ဝက်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်ရအောင်
ဝက်သားတုတ်ထိုး
ဝက်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။ တုတ်ချိုးထားတာက ၂၀၀ကျပ်၊ တုတ်မချိုးထားတာ ၁၀၀ကျပ်ပါ၊ အားမနာပဲ အားပေးသွားနော်… 😛
ပါဝင်သောပစ္စည်းများ
  • ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ အူချို၊ အူပိတ်၊ ၀က်နားရွက်၊ ၀က်အရွတ်၊ လျှာ၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ
  • ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ထားပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၁၀ဇွန်း
  • ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၅ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်သားမှုန့် – လကဖက်ရည်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • အချိုမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နတ်နတ်ပွင့် – ၇ခု
  • သစ်ဂျပိုး – ၄ခု
  • ကလဝေရွက် – ၆ခု
  • နတ်မတ် (ဇာဒီပ္ဖိုလ်သီး) – ၂ခု (ခြစ်ထည့်ပေးပါ)
ချက်ပြုတ်နည်း
၁။ ၀က်အစုံ အရင်သန့်စင်အောင် ဆေးကြောပါ။ ၀က်အူမအတွက် ၀က်အူကို ပြောင်းပြန်လှန်ပြီ ၃ထပ်လောက် အစာသွပ်ပေးပါ။
၂။ ပြီးလျှင် ၀က်အစုံအားလုံးကို ( ဆား၊ ကြက်သားမှုန့်၊ သကြား၊ အချိုမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့်၊ သစ်ဂျပိုး၊ ကလဝေရွက်၊ နတ်မတ် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။
၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။
၎။ ပြီးမှ ဒယ်အိုးကြီးထဲ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့် နုယ်ထားသော ၀က်အစုံကို ၂မိနစ်ခန့် အရောင်ရသည်အထိ ရောမွှေပေးပါ။
၅။ ဆီပြန်လျှင် ရေကို ၀က်အစုံမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ပထမ တစ်ရေဆီပြန်လာလျှင် အသဲ၊ နှလုံး၊ လျှာတို့ကို ပြန်ဆယ်ထားပါ။
၆။ ပြီနောက် ပြုတ်ထားသော ကြက်ဥ ၂လုံးကို ထည့်ပြီ ၀က်အစုံ နောက်ထပ် ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး ကျက်သည်အထိ အဖုံးအုပ်ပြီ တည်ပေးပါ။
၅။ ၀က်အစုံ ကျက်၍ ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။
၆။ ထို့နောက် ၀က်အစုံကို ဓားဖြင့် ခပ်ပါးပါးလှီးပေးပြီ အပေါ်က ဆော့ရည်များ လောင်းထည့်ပါ။
၈။ ပြီးလျှင် ၀က်သားကို တုတ်ထိုး ပေးပါ။ အိမ်တွင် အလွယ်တကူလုပ်စားနိုင်မည့် ၀က်သားတုတ်ထိုးရရှိပါသည်။
၉။ ၀က်သားတုတ်ထိုးကို ငရုတ်သီးဆော့၊ ကြာဇံကြော်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ တို့ဖြင့် အရသာရှိစွာ တွဲဖက်စားနိုင်ပါသည်။
ကြာဇံကြော်တွင် ပါဝင်ပစ္စည်းများ
  • ဆန်ကြာဇံ -၄၀၀ ဂရမ်
  • ဂေါ်ဖီ – တစိတ်(လက်မ၀က်အရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၂ခု (အခွံနွှာပြီ အ၀ိုင်း ပါးပါးလှီးပြီ ၄ပိုင်းပိုင်းပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် – ၁စည်း (၁လက်မအရွယ် လှီးပါ)
  • ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြာဇံကြော်နည်း
၁။ အရင်ဆုံး ကြာဇံ( ဂရမ်)ကို ရေ၁၅မိနစ်ခန့် စိမ်ထားပါ။ ပြီလျှင် ဇကာဖြင့် ကြာဇံများ ရေပြန်စစ်ပေးထားပါ။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၃။ ထို့နောက် ဂေါ်ဖီ၊ မုန်လာဥနီ၊ ရေ(ခွက်၃ပုံ၁ပုံ)၊ ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ ဆား၊ သကြား) တို့ကို ထည့်ပြီ ၁မိစန်ခန့် တည်ထားပါ။
၎။ ပြီလျှင် ဆန်ကြာဇံ ထည့်ပြီ သမအောင် ရောမွှေပေးပါ။
၅။ အရသာအနေတော်လျှင် ကြက်သွန်မြိတ်များ ဖြူပေးပြီ ၀က်သားဒုတ်ထိုးနဲ့ တွဲဖက် သုံးဆောင်လို့ရပါပြီ…
ဆော့ပြုနည်း
၁။ ဆော့ပြုလုပ်ရန် (Tan Choon Hwa) ငရုတ်သီးဆော့ဘူး တ၀က်ကို ဒယ်ထဲ ထည့်ပြီ သကြား(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပြီ မီးပိတ်လိုက်ပါ။
မှတ်ချက် ။ ။ Tan Choon Hwa ငရုတ်သီးဆော့ဗူးကို ဈေးမှာပင် အလွယ်တကူ မေးဝယ်နိုင်ပါသည်။
၂။ ၀က်သားတုတ်ထိုးနဲ့ တွဲဖက်စားသုံးရန် ငရုတ်သီးဆော့ရပါပြီ…
164 comments
  1. hmone gyi says:
    wow eat chin tal……ku 🙁 miss the food….
  2. leo says:
    စားချင်လိုက်တာဗျာ။။။ ဟီး…အဲဒါနဲ့ ပျက်နေတာ နှစ်နဲ့ချီ ပြီးကြာနေပြီး … ခုတော့ လာသွားရည်ကျသွားပါတယ်။း)
    • chowutyee says:
      လုပ်စားကြည့်ပါလား လွယ်ပါတယ်.. ပါဝင်တချို့ပစ္စည်းတွေ အိန္ဒိယဆိုင်တွေမှာ ရောင်းပါတယ်။
  3. Zaw Ye Myint says:
    wow. wat tar dot thoo ta char mah ma sar buu puu
    look yummy!
  4. kozeyar says:
    ရှလွှတ် .. ကြိုပြီးတောင် သွားရည်ယိုလာဘီ။
    ရေးထားတာ ရှင်းရှင်းလေးနဲ့ မှတ်မိလွယ်တယ်။
    Cheers!
    • chowutyee says:
      ကိုဇေယျာ ၀က်သားတုတ်ထိုးချက်နည်းက လွယ်ပါတယ်.. ၀တ်ရည်လည်း မသိခင်တုန်းက ခက်တယ် ထင်နေတာ။ Christmas ၀က်သားတုတ်ထိုး အဲနည်းတိုင်း လုပ်စားသေးတယ်၊ တော်တော်ကောင်းတယ်….
  5. kozeyar says:
    ဒီနေ့ ချက်စားလိုက်တယ်ဗျို့ …
    ပါဝင်ပစ္စည်းနဲနဲမစုံတာရယ် .. အဆင့်တစ်ချို့ ကျော်သွားတာရယ် ရှိပေမယ့်၊ အတော် နီးစပ်တဲ့အရသာရတယ်။ နောက်ကျ သူငယ်ချင်းတွေကို လုပ်ကျွေးရဦးမယ်
    Thanks again!
  6. Ma Khine says:
    ဒီနည်းနဲ့  လုပ်စားကြည့်ဦးမယ်
    ညီမရေ ~ နတ်မတ် (nutmeg) က ဘယ်လိုဟာလဲဟင်?
    တုတ်ထိုးနဲ့  စားတဲ့ အချဉ်ရော ဘယ်လိုဖျော်ရင် ကောင်းလဲဟင်?
    • chowutyee says:
      မခိုင်ရေ ၀က်သားတုတ်ထိုး စမ်းလုပ်ကြည့်ပြီးရင် ပြန်ပြောပြပါအုန်းနော်…
      နတ်မတ်ကို ဘယ်လို ရှင်းပြရမလဲ ဆိုတော့ နတ်မတ်က ချောကလက် စားရင်ပါတဲ့ မြေပဲ အကြီးလိုပုံစံမျိုးပဲ.. သူကို ခြစ်တံနဲ့ ခြစ်ထည့်ရတာ၊ ဟင်းခတ်အမွှေးအကြိုင် ရောင်းတဲ့ ကုန်စုံဆိုင်တွေမှာ ၀ယ်လို့ရတယ် မခိုင်။
      • Thet o s says:
        အမ နတ်မတ် ဆိုတာ ဇာတိပ်ဖိုလ် သီးထင်တယ်… အနာကျက်လွယ် ပီး အမာ၇ွတ်မကျန်စေတဲ့ အစွမ်းလည်း ၇ှိတယ်လို့ ကြားဖူးတယ်…..
  7. Kinmayoo says:
    Thanks alot.
  8.ူမတ်လေးပန်း says:
    nutmeg က ဗမာလို ဇာလိပ်ဖုသီး လို.ခေါ်တယ်စာလုံးရှာမတွေ.လို. ရေးတတ်သလို ရေးသွားတယ်နော်
    • chowutyee says:
      ကျေးဇူးပဲနော် မမြတ်လေးပန်း..း)
      • ma yu says:
        ဇာဒိပ္ဖိုသီး ဇာဒိတ်ဖိုသီးပါ။ ၀က်ခြံပေါက်ရင် သွေးလိမ်းတဲ့ အရာ။ ဂဠုန်လက်သဲ သီးလို့ လဲခေါ်ကြပါတယ်။
  9.ူမတ်လေးပန်း says:
    nutmeg က ဗမာလို ဇာလိပ်ဖိုသီး လို.ခေါ်တယ်စာလုံးရှာမတွေ.လို. ရေးတတ်သလို ရေးသွားတယ်နော်
  10. Ma Khine says:
    ဝက်သားတုတ်ထိုး ဝတ်ရည်နည်းနဲ. လုပ်စားဖြစ်ပါတယ် ..
    ဒီတခါ တော်တော် အဆင်ပြေတယ်လို့  ထင်တာပဲ .. အရသာရော အရောင်ရော ..
    nutmeg က အမှုန့် လုပ်ပြီးသားရတယ် .. နတ်နတ်ပွင့် တခုပဲ မရလို့  မထည့်လိုက်ရဘူး .. အိမ်ရှင်မလက်ရာမှာ ဓါတ်ပုံတင်လိုက်မယ်နော် ..
    ကျေးဇူးနော် ညီမလေး
    • chowutyee says:
      တင်လိုက်ပါနော် မခိုင်၊ ၀တ်ရည်လည်း မြည်းချင်လို့ပါ.. ခုလို ချက်စားလို့ မခိုင်ကို အရမ်းလည်း ကျေးဇူးတင်ပါတယ် 😉
  11. shwe zin says:
    Hi, Nice to meet you, Ma With Yee. Sorry for if i wrong my spelling to your name. I am looking forward for your new post. Thank you for your sharing.
  12. shwe zin says:
    Ma chowutyee,
    I pray to you cook many much more curry .
  13. thant says:
    wutyee,,yay..thanks alot 4 this post par naw.
  14. thant says:
    wutyee yay,yesterday i cooked wat tar dot thoo by ur recipe i add ginger, garlic ,, not so bad la, truly thank u so much becoz last time i didn’t kn need 2 put honey but after i read ur post i cooked it very nice…..
    thx again par naw…
  15. KoTharGyi says:
    ကျေးဇူးပဲမ၀တ်ရည်ရေ။ ငယ်လားကြီးလားတော့ မသိဘူး။
    လေးစားသမှူနဲ့ မ တပ်ခေါ်လိုက်ပါတယ်။
    ကျွန်တော်လုပ်စားတာ တော်တော်ကြာပြီ။ လုပ်တိုင်းလဲ တခုမှမဟုတ် တခုက လိုနေတာပဲ။ ဒီလိုနည်းစနစ်မမှန်တော့ သိမဂွတ်ဘူးဗျ။
    ဒီတစ်ခေါက် သင်္ကြန်တွင်း ကျောင်းပိတ်ရက်မှာ လုပ်ကြည့်လိုက်အုံးမယ်။
    • chowutyee says:
      လုပ်စားကြည့်ပါနော် ကိုသားကြီး.. ၀တ်ရည်က ခုဇွန်မှာ ၂၅နှစ်ပြည့်မှာပါ။ 🙂
      • KoTharGyi says:
        ၁ နှစ်ထဲပဲပေါ့။ ကျွန်တော်ကတော့ နိုဝင်ဘာ ၇ ရက်နေ့ကျမှ ပြည့်မှာ။
  16. Hla Yamin Khine says:
    ညီမလေးဝတ်ရည်ရေ..အမအိမ်ရှင်မလက်ရာကတဆင့်ညီမလေးကိုသိတာ..
    ညီမလေးချက်နည်းအတိုင်းလုပ်စားကြည့်ဦးမယ်.
  17. ma lay says:
    အင်း..ကြည့်တာနဲ့တင်သွားရေကျလာပြီ…..ဒီတပတ်စမ်းကြည့်လိုက်အုံးမယ်..ကျေးဇူးဘဲနော်…ညီမလေး…
  18. alex says:
    thanks you par..
  19. hninei says:
    • chowutyee says:
      နှင်းအိရေ… ၀က်ကလီစာကို သန့်စင်အောင် လုပ်ပြီးမှ ချက်ရတာပါ။ ၀က်ကလီစာမှာပါတဲ့ နားရွက်ဆိုရင် အမွှေးစင်အောင် ခြစ်ပေးရပါမယ်.. အူတို့၊ အူမတွေကိုလည်း ချီးတွေကို ရေနဲ့ အားလုံး သန့်အောင်ထိ ဆေးပေးရပါမယ်။ သန့်စင်သွားပြီဆိုမှ ဟင်းစချက်ရမှာပါ.. 😉
  20. Zar Nyi Aung says:
    • chowutyee says:
      မဇာခြည်၊ အူချိုလို့ ဈေးမှာ ပြောဝယ်လို့လည်း ရပါတယ်… အူချိုက အသေး၊ အူမက အကြီးပါ။ အူမက သေချာ မဆေးရင် ခါးပါတယ်။
      – အူမကို ထုံးရည်နဲ့ ဆေးလို့လည်း ရတယ်။
      – နောက်တစ်နည်းအနေနဲ့ အူမကို ရေနဲ့ စင်အောင်ဆေးပြီ အထဲက ပါတာတွေ အားလုံး ဆေးပစ်ရပါမယ်။ ပြီးမှ ရေနွေးနဲ့ ဆေးပစ်လည်း ရပါတယ်။
      – ထပ်ချက်ကြည့်ပါအုန်းနော်။ အဆင်မပြေတာ ရှိရင်လည်း ပြောပါ.. 🙂
  21. Nai says:
    Wut Yee,
    I tried this recipe and it was really nice.
