ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။ ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အဒေါ်တို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…
ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ
၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ
၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)
၃။ ငပျောအူ – ၁အူ (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။
၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
၅။ ကုလားပဲ – ၁၀ကျပ်သား (နူးအိအောင် ရေဖြင့်ပြုတ်ထားပြီ blenderဖြင့် ကြိတ်ထားပေးပါ)
မှတ်ချက် ။ ။ ကုလားပဲပြုတ်ရည် အချိုရည်များကို မုန့်ဟင်းခါးချက်ထဲ ထည့်ရန် သိမ်းထားပါ။
၎။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
၅။ ပဲကြော်
၆။ ဘဲဥ – ၁၀လုံး (ကျက်အောင် ပြုတ်ထားပေးပါ)
ရ။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
ဆီသပ်ရန် ပါဝင်ပစ္စည်းများ
၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
ပြင်ဆင်နည်း
၁။ ငါးခူးကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူးကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးခူးအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောပြုတ်ပေးပါ။ ပြီမှ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
ချက်ပြုတ်နည်း
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။
၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
၎။ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။
မုန့်ဟင်းခါး စချက်ပါတော့မည်
၅။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (ငါးဆီသပ်၊ ပဲပြုတ်ရည်၊ ငါးအရိုးပြုတ်ရည်များ၊ ရေ(၂လီတာ)၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၆။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့်၊ blender နဲ့ကြိတ်ထားသော ပဲများကို ထည့်ပြီ ရောမွှေပေးပါ။
ရ။ ထို့နောက် ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
၈။ ဆန်လှော်မှုန့် ပွလာမှ ငပျောအူများ ထည့်ပေးပါ။
၉။ ငပျောအူနူပြီဆိုလျှင် ပြုတ်ထားသော ဘဲဥများ နှင့် ငရုတ်ကောင်းမှုန့်(စားပွဲတင်ဇွန်း တ၀က်) ဖြူးပေးပါ။
၁၀။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။
၉။ ကြက်သွန်နီများ နူသွားလျှင် မီးပိတ်ထားပြီ ပန်းကန်တစ်ခုထဲ မုန့်ဟင်းခါးဖတ် ၁၀ကျပ်သား၊ နံနံပင်၊ ပဲကြော်များဖြင့် ပြင်ဆင်ထားပါ။
၁၀။ မုန့်ဟင်းခါးရည်များထည့်ပြီ အိုးဘဲဥ ရန်ကုန်မုန့်ဟင်းခါးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…..
96 comments
  1. oh i really miss mont hninn kar…yesterday ka top ready made eat tae tal…but not that good like fresh one…yangon pyan lar ma bae a wa eat top mal 😀
    • chowutyee says:
      ငါမုန့်ဟင်းခါး လက်ရာ ကိုယ်ပြန်လာမှ လက်စွမ်းပြရမယ်.. 🙂
    • yin says:
      မ၀တ်ရည်…..အုန်းနို့ ခေါက်ဆွဲ ချက်နည်းလေး တင်ပေးပါ နော်…
  2. may says:
    Could u tell me how to skin of cat fish?
