ငရုတ်သီး နှင့် ချိစ် ပါမုန့်ကင်

ငရုတ်သီး နှင့် ချိစ် ပါမုန့်ကင်

ချိစ်ပါမုန့်လို့ ရိုးရိုး ပါမုန့်ကင်တွေနဲ့ မတူပဲ၊ အိန္ဒိယစတိုင် ငရုတ်သီး၊ နံနံပင်၊ တို့ကို ထူးထူးခြားခြား ထည့်ထားပါတယ်။ အရသာက ကြွပ်ရွရွနဲ့ ပီဇာလိုပဲ တမျိုး စားလို့လည်း ကောင်းပါတယ်။ လုပ်ရတာလည်း အချိန်မကြာတမို့ နေ့လည်စာ အစာပြေစားဖို့ အလွန်သင့်တော်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချိစ် (cheddar cheese)            ♦ ၁၀၀ ဂရမ် (ခြစ်တံဖြင့် ခြစ်ထားပါ)
  • ကြက်သွန်နီ (onion)                 ♦ ၂လုံး (နှုတ်နှုတ်စဉ်းထားပါ)
  • ခရမ်းချဉ်သီး (tomato)               ♦ ၂လုံး ( အစေ့ထုတ် အတုံးလေးများ တုံးပေးပါ)
  • ငရုတ်သီးစိမ်း (green chillies)     ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် (coriander leave)          ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ပါမုန့် (slice of bread)              ♦ ၅ချပ်

ပါမုန့်ဖုတ်နည်း

၁။ ခွက်တစ်ခုထဲတွင် (ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ချိစ်၊ နံနံပင်) တို့ကို ရောမွှေလိုက်ပါ။

၂။ ပြီမှ ပါမုန့် တစ်ချက်ခြင်းပေါ်တွင် ရောမွှေထားသည်များကို ပုံတွင် ပါသည့်အတိုင်း ပါမုန့်ပေါ် တင်လိုက်ပြီ အပေါ်မှ ချိစ်များ ပြန်ဖြူးပေးပါ။

၃။ ထို့နောက် oven ထဲသို့ ၂၀၀ဒီဂရီဖြင့် ပါမုန့်ကြွပ်ရွပြီ အညှိရောင်သန်းသည်အထိ ဖုတ်ပေးပါ။

၎။ ပါမုန့်အညှိရောင်သန်းလာပြီဆိုလျှင် Oven ထဲမှပြန်ထုတ်ပြီ ပူပူလေး သုံးဆောင်နိုင်ပါပြီ။

 

—————————————————————————————————————————————-

18 comments

  1. it is quite popular breaskfast in uk too…and very yummy one hee …wanna eat now 🙂

  2. ခင်ယမုံ says:

    ညီမလေး..အစ်မလည်းတစ်ခါတစ်လေလုပ်စားတယ်..
    ဒါပေမယ့် ငရုတ်သီးစိမ်းနဲ့ နံနံပင်မပါဘူး…
    ဒီတစ်ခါ ညီမလေးပြောတဲ့အတိုင်းလုပ်စားမယ်နော်..
    ကျေးဇူး 🙂

  3. nandar says:

    ပုံလေးကိုကြည်ပြီးတော့….စာချင်လာပြီ….
    ညီမရေ…..အမ အလုပ်အားတဲ့ နေ့ ကြရင်လုပ်စားကြည်မယ်…

  4. […] January 15, 2012 ငရုတ်သီး နှင့် ချိစ် ပါမုန့်ကင် […]

  5. nitar says:

    sis..ငရုတ်သီးစိမ်းကအမှုန့်လက်ဖက်ရည်ဇွန်း တ၀က်လား?

    • admin says:

      အမှုန့် မဟုတ်ဘူး။ ငရုတ်သီးစိမ်းတောင့် ပါးပါးလှီးထားတာကို လက်ဖက်ရည်ဇွန်း တ၀က်ပါ

  6. yoe lay says:

    မ၀တ်ရည်ရေ.. chedder cheese က မပျော်ပဲအချောင်းလိုက်လေး ကြော်ထားသလိုဖြစ်နေတယ် .. ဘာလို့လဲမသိဘူးနော် .. တူးတောင်တူးသွားတယ် ချိစ်ပျော်အောင်စောင့်ရင်းနဲ့..

  7. yoe lay says:

    brand ကတော့ Kraft ပါ .. အရင်တစ်ခေါက် ပီဇာလုပ်တုန်းက mozzarella cheese မရတော့ chedder cheese နဲ့ လုပ်ဖူးပါတယ် .. အဲ့တုန်းက ဒီတံဆိပ်မဟုတ်ပါဘူး .. တခြားတံဆိပ်နဲ့ပါ မေ့သွားလို့:P အဲ့ဒါလုပ်တုန်းကတော့ ဖြစ်တယ် အရေပျော်တယ် .. ခု ဒီတံဆိပ်က သိပ်မပျော်လွယ်လို့လားမသိဘူးနော် .. မပျော်ဘဲကြော်ထားသလိုဖြစ်နေတယ် အားလူးချောင်းကြော်လိုလို နဲ့:) ဘာဖြစ်လို့လဲဆိုတာ သိရင်ပြောပြပေးပါဦးနော်..

    • admin says:

      ဟုတ်ကဲ့။ ပီဇာတို့၊ လာဆမ်နီယား၊ ငရုတ်သီး ချိစ်ပါမုန့်ကင် တို့လို ချိစ်အရေပျော်ရမှာဆိုရင် ချိစ်က mozzarella ချိစ်ကိုသုံးရင် သုံး၊ (သို့) Parmesan ချိစ်ကို သုံးပေးပါ။ chedder cheese က နည်းနည်းမာတော့ အရည်သိပ်မပျော်ဘူး sandwich နဲ့တွဲစားဖို့သာ ကောင်းတာပါ။ ပြီတော့ မီးများသွားရင်လည်း ချိစ်က မာသွားတတ်ပါတယ်.. Plz try it again sis Thanks.. 🙂

  8. မောင်စိုင်း says:

    မနေ့ကလုပ်စားတယ် oven မရှိလို့ microwave နဲ့ တွယ်ထည့်လိုက်တယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *