‘ဘေကွန် ပုဇွန်ကင်’
‘ဘေကွန် ပုဇွန်ကင်’
New Year & Chris-max မှာ လုပ်စားဖို့ နောက် အကင်တစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါကတော့ ဘေကွန် ပုဇွန်လေးပါ။ ဘေကွန် ပုဇွန်ကင်ဟာ ပါတီပွဲတွေမှာ အပေါင်းသင်းစုံလင်စွာ လုပ်စားရင် အလွန်ကောင်းမွန်တဲ့ အကင်တစ်မျိုးပါပဲ။ လုပ်ရလည်း အရမ်းလွယ်ပြီ ပုဇွန်ကို ဘင်ကွန်နဲ့ ပတ်ပြီ ကင်တဲ့အတွက် မီးခိုးရနံ့လေးနှင့် အရမ်းစားလို့ကောင်းပါတယ်။ ထို့အပြင် ပင်စိမ်းလည်း ပါဝင်တာမို့ ပင်စိမ်းရနံ့လေးကို ရရှိမှာပါ။ အချိန်တိုအတွင်းမှာ လုပ်စားချင်လျှင် ရွေးချယ်သင့်တဲ့ ဟင်းလျာတစ်ခုပါပဲ။ တူတူလုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
  • ပုဇွန်ကျား      ♦ ၁၅ကျပ်သား
  • ပင်စိမ်း          ♦ ၁၂ရွက်
  • ဘေကွန်       ♦ ၁၂ခု (၆-ရလက်မကြား ရှိရမည်)
ချက်ပြုတ်နည်း [Recipes]
၁။ ပုဇွန်ခေါင်းကို ဖြုတ်ပြီ အခွံနွာ ထား၍ ကျောအနည်းငယ် ခွဲထားပေးပါ။
၂။ ပြီးလျှင် ပုဇွန်ကို ၀ါးတံစို့များဖြင့် ပုံတွင် ပါသည့်အတိုင်း သီထားပေးပါ။
၃။ ထို့နောက် ပင်စိမ်း၂ခုကို ပုဇွန်ပေါ်တင်လိုက်ပါ။
၎။ ပုံတွင်ပါသည့်အတိုင်း ဘေကွန်ကို ပုဇွန်ပေါ်တွင် ပတ်ထားလိုက်ပါ။ ထိုနည်းအတိုင်း ကျန်ပုဇွန်များကို ဆက်လိပ်သွားပါ။
မှတ်ချက်။ ။ အကယ်၍ ဘေကွန်များ ပုဇွန်ပတ်ရန် အရွယ်အစားသေးနေလျှင် သွားကြိုးထိုးသံများဖြင့် အောက်မှာပါသည့် ပုံအတိုင်း ခိုင်အောင် ထိုးပေးပါ။
၅။ ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။
၆။ ထို့နောက် တဖက်ကို ၄-၇မိနစ်ကြား ထားပေးပြီမှ တဖက်ကို လှန်ပေးပါ။
ရ။ ပုဇွန် ဖြူပြီ တင်းလာရင် ကျက်ပါပြီ။
၈။ ဘေကွန်ပုဇွန်ကင်လေးများကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ…
Tip: ကြက်၊ ၀က်၊ အမဲသားများကို ထိုနည်းအတိုင်း ပင်စိမ်း၊ ဘေကွန်ဖြင့်ပတ်ပြီ ကင်စားပါက အရသာကောင်းမွန်သည်ကို တွေ့ရသည်။
21 comments
  1. jue says:
    ကျေးဇူးဘဲမမ ဘေကွန်ကိုဘယ်မှာဝယ်လိုရလဲ တစ်ချက်လောက်ပြောပြပါလား
  2. Soe Ei Ei Phyu says:
    ဘေကွန်ဆိုတာ ဘာလဲဟင် မမ? ဘေကွန်ရရင် လုပ်စားကြည့်မယ်။ ကျေးဇူးပါနော်။
    မမ Post ကို အမြဲ ဖတ်ဖြစ်တယ်။
    • chowutyee says:
      ဘေကွန်ဆိုတာ ၀က်ပေါင်ခြောက်ကို ပြောတာပါ။ City Mart မှာ ဘေကွန်လို့ ပြောဝယ်လို့ရတယ်။ နိုင်ငံခြားကလာတဲ့ ဘေကွန်ဝယ်နော်၊ ဒီက လုပ်တဲ့ ဘေကွန်က မကောင်းဘူး.. အားပေးလို့ ၀တ်ရည်က အရမ်းကျေးဇူးပါ.. 🙂
  3. yinthu says:
  4. look so delicious 🙂 a mike sar bae….
  5. Tin Moe Oo says:
    ကောင်းမယ့် ပုံ လေးပဲ
  6. ခင်ယမုံ says:
    မွှေးပြီး အရမ်းကိုအရသာရှိမှာပဲ..
    ခရစ်စမတ်ကျရင် လုပ်စားမယ်ညီမလေး..
    အခုတော့ ညီမလေးလုပ်ထားတာကိုအရင်အ၀စားသွားပြီနော်..
    ကျေးဇူးညီမလေး
  7. […] December 14, 2011 ‘ဘေကွန် ပုဇွန်ကင်’ […]
  8. chit says:
    ပင်စိမ်းမကြိုက်ရင် ဘာသုံးလို့ရမလဲ မမ၀တ်ရည်..
    • admin says:
      ပင်စိမ်းမထည့်ပဲ ပုဇွန်နဲ့ ဘေကွန်ပဲ လိမ့်ကင်လို့ရပါတယ်။ လုပ်စားကြည့်ပါနော် တကယ်စားကောင်းလို့
  9. […] ဘေကွန် ပုဇွန်ကင် […]
  10. Zar Chi Oo says:
Leave a Reply
Your email address will not be published. Required fields are marked *