    • chowutyee says:
      ငါးခူးကို ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီရင် ငါးခူးအသားကျက်လည်း ကျက်နေပြီမို့ ငါးခူးအရေခွံတွေ အလွယ်တကူ ခွာလို့ရပါတယ်။ ပြုတ်ပြီမှ ခွာတာပါ.. ပြီလျှင် အရိုးဖယ်ပြီ အသားကို နွင်းလိုက်ရုံပါပဲ။ 🙂
  3. NyanWinBo says:
    ဆိုင်မှာ စားတုန်း ဟင်းရည်ပြတ်ပါတယ်..ဆိုင်ရှင်မိန်းမက ပူညံပူညံလုပ်ပီး…ခွဲထားတဲ့ ဟင်း
    ရေ လောင်းထည့်ပါတယ်..နောက် အချိုမှုန့်ကို အထုတ်ကြီး တစ်ဝက်လောက် သွန်ချလိုက်တယ်…..မီးပြင်းတိုက်….ထပ်ရောင်းတယ်…
    အပြင်မှာ ရောင်းတဲ့ မုန့်ဟင်းခါးများ ၀ယ်မစားတာ ကောင်းလိမ့်မယ်…
    • chowutyee says:
      ဟုတ်တယ်။ ၀တ်ရည်လည်း အပြင်က မုန့်ဟင်းခါးဆို မစားသလောက်ပဲ။ သူတို့သုံးတဲ့ ငံပြာရည်ကလည်း မကောင်းဘူး၊ အချိုမှုန့် အရသာပဲ ရတယ်။ မုန့်ဟင်းခါး အရသာကို မရတာ။ ဒါကြောင့် အိမ်မှာပဲ ကိုယ်တိုင် လုပ်စားဖြစ်သွားတာ။ အားရင်လည်း လုပ်စားကြည့်ပါနော်… 😀
  4. NyanWinBo says:
    ဖြစ်သလို လုပ်တတ်တဲ့ မြန်မာ့အလေ့အကျင့်တွေကို သွေဖီပြီး အွန်လိုင်းမှာ စံနစ်တကျ
    လုပ်နည်းလုပ်ဟန်ပါ တင်ပြတဲ့ မ၀တ်ရည်ကို အထူးကျေးဇူး တင်ပါတယ်ဗျာ…
  5. WN says:
    ဆန်မှုန့် ပဲမှုန့် များဈေးက ၀ယ်လျှင် လုံးဝ မစစ်ပါ။ပဲမှုန့်များ ပိုဆိုးပါတယ်။ကုလားပဲလုံးဝ မစစ်သလို ပဲအစုံ ရောကြိတ်ထားတာပါ။အစစ်စားလိုသူများ ကုလားပဲအစစ်လှော်ပြီး ကြိတ်
    ပါ။မြန်မာအစားအသောက် များရဲ့အားနည်းချက်သည် ဖြစ်သလို လုပ်ပီး အင်ထုတတ်ခြင်း
    ဖြစ်ပါသည်။။မ၀တ်ရည်ရဲ့ ချက်နည်းများ စံနစ်ကျခြင်း ပစ္စည်းများ အစစ်ဖြစ်ခြင်း များအတွက် ကျေးဇူးပါ။
    • chowutyee says:
      ပဲမှုန့်က မစစ်တဲ့အပြင် ကြိတ်ပြီသား ပဲမှုန့်ကို မုန့်ဟင်းခါးထဲ ထည့်ရင် ဖွယ်ဖွယ်ကြီး ဖြစ်သွားပြီ မုန့်ဟင်းခါးက စားလို့ သိပ်မကောင်းဘူး။ ဒါကြောင့် ၀တ်ရည်က ကုလားပဲကို ပြုတ်ပြီမှ ပြန်ကြိတ်ပြီ ထည့်သုံးထားတာပါ။ Thanks also 🙂
  6. ခင်ယမုံ says:
    ညီမလေးရေ..
    ညီမလေးချက်ထားတာကြည့်ပြီး စားချင်လိုက်တာ..
    ရန်ကုန်မုန့်ဟင်းခါးလေးကို လွမ်းလိုက်တာ..
    ငါးခူရှာလို့ခက်တာရယ် ငှက်ပျောအူလုံးဝမရှိတာရယ်နဲ့ ရယ်ဒီမိတ်အထုတ်တွေပဲ ချက်စားနေရပါတယ်..
    🙁
    ညီမလေးချက်ထားတာကိုပဲ အဝစားလိုက်ပြီနော်..
