Tandoori ကြက်သားကင်

Tandoori ကြက်သားကင်

အိန္ဒိယစတိုင် ကြက်ကင်တွေထဲမှာ နံမည်ကြီးတဲ့ Tandoori ကြက်သားကင်လေးပါ။ Tandoori ကြက်ကင်ဆိုတာနဲ့ အရသာကောင်းတဲ့ ကြက်ကင်ဆိုတာကိုတော့ လူသိများပါတယ်။ သူမှာ ပါဝင်တဲ့ ဟင်းချက်ပစ္စည်းတွေနှင့် ဒိန်ချဉ်နှင့် ၁ညခန့်သိပ်ထားတာမို့ ကြက်သားရဲ့ နူးညံ့မှုက ပြောဖွယ်ရာ မရှိပါဘူး။ ဂစ်ကင်ပြားနဲ့ ကင်နိုင်သလို၊ Grill Oven နဲ့လည်း အလွယ်တကူ ကင်စားနိုင်ပါတယ်။ ဟင်းတွေပဲ စားနေရမှာ ငြီးငွေ့နေရင်တော့ ဒီအကင်လေးကို စမ်းကြည့်ဖို့ အကြံပေးလိုက်ပါရစေ။ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်သား ရင်ဗုံနှင့် ပေါင်သား (chicken)      ♦ ၂ခု
  • ဆား (salt)                                                        ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ခနော ကြက်သားမှုန့် (chicken powder)     ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • သံပရာသီး (lime)                                             ♦ ၁လုံး
  • ဒိန်ချဉ် (yoghurt)                                            ♦ ၁ခွက်ခွဲ (နို့ဆီဗူး)

  • ကြက်သွန်နီ (onion)                                        ♦ တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ (garlic)                                      ♦ ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း (ginger)                                                   ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • မာဆလာ (masala)                                         ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်သီးမှုန့် (red chilli powder)               ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • အနီရောင်စိုးဆေး (red food coloring)      ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံပင် (cilantro)                                            ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • သံပရာသီး (lime)                                            ♦ ၁လုံး

ကြက်ကင်နည်း

၁။ ကြက်သားများကို (ဆား၊ ကြက်သားမှုန့်၊ သံပရာရည်) တို့ကို ရောမွှေပြီ မိနစ်၂၀ခန့် နုပ်ထားပေးပါ။

၂။ ပြီမှ ခွက်တစ်ခုထဲတွင် (ဒိန်ချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ဂျင်း၊ မာဆလာ၊ ငရုတ်သီးမှုန့်၊ အနီရောင်စိုးဆေးမှုန့်) တို့ကို သမအောင် ရောမွှေပေးပါ။

၃။ ပြီနောက် ထိုရောမွှေထားသော အနှစ်များကို ကြက်သားများကို ရောနုယ်ကာ ၆နာရီမှ ၁ညသိပ်သည်အထိ နုပ်ထားပေးပါ။ ကြာကြာနုပ်ထားပေးပါက ပိုမိုကောင်းမွန်သည်။

၎။ ထို့နောက် ကင်ပြား(သို့) oven ဖြင့် နုပ်ထားသော ကြက်သားကို ဆီသုတ်ကာ တဖက်ကို နာရီဝက်နှုန်းဖြင့် ၁နာရီခန့် ကျက်သည်အထိ ကင်ပေးပါ။

၅။ ကျက်ပြီဆိုလျှင် သံပရာသီး၊ နံနံပင်၊ ကြက်သွန်နီတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

—————————————————————————————————————————————-

37 comments

  1. ကျေးဇူးပါ..မဝတ်ရည်

    ကြက်သားကို..ရေခဲသေတ္တာထဲ ထည့်ပြီး နှပ်ထားရမှာလား..

    • chowutyee says:

      ဟုတ်တယ် ရေခဲသေတ္တာထဲမှာ ထည့်ပြီ နုပ်ထားရမှာပါ.. လုပ်စားကြည့်ပါနော်.. 😛

  2. မြတ် says:

    စားလို့အရမ်းကောင်းတယ် ၊ နဲနဲလေးဘဲထားခဲ့တော့တယ် နောက်လူတွေကြည့်ရအောင်လို့ လေ
    ကျေးဇူးဘဲညီမလေးရေ

  3. Share bae….eat chin tal…treate me heee

  4. ခင်ယမုံ says:

    အရမ်းကြိုက်တယ်ညီမလေးရေ..
    အစ်မမှာအချိန်မရှိတာနဲ့ တစ်ခါတစ်လေမှစားရတယ်..
    နောက်တစ်ပတ် ညီမလေးပြောသလိုသေချာကိုလုပ်စားအုံးမယ်နော်..
    အခုတော့ ညီမလေးချက်ထားတာတွေ အကုန်စားသွားပြီ..
    ကျေးဇူးညီမလေး
    😛

  5. eithet says:

    looks so good. nyi ma lay .

