ဆိတ်သားကင်

ဆိတ်သားကင်

 

ဆိတ်သားကို သံတံစို့ဖြင့် သီပြီ ကင်ခြင်းသည် ရှေးအကျဆုံး ကင်နည်းတမျိုးပါပဲ။ ဒါပေမယ့် နာရီကြာကြာနှပ်ပြီ ကင်တဲ့ ဆိတ်သားအရသာက ချိုစိမ့်ပြီ မွှေးနေပါတယ်။ ထို့ပြင် ကြက်သွန်နီ၊ ငရုတ်ပွစိမ်း အရသာများ၏ လတ်ဆတ်တဲ့ အရသာသစ်တမျိုးကိုပါ ပေါင်းစပ် ရရှိမှာပါ။ အရောင်စုံမို့ မြင်ရုံနဲ့ စားချင်စဖွယ်ကောင်းသော ဆိတ်သားကင်လေးကို လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ [Ingredients]

  • ဆိတ်သား [mutton]                ♦ ၁၅ကျပ်သား (၁လက်မအရွယ် အတုံးလတ်များ တုံးပေးပါ)
  • ကြက်သွန်နီ [onion]                 ♦ ၂လုံး (၄စိပ်စိပ်ထားပါ)
  • ငရုတ်ပွစိမ်း [green pepper]  ♦ ၂ခု (အစေ့ထုတ် ၈စိပ်စိပ်ထားပါ)
  • ခရမ်းချဉ်သီး [tomato]            ♦ ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ထားပါ)

ဆိတ်သား နှပ်ထားရန်ပါဝင်ပစ္စည်းများ [Marinate Ingredients]

  • လီမွန်ရည် [lemon juice]              ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား [salt]                                        ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှန်ု့ [black pepper]♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ [onion]                       ♦ ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ [garlic]                     ♦ ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • သံလွင်ဆီ [olive oil]                     ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ကလဝေရွက် [bay leave]            ♦၂ရွက်

 

ဆိတ်သားကင်ပေါ်မှ သုတ်ရန်ဆော့ရည် [Sauce Recipe]

  • ထောပတ် [butter]                  ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • လီမွန်ရည် [lemon juice]      ♦ စားပွဲတင်ဇွန်း ၂ဇွန်း

 

ကင်နည်း [Grill Recipe]

၁။ အရင်ဆုံး ဆိတ်သားများကို နှပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (လီမွန်ရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံလွင်ဆီ၊ ကလဝေရွက်)တို့ဖြင့် သမအောင် နုယ်ထားလိုက်ပါ။

၂။ ပြီလျှင် ရေခဲသေတ္တာထဲတွင် ထည့်ပြီ အနည်းဆုံး ၄နာရီခန့် နှပ်ထားပေးပါ။

၃။ (ငရုတ်ပွစိမ်း၊ ခရမ်းချဉ်သီး၊ ဆိတ်သား၊ ကြက်သွန်နီ )များကို သံတံစို့များဖြင့် ပုံတွင် ပါသည့်အတိုင်း ရောင်စုံလေးများ သီထားပေးပါ။

၎။ ပြီနောက် ဆိတ်သားကင်ပေါ်မှ သုတ်ရန်ဆော့ရည်အတွက် (ထောပတ်၊ လီမွန်ရည်) တို့ကို ခွက်တစ်ခုထဲ ရောမွှေလိုက်ပါ။

၅။ ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။

၆။ ဆိတ်သားကင်ကို ကင်နေစဉ် အပေါ်မှ ဆော့ရည်များ သုတ်ပေးပြီ တဖက်ကို ၃မိနစ်ခန့် ၁၂မိနစ်ခန့် မီးအသင့်တင့်ဖြင့်ကင်ပေးပါ။

ရ။ ဆိတ်သားကင်ရပြီဆိုလျှင် အရသာရှိစွာ စားသုံးနိုင်ပါပြီ…

Tips: ကင်သည့် သံတံစို့သည် အလုံးထက် အပြားက ပိုကင်လို့ ကျယ်ပြန့်ပြီ ပိုမိုကောင်းမွန်သည်။