    ကျေးဇူးညီမလေး
    • chowutyee says:
      မခင်ယမုံ အနားမှာ ရှိရင် တကယ်ချက်ကျွေးချင်တာ… နိုင်ငံခြားမှက ငှက်ပျောအူ ရှာမရတဲ့ ပြသာနာက ဆိုးသားနော်… အမြဲအားပေးလို့ ၀တ်ရည်ကလည်း မခင်ယမုံကို အထူးကျေးဇူးပါ.. 😛
  7. chaw myat sandar says:
    Want to eat so much……
  8. myattun says:
    အချိန်ကုန်-ငွေကုန်-လူပင်ပန်း ချက်ချင်စမ်းချင်တဲ့ ၀ါသနာ ၀ဋ်ကြွေးကပါလာတော့ လဲ မနေနိုင်ဘူး-ပြီးရင် ပန်းကန်တွေအိုးတွေကဆေးရသေးတယ်။ကောင်းကောင်းမကောင်းကောင်း ကောင်းတယ်လို့ပြောတာ နဲ့ပဲ နောက်တစ်ခေါက် က ချက်စမ်းဖို့ ဖြစ်ပြန်ရော–ခုလဲ တင်ထားတဲ့လူကတင်ထားတော့ စမ်းရဦးမယ်–စိတ်ပဲဆိုးရမလို–ကျေးဇူးပဲတင်ရမလို–ကျေးဇူးတင်ပါတယ်ဗျား
  9. မုန့်ဟင်းခါးရနံ့လေး နှာဝမှာ မွှေးလာသလိုတောင် ခံစားမိတယ် ၀တ်ရည်ရေ…။
  10. ဗိုက်ဆာလိုက်တာ ဝတ်ရည်ရယ်
    တစ်ပွဲလောက် အိုးဘဲဥလေးနဲ့ ကျွေးပါနော်
    သနားဖို့ကောင်းတယ် ကိုယ့်ကိုယ်ကို
    ရန်ကုန်ရောက်တုန်း မုန့်ဟင်းခါးလေးတောင် စားချိန်မရလိုက်ခဲ့ဘူး
    တော်သေး .. တီတင့်ဆီက နန်းကြီးသုပ်လေး စားလိုက်ရသေးလို့း)
    • chowutyee says:
      မချော အများကြီး စားသွားပါနော်.. အိုးဘဲဥတပွဲခုပဲ ပါဆယ်ထုတ်ပြီ ရွှေလီကို အမြန်ချောပို့နဲ့ ပို့ပေးလိုက်ပြီ.. 🙂 ဟုတ်ပ အန်တီတင့် နန်းကြီးသုတ် အရမ်းစားလို့ကောင်း.. 🙂
  11. မြတ် says:
    ညီမလေး အမကိုလည်းအိုးဘဲဥတပွဲလောက်ပေးပါနော်
    မစားရတာအတော်ကြာလို့ စားလို့အရမ်းကောင်း
ှုငရုတ်ကောင်းအနံ့လေးကလည်းအရမ်းမွှေး
    စာရိုက်ရင်းနဲ့ သရေတွေကျသွားတယ်နော်
    ကျေးဇူးတင်လျှက်
  12. phoethar says:
    စားလို့ကောင်းလိုက်မဲ့ဖြစ်ချင်း
    တို့သိတဲ့ ချက်နည်းထက်တောင်မှ ပိုကောင်းသေးတယ်
    နောက်တစ်နေ့မှ ချက်စားကြည့်ဦးမယ်နော်
    အသေးစိတ်ဖော်ပြပေးတဲ့ အတွက်ကျေးဇူးနော်
    • chowutyee says:
      ဟုတ်ကဲ့ ချက်ပြီရင်လည်း အဆင်ပြေ၊ မပြေလေ ပြန်ပြောပေးပါနော်.. အဆင်ပြေရင်တော့ ၀တ်ရည်ကိုလည်း ကျွေးပေါ့.. Just kidding. 🙂