    Thank you.
  22. san san says:
  23. chowutyee says:
    Ma Mie ရေ ၀တ်ရည် နောက်တစ်ခါ လုပ်စားရင် သေချာ ဓာတ်ပုံရိုက်ပြီ တင်ပေးလိုက်ပါ့မယ်…
  24. hnin says:
    “ဝက်သားတုတ်ထိုးအလွယ်ဆုံးနဲအရသာအတူးဆုံးနည်း စမ်းကြည့်နိုင်ပါတယ်”
    သကြားကိုနီလာအောင်ဆီသတ် နီလာတာနဲ့ နတ်နတ်ပွင့်(ကြယ်)နဲ့ သစ်ဂျပိုး (တုတ်) နဲနဲဆီထည့်ပြီး အနံရလာတဲ့အထိထား (အကြာကြီးထားရင်တူးသွားမယ်) ပြီးရင်ဆားအချိုမှုန့်ပဲငံပြာရည်အပြစ်နယ်ထားတဲ့ ဝက်နဲ့ဝက်ကလီစာအစုံထည့် နဲနဲဆီသတ်ရေမြုတ်အောင်ထည့်ပြီးပေါင်းအိုးနဲ့ချက်လိုက် နှုးရင် plainကြာဇံကြော်နဲ့ ဝက်သားတုတ်ထိုးကော အရည်လေးပါစမ်းစား ၃၈လမ်းဈေးကနာမည်ကြီးလမ်းဘေးကဆိုင်အတိုင်းဘဲ အရသာပါတူတယ်
  25. sonesone says:
    အမွှေးအကြိုင်တွေကတော့ ၀ယ်လို့ရတယ်… ၀က်သားက အဲဒီလောက် အမည်စုံအောင် ဘယ်မှာဝယ်လို့ရမှာလဲ… ဒီက Ohio မှာနေတာ..
  26. winkaythi says:
    မ၀တ်ရည် ညီမဧည့်သည်အသစ်ပါ ညီမကမြန်မာဆိုင်လေးဖွင့်ထားတာပါ ဆိုင်လာတဲ့သူတွေက၀က်သားတုတ်ထိုးလွမ်းနေကြတာပါ ခက်တာကတစ်ယောက်နှစ်ယောက်စာကိုမြန်မြန်နဲ့ချက်ပြီင်္းဖို့ကမလွယ်ဘူးလေ အသားတွေကလည်းခဲနေတာဆိုတော့ အကြံကောင်းရှိရင်ပေးပါအုံးနော် သူတို့စားချင်တာကိုဖြည့်စည်းပေးချင်တယ် အချိန်မြန်မြန်နဲ့ချက်လို့ရရင်ကောင်းမှာပဲ ခုလိုတင်ပေးတာကျေးဇူးတင်တယ်နော်
    • chowutyee says:
  27. chatterbox says:
    အရမ်းအရမ်းကို ကြိုက်တယ်…အိမ်မှာ ချက်စားတိုင်း ဆိုင်တွေ က အရသာနဲ့ မတူဘူး…
  28. စံစံ says:
    • chowutyee says:
      မလိုတာ စံစံရေ။ ဆားအစား ပဲငံပြာရည် ထည့်တယ်။ သကြားအစား ပျားရည် ထည့်ထားလို့ပါ… လုပ်စားကြည်ပါနော်.. သိချင်တာရှိရင် မေးနိုင်ပါတယ်..
