အမဲကင် ဆူရှီလိပ်

အမဲကင် ဆူရှီလိပ်


 ဒီ အမဲကင် ဆူရှီလိပ်လေးလို အရောင်စုံနှင့် အရသာပေါင်းစုံဖြင့် စားချင်စဖွယ်လေးပါ။ အမဲသားကို ကင်မှ ကြိုက်နှစ်သက်သူများ အတွက်တော့ တကယ်ကို ကောင်းမွန်တဲ့ ဟင်းလျာမို့ မိတ်ဆက်ပေးပါရစေ။ သူကို တောင်အာဖရိအခေါ်အဝေါ်အရ ဆိုလျှင် မာတန်ဘီ ဟင်းလျာလို့ ခေါ်ပါတယ်။ မာတန်ဘီရဲ့ အဓိပ္ပါယ်က စားလောင်မှုတွေကို အဆုံးသတ်ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာလို့ စာလောင်မှုကို အဆုံးသတ်ပေးနိုင်သလဲ ပြောရရင် သူရဲ့ ထူးခြားတဲ့ အရသာတွေ ကြောင့်ပါပဲ။ သူရဲ့ ပထမဆုံး အမဲကင်လိပ်ပေါ်မှ ၀က်ပေါင်ခြောက် အရသာကြောင့် ချိုတဲ့အရသာရယ်၊ အမဲသားရဲ့ အရသာရယ်၊ အစားသွပ်ထားတဲ့ ချိစ်အရသာရယ်၊ ဟင်းရွက်များကြောင့် လတ်ဆတ်တဲ့ အရသာရယ်၊ ငရုတ်ပွစိမ်းကြောင့် စူးရှရှ အရသာစုံကို တလုပ်စားရုံနဲ့ ရရှိမှာ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်ကူတာမို့ ချက်နည်းလေး တူတူကြည့်ရအောင်…

 

ပါဝင်ပစ္စည်းများ [Ingredients]

  • အမဲသား [beef steak]                              ♦ ၁ပေါင်ခွဲ
  • ၀က်ပေါင်ခြောက် [bacon]                         ♦ ၄ခု

  • ဆား [salt]                                               ♦ လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
  • ငရုတ်ကောင်းမှုန့် [black pepper]             ♦ လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
  • ရှာလကာရည် [vinegar]                            ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • အနောက်တိုင်း ဟင်းခတ် [oregano]          ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း

 

အစားသွပ်ရန် ပါဝင်ပစ္စည်းများ [Stuffed Ingredients]

  • ချိစ် [cheese]                                           ♦ ၁တုံး (အရှည်လှီးထားပါ)
  • ချက်ပြီသား ကြက်အူချောင်း [suasage]      ♦ ၁ချောင်း ( အချောင်းလေးများ အရှည်လှီးပါ)
  • သခွာသီး [cucumber]                               ♦ တ၀က် (အစေ့ထုတ် အရှည်လှီးပါ)
  • မုန်လာဥနီ [carrot]                                   ♦ ၁ခု (အရှည်လှီးပါ)
  • ငရုတ်ပွစိမ်း [green pepper]                     ♦ ၂ခု (အစေ့ထုတ် အရှည်လှီးပါ)

 

ချက်ပြုတ်နည်း [Recipes]

၁။ အရင်ဆုံး အမဲသားကို ဓားဖြင့် အလယ်မှ လှီးပြီ ဖြန့်လိုက်ပါ။

၂။ ပြီမှ (ဆား၊ ငရုတ်ကောင်းမှုန့်၊ ရှာလကာရည်၊ oregano) တို့ကို အမဲသားပေါ်မှ ဖြူးပေးပါ။

၃။ ပုံတွင် ပါသည့်အတိုင်း ၀က်ပေါင်ခြောက်များကို သတ္တုအပြားပေါ်သို့ တင်ပေးပါ။

၎။ ပြီနောက် အမဲသားကို ဖြန့်ပြီ တင်လိုက်ပါ။

၅။ ထို့နောက် အစားသွပ်ရန် ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်အူချောင်း၊ ချိစ်၊ သခွာသီး၊ မုန်လာဥနီ၊ ငရုတ်ပွစိမ်း)တို့ကို ပုံတွင် ပါသည့်အတိုင်း ထည့်လိုက်ပါ။

၆။ ပြီလျှင် အမဲသားကို စလိပ်ပါမည်။ ပုံတွင် ပြထားသည့်အတိုင်း ဖြည်းဖြည်းချင်း လိပ်ပေးပါ။ လိပ်စဉ်တွင် အမဲသားလိပ်ကို ကျစ်နေအောင် လိပ်ပေးပါ။

ရ။ လိပ်ပြီလျှင် ဘေးနှစ်ဖက်ကို လိမ်ထားလိုက်ပါ။ ကြိုးဖြင့် ပတ်ပြီ သတ္တုလိပ်ကို ချည်ထားပါက ပိုမိုကောင်းမွန်သည်။

၈။ အမဲကင် ဆူရှီလိပ်ကို စကင်လို့ ရပါပြီ။ ကင်မည်ဆိုလျှင် လျှပ်စစ် Grill-Oven(သို့) မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။

၉။ တဖက်ကို နာရီဝက်နှုန်းဖြင့် ၁နာရီခန့် ကင်ပေးပါ။

၁၀။ အမဲကင် ရပြီဆိုလျှင် အ၀ိုင်းလေးများကို ထူထူလှီးပြီ သုံးဆောင်နိုင်ပါပြီ…

 

Tip: ချိစ်ကို Romano ချိစ်ထည့်ပါက ပိုမိုကောင်းမွန်ပါသည်။

 

 

12 comments

  1. a san lay bar lar…look so yuummy save for me coming feb heee 😀

    • chowutyee says:

      haa ကိုယ်က အမဲသားစားတာပဲ ပြန်လာရင် စားဖို့သာ ပြင်ထား တခုပြီတခု ကျွေးမယ်.. 🙂

  2. ခင်ယမုံ says:

    ဟယ်..ဘယ်လိုလေးတုန်း..ပြင်ထားတာလေးကလည်းချစ်စရာလေး..
    ဒါမျိုးလေး တစ်ခါမှမစားဘူးပါဘူး..
    ညီမလေးကတော့လေ..တော်လိုက်တာ..
    စားကြည့်ချင်လိုက်တာ..
    🙂

  3. Thiri says:

    အမရေ … ၀က်ပေါင်ခြောက်က အစိုလား…

  4. exitofmymind says:

    ဘာ ဆော့စ် နဲ့ စားရင်ကောင်းလဲ ခင်ဗျ။

    • chowutyee says:

      ဆော့မလိုပါဘူး။ အမဲကင်ကိုက စားလို့ အရမ်းကောင်းပါတယ်.. Plz try it.. 😛

  5. တင်ဇာအောင် says:

    အမဲကင်က စားချင်စရာလေး
    နည်းနည်းလောက်မြည်းမယ်နော်

  6. Su Myat says:

    အမရေ….
    grill oven နဲ့ဆိုဘယ်နမိနစ်လောက်ကင်ရမှာလဲ…

  7. […] အမဲကင် ဆူရှီလိပ် […]

Leave a Reply

Your email address will not be published. Required fields are marked *