  13. hok123456 says:
    ဘယ်လိုချက်တာလဲ
  14. hok123456 says:
    ပုံထဲမှာတွေ့ပြီးအရမ်းစားချင်တယ်
  15. hok123456 says:
    အရမ်းသပေါကောင်းတာဘဲ သည်တစ်ခါမြန်မာပြည်ရင်သွားစားရမယ်
  16. Nwe says:
    အုန်းနို့ခေါက်ဆွဲနဲ့စားတဲ့ ပဲသွေးလုပ်နည်းလေးသိရင် တင်ပေးပါလား
  17. usnshwe says:
    အိမ်မှာလာချက်ပေးရင်ကောင်းမှာဘဲဟင်။။။။။။။။။။။။။
  18. ying says:
    ကျေးဇူး ..ပါ အိုးဘဲဥ က ဘယ် လို လုပ် ရပါသလဲရှင်
    • chowutyee says:
      ပြုတ်ပြီသား ဘဲဥတွေကို အခွံနွာပြီ မုန့်ဟင်းခါး ချခါနီးမှ ထည့်ပြီ ချက်ရတာပါ.. 🙂
  19. phyuphyumyint says:
    အ၇မ်းကြိုက်တယ်
  20. မသေးမျှင် says:
    လာလည်သွားပါတယ် ခင်ဗျာ . . . မုန့် ဟင်းခါး ဆိုတာ ကျတော် အကြိုက်ဆုံး အစားအစာပါပဲ။ အခုလို ချက်နည်းပြုတ်နည်း Website ကို မြန်မာဘာသာ နဲ့  မြင်ရမယ် လို့ တစ်ခါမှ မတွေးခဲ့မိဖူးပါ။ စိတ်ကူးအရမ်းကောင်းပါတယ်။ ကြိုးစားပါ အမ . . . အောင်မြင်ပါစေ
  21. Aye Yu Maw says:
    အစ်မ ရေ
    ကုလားပဲမသုံးဘူးလား။
    ညီမတို့ချက်တာကုလားပဲပါတယ်နော်
    အစ်ချက်တာကုလားပဲမပါလို့
  22. Aye Yu Maw says:
    အစ်မရေ
    တောင်းပန်ပါတယ်နော်
    ညီမကြည့်တာလျံသွားလို့
    စိတ်မဆိုးပါနဲ့နော်
    နောက်တစ်ခါလည်းဖြေပေးပါ။
    • admin says:
      ရပါတယ် sis yay.. လုပ်စားကြည့်ပါအုန်းနော်.. 🙂
  23. မူမူသင်း says:
  24. Ei Phyu says:
    အစ်မရေကျေးဇူးပါ ညီမ ချစ်သူက မုန့်ဟင်းခါးကြိုက်တယ် သူစားချင်တာကို ကိုယ့်တိုင်ချက်ပေးချင်ပေမယ့် မချက်တတ်လို့လေ ခုတော့အစ်မဆီက ကူးထားလိုက်တယ် သူပြန်လာရင်ချက်ကျွေးလိုက်မယ် အရမ်းကျေးဇူးတင်ပါတယ်အစ်မ
  25. Su says:
    It’s looks so delicious..never boring to eat this.
  26. trader beggar chef says:
    Looking good, Sis. Any plan to post the recipe of Myike Moke Hin Gar?