18 comments

  1. look so yummy…. wanna try

  2. မြတ် says:

    ညီမရေ ဆိတ်သားဆိုဘယ်လိုဘဲ စားစား အရမ်းကြိုက်တယ် ၊ လျှပ်စစ်မီးနဲ့ ကော ကင်လို့ ရလားဟင်၊ ၀က်ခေါက်ကင်လေးလည်း ပို့ပေးပါအုံးနော်၊ အခုတော့ လုပ်ပြီးသားတွေဘဲ အ၀စားသွားပြီးနော်။
    ကျေးဇူးတင်လျှက်

    • chowutyee says:

      လျှပ်စစ်မီးနဲ့ ကင်လို့ရတယ် မမြတ်။ ၀တ်ရည်လည်း လျှပ်စစ်မီးနဲ့ပဲ ကင်ထားတာ.. ဟုတ်ကဲ့ အားရင် တင်ပေးလိုက်ပါမယ်နော်.. ကျေးဇူးပါ

  3. wwmoe says:

    ငယ်တုန်းကဆိတ်သားကင်အရမ်းကြိုက်တာ
    ကင်မစားဖြစ်တာကြာပြီ ငယ်ဘဝအမှတ်တရကင်စားရတဲ့ အတွက်
    ကျေးဇူးတင်ပါတယ်။

  4. ခင်ယမုံ says:

    ညီမလေးရေ..
    ဆိတ်သားကင်ကို သိပ်မစားဖြစ်ပေမယ့် ညီမလုပ်ထားတွေလေးက အရမ်းကိုစားလို့ကောင်းမှာပဲ..
    အစ်မအကုန်စားသွားပြီနော်..
    ကျေးဇူး
    🙂

  5. ကျော်သန်းထက် says:

    lemon juice ဆိုတာ ရှေက်ရည်ကိုဆိုလိုတာလား ဖျော်ရည်ရောင်းတဲ့ဆိုင်က juice ကိုဆိုလိုတာလားအမ

    • chowutyee says:

      လီမွန်ရည်ကို ပြောတာပါ။ မရှိရင် သံပရာရည်ကို အစားထိုးသုံးလို့ရပါတယ်

  6. htinlin says:

    ဒီလိုဗျ ကျွန်တော် လိုက်လုပ်ကြည့်ပါတယ် သူများလုပ်ထားပြီးသားမစားဖူးလို့လားတော့မပြောတတ်ဘူး ကောင်းတယ် မကောင်းဘူးဆိုတာတော့ မပြောတတ်ဘူးပေါ့ဗျာ စားလို့တော့ဖြစ်သွားတာဘဲ ဒါပေမဲ့ပုံထဲမှာပြထားတဲ့အတိုင်းလိုက်ပြင်ဆင်ကြည့်တာ မတူနိုင်တာတော့ စိတ်ညစ်မိတယ် ဗျာ မုန်လာဥနီတို့ သံပုရာသီးတို့နဲ့လုပ်တာတော့အဆင်ပြေပါတယ် နှင်းဆီပန်းလို ပန်းပွင့်ဖြစ်နေအောင် မလုပ်တတ်ဘူးဗျာ အဲဒါက ဘာတွေနဲ့လုပ်တာလဲဗျ အချိန်များပေးနိုင်မယ်ဆိုရင် ဖြေပေးပါအုံး

    • admin says:

      နှင်းဆီပန်းက ခရမ်းချဉ်သီးကို ပုံဖော်ထားတာပါ။ အချိန်ရရင် လုပ်နည်းလေးကို ၀တ်ရည် တင်ပေးပါ့မယ်.. ကျေးဇူး

  7. Sandar says:

    ပုံကြည့်တာနဲ့စားချင်စ၇ာလေး
    သံတံစို့ကဘယ်မှာဝယ်လို့၇လဲဟင်?
    ၀ါးတံစို့ပဲသုံးဖူးလို့ပါ
    အဲဒီလိုသံတံစို့လေးဝယ်လို့ရမဲ့နေရာလေးပြောပေးပါလား?

Leave a Reply to admin Cancel reply

Your email address will not be published. Required fields are marked *