပဲး-)
    မုန့်ပိန္နဲစေ့လို့လဲ မီးလေးတို့ဘားအံမှာ ခေါ်ကြတယ်
    အားတဲ့တစ်နေ့ လုပ်စားဦးမှပဲ ၀တ်ရည်လုပ်စားတာတွေ့တော့
    လုပ်စားချင်စိတ်ပေါက်သွားပြီ ဟိဟိ

    • chowutyee says:

      မီးလေးရေ လုပ်စားကြည့်ပါ။ မုန့်လုံးတာ တကယ် လက်တညောင်းပဲ။ ဒါပေမယ့် စားလိုက်ရတော့ အမောဖြေသွားတာပေါ့.. 😀

  3. Innocence says:

    Ma Wut Yee,

    I would like to know the measurement?

    1 နို့ဆီဗူး = how many cups?

    I can’t get perfect နို့ဆီဗူး here. 🙂

    Thank you.

    • admin says:

      ရန်ကုန်မှာတော့ နို့ဆီဗူး အသုံးများလို့ နို့ဆီဗူးနဲ့ ချိန်တွယ်ဖို့ ရေးပေးထားတာပါ။ measurement cup ပဲရှိရင် cup နဲ့ပဲ ချိန်တွယ်နိုင်ပါတယ်။ ကျန်တဲ့ဆတူတူပါပဲ 🙂

  4. Ei Phyu says:

    ဒီနေ့လုပ်စားဖြစ်တယ် အ၇မ်းကောင်းတယ် ကျေးဇူးပဲ

  5. မောင်မဲ says:

    လက်စသပ်တော့မုန့်လုံးရေပေါ်ကိုး:-P

    • admin says:

့haa… မုန့်ကြာစေ့က အလုံးအသေးတွေ လုံးရတာ လက်ပေါက်ကတ်ပေမယ့် စားလို့ အရမ်းကောင်းပါတယ်။ မုန့်လုံးရေပေါ်လိုပဲ၊ သူပဲ ရေပေါ်ပေါ်လာရင် ပြန်ဆယ်ရတော့ တူတူပဲ ပြောလို့ရပါတယ်.. 😛

  6. Yuki says:

    Sis, What is “Kaut-nyin-mhote” in Eng? or could you show me a sample of it? I wanna try it, yet I don’t know how to find “Kaut-nyin-mhote” here.
    Thanks sis 🙂

    • admin says:

      ကောက်ညှင်းမှုန့် = sticky flour. ဆိုင်တော်တော်များများမှာ မေးဝယ်လို့ရတယ် sis

  7. Nono says:

    တင်ပေးတဲ့အတွက်ကျေးဇူးအရန်းတင်ပါတယ်.. လုပ်စားကြည့်အုံးမယ်နော်အစ်မ…:)

  8. Thu Ta Aung says:

    ကြိုက်တယ်

Leave a Reply

Your email address will not be published. Required fields are marked *