  29. Tint lin oo says:
    ဒီ website လည်း တော်တော် အကျိုးရှိတဲ့ website တစ်ခုပါ။လူ့ ဘ၀မှာ စား ၀တ် နေ ရေး
    မှာ စားရေးကလည်း အဓိက ထဲက တစ်ခုပါပဲ။ဒါကို ဖွယ်ဖွယ်ရာရာ ဖြစ်အောင် တင်ဆက်ထားတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်…
  30. nay win says:
    ကျေးဇူးကမ္ဘာ ပါမဝတ်ရည် အဲဒီနည်းကိုသိချင်နေတာကြာပြီ ရောင်းတဲ.လူကိုမေးကြည်.တော.လဲမပြောတော. ကိုယ်ဟာကိုယ်လုပ်စားချင်နေတာ
  31. jue says:
    ကျေးဇူးဘဲမမရေ လုပ်စားဦးမယ်
  32. စန်း says:
  33. စန်း says:
    ညီမလေးရေ အချိန်ရရင်လေကြက်ဆီထမင်းလုပ်တာလေ ပြောပေးပါအုံးလားအမ ကြက်ဆီထမင်းအိမ်မှာလုပ်စားချင်လို့ပါနော် ကျေးဇူးပါ
    • chowutyee says:
      ဟုတ်ကဲ့ မစန်း။ ၀တ်ရည် ကိုယ်တိုင်လည်း လုပ်စားပြီတာနဲ့ ချက်နည်းနဲ့တကွ တင်ပေးလိုက်ပါ့မယ်နော်… ၀တ်ရည်ကလည်း ကျေးဇူးပါ
  34. zay says:
    ကြက်သားမှုန့် ကိုဘာကြောင့်သုံးပါသလဲ?အဲဒီအမှုန့် ရဲ့အရသာဟာဝက်သား
    အရသာကိုလွှမ်မိုးနိုင်သလားခင်ဗျ။ဝက်သားတုတ်ထိုးအရမ်ကြိုက်ပါတယ်။အားတဲ့
    အခါလုပ်စားချင်လို့ ပါ။
    • chowutyee says:
      ကြက်သားမှုန့်ထည့်တာ အချိုအရသာပါအောင်လို့ပါ။ မထည့်ချင်လည်း သူအစား သကြားအနည်းငယ် ထည့်လို့ရပါတယ်.. လုပ်စားကြည့်ပါနော်
  35. Nandar says:
    Thank you so much Wut Yee. Here in London, pork smells so strong so i can’t eat. I hope your recipe can kill the smell. Will try later.
  36. ပီလုံ says:
    Thank u very much wutyee .
  37. Nay Moe Hnin says:
    ကျေးဇူးအထူးတင်ရှိပါတယ် အခုလိုအကျိုးရှိတဲ့websiteကို တင်ပေးထားတဲ့အတွက်အရမ်းလဲဂုဏ်ယူပါတယ် တွေ့တာနောက်ကျသွားတယ် ကျွန်တော်နဲ့မ၀တ်ရည်နဲ့ဝါသနာတူတယ် ဖော်ပြထားတာတွေအကုန်လုံးလုပ်စားကြည့်မယ် မသိရင်ကူညီနော် အမေးအမြန်းတော့ထူတယ် စိတ်မဆိုးပါနဲ့လို့ကြိုပြောပါရစေ
    အားပေးနည်းယူချက်ပြုတ်စားသောက်သူ
  38. နှင်း says:
    ဆိုင်က အတိုင်းဘဲကျေးဇူးပါ
  39. ngwe says:
    comment က မဆိုင်တဲ့နေ၇ာမှာေ၇းသလိုတော့ ဖြစ်သွားပါတယ်။ ၀က်ခြေထောက်စွပ်ပြုတ်ကို တစ်ခါက ဒီ website မှာ တွေ့ဖူးသလိုပဲ။ ဒါနဲ့ search box မှာ ၇ှာတာ မ၇ှိဘူးလို့ ပြနေတယ်။ တစ်ခြားဟင်းတွေ (သေချာပေါက် ဒီwebsite မှာ တင်ထားတဲ့ နာမည်အတိုင်း type၇ိုက်၇င်လည်း အလွယ်တကူ အဲဒီ page က ပေါ်မလာဘူး။ ဆိုတော့ နောင် အချိန်ကြာမှ အဲဒီဟင်းမျိုး ဟင်းချက်စားဖို့ ပြန်ကြည့်ချင်၇င် အဆင်မပြေဖြစ်ပါတယ်။ ဒါက suggestion လေးပါ။ ကြည့်သူတွေအတွက် ပိုအဆင်ပြေဖို့ပေါ့။
    • admin says:
      ဟုတ်ကဲ့.. ၀က်ခြေစွပ်ပြုတ် ချက်နည်းကို http://www.wutyeefoodhouse.com/?p=2025 ကြည့်လိုက်ပါနော်.. ဟုတ်တယ် search မှာက စာလုံးပေါင်း နည်းနည်းမှားသွားရင် ဟင်းတွေ ရှာလို့ မရတော့ဘူး။ ဒါကြောင့် ဟင်းတွေ ပြန်ရှာချင်ရင် ချက်ပြုတ်နည်းများ page: http://www.wutyeefoodhouse.com/?page_id=615 ကတဆင့်ရှာရင် ပိုလွယ်ပါတယ်.. ကျေးဇူးပါ…
  40. waiyanminthwin says:
    ရ မရ တော့ မသိဘူး အခုတော့ ချက်နေပြီ အရင်တွေ့ကထဲကချက်ချင်နေတာမအားသေးလို့ ကောင်းပါစေလို့ဆုတောင်းပေးအုံးနော်
  41. Ninth Aye Pyae OO says:
    အစ်မရေ ကျေးဇူးပါ ဟင်းချက်ဝါသနာရှင်တွေအတွက် တန်ဖိုးရှိတဲ့ ဆိုက်လေးပါ ချက်နည်းတွေကိုလည်း လွယ်ကူရှင်းလင်းစွာရေးထားပေးတယ် အရမ်းကောင်းပါတယ်
  42. ကိုကြီးထွန်း says:
    ဖတ်ရတာနဲ့ တင်ဗိုက်ဆာလာပြီဗျို့ ….ပိတ်ရက်ကျမှ့ ဘဲတ၀ကြီးချက်စားလိုက်တော့ မယ်…
    ချက်နည်းပေါင်းစုံတင်ပေးတဲ့ အတွက်အရမ်းကျေးဇူးတင်ပါတယ်…
    လူသားတွေကိုအကျိုးပြုတဲ့ website လေးပါ…
  43. […] ၀က်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်… […]
    • Khaing says:
      ကျေးဇူးတင်တယ်နော် မ၀တ်ရည် ညီမက၀က်သားမစားလို့ မလုပ်တတ်ဘူးဖြစ်နေတာ
      အမျိုးသားကို လုပ်ပေးချင်လို့ ရှာနေတာလေ အခုမှလက်တွေ့အကောင်အထည်ဖော်ရတော့မယ်
      အရမ်းကျေးဇူးတင်ပါတယ် 🙂
  44. jake says:
    Can you also please share how to make the sauce?
    Thanks a lot.
  45. noe says:
    ဇာဒိတ်ဖိုလ် သီးမပါ လဲရလား ။ အဲဒီ အသီးက စားလို့ ရတာပေါ့နော် ။
    • admin says:
      ရပါတယ်။ စားရတဲ့ အသီးမဟုတ်ဘူး။ လက်မရွယ် ဇာဒိတ်ဖိုလ်သီးစေ့ကို ခြစ်တံနဲ့ ခြစ်ပြီ ရလာတဲ့ အမှုန့်လေးတွေကို ဟင်းထဲ ထည့်ချက်ရတာပါ။ အနံ့မွှေးအောင်ပေါ့
  46. […] ၀က်သားတုတ်ထိုး […]
  47. kaythari says:
    ညီ မ ရေ ကျေး ဇူး ပါ ခု ခေတ် မှာ ဟင်း မချက် တတ် တာ ကို လူ လည် ခေါင် မှာ ကြွား နေ တဲ့ သူ များ နေကြ တဲ့
    အ ချိန် မှာ ညီ မ လို ဟင်း ချက် တတ် သူ တင် ပေး တာ ဂုဏ် ယူ ပါ တယ်
  48. gigi says:
    လုပ်စားကြည့်တာအရမ်းကောင်းပါတယ်။ လွယ်ကူတဲ့နည်းလေးတွေညွှန်ပေးတဲ့ အစ်မဝတ်ရည်ကိုကျေးဇူးတင်ပါတယ်
  49. khinsansan says:
  50. rose Liu says:
    ကျေးဇူတင်ပါတယ်ညီမလေး၇ယ်။ ညီမလေး၇ဲ့ website ကိုတွေ့ လိုက်၇တာ မမအတွက်ထီပေါက်သလိုပါပဲ။ ခုတော့ မမစားချင်တာတွေကိုညီမလေး၇ဲ့ website ထဲမှာ၇ှာပြီးကိုယ်တိုင်ချက်စားလို့၇ပြီး။
  51. Lwin May Thet says:
    ကျေးဇူးပါ
  52. kham says:
    Thank you.