  27. khinapril says:
    ငရုတ်အရောင်နဲ့ဆီများမနေဘူးလားရန်ကုန်မုန့်ဟင်းခါးကဆီအများကြီးမပါဘူးအပြင်ဆိုင်တွေမှာတကယ်ကောင်းတဲ့လက်ရာတွေရှိပါတယ်အပြင်ဆိုင်တိုင်းမကောင်းတာမဟုတ်ပါဘူး
    • admin says:
      ငရုတ်ရောင် ဆီလည်း မများပါဘူး။ ဒီချက်နည်းက ၀တ်ရည် အဒေါ် ချက်နည်းနည်းအတိုင်း ချက်ထားတာပါ။ အဒေါ် ရန်ကုန်မုန့်ဟင်းခါးချက်နည်းက နံမည်ကြီးပါ။ အရင်ကဆို အဒေါ်က မုန့်ဟင်းခါး အော်ဒါတွေပါ လက်ခံရတာ၊ ကောင်းလွန်းလို့။ အပြင်ဆိုင်တွေ တူတာထက် ပိုကောင်းဖို့ အရေးကြီးတယ် ထင်ပါတယ်။ ကျေးဇူးပါ…
  28. winthandarnaing says:
    မုန်ဟင်းခါးချက်နည်းကို ရှာရင်းနဲ့ ညီမတင်ထားတာကိုတွေ့ လို့ ဖတ်ဖြစ်သွားတယ်။ကျေးဇူ တင်တယ်နော်။အစ်မက လုံးဝကိုမချက်ဘူးဘူး။အရမ်းစားချင်နေတာ။ညီမလေးချက်ပြီးတင်ထားတာကို ကြည့်ပြီး ပိုတောင်စားချင်မိတယ်။ဒီမှာက မစားရဘူး။ငှက်ပျောအူတော့ မရနိုင်ဘူးထင်တယ်။ဒါပေမဲ့ ညီမလေးရေးထားတဲ့ အတိုင်း ချက်ကြည့် အုံးမယ်။မုန့် ဟင်းခါးကို အရမ်းကြိုက်တာ။ဝေးနေတာ ကြာပြီလေ။ကျေးဇူ နော်
    • admin says:
      လုပ်စားကြည့်ပါနော်။ ဌက်ပျောအူမပါပေမယ့် စားလို့ကောင်းမှာပါ။ 🙂
  29. အစ်မရေ ဆန်လှော်မှုန့်မရရင်ဘယ်လိုလုပ်ချက်ရမလဲဆိုတာလေးသိချင်ပါတယ် ဆန်လှော်မှုန့်ကိုဘယ်လိုအစားထိုးလုပ်လ်လုပ်လို့ရလဲ
  30. aungmin says:
    ကျွှန်တော် မနက်တိုင်းစားဖြစ်တဲ့ အစားအစာလေးပေါ့ အခုလိုအပ်တာတွေထပ်ဖြည့်ခွင့်ရတဲ့ အတွက်
    ကျေးဇူးအများကြီးတင်ပါတယ်.
    • admin says:
      လုပ်စားကြည့်ပါနော်။ အရမ်းစားကောင်းပါတယ်.. 🙂
  31. moon says:
    မမမုန့်ဟင်းခါးကရှယ်ပဲ… ညီမပဲကြော်ကော် အိုးဘဲဥကော်
    ထည့်ပြီးအဝစားသွားမယ်နော်…ဟီးဟီး:)
  32. khinnyowin says:
    i m interested in cooking n yr cooking method
  33. […] ရန်ကုန် မုန့်ဟင်းခါး အိုးဘဲဥ […]
  34. ဒီဒီ says:
    ရန်ကုန်မုန့်ဟင်းခါး ချက်တတ်ချက်နေတာကြာပြီ။
    ကျေးဇူးပါ မမ
  35. juju says:
    sis ရေ…. ပဲကြော်လုပ်နည်းလေးပြောပြပါဦးနော်… ကျေးဇူးပဲ sis ရေ… 🙂
  36. Khine Wint says:
    သင်္ကြန်ထမင်းဘယ်လိုချက်လဲသိချင်ပါတယ်။
  37. zawmintun says:
ိfoodMagazineကိုလစဉ်အားပေးနေတယ်
    ဟင်းချက်နည်းတွေကိုလည်းအများကြိးရေးနိုင်ပါစေလိုဆုတောင်းပေးလိုက်ပါတယ်
  38. Taguu says:
    ဗိုက်ဆာတဲ့အချိန်မှာ ဒီမုန့်ဟင်းးခါး မြင်ရတယ်လို့ကွာ…. ဟွန့်
