ကမာကင်
ကမာကင်
ပင်လယ်စာချစ်သူများအတွက် ကမာကို ကြော်တဲ့နည်းမဟုတ်ပဲ၊ ထူးထူးခြားခြား ကင်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကတော့ ၀တ်ရည် အမြဲလိုလို ကမာကို ကြောပြီပဲစားဖြစ်တယ်။ ကင်တာကို ၀ိုင်နဲ့နုပ်ပြီမှ ကင်တာမို့ ပိုပြီ အရသာကောင်းတာ တွေ့ရလို့ ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်..
ပါဝင်ပစ္စည်းများ
၁။ ကမာ – ၁၂ကောင် (၉၀၀ ဂရမ်) (ကမာကို မင်းလမ်းမှာ ရနိုင်သလို၊ တချို့ SuperMarket တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်)
၂။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
၃။ ကြက်သွန်မြိတ် – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
ကမာကို နုပ်ထားရန် ပါဝင်ပစ္စည်း
၁။ ဂျင်းရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၂။ ဆန်ဝိုင် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၎။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၅။ ငရုတ်ကောင်းမှုန့် – အနည်းငယ်
ကမာ ကင်နည်း
၁။ ကမာကို မကင်ခင် ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကော်မှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် နုယ်ပေးပြီ ရေနှင့် စဉ်အောင် ၂-၃ကြိမ် ပြန်ဆေးပေးပါ။
၂။ ရေနဲ့သန့်စင်ပြီမှ သန့်ရှင်းသော အ၀တ်ဖြင့် ရေခြောက်အောင် ပြန်သုတ်လိုက်ပါ။
၃။ ပြီလျှင် ကမာကို နုပ်ထားရန် (ဂျင်းရည်၊ ၀ိုင်၊ ကော်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့နှင့် သမအောင်နုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။
၎။ နုပ်ထားစဉ် နှုတ်နှုတ်စဉ်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) တို့ကို ခွက်တစ်ခုကို ထဲရောမွှေလိုက်ပါ။
၅။ ထို့နောက် နုပ်ထားသော ကမာများပေါ်သို့ ဆီနဲ့ရောနုယ်ထားသော ကြက်သွန်ဖြူများကို ဖြူးလိုက်ပါ။
၆။ ပြီနောက် Oven ထဲထည့်ပြီ ၂၂၀ဒီဂရီဖြင့် ၁၅မိနစ်ခန့်ဖုတ်ပေးပါ။
ရ။ ဖုတ်ပြီလျှင် ကမာကင်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ… 🙂
10 comments
  1. ခင်ယမုံ says:
    ညီမလေးရေ..
    အစ်မတို့နေရာမှာ လူတော်တော်များများက အစိမ်းကို သံပုရာရည်ညှစ်စားကြတယ်..
    သူတို့ကိုကြည့်ပြီး အူတွေယားလို့ မစားဖြစ်ဘူး..
    အခုတော့ ညီမလေးပြောသလိုလုပ်စားမယ်..
    ကျေးဇူးနော် ညီမလေး
    🙂
    • chowutyee says:
  2. wanna eat oyster a lot heee…treat me naw 😉
  3. တကယ့်ကို စားချင်စရာလေး
    ဗိုက်တောင်ဆာလာပြီ
    စားချင်တယ် စားချင်တယ်း)
    • chowutyee says:
      မချောလည်း ကမာကြိုက်လား။ ၀တ်ရည်နဲ့ အကြိုက်တူပဲ။ ၀တ်ရည်က ကမာနဲ့ဆို ထမင်းသိပ်မြိန်တာ.. 🙂
  4. […] February 22, 2012 ကမာကင် […]
  5. Thu reine lwin says:
    အရမ်းကြီုက်
  6. YE Thiha says:
    ရေနွေးဖျောပြီး အချဉ် နဲ့ တို့စားတယ်…
Leave a Reply
Your email address will not be published. Required fields are marked *