  6. myo tun says:

    စိုးဆေးမပာုတ်ပါ။ဆိုးဆေးဖြစ်ပါသည်။

  7. yuki says:

    ဝတ်ရည်

    မနေ့ က ကြက်ကင်လုပ်တယ်..ကင်တော့မကင်သေးဘူး..နှပ်ထားတယ်..အရသာပိုဝင်အောင်..ဒါပေမဲ့ အစ်မမှာရှိတဲ့ food colour က red လို့ရေးထားတာနဲ့ ထည့်လိုက်တာ ကြက်ကင်က ပန်းရောင်(ငှက်ပျော်သီးဆနွင်းမကင်းအရောင်)ဖြစ်သွားတယ်..သူက ဇီးဖျော်ရည်လိုအနီမျိုးကို…အနံကတော့မွှေးနေတာပဲ..ရယ်လိုက်ရတာကြက်ကင်လေးကိုကြည့်ပြီး…ဘာပဲဖြစ်ဖြစ် ဝတ်ရည်ကို thanks နော်..နည်းလေးတွေသေချာရေးပေးလို့

  8. Linnae says:

    မ၀တ်ရည်
    ကြက်သားနှပ်ထားပြီ 🙂 oven က အပူချိန်ဘယ်လောက်နဲ့ ကင်ရမျာလဲမသိဘူး။

    ကျေးဇူးတင်ပါတယ်။

    • chowutyee says:

      ကြက်သားကို oven ထဲထည့်ပြီ Grill ရွေးလိုက်ရုံပါပဲ.. အပူချိန်က high နဲ့ကင်ရမှာပါ.. ကျေးဇူးပါ

  9. htet says:

    သံပရာသီး နဲ့  ဒိန် ချဉ် ရော လိုက်ရင် အဆိပ်မဖြစ်ဘူး လား အစ်မ ကျနော် အိမ်မှာ လုပ်စားကြည့် မလို့ ပါ
    ကျေး ဇူး တင်ပါတယ်

  10. su su oo says:

    sis…. how many minutes at how much degree for oven … 🙂

  11. su su oo says:

    sis u mean GRILL button on microwave, for 1 hr???
    and my OVEN doesn’t come with high medium and low temp sis…it’s just with degrees… so ?? 🙁

    • chowutyee says:

      ဒါဆို grill feature မပါလို့များလား မသိ။ ဒီဂရီနဲ့ဆိုရင် ၁၈၀ဒီဂရီနဲ့ ၁နာရီခွဲလောက် တဖက်စီလှန်ပြီ ကင်ပေးပါနော်.. 🙂

  12. su su oo says:

    thnx u sis…. 🙂

  13. ကောင်လေး says:

    တစ်ခုလောက် မေးပါရစေ.. မီးသွေးမီးဖိုနဲ့ ကင်မယ်ဆိုရင် အဆင်ပြေနိုင်ပါ့မလား…

    • admin says:

      မီးသွေးမီဖိုနဲ့ဆိုရင် မီးခိုရနံ့နဲ့မို့ ပိုတောင် စားကောင်းမှာ အသေချာပါပဲ.. လုပ်စားကြည့်ပါနော်

  14. ကောင်လေး says:

    အနီရောင်ဆိုးဆေးမှုန့်ဆိုတာ ငရုတ်ပြီးအရောင်တင်မှုန့်ကို ပြောတာလား ? ဘာကိုပြောတာလဲ? ဘယ်နေရာတွေမှာ ၀ယ်လို့ရသလဲဆိုတာ တစ်ချက်လောက်ပြောပြပါခင်ဗျာ ?

    • admin says:

      အနီရောင်ဆိုးဆေးမှုန့်က ငရုတ်သီးမှုန့်ကို ပြောတာ မဟုတ်ပါဘူး။ red food coloring ဆိုပြီ Supermarket မေးဝယ်လို့ရတယ်.. အနီရောင်ဆိုးဆေးပါတော့ ကြက်သားကင်က ပိုလှတာပေါ့… 🙂

  15. ကောင်လေး says:

    နှပ်တယ်ဆိုတာ အားလုံးရောနယ်ထားတဲ့ ဒိန်ချည်အရည်တွေထဲမှာ တစ်ညလုံးစိမ်ထားရမှာလား ?

    • admin says:

      ဇလုံတစ်ခုထဲမှာ ကြက်သားကို ဒိန်ချဉ်အပါအ၀င် ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ဂျင်း၊ မာဆလာ၊ ငရုတ်သီးမှုန့်၊ အနီရောင်စိုးဆေးမှုန့် တို့အားလုံးကို သမအောင် ရောနယ်ပြီ တညလုံး ရေခဲသေတ္တာထဲမှာ ထည့်ထားရမှာကို ပြောတာပါ .. 🙂

      • ကောင်လေး says:

        ကျေးဇူးပါ ၀တ်ရည်.. ကျွန်တော် ဒီနေ့ မနက် မီးသွေးမီးဖိုနဲ့ကင်တာ မဲတူးသွားတာပဲ… but အတွင်းထဲက အသားက တော်တော်စားကောင်းသွားတယ်… ;D

        • admin says:

့ဟားဟား။ နောက်တစ်ခါကင်ရင် ကြက်သားကို alumium foil (ငွေရောင် သတ္တုပြား) လေးနဲ့အုပ်ပြီမှ ကင်နော်။ အဲဒါဆို မမဲတော့ဘူး၊ .. ကျေးဇူးပါ.. 😛

          • ကောင်လေး says:

            ဟုတ်ကဲ့. နောက်နေ့ကျရင် aluminium foil ပြားလေးနဲ့ အုပ်ပြီး daddy ကို လုပ်ကျွေးလိုက်ပါဦးမယ်. ကျေးဇူးပါနော် အမ.

  16. Thin says:

    အစ်မ Website ကိုအားပေးနေပါတယ်နော်..
    ဟင်းချက်နည်းတွေ ရှင်းရှင်းလင်းလင်းပြောပေးထားတဲ့အတွက်ကျေးဇူးနော်..

    • admin says:

      အားပေးလို့ ၀တ်ရည်ကလည်း အမြဲကျေးဇူးပါနော်..

  17. luelay says:

    အစ်မရေ တခုလောက်မေးချင်လို့ပါ
    .. infared cooker မှာ ပါတဲ့ BBQ Function နဲ့ကော လုပ်လို့ရလား မီးကင်ပြားသုံးပြီးတော့လေ
    ကျေးဇူးနော်

Leave a Reply to luelay Cancel reply

Your email address will not be published. Required fields are marked *