    မ၀တ်ရည်ေ၇ွှတော်ငခေါက်ဆွဲ လက်တည့်စမ်းပီးသကာလ
    ဒီအပတ်ပိတ်ရက် မုန့်ဟင်းခါး ချက်စားဦးမယ် မ၀တ်ရည်ရေ …
    မနေနိုင်မထိုင်နိုင် ဟင်းချက်နည်းတွေ အစားအသောက်တွေကို အပင်ပန်းခံပီး လက်တည့်စမ်းချင်တဲ့ ၀ါသနာကလည်း
    ခက်သားနော် ……
  39. winwinsoe says:
    ပုသိမ်ဟလဝါထိုးနည်းတင်ပေးပါ အားလုံးအတွက်ကျေးဇူးပါ
  40. winwinsoe says:
    ပုသိမ်ဟလဝါထိုးနည်းတင်ပေးပါ အားလုံးအတွက်ကျေးဇူးပါ
    အခုလိုတင်ပြပေးတဲ့မဝတ်ရည်ကိုအမြဲအားပေးနေမယ်နော်
  41. chozartun says:
    ချက်စားပြီးသွားပြီ သိပ်ကောင်းတာဘဲမမရယ်
  42. thandaryi says:
    မမရေကျေးဇူးနော်
  43. ၀င့်ရီ says:
    ရှေ့လ ပိတ်ရက်မှာ မုန့်ဟင်းခါး ချက်စားမယ်လို့ စဉ်းစားနေမိတာနဲ့ အတော်ပဲ။ကျေးဇူးတင်ပါတယ် မ၀တ်ရည်။နောက်တော့ စမ်းချက်ကြည့်မယ်နော်။
  44. May Stannard says:
    ဆန်လှော်မှုန့်မရှိရင် တခြားဘာအမှုန့်ထည့်လို့ ရပါသလဲ။ ကိုယ်တိုင်ဆန်လှော်မှုန့် ကို ဆန်ရှိရင်လုပ်လို့ ရပါသလား။ ကျေးဇူးတင်ပါတယ်။
  45. Tada Ice says:
    စာဖက်လိုက်တာနဲ့ပိုးပြီစာခြင် လာပြီဗျား
  46. Ayethida says:
    အမ တချို့ဟင်းရည်​​​တွေက ချွှဲချွှဲ​လေး ဘာထည့်​လည်းမသိဘူး​နော်
  47. ခို ခို says:
    တပိသာ ဆိုတော့  ဟင်းရည် ဘယ်နစ်ပွဲ လောက် ရနိုင်လဲ အမ ……ချက်ရောင်းရင် အမြတ် ကျန် နိင် မလား
  48. aungsittthwe says:
    ညီမလေး ** ၀တ်ရည်
    မုန်ဟင်းခါးကြိုက်တဲ့ကိုယ့်အတွက်ညီမလေးကိုကျေးဇူးပါကွယ်
  49. MoeThida says:
    Can’t read the font? 😥 what can I do?
  50. I have noticed you don’t monetize your page, don’t waste your traffic,
    you can earn additional bucks every month because
    you’ve got hi quality content. If you want to know how to make extra money, search for:
    Mertiso’s tips best adsense alternative
  51. Alex says:
    မုန့်ဟင်းခါးဆိုင်လေးဖွင့်မလားလို့စဉ်းစားမိနေတာ တကယ်ဖွှုင့်ဖြစ်၇င်ဒီချက်နည်းအတိုင်းကိုချက်ပြီးရောင်းမယ်နော်
  52. Aye Mon says:
    can i use other fish instead of nge khu ?
  53. Sylvia Khoo says:
    ကျေးဇူးပါဝတ်ရည်။ ပဲကျော်လုပ်နည်းလေးလဲ အလျင်းသင့်ရင် ပြောပြပါအုံး။
Leave a Reply to admin Cancel reply
Your email address will not be published. Required fields are marked *