အာလူး မီးကင်
‘အာလူး မီးကင်’
New Year & Chris-max နီးလာပြီမို့ အကင်နည်းသစ်တွေ များများလုပ်စားနိုင်အောင် ရည်ရွယ်ပြီ ဟင်းသစ်တွေကို ၂ရက်ခြား၊ ၁ရက်ခြား တင်ပေးသွားပါ့မယ်။ ဒါကတော့ မီးခိုရနံ့လေးနဲ့ အာလူးကင်နည်း အသစ်လေးပါ။ ၀တ်ရည်ကတော့ အာလူးမီးကင်ကို အမြဲလည်း လုပ်စားဖြစ်ပြီ အလွန်လည်း ကြိုက်ပါတယ်။ လုပ်ရလည်း လွယ်ပြီ သူအပေါ်မှာ တင်ထားတဲ့ မရိုနိစ်နဲ့ ဘေကွန်အရသာကြောင့် အာလူးကင်က ပိုလို့တောင် စားလို့ကောင်းပါသေးတယ်။ ချက်နည်းကို ကြည့်ကြည့်၇အောင်…
ပါဝင်ပစ္စည်းများ
  • အာလူး [potato]                                              ♦ ၄လုံး (အကြီး)
  • ထောပတ် [butter] (သို့) မာဂျလင်း [magarine]         ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား [salt]                                                       ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် [black pepper]                     ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • မရိုနိစ် [mayonnise]                                         ♦ စားပွဲတင်ဇွန်း ၄ဇွန်း
  • ဘေကွန် [bacon]                                             ♦ ၄ခု (ဆီဖြင့်ကြော်ပြီ အတုံးသေးများ တုံးထားပါ)
  • ကြက်သွန်မြိတ် [spring onion]                         ♦ ၁ခု (ပါးပါးလှီးထားပါ)
ကင်နည်း
၁။ အရင်ဆုံး အာလူးတစ်လုံးခြင်းကို ခရင်းဖြင့် ၆ကြိမ်လောက် ထိုးပေးပါ။
၂။ ပြီလျှင် ထောပတ်များ သုတ်ပေးပြီ ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးပါ။
၃။ အာလူးကို မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။
၎။ တဖက်ကို နာရီဝက်နှုန်းဖြင့် ၁နာရီခန့် မီးကင်ပြားပေါ်တွင် ကင်ပေးပါ။
၅။ အာလူးကင်ရပြီဆိုလျှင် ခေတ္တာမျှ အအေးခံပြီ အခွံနွှာလိုက်ပါ။
၆။ ထို့နောက် အာလူးပေါ်တွင် မရိုနိစ်၊ ဘေကွန်၊ ကြက်သွန်မြိတ်လေးများ ဖြူး၍ အရသာရှိစွာ စားသုံးနိုင်ပါပြီ…
Tips: အာလူးကို သတ္တုပြားဖြင့် အုပ်ပြီ မကင်ပါနှင့်၊ မီးခိုနံ့ မရပဲ ကင်ရတာလည်း ပိုကြာတတ်ပါတယ်။
16 comments
  1. Evy says:
  2. shaheda says:
    bacon ဆိုတာဘာလဲ ဟင် အမ …
  3. theingi says:
    ဘေကွန်ဆိုတာ ၀က်ပေါင်ခြောက်ကို ခေါ်တာပါ။
  4. ခင်ယမုံ says:
    ဒီအာလူးကင်လေးကိုတော့ ညီမလေးလုပ်ထားတာ အကုန်စားသွားပြီနော်..
    🙂
  5. Wah Wah says:
    bacon အစားဘာသုံးလို့ရပါလဲဟင် (လုပ်ကျွေးချင်တဲ့လူတွေကဝက်သားမစားလို့)
    မိုက်ခရိုဝေ့ဖ်နဲ့ရောကင်လို့ရပါလား ကျေးဇူးပါနော် 🙂
  6. Wah Wah says:
    bacon အစားဘာသုံးလို့ရပါလဲဟင် (လုပ်ကျွေးချင်တဲ့လူတွေကဝက်သားမစားလို့)
    မိုက်ခရိုဝေ့ဖ်နဲ့ရောကင်လို့ရပါလား ကျေးဇူးပါနော်
    • chowutyee says:
      Instead of bacon, u can use ကြက်သားပြားကို ကြော်ပြီ ထည့်လို့ရတယ်။. Yes can grill with microwave 🙂
  7. Wah Wah says:
    ကျေးဇူးပါနော် လုပ်စားကြည့်ပါမယ် 🙂
  8. […] အာလူး မီးကင် […]
Leave a Reply
Your email address will not be published. Required fields are marked *