  53. yu says:
    wut yee, today, I’ve tried cooking it at home, and the taste was perfect. My family aslo enjoyed it. Thanks you naw 🙂
  54. ayeaye says:
    ချက်ပြီပါပြီ။အနံ့အရသာတော်တော်ကောင်းပါတယ်။
    ကျေးဇူးတင်ပါတယ်။
  55. Nwe Oo says:
    ကျေးဇူးတင်တယ်နော် ညီမလေး ၀က်သားတုတ်ထိုးကောင်းကောင်း မလုပ်တတ်ဘူးဖြစ်နေတာ
    အခုမှလက်တွေ့အကောင်အထည်ဖော်ရတော့မယ် ၀က်သားတုတ်ထိုးဆိုင်ဖွင့်နိုင်တဲ့အခါ ကျေးဇူးကြီးကြီးဆပ်ပါ့မယ်
    အရမ်းကျေးဇူးတင်ပါတယ် 🙂
  56. HEINMIN456 says:
    ႀဝ္ဠီဳ၇သာဠျ
  57. HEINMIN456 says:
    ဗျှာ၇ိွး့ှော
  58. မ၀တ်ရည်ရေ မန္တလေး ထမင်းပေါင်းလုပ်နည်းလေးသိချင်လို. သိရင်တင်ပေးပါလားဟင်…
    • admin says:
      ဟုတ်ကဲ့ ကြိုးစားပြီ တင်ပေးပါ့မယ်… ရန်ကုန်မှာ ရောင်းနေကျစတိုင် ထမင်းပေါင်း လုပ်နည်းကိုတော့ ဒီလင့် http://www.wutyeefoodhouse.com/?p=139/ မှာရေးထားပါတယ်..
  59. daw khin thandar lin says:
    good
  60. Food lover says:
    So nice. Have to try at home.
  61. Nu wah says:
    Thank you so much ပါအမရေ တုတ်ထိုးဆိုအရမ်းကြိုက်တာမလုပ်တတ်လို့ အခုမှဘဲအဆင်ြေ့တော့တယ်
  62. min min hla says:
    Thanks a lot. လုပ်စားကြည့်အုံးမယ်
  63. May Myat Wah says:
    မ၀တ်ရည်ရေ… မရှင်းတာလေးမေးချင်လို့…. “၀က်အူမအတွက် ၀က်အူကို ပြောင်းပြန်လှန်ပြီ ၃ထပ်လောက် အစာသွပ်ပေးပါ” ဆိုတာ ဘယ်လိုလုပ်ရလဲသိချင်ပါတယ်။ ကြားဖူးတာက ၀က်အူက ဆေးကြောရတာခက်ပြီး ဆေးတာမစင်ရင် အနံအသက်ရှိတယ်ဆိုလို့ပါ။ ဆေးကြောနည်းလေးပါ ပြောပေးပါနော်။ ကျေးဇူးပါ။
    • admin says:
  64. khoncho says:
    ကျေးဇူးပါ
  65. zmozmo says:
    နတ်နတ်ပွင့် – ၇ခု
    သစ်ဂျပိုး – ၄ခု
    ကလဝေရွက် – ၆ခု
    နတ်မတ် (ဇာဒီပ္ဖိုလ်သီး) – ၂ခု (ခြစ်ထည့်ပေးပါ)
    အဲ့ ၄ခု က ခက်တာ ၀တ်ရည်ရဲ့… ၀ယ်ထားရင်ရော ဘယ်ဟာ ဘယ်နှစ်လလောက် ရေခဲသေတ္တာမရှိပဲထားလို့ရနိုင်မလဲ… နတ်နတ်ပွင့် ပဲဝယ်လို့ရပြီး ကျန်တဲ့ ၃ ခုဝယ်မရရင် အရသာတော်တော်ပျက်သွားနိုင်လား…???
    • admin says:
      ဟင်းခတ်အမွှေးအကြိုင်တွေက ရေခဲသေတ္တာထဲမှာ ထည့်ထားဖို့ မလိုပါဘူး။ အပြင်မှာပဲ ဘူးနဲ့ ဖြစ်ဖြစ် သိမ်းထားလို့ ရပါတယ်.. ၄လ၊ ၅လလောက်တော့ ခံပါတယ်။ နတ်န်တ်ပွင့်ပါရင် မဆိုးပါဘူး။ ဒါပေမယ့် ၀က်သားတုတ်ထိုး အနံ့တော့ နည်းနည်း လိုမှာပေါ့…
  66. LwinAungSoe says:
    ဝက်သားတုတ်ထိုးအခုဘဲလုပ်စားလိုက်ခင်ဗျာ၊ဆိုင်မှာစားရတာထက်ကိုပိုအရသာရှိသွားလို့ကျေးဇူးအရမ်းတင်ပါတယ်။နောင်နေ့မှတခြားအစားအစာလုပ်စားကြည့်ဦးမယ်။ကိုယ်စိတ်၂ပါးကျန်းမာချမ်းသာပါစေ။
  67. myatthinkyaw says:
    အခုပဲဆိုင်မှာဝက်သားတုတ်ထိုးသွားစားတာ မစားခဲ့ရလို့အခုလိုလုပ်နည်းလာကြည့်တာ အိမ်မှာပဲလုပ်စားတော့မယ် မမ ကိုအရမ်းကျေးဇူးတင်ပါတယ်
  68. U Than Naing says:
    ကျေးဇူးပါ
  69. U Than Naing says:
  70. မချော says:
    ကျေးဇူးကမ္ဘာပါ။
  71. lin ei ei bo says:
    ကျေးဇူးပါ
  72. Hnin Nu Yee Htwe says:
    ကျေးဇူးကြီးပါတယ်ဝတ်ရည်… ညီမတို့လို နိုင်ငံရပ်ခြားရောက်နေသူအဖို့ ၀တ်ရည်ရဲ့ website ကိုတွေ့လိုက်တော့ အရမ်းပျော်သွားတယ်…ကိုယ်စားချင်တာလေးတွေလုပ်စားခွင့်ရတော့မယ့်အတွက်ကြောင့်လေ… ကျေးဇူးပြုပြီး ဒန်ပေါက်လုပ်နည်းလေးများရှိရင်တင်ပေးပါအုန်းနော်… အားကိုးပါရစေနော်…
  73. donald says:
  74. Hnin Mon says:
    Narr nat pwint ko English lo bal lo call lal? bal lo buy ya ma lar?
  75. ပန်းကလေး says:
    အစ်မရဲ့ website ကိုရှာတွေ့လို့အရမ်းပျော်တယ်။ ဒါပေမဲ့ တုတ်ထိုးလုပ်စားဖို့က Tan Choon Hwa မရှိရင် အချည်ရည်ကိုဘယ်လိုလုပ်ရမှာလဲ? ဖြစ်နိုင်ရင် လုပ်နည်းလေးတင်ပေးပါလား
  76. ရှိုင်းကို says:
    ကျေးဇူးတင်ပါတယ်မမဝတ်ရည်
    လုပ်စားကြည့်အုံးမယ်နော်
  77. ကျေးဇူးအထူးတင်တယ်နော်မမဝတ်ရည်
    ကျွန်တော်က ဝက်သားဒုတ်ထိုးဆိုအင်မတန်
    ကြိုက်နှစ်သက်တယ် ဝယ်စားရတာအားမရဘူး
    အိမ်မှာအားတဲ့တနေ့လောက်လုပ်စားအုံးမယ်
    လုပ်ပြီးရင်တော့မမဝတ်ရည်ဆီ ပို့ပေးအုံးမယ်
    မကဲ့ရဲ့ ရဘူးနော် စားကောင်းပါ့မလားမသိ……
    • admin says:
      ဟုတ်ကဲ့ လုပ်စားကြည့်ပါ bro.. ဟီးဟီး Bro လက်ရာက စားကောင်းမှာ သေချာပါတယ်.. 😀
  78. thandamarlar says:
    thankyou
  79. သီရီ says:
    အမရေ.. တစ်ခုသိချင်တယ်.. အူကို သုံထပ် သွပ်တာ ဘယ်လိုလုပ်ပါသလဲ.. ကျန်တာတွေ အောင်မြင်တယ်.. သူကို ဆိုင်တွေလို မသွပ်တတ်လို့ပါ..
    • admin says:
  80. Khin Thet Swe says:
    Hi sis, I did wash/clean the inside of sweet intestine. So, could not get the same shape & taste as outside shop. Is it eatable the sweet intestine without cleaning inside?
    • Thiri says:
      အမ ရတယ် အတွင်းအပြင် လှန်လိုက်တာ. ညီမ လုပ်ကြည့်တာ ၀ယ်လာတဲ့အူကဖြတ်ဖြတ်ထားလို့ ချော်မထွက်အောင်ညီမ က ချိတ်နဲ့ တွယ်ပြီး မှသွားကြားထိုးတံ နဲ့ ထိုးလိုက်တယ် အဲံဒါလုပ်တာ၄၅မိနစ်ကြာသွား.. ဒါပေမဲ့ ဖြစ်သွားတယ်
  81. Thiri says:
    အမရေ အမနည်းနဲ့ချက်တာအောင်မြင်တယ်.. အာ့လာပြောတာ
  82. yehtut says:
    ဝက်စွပ်ပြုတ်လုပ်နည်းလေးကောပြောပေးလို့ရမလားခင်ဗျ
    ဝက်လက်ကို မုန့်ညင်းနဲ့စွပ်ပြုတ်လုပ်စားမလို့ အဲဒါဘယ်လိုလုပ်ရမလဲမသိလို့ပါခင်ဗျ ပြန်ပြောပေးလို့ရရင်ပြောပေးပါ
    ကျေးဇူးတင်ပါတယ်
  83. သတိုးအောင် says:
    နောက်ကျမှ မမ pageကိုတွေ့ရလို့စိတ်တောင်မကောင်းဘူး
    စောစောတွေ့ရမှာ အာ့မှအကုန်သင်လို့ရမှာ အနော်လဲ တုတ်ထိုးဆိုင်
    တောင်ပေါ်မှာဖွင့်ထားတယ် အစားအသောက်လုပ်ရမယ်ဆို အကုန်စိတ်ဝင်စားတယ် မမရေ
Leave a Reply to မချော Cancel reply
Your email address will not be published. Required